← Chapters

ကောင်းကင်နှင့်မြေပြင်အတားအဆီး

Vol. 12 Ch. 162

ကောင်းကင်နှင့်မြေပြင်အတားအဆီး

Vol. 12 Ch. 162

လင်းရှန်က ခေါင်းညိတ်သည်။

ကျောက်ဖူက လင်းရှန်အား ကြည့်ကာ ပြောသည်။

“ဒါဆိုလည်း အတူသွားကြမယ်။ လျှို့ဝှက်နယ်မြေဟာ စီနီယာအစ်ကိုနဲ့ တခြားလူတွေ ရှာတွေ့ခဲ့တာ”

ဟန်မူယဲ့သည် ဓားစံအိမ်ထဲကို ဝင်လာလျှင် ဟွမ်လောင်လျှို စားပွဲရှေ့တွင် ထိုင်နေသည်ကို မြင်၏။ ကောင်းရှောင်ရွှမ်ကား သူ့ဘေးနားတွင် ရပ်နေကာ စားပွဲပေါ်၌ တစ်စုံတစ်ခုအား ရေးသားနေသည်။ မြေခွေးဖြူလေးကား မှင်အိုးဘေးနားတွင် မျက်လုံးများ မှေးကာ အိပ်နေ၏။

ကောင်းရှောင်ရွှမ်အား အရေးအဖတ်များ သင်ယူရန် ဟွမ်လောင်လျှိုက မည်သို့ မြူဆွယ်ခဲ့သည်ကို ဟန်မူယဲ့ နားမလည်ပေ။

“အစ်ကိုဟွမ်… ကျုပ် တောင်အောက်ကို လေ့ကျင့်ရေးမှူးနဲ့အတူ သွားဦးမယ်”

ဟန်မူယဲ့က ပြောသည်။

ဟွမ်လောင်လျှိုက သူ့အား ကြည့်သည်။

“ဓားစံအိမ်မှာ မင်းက အားလုံးကို ဆုံးဖြတ်နိုင်တာပဲ”

ထို့နောက် သူက ခေါင်းယမ်းသည်။

“ဓားစံအိမ်ကို မင်းအတွက် ဘယ်လောက်ကြာကြာ ကူပြီးတော့ စောင့်ကြပ်ပေးနိုင်မယ် ငါ မသိဘူး။ ဘယ်လိုပြောပြော နောက်ဆုံးမှာ မင်းပဲ ဓားစံအိမ်ကို စောင့်ကြပ်ရမယ့်သူပဲ”

ဟွမ်လောင်လျှို ဆိုလိုသည်ကို ဟန်မူယဲ့ နားလည်သည်။

ဟွမ်လောင်လျှိုကား မရီးနှင့်အတူ တောင်အောက်သို့ ဆင်းကာ သာမန်ဘဝကို ဖြတ်သန်းလိုနေသည်။

ဓားစံအိမ်အကြီးအကဲက ဟန်မူယဲ့အား ဓားစံအိမ်ကို တာဝန်ယူခိုင်းထားပြီး ဖြစ်သည်။

ဟွမ်လောင်လျှိုက လက်ဝှေ့ယမ်းသည်။

“ထားလိုက်တော့… မြန်မြန်သာ ပြန်လာခဲ့။ တောင်ပေါ်မှာ ပိုပြီးတော့ ဘေးကင်းတယ်”

သူပြောသည်မှာ မှန်ကန်၏။ အနောက်ဘက်နယ်စပ်ကုန်းမြေကား အမှန်တကယ် ပရမ်းပတာဖြစ်နေကာ အံ့ဖွယ်ကိုးပါးတောင်ကုန်းသည် အလုံခြုံဆုံးဖြစ်သည်။

“နောက်ပိုင်း အထူးအထွေကိစ္စမရှိရင် ကျုပ် ဓားစံအိမ်မှာပဲ နေမှာပါ”

ဟန်မူယဲ့က ခေါင်းညိတ်သည်။

သည်တစ်ကြိမ်ကား သူသည် သူ၏ခန္ဓာကိုယ်ကျင့်စဉ်အတွက် နောက်ဆက်တွဲကို စုံစမ်းရန် လိုနေသည်။

မဟုတ်လျှင် သူက မည်သို့ အရဲစွန့်ကာ ဟိုဟိုဒီဒီ ပြေးလွှားနေမည်နည်း။

သူက ဓားစံအိမ်တွင်သာ အမြဲတမ်း နေရန် ဆန္ဒရှိပေသည်။

ဟန်မူယဲ့နှင့် လင်းရှန်တို့ အဝတ်အစားလဲကာ ကျောက်ဖူနှင့်အတူ တောင်အောက်သို့ ဆင်းလာခဲ့သည်။

