ကျင့်ကြံသူများ၏ အမွေအနှစ်
Vol. 163 Ch. 2319
မူလဘုံက အမှီအခိုကင်းသည့် နယ်မြေတစ်ခု ဖြစ်သော်လည်း ၎င်းက ကောင်းကင်ဒေသ၏ တစ်စိတ်တစ်ပိုင်း ဖြစ်နေဆဲ ဖြစ်သည်။ ၎င်းသည် လွန်ခဲ့သော နှစ်များစွာ တိုက်ပွဲပြီးစဥ်ကတည်းက အရှင်ဒွန်ဟောင်၏ အုပ်ချုပ်မှုအောက် ရောက်ရှိခဲ့ပေသည်။ ရီဖူရှင်းက မူလဘုံကို ထိန်းချုပ်ခွင့် ရရှိချင်လျှင် သူက ကျိန်းသေ မဟာအင်ပါယာအဆင့်သို့ ရောက်ရှိရမည် ဖြစ်သည်။
ရှင်းလင်းစွာပင် ဤသည်မှာ စုန့်အင်ပါယာမြို့မှ ကျင့်ကြံသူက သူ့အား မြှောက်ပင့်နေခြင်း ဖြစ်သည်။
ထို့နောက် စုန့်အင်ပါယာမြို့မှ ကျင့်ကြံသူက အချိန်အကြာကြီး ဆက်မနေတော့ဘဲ ထွက်ခွာသွားလေသည်။ သူ၏ ရည်ရွယ်ချက်က ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် မိတ်ဆွေဖွဲ့ရန် ဖြစ်သော်လည်း မဟာမိတ်ဖွဲ့ရန်အတွက် အချိန်စောနေသေးပေသည်။ ရီဖူရှင်းသည် မဟာမိတ်ဖွဲ့ရန်နှင့် ပတ်သတ်၍ သူ၏ ရပ်တည်ချက်ကို ရှင်းလင်းစွာ ဖော်ပြခဲ့ပြီး ဖြစ်သည်။ သူ့နောက်သို့ လိုက်ပါကာ မဟာမိတ်ဖွဲ့လိုသူများမှာ မှော်နက်လောကနှင့် စစ်ကြေညာကြရမည် ဖြစ်သည်။
ဤသည်မှာ အန္တရာယ်များလှသော အလုပ်ဖြစ်သည်။ ထို့ပြင် စုန့်အင်ပါယာမြို့မှ ကျင့်ကြံသူများက ရီဖူရှင်း၏ အနာဂတ်ကို အကောင်းမြင်ပြီး သူ့ကို ချီးကျူးမြှောက်ပင့်လျှင်ပင် ၎င်းက အပေါ်ယံဆန်သော အပြုအမူများသာ ဖြစ်သည်။ သူသည် ရီဖူရှင်း၏ နေရာက အလွန် မတည်မငြိမ်ဖြစ်နေသည်ကို ကောင်းစွာ သိရှိပေသည်။
ယခု မူလဘုံက ဘုံအားလုံး၏ အာရုံစိုက်မှုကို ဆွဲဆောင်ထားနိုင်ပြီး နတ်ဆိုးလောကနှင့် အခြားအင်အားစုများရလည်း မူလဘုံသို့ အဆက်မပြတ် ရောက်ရှိလာနေကြသည်။ ဆိုလိုသည်မှာ မူလဘုံကို ဗဟိုပြုကာ မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာလိမ့်မည် ဖြစ်လေသည်။ ရီဖူရှင်းနှင့် ကောင်းကင်အာဏာစက်ကျောင်းတော်က မူလဘုံ၏ ဗဟိုချက်ဖြစ်သည်။ သူတို့က ဦးဆောင်သူများဖြစ်ပြီး ၎င်းက မည်သည်ကို ဆိုလိုကြောင်း လူတိုင်း သိပေသည်။ သူက အထွတ်အထိပ် မဟာအင်ပါယာအဆင့်သို့ တက်ရောက်လိုလျှင် ခက်ခဲလှသော သေခြင်းရှင်ခြင်းတိုက်ပွဲများစွာ တွေ့ကြုံရပေလိမ့်မည်။
ဤခရီးစဥ်၌ မလွတ်မြောက်နိုင်သူများလည်း ရှိလိမ့်မည်ဟု ပြောနိုင်သည်။
ရီဖူရှင်းရ ခြွင်းချက်မဟုတ်ပေ။ နောက်ထပ် မဟာအင်ပါယာ ဖြစ်လာချင်သည့် ခမ်းနားကြီးကျယ်လှသော အရည်အချင်းများရှိကြသည့် သူအားလုံးတွင် အမှန်တကယ် အောင်မြင်ခဲ့သူ မည်မျှများများ ရှိပါသနည်း။ ကောင်းကင်လမ်းစဥ် ပြိုကျသွားပြီးနောက် မဟာလမ်းစဥ်က ဆိုးဆိုးဝါးဝါး ထိခိုက်သွားရပြီး မဟာအင်ပါယာ ဖြစ်လာရန် လမ်းကြောင်းက ပိတ်ဆို့ခံလိုက်ရသည်။ လူအများသည် ထိုခရီးစဥ်အတွင်း သတ်ဖြတ်သုတ်သင်ခံလိုက်ရပေသည်။ သူတို့ကြားတွင် ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိသူ မည်မျှများများ ရှိပါသနည်း။
ရီဖူရှင်း၌ အကန့်အသတ်မဲ့ အလားအလာတို့ ရှိနေသော်လည်း မရေတွက်နိုင်သော အန္တရာယ်တို့ကို ရင်ဆိုင်ရဦးမည်မှာ သေချာပေသည်။
ရီဖူရှင်းကိုယ်တိုင်က ထိုအတွေးများကို အများကြီး မတွေးထားခဲ့ပေ။ သူသည် ထိုကိစ္စများကို တချို့တလေ သိရှိသော်လည်း တစိုက်မတ်မတ် တွေးတောနေခြင်းက သိပ်မကောင်းလှချေ။ ရှေ့သို့ ဆက်သွားခြင်းကသာ နည်းလမ်းတစ်ခု ဖြစ်လေသည်။ စုန့်အင်ပါယာမြို့မှ ကျင့်ကြံသူနှင့် ယနေ့စကားဝိုင်းသည် ဤလောကမှ ထိပ်သီးပုဂ္ဂိုလ်များနှင့် ထိပ်သီးအင်အားစုများ၏ တချို့အကြောင်းအရာတို့ကို ဖော်ပြခဲ့သည်။
အရှေ့ဘက်မှ ကောင်းကင်ဒေသ၊ အနောက်ဘက် ကောင်းကင်ကမ္ဘာ၊ ရှေးဟောင်းကောင်းကင်ဘုံ၊ နတ္ထိဘုံ၊ နတ်ဆိုးလောက၊ မှော်နက်လောကနှင့် လူသားဘုံတို့သည် ကောင်းကင်လမ်းစဥ် ပြိုကျသည့် အချိန်၌ လောက၏ ဗဟိုချက်များ ဖြစ်ခဲ့ကြသည်။
ထိုဘုံခုနစ်ခုမှ အုပ်ချုပ်သူများ အထူးသဖြင့် ရှေးခေတ်အချိန်အခါမှ ရှေးဟောင်းနတ်ဘုရားကလန်သည် ကျင့်ကြံခြင်းလောက၏ အထွတ်အထိပ်ကို ကိုယ်စားပြုပေသည်။ သူတို့က တစ်လောကလူံးအတွက် ပြောရေးဆိုခွင့်ရှိသော အခွင့်ထူးခံများ ဖြစ်ကြသည်။ သူတို့က လောက၏ စည်းမျဥ်းများကို ဆုံးဖြတ်နိုင်သော တည်ရှိမှုများ ဖြစ်ကြသည်။