သည်တစ်ကြိမ်ကား လင်းရှန်က လှေပျံကို မောင်းရန် မလိုတော့ပါ။ ကမ္ဘာမြေအဆင့်သို့ တက်လှမ်းပြီးသော ကျောက်ဖူက လှေပျံအား သူ၏နတ်အာရုံဖြင့် ထိန်းချုပ်နိုင်သည်။

“အဲဒီလျှို့ဝှက်ဘုံဟာ စီနီယာအစ်ကိုလင်းနဲ့ တခြားလူတွေ မတော်တဆတွေ့ရှိခဲ့တာ။ သူတို့ အဲဒီနေရာကနေ သံမဏိနွားသိုးကျင့်စဉ်နဲ့ တခြားရတာတွေ ယူလာခဲ့တယ်”

ကျောက်ဖူက လင်းရှန်ကို ကြည့်ကာ ပြောသည်။

လင်းရှန်က ခေါင်းညိတ်ကာ ဘာမှ မပြောပေ။

“လျှို့ဝှက်နယ်မြေဟာ စပါးစိမ်းတောင်တန်းမှာ တည်ရှိတယ်။ အဲဒီမှာ သားရဲမိစ္ဆာတွေလည်း ကျင်လည်ကျက်စားပြီးတော့ တခြားဂိုဏ်းကလူတွေနဲ့လည်း တွေ့ရတတ်တယ်”

“ရတနာတွေနဲ့ ပတ်သက်လာရင်တော့ မင်းဟာ အင်အားကြီးဂိုဏ်းက ဖြစ်တယ်ဆိုတာ ဘယ်သူမှ ဂရုမစိုက်ဘူး။ ဂိုဏ်းကြီးက ဖြစ်တော့ သူတို့က အကျိုးအမြတ်များများရတော့ ပိုတောင် ကြိုက်သေးတယ်”

ဟန်မူယဲ့၏အမူအရာ ပြောင်းလဲခြင်းမရှိသည်ကို မြင်လျှင် ကျောက်ဖူက ရယ်မောကာ ပြောသည်။

“မှန်တယ်… ဂိုဏ်းသေးက လူတွေနဲ့ တကိုယ်တော်ကျင့်ကြံသူတွေသာ ငါတို့ကို လာပြီး ထိခိုက်စေတယ်ဆိုမှတော့ အင်အားကြီးဂိုဏ်းက လူတွေလို့ ဘယ်သတ်မှတ်နိုင်ပါ့မလဲ”

ဂိုဏ်းသေးများနှင့် တကိုယ်တော်ကျင့်ကြံသူများတွင် နည်းစနစ်များနှင့် အရင်းအမြစ်များ သိပ်မရှိပါ။ သဘာဝအားဖြင့် သူတို့၏တိုက်ခိုက်စွမ်းရည်မှာလည်း နိမ့်ပါးလွန်းပေသည်။

ဟန်မူယဲ့နှင့် လင်းရှန်တို့က မည်သည့်စကားမှ မဆိုကြချေ။

လက်ရှိသူတို့သုံးယောက်ထဲတွင် ဟန်မူယဲ့သည် ကျောက်ဖူကိုပင် အလွယ်တကူ အနိုင်ယူနိုင်၏။

လင်းရှန်သည်လည်း ကောင်းကင်ဘုံအဆင့်အရိုးနှင့် လုံးဝ ပြည့်စုံအောင် မပေါင်းစပ်နိုင်သေးသည့်တိုင် ကမ္ဘာမြေအဆင့်တိုက်ခိုက်စွမ်းရည်ကို ပိုင်ဆိုင်ပေသည်။

“စိတ်မပူပါနဲ့… အခုတော့ ငါက ကမ္ဘာမြေအဆင့်ကို ရောက်ပြီဆိုတော့ မင်းတို့ကို သေချာပေါက် ကာကွယ်ပေးနိုင်တာပေါ့”

ကျောက်ဖူက ဟန်မူယဲ့နှင့် လင်းရှန်ကို ကြည့်ကာ ပြုံးသည်။

သူ့အမြင်တွင် လင်းရှန်သည်ပင် ဟန်မူယဲ့ထက် အတွေ့အကြုံ ကြွယ်ဝပေသည်။ ဟန်မူယဲ့ကား ကျင့်ကြံဆင့်လည်း နိမ့်သေးကာ အတွေ့အကြုံနည်းပါးသေး၏။