နယ်မြေဆယ့်ရှစ်ခုမှ နယ်မြေသခင်အိမ်တော်များနှင့် ထိုထိပ်သီးအင်အားစုများက အဓိကမဟုတ်ဘဲ သူတို့က ထိုအထွတ်အထိပ် ပုဂ္ဂိုလ်ကြီးများအတွက် လောကကို စီစဥ်ပေးရုံမျှသာ ဖြစ်သည်။
ယခု သူက ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် စီဝေ့အင်ပါယာနန်းတော်ကို ထိန်းချုပ်ထားနိုင်သော်လည်း သွားရန် ခရီးက အရှည်ကြီး ရှိနေဆဲ ဖြစ်သည်။ ဆရာသခင်က ထိုပုဂ္ဂိုလ်များကို ထိတ်လန့်ကြောက်ရွံ့အောင် မဖြစ်စေခဲ့လျှင် ဤလောကအတွင်း ကောင်းကင်အာဏာစက်ကျောင်းတော်ကို ဖျက်ဆီးနိုင်သည့် ပုဂ္ဂိုလ်များစွာ ရှိနေလိမ့်ဦးမည် ဖြစ်သည်။ နတ်ဘုရားကပ်ဘေး ဒုတိယအဆင့်မှ ရှင်သန်နိုင်ခဲ့သူသာ ရောက်လာပါက တစ်ယောက်တည်း ဖြစ်လျှင်ပင် ဤအဆင့်မှ ပုဂ္ဂိုလ်မှာ သူတို့အတွက် ယှဥ်ပြိုင်ရန် ခက်ခဲနေဆဲ ဖြစ်သည်။ ထိုသို့သော အဆင့်ရှိလူများက ရှားပါးသော်လည်း ကောင်းကင်ဒေသ၌ မရှိိဟု မဆိုလိုပေ။ ထိုသို့သော တည်ရှိမှုက ကောင်းကင်ဒေသ၌ ရှိပါလျှင် အခြားဘုံများ၌လည်း မရှိဘဲ မည်သို့ နေပါမည်နည်း။
ထို့ပြင် သူသည် တစ်ဖက်လူနှင့် စကားပြောဆိုခြင်းတွင် ထိုအမည်မသိတည်ရှိမှုများကို ညွှန်းဆိုသည်အား သတိထားမိခဲ့သည်။ မည်သူက သိပါမည်နည်း။ စုန့်အင်ပါယာမြို့မှ ကျင့်ကြံသူက တချို့ကိစ္စများကို ရီဖူရှင်းအား အပြည့်အဝ မပြောပြခဲ့သည့် အချို့အကြောင်းအရာများ ရှိနေနိုင်ပေသည်။ အဆုံးမှာတော့ အဆင့်မြင့်မားသော ပုဂ္ဂိုလ်များ ပါဝင်ပတ်သတ်နေသည့် ကိစ္စများဖြစ်သည့်အတွက်ကြောင့် ဖော်ထုတ်ပြောဆိုရန် ကျိန်းသေ သတိထားပေလိမ့်မည်။
သူ့ရှေ့ဆက်လျှောက်ရမည့် လမ်းက ရှည်လျားလှသည်။ ကြည့်ရသည်မှာ စိတ်ချရသည့် အနေအထားသို့ မရောက်ခင် သူက အထွတ်အထိပ် ရန်ဟောင်အဆင့်သို့ ရောက်ရှိအောင် ကျင့်ကြံရန်လိုအပ်မည့်ပုံရသည်။ ထိုအချိန်က သူသည် မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်း အကူအညီနှင့် ထူးခြားလှသည့် စွမ်းအားတို့ကို