ကျောက်ဖူ တန်ဖိုးထားသည်ကား ဟန်မူယဲ့၏ ဆင်ခြင်နားလည်နိုင်စွမ်းနှင့် ပြိုင်စံရှားအာခီမီပညာဖြစ်သည်။

ဟူး…

ကျောက်ဖူ၏နောက်တွင် နွားသိုးပုံရိပ်များ ဖြစ်ပေါ်လာသည်။

ဟန်မူယဲ့ကဲ့သို့ပင် သံမဏိနွားသိုးကျင့်စဉ်၏နောက်ဆက်တွဲကျင့်စဉ်ကို သေချာမဆုံးဖြတ်ရသေးခင် သူလည်း ဆက်လက်ကျင့်ကြံခြင်းကို ရပ်နားထားရသည်။

“ငါ ဂိုဏ်းက ရှေးဟောင်းစာအုပ်တွေကို ဖတ်ပြီးပြီ။ ခန္ဓာကိုယ်ကျင့်ကြံခြင်းနည်းစနစ်တွေထဲမှာ နွားသိုးကိုးကောင်ခွန်အားကို စုစည်းနိုင်တဲ့နည်းစနစ်က အတော်လေးအဆင့်မြင့်တယ် ပြောရတယ်”

သူတို့သုံးယောက် လှေပျံနှင့်အတူ ဆယ်ရက်ခန့် ခရီးနှင်လာကြရာ မိုင်ထောင်သောင်းချီသော အကွာအဝေးကို ဖြတ်ကျော်လာခဲ့ကြသည်။ သူတို့သည် အရှေ့စူးစူးသို့ ခရီးနှင်လာရင်း နောက်ဆုံးတွင် စိမ်းစိုသော တောင်တန်းတစ်ခုသို့ ရောက်လာ၏။

“ဒါက စပါးစိမ်းတောင်တန်းပဲ”

ကျောက်ဖူက တောင်တန်းကို လက်ညိုးထိုးပြကာ ပြောသည်။

“အလယ်ပိုင်းကုန်းမြေဟာ ဒီတောင်တန်းတွေရဲ့အလွန်မှာ ရှိတယ်”

ကျောက်ဖူက ကောင်းကင်တွင် ထွန်းလင်းနေသော အလင်းများကို လက်ညိုးထိုးပြကာ ပြောသည်။

“အဲဒါကတော့ ကောင်းကင်နဲ့မြေပြင်အတားအဆီးပဲ”

ကောင်းကင်နှင့်မြေပြင်အတားအဆီးသည် ကုန်းမြေလေးခုကို တားဆီးထား၏။

အလယ်ပိုင်းကုန်းမြေကား ကျင့်ကြံခြင်း၌ အထွန်းကားဆုံးဖြစ်သည်။ သူတို့သည် တခြားကုန်းမြေများထက် အင်အားကြီး၏။

ကောင်းကင်နှင့်မြေပြင်အတားအဆီးသည် အလယ်ပိုင်းကုန်းမြေမှ သဘာဝစွမ်းအားများ တခြားကုန်းမြေများသို့ ကူးလူးပြန့်နှံ့ခြင်းကို ကာကွယ်ပေးသလို တခြားကုန်းမြေများမှလည်း ကျူးကျော်ဝင်ရောက်ခြင်းကို တားဆီးပေး၏။

“ပြောကြတာတော့ ကောင်းကင်နဲ့မြေပြင်အတားအဆီးကို ကျော်ဖြတ်ဖို့ဆိုရင် တစ်စုံတစ်ယောက်ဟာ အမြုတေဖွဲ့ခြင်းစည်းခြင်းအဆင့်ကို ရောက်ဖို့လိုတယ်တဲ့”

လင်းရှန်က အလင်းအရံအတားကို လှမ်းကြည့်ကာ တီးတိုးပြောသည်။

အမှန်တကယ်အားဖြင့် လောကစည်းမျဉ်းများကို နားလည်သော ကမ္ဘာမြေအဆင့်များသာမက အလယ်ပိုင်းကုန်းမြေမှ ဂိုဏ်းကြီးများမှ တရားဝင်ထုတ်ပေးသော ဝင်ခွင့်လက်မှတ်ကို ပိုင်ဆိုင်ထားသူများသည်လည်း အလယ်ပိုင်းကုန်းမြေများသို့ ဝင်ရောက်နိုင်ပေသည်။

ဟန်မူယဲ့တွင်လည်း သူ၏လက်ထဲတွင် ဝင်ခွင့်လက်မှတ်ရှိပေသည်။

မူမိသားစုက သူ့အား ထိုလက်မှတ်ကို ပေးခဲ့ကာ နောင်ဆယ်နှစ်တွင် အလယ်ပိုင်းကုန်းမြေသို့ သွားရောက်ရန် မှာကြားထားသည်။

အရောင်အသွေးစုံလင်သော ကောင်းကင်ကြီးအား လှမ်းကြည့်ကာ ဟန်မူယဲ့က ခေါင်းယမ်းလျက် ပြောသည်။

“အလယ်ပိုင်းကုန်းမြေ… နောက်ပိုင်း အခွင့်အရေးရရင် သွားတာပေါ့။ အခုတော့ လျှို့ဝှက်နယ်မြေကိုပဲ သွားရအောင်”

ကျောက်ဖူက ရယ်မောသည်။

“ညီလေးဟန်က ရည်မှန်းချက်ကြီးတာပဲ။ အလယ်ပိုင်းကုန်းမြေကို ရောက်ဖူးတဲ့သူ အနောက်ဘက်နယ်စပ်ကုန်းမြေမှာ လက်ချိုးရေလို့ရတယ်”

အလယ်ပိုင်းကုန်းမြေသို့ ဝင်ရောက်ရန် တစ်စုံတစ်ယောက်သည် အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရှိရန် လိုအပ်၏။ အနောက်ဘက်နယ်စပ်ကုန်းမြေ၌ အမြုတေဖွဲ့စည်းခြင်းအဆင့်များသည် လက်ချိုးရေ၍ ရသည်။

သူတိုသုံးယောက် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ကြ၏။

တောင်တန်းကြီးများတွင် သစ်ပင်ကြီးများ ပေါက်ရောက်နေပြီး နွယ်ပင်ခြုံပင်များလည်း ထူထပ်၏။

ဟူး…

ကျောက်ဖူ၏လက်ထဲတွင် ကျောက်စိမ်းပြားတစ်ခုသည် အစိမ်းရောင်အလင်းပေးကာ အရပ်မျက်နှာတစ်ခုသို့ ပျံသန်းသွားသည်။

“သွားမယ်…”

ကျောက်ဖူက ပြောကာ သစ်ပင်ကြီးတစ်ပင်ပေါ်သို့ ခုန်တက်ကာ အဝေးကို ပြေးလွှားသွားသည်။

ဟန်မူယဲ့နှင့် လင်းရှန်တို့ကလည်း သူ့နောက်မှ အလွယ်တကူ ပေါ့ပါးစွာ ပြေးလွှားသွားကြသည်။

နာရီတချို့ ခရီးနှင်လာပြီးနောက် ကျောက်ဖူရပ်လိုက်သည်။

သူက လက်လှမ်းကာ သူ့ရှေ့မှ ပျံသန်းနေသော ကျောက်စိမ်းပြားအား ဖမ်းဆုပ်လိုက်ပြီး ရှေ့မှ ကျောက်ဆောင်အား လှမ်းကြည့်သည်။

မီးခိုးရောင်ကျောက်တုံးနောက်မှ သားရဲတစ်ကောင် ခေါင်းပြူထွက်လာသည်။

သူ၏အတောင်များသည် တစ်ပေခန့် ရှည်ကာ သန်မာသော ခြေထောက်များ ရှိ၏။ သူသည် ကျောက်တုံးပေါ်သို့ တက်ကာ ကျောက်ဖူနှင့် ဟန်မူယဲ့တို့အား တင်းမာသော မျက်လုံးများဖြင့် ကြည့်သည်။

ကျောက်ဖူက သားရဲအား ကြည့်ကာ ပြောသည်။

“ဒါက အေးစက်သစ်စိမ်းလူဝံ။ ဒါက စပါးစိမ်းတောင်ကုန်းမှာ တွေ့ရများတဲ့ သားရဲမိစ္ဆာပဲ”

“သူဟာ မြန်ပြီးတော့ သန်မာတယ်”

“သူတို့တွေက ကမ္ဘာမြေနဲ့ ကျောက်တုံးတွေကို ထိန်းချုပ်နိုင်စွမ်းရှိကြတယ်”

သူက ဟန်မူယဲ့အား ပြောသည်။

“ညီလေးဟန်… ဒီသားရဲဟာ ချီစုစည်းခြင်းအစွမ်းမှာ ရှိတယ်။ မင်း စမ်းကြည့်မလား”