ဖော်ထုတ်နိုင်ခဲ့သည်။ သို့သော် ထိုအခိုက်အတန့်တွင် သူသည် နတ်ဘုရားကပ်ဘေး ပထမအဆင့်အား ဖြတ်ကျော်ထားနိုင်ခဲ့သူကို အနိုင်ယူသည်မှာ သူ၏ အကန့်အသတ်ဖြစ်ခဲ့ပြီး မဟာအင်ပါယာရှန်ကျား ရုပ်ကြွင်းမှ တန်ပြန်သက်ရောက်မှုကို ခံယူခဲ့ရသည်။ သူသည် အထွတ်အထိပ် ရန်ဟောင်အဆင့်သို့ ရောက်ရန် နှစ်ပေါင်းမည်မျှ ကြာမြင့်လိမ့်မည်ကို သေချာမသိပေ။
နတ်ဆိုးလောကနှင့် စုန့်အင်ပါယာမြို့မှ ကျင့်ကြံသူများ ထွက်ခွာသွားပြီးနောက် ကောင်းကင်အာဏာစက်ကျောင်းတော်က ပုံမှန်ပြန်ဖြစ်သွားခဲ့ပြီး ရီဖူရှင်းကလည်း အပြင်ဘက်လောကမှ အပြောင်းအလဲများကို ဂရုမစိုက်တော့ဘဲ တိတ်ဆိတ်စွာ စတင် ကျင့်ကြံတော့သည်။
ရက်အနည်းငယ်တိုင်း တစ်စုံတစ်ယောက်က အပြင်ဘက်လောကမှ နောက်ဆုံးအခြေအနေများကို လာရောက် အစီရင်ခံတတ်ပြီး မူလဘုံ၌ အချိန်တိုင်းလိုလို လှုပ်ရှားမှုအသစ်များ ရှိနေပေသည်။ ဥပမာအနေနှင့် တစ်စုံတစ်ယောက်က မဟာအင်ပါယာ၏ အမွေအနှစ်ကို ရှာဖွေတွေ့ရှိကာ တူးဖော်နိုင်ခဲ့ခြင်း နှင့် အချို့အင်အားစုများက မဟာအင်ပါယာ၏ အမွေအနှစ်များကို ရရှိနိုင်ခဲ့ခြင်း စသဖြင့် ဖြစ်လေသည်။
ရီဖူရှင်းက ထိုအကြောင်းကို ကြားသည့်အခါ သူက သွေးဆောင်ခံခဲ့ရသော်လည်း ထိုအရာများအတွက် တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိပေ။
သူသည် ယခင်က အကျိုးအမြတ်များစွာ ရိတ်သိမ်းပြီး ဖြစ်ကာ ၎င်းကပင် အခြားသူများက သူ့ကို အာရုံစိုက်မိစေရန် လုံလောက်နေပြီ ဖြစ်သည်။ အကယ်၍ သူက အမွေအနှစ်အားလုံးကို ရယူချင်လျှင် သူ့ကိုယ်သူ ဒုက္ခတောထဲ ဆွဲချမိသလို ဖြစ်ကာ အားလုံး၏ ပစ်မှတ်များ ဖြစ်လာပေလိမ့်မည်။ ဆန့်ကျင်ဘက်အနေနှင့် ထိပ်သီးအင်အားစုတစ်ခုချင်းစီတိုင်းက မဟာအင်ပါယာ၏ အမွေအနှစ်များကို တစ်ခုစီ ရရှိသွားလျှင် သူ့အား အာရုံစိုက်နေမှုများ လျော့ပါးသွားမည်ဖြစ်ပြီး အန္တရာယ်လည်း နည်းသွားနိုင်ပေသည်။
ယနေ့တွင် ရီဖူရှင်း၊ အရှင်ထိုက်ရွှမ်၊ အင်ပါယာနန်နှင့် အခြားလူများက အတူတကွ စုဝေးနေကြသည်။