ဟန်မူယဲ့ တိုက်ခိုက်သည်ကို သူက တစ်ခါမှ မမြင်ဖူးပေ။ သည်တစ်ကြိမ် သူက ဟန်မူယဲ့ မည်မျှ စွမ်းသည်ကို တွေ့လို၏။

“ကျုပ် လုပ်မယ်”

ဟန်မူယဲ့ ဘာမှ မပြောရသေးခင် လင်းရှန် ရှေ့ကို တက်သွားသည်။

သစ်စိမ်းမိစ္ဆာက လင်းရှန် ပြေးဝင်လာသည်ကို မြင်လျှင် သွားဖြဲပြကာ ထူးဆန်းသော အသံကို အော်မြည်လျှက် ရန်ပြန်ရှာ၏။

ဟူး…

လင်းရှန်သည် ကျောက်တုံးပေါ်သို့ ခုန်တက်လျင် လူဝံက လင်းရှန်၏ခေါင်းကို ဖမ်းကုပ်သည်။

ထင်ထားသည့်အတိုင်း သားရိုင်း၏လှုပ်ရှားမှုသည် အလွန်မြန်၏။

လင်းရှန်ကား ထိုနေရာတွင် ရပ်ကာ သူ၏ဓားကိုပင် မထုတ်ပေ။

ထိုအဖြစ်က ကျောက်ဖူအား မျက်မှောင်ကြုတ်စေသည်။

ဓားသမားတစ်ဦးအနေဖြင့် ရန်သူရှေ့တွင် ဓားဆွဲမထုတ်ခြင်းက အလွန် ဂရုမစိုက်ရာ ရောက်ပေသည်။

ကျော်ကဖူက လက်မြှောက်လိုက်လျှင် သူ၏လက်တွင် သံပြားတစ်ခု ပေါ်လာ၏။

သို့သော်လည်း သူက တိုက်ခိုက်မည် ပြုစဉ်မှာပင် လင်းရှန် လှုပ်ရှားလိုက်သည်။

ဟူး…

သူ၏ခန္ဓာကိုယ်သည် ရိပ်ခနဲ သားရိုင်းထံသို့ ပြေးဝင်သွား၏။ သူကား အမှန်တကယ် လူဝံကြီးထက်ပင် မြန်နေသေးသည်။

ဘန်း…

သူ၏လက်သီးသည် လူဝံ၏ခေါင်းကို သွားထိကာ လူဝံသည် ကျယ်လောင်စွာ အော်သံပေးလျှက် ကျောက်တုံးကြီးပေါ်မှ လွင့်စင်ကျသွားသည်။

လူဝံကြီးက မြေပြင်ပေါ်မှ မထမီတွင်ပင် လင်းရှန်က ခုန်အုပ်ကာ အဆက်မပြတ် လက်သီးဖြင့် ထိုးလိုက်သည်။

ဘန်း… ဘန်း… ဘန်း…

လူဝံ၏ဦးခေါင်း မြေကြီးထဲကို နစ်ဝင်သွား၏။

…

သူတို့ ခရီးဆက်လျှင် ကျောက်ဖူ၏အမူအရာက ထူးဆန်းနေသည်။

“ဂျူနီယာညီလေးလင်း… မင်းရဲ့ကျင့်ကြံဆင့်က တကယ်တိုးတက်လာတဲ့ပုံပဲ”

ကျောက်ဖူက အံ့အားသင့်စွာ မေးသည်။

“အတော်လေး အားနည်းနေသေးတယ်”

လင်းရှန်က မတတ်သာသော ပုံစံဖြင့် ခေါင်းယမ်းသည်။

ကျောက်ဖူက ဂျူနီယာညီလေးလင်းသည် ရိုးသားခြင်းမရှိဟု ခံစားရသည်။

လင်းရှန်က သူ၏အတွေးအမှန်ကို ပြောခြင်းဖြစ်သည်ကို သူ မသိပေ။

လင်းရှန် အမှန်တကယ် အသုံးပြုသည်ကား သူ၏ကျောက်စိမ်းအရိုးစွမ်းအား အပုံတစ်ရာတွင် တစ်ပုံမျှသာ ဖြစ်သည်။

အမှန်တကယ်လည်း သူကား အလွန်အားနည်းသေးသည်။

“တစ်စုံတစ်ယောက်ရှိတယ်”

ရုတ်တရက် ကျောက်ဖူက သတိပေးကာ သူ၏အရှိန်အဝါကို ချုပ်တီးလိုက်သည်။

All Chapters