ခြံဝန်းအတွင်း သူတို့၏ တွေ့ဆုံမှုကို ရီဖူရှင်းက ဦးဆောင်ထားသည်။ သူက ငယ်ရွယ်သော်လည်း ယခု ကောင်းကင်အာဏာစက်ကျောင်းတော်၏ ကျောင်းအုပ်ဖြစ်ကာ မူလဘုံတစ်ခွင်လုံး၏ အုပ်ချုပ်သူလည်း ဖြစ်သည်။ ထို့ကြောင့် စီနီယာများသည်ပင် သူ့ကို လေးစားမှုထားရပေသည်။ လူတိုင်းက ရီဖူရှင်းကို ကျင့်ကြံခြင်းလောက၏ အထွတ်အထိပ်သို့ ရောက်အောင် ကူညီရန်ဟူသည့် တူညီသော ရည်မှန်းချက်ဖြင့် ရှေ့ဆက်နေကြသည်။
ဤရည်မှန်းချက်ကြောင့် ထိုထိပ်သီးကျင့်ကြံသူများက အဖွဲ့တစ်ခုအဖြစ် ရှေ့ဆက်နိုင်စွမ်းရှိခြင်း ဖြစ်သည်။ သူတို့၏ အန္တိမ ရည်မှန်းချက်များနှင့် ယုံကြည်ချက်များက ကွာခြားသော်လည်း ယခုအချိန်တွင် သူတို့က တူညီသည့် ရည်မှန်းချက်ကို ကိုင်စွဲထားကြပေသည်။ ရီဖူရှင်းသည် ယခင်အချိန်များကတည်းက သူတို့ ရွေးချယ်ထားခဲ့သည့် သူဖြစ်ပြီး ယခု ပို၍ပင် သေချာနေခဲ့ပြီ ဖြစ်သည်။
"နတ်ဆိုးလောကရဲ့ ကျင့်ကြံသူတွေအပြင် လူသားဘုံက ကျင့်ကြံသူတွေလည်း ရောက်လာကြပြီ။ အခု ကောင်းကင်ဘုံနဲ့ အနောက်ဘက်ဗုဒ္ဓဘုံက ကျင့်ကြံသူတွေပဲ ထွက်မလာသေးတာ။ ဒါပေမယ့် ကောင်းကင်ဘုံက လျှို့ဝှက်တာမို့ ကျုပ်တို့ မသိဘဲနဲ့ သူတို့ ရောက်နေနိုင်တယ်။" အင်ပါယာနန်က ဆက်ပြောလိုက်သည်။ နတ်ဆိုးလောက ရောက်လာပြီးနောက် လူသားဘုံမှ ကျင့်ကြံသူများလည်း ရောက်လာကြပြီ ဖြစ်သည်။
တစ်လောကလုံးမှ ကျင့်ကြံသူများက မူလဘုံသို့ တဖွဲဖွဲ ရောက်ရှိလာနေကြသည်။ မည်သို့သော မုန်တိုင်းက သူတို့ကို စောင့်ကြိုနေပါသနည်း။
"လူသားဘုံက ရောက်လာတဲ့ ကျင့်ကြံသူ များလား။" ရီဖူရှင်းက မေးလိုက်သည်။
"အခုတော့ အများကြီး မရှိဘူး။ ဒါပေမယ့် ကျုပ်တို့ မသိတာတွေ ရှိလိမ့်ဦးမယ်။ အခု မူလဘုံရဲ့ သတင်းတွေက ပျံနှံ့နေပြီး တစ်လောကလုံးက ကျင့်ကြံသူတွေ အကုန်လုံး ပွက်လောရိုက်နေကြတယ်။ ဒီနေ့ အခြေအနေကို အတိတ်က ဖြစ်ရပ်နဲ့ နှိုင်းယှဥ်လို့ရတယ်။" အင်ပါယာနန်က ပြောလိုက်သည်။ "တကယ်တော့ လက်ရှိ မူလဘုံက အပြောင်းအလဲတွေကြောင့် အခြေအနေက အရင်ကထက် ကျော်လွန်နေတယ်။ အရင်တုန်းက မူလဘုံကို ကျင့်ကြံသူတွေ ဒီလောက်အများကြီး မလာခဲ့ဘူး။ ဒါကြောင့် အဲဒီနှစ်ခုက မယှဥ်နိုင်ဘူး။"
သို့သော် အင်ပါယာနန်သည် လွန်ခဲ့သော နှစ်ပေါင်းသုံးလေးရာခန့်က ကပ်ဘေးကို တွေ့ကြုံခဲ့ဖူးသူ ဖြစ်သည်။
"ကောလာဟလတွေအရတော့ လူသားဘုံက ကောင်းကင်လမ်းစဥ် ပြိုကျသွားပြီးတော့ ကျင့်ကြံခြင်းလောကရဲ့ ဗဟိုချက်ဖြစ်ပြီး လူသားကျင့်ကြံသူတွေအတွက် ကောင်းချီးမြေဖြစ်ခဲ့တာ။ လူသားဘုံရဲ့ အဆင့်မြင့်မဟာအင်ပါယာကို လူသားဘိုးဘေးလို့ ခေါ်ကြပြီး အဲဒီနာမည်ကနေ သူ့ရဲ့ အရေးပါပုံကို သိနိုင်တယ်။ ဒီတစ်ကြိမ် လူသားဘုံကနေ ရောက်လာတဲ့ ကျင့်ကြံသူတွေအားလုံးက လူသားဘိုးဘေးရဲ့ ဖြောင့်မတ်မှန်ကန်တဲ့ အရှိန်အဝါတွေကို ပိုင်ဆိုင်ထားတယ်လို့ ပြောကြတယ်။" အင်ပါယာနန်က ဆက်ပြောလိုက်သည်။ "ကျုပ် ကြားတာတော့ လူသားဘုံက ကျင့်ကြံခြင်းလောကရဲ့ ရှေးအကျဆုံးနဲ့ ဂုဏ်သရေအရှိဆုံး နယ်မြေတစ်ခုတဲ့။"
ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ သူသည်လည်း လောကအသီးသီးမှ ကျင့်ကြံသူများကို တွေ့ဆုံချင်သည်။ လူသားဘုံက ကောင်းကင်လမ်းစဥ် ပြိုကျသွားပြီးနောက် လောက၏ ဗဟိုချက်ဖြစ်ခဲ့သည်။ သူသည် ထိုနေရာမှ ကျင့်ကြံသူများက ကောင်းကင်ဒေသမှလူများနှင့် ယှဥ်နိုင်လိမ့်မည်လား သိချင်မိသည်။ ကောင်းကင်ဒေသနှင့် ယှဥ်နိုင်မည့် ကျင့်ကြံသူ မည်မျှများများ ရှိလိမ့်ပါမည်နည်း။
"အဓိကကမ္ဘာတွေ အားလုံးက ကျင့်ကြံသူတွေ ထပ်ရောက်လာရင် အံ့သြစရာ အမွေအနှစ်တွေ အများကြီး ပေါ်လာလိမ့်မယ်။ ပြီးတော့ အခု လူသားကျင့်ကြံသူတွေ နေထိုင်နေတဲ့ ထူးထူးခြားခြား နေရာတစ်ခု ပေါ်ပေါက်လာတယ်တဲ့။ အင်ပါယာနန်က ပြောလိုက်သည်။
ရီဖူရှင်း၏ မျက်လုံးများက အနည်းငယ် ထက်ရှသွားသည်။ "စီဝေ့ကြယ်ကမ္ဘာလိုမျိုးလား။"
"ဟုတ်တယ်။" အင်ပါယာနန်က ခေါင်းညိတ်လိုက်သည်။ စီဝေ့ကြယ်ကမ္ဘာကဲ့သို့ တူညီသော လောကတစ်ခု ပေါ်ထွက်လာခြင်း ဖြစ်သည်။ ၎င်းက မည်သို့သော အဓိပ္ပါယ်မျိုး ဖြစ်ပါသနည်း။