← Chapters

အပိုင်း(၄၄၅)

Vol. 30 Ch. 445

အပိုင်း(၄၄၅)

Vol. 30 Ch. 445

“ဘာ…ဒါက အဖေ..မဖြစ််နိုင်တာအမေ..ဘယ်လိုဖြစ်ပြီးတော့ အဖေက ဒီလိုမျိုးဖြစ်ရတာလဲ”

ရှစ်ဖုန့်၏လက်မောင်းအတွင်း၌ ရှိနေသော ကောင်မလေးက  မိခင်ဖြစ်သူ၏ စကားတို့အားကြားလိုက်ရသောအခါတွင် မယုံကြည်နိုင်စွာပြောလိုက်သည်။

သူမ၏ဖခင်ဖြစ်သူက ဤကဲ့သို့ လူသားအသွင် မွန်းစတားတစ်ကောင်ဖြစ်လာခြင်းကို မိန်းကလေးမှာ မယုံကြည်နိုင်ပေ။  ၎င်းမှာမဖြစ်နိုင်ပေ။

“ဒါက မမှားနိုင်ဘူး. ဒါက သမီးအဖေရဲ့အသံပဲ.. အမေမမှားနိုင်ဘူး. အဲ့တာတင်မကဘူး”

လှပသောအမျိုးသမီးက စကားပြောနေရင်း ရုတ်တရက်သူမ၏လက်ဖဝါးအား

ဖွင့်ပြလိုက်သည်။  ရွှေရောင်ကျောက်မြတ် ဆွဲသီးမှာ   အသက်ရှူနေသကဲ့သို့ ရွှေရောင်လင်းအား မှိတ်လိုက်လင်းလိုက် ဖြစ်ပေါ်နေသည်။

“ဘန်း”

ရှည်လျားသော အမွှေးများဖြင့်ကိုယ်မှာ  မြေပြင်ပေါ်သို့ ဘန်းဆိုသောအသံနှင့်အတူ ပြုတ်ကျသွားသည်။  ဤအခိုက်အတန့်တွင်  ရှည်လျားသောအမွေးများဖြင့် ထူဆန်းသောလူ၏ ရင်ဘက်၌လည်း ရွှေရောင်အလင်းတစ်ခုလင်းလက်သွားသည်။

“ဝှစ်ရှ် ..ဝှစ်ရှ်..ဝှစ်ရှ်..ဝှစ်ရှ်”

လပြည့်ဓားက ရှေ့သို့ ဆက်လက်ပျံသန်းနေဆဲဖြစ်သည်။ ရှစ်ဖုန့်မှာ အစက  လပြည့်ဓားအား အမွှေးနက်များဖြင့် မွန်းစတားကို အဆုံးသတ်ပေးရန်အတွက် အသက်သွင်းထားခဲ့သော်လည်း  သူ၏လက်အတွင်းရှိ သားအမိနှစ်ဦးကြားမှ အပြန်အလှန်စကားပြောဆိုမှုများအားကြားလိုက်ရသောအခါတွင်  ရှေ့ရှိ အမွှေးနက်များဖြင့်မွန်းစတားထံသို့ပျံသန်းသွားသော  လပြည့်ဓားမှာ ရုတ်တရက် ရပ်တန့်သွားသည်။မီးခိုးဖြူရောင်မီးတောက်တို့က မှေးမှိန်သွားပြီး လပြည့်ဓား၏ ကွေးသောထိပ်ဖျားက  အမွှေးနက်မွန်းတား၏နဖူးအလယ်

သို့ထိုးညွှန်ထားသည်။

“ဒီလူက မင်းတို့ရှာနေတဲ့သူလား”

ရှစ်ဖုန့်က သူ့ရှေ့တွင်ရှိနေသော အမွှေးနက် လူထူးဆန်းအား စိုက်ကြည့်၍မေးလိုက်သည်။

သူ၏ပျံသန်းနေသောကိုယ်အား မြေပြင်ထက်၌ ဆင်းသက်လိုက်ပြီး  သူ၏လက်တို့အား   သားအမိနှစ်ဦး၏နူးညံ့နှစ်လိုဖွယ်ကောင်းသောကိုယ်တို့မှာလွှတ်ပေးလိုက်သည်။

“ချူးယွဲ့.”

“အဖေ”

သူမတို့၏ နှစ်လိုဖွယ်ကောင်းသော ခန္ဓာကိုယ်တို့လွတ်လပ်သွားပြီး အမွှေးနက်လူထူးဆန်း၏ သရုပ်အား အတည်ပြုပြီးသည့်နောက်  မိန်းကလေးနှစ်ဦးမှာ ချက်ချင်းပဲ အမွှေးနက်  လူထူးဆန်းထံသို့ ပျံသန်းသွားသည်။

“ဂါး”

မြေပြင်ထဲ၌လဲနေသော အမွှေးနက်လူထူးဆန်းမှာရုတ်တရက်

သူ၏ကိုယ်အပေါ်ပိုင်းအား  ဖြောင့်တန်းစွာမတ်လိုက်ပြီး သားရဲတစ်ကောင်ကဲ့သို့ အော်ဟစ်လိုက်သည်။

ရှေ့သို့ပျံသန်းသွားနေကြသည့် စိတ်လှုပ်ရှားနေကြသော သားအမိနှစ်ဦးအားကြည့်၍   ရှစ်ဖုန့်ချက်ချင်းပဲလှုပ်ရှားလိုက်ပြီး မိန်းကလေးနှစ်ယောက်ထက်မြန်ဆန်သော အမြန်နှုန်းဖြင့် သူမတို့၏နောက်သိုသ့ ရောက်ရှိသွားသည်။ သူက ၎င်းတို့အားပြန်ဆွဲထားလိုက်ပြီး အော်ပြောလိုက်သည်။

“မသွားနဲ့. အန္တရာယ်များတယ်..ဒီလူက ပုံမှန်မဟုတ်ဘူး. သူကသေခြင်းတားမြစ်နယ်မြေထဲက ဆန်းကြယ်စွမ်းအားအချို့ရဲ့ သက်ရောက်မှုကိုခံရပြီးတော့ သူ့စိတ်ကိုဆုံးရှုံလိုက်ရတာပဲဖြစ်မယ်”

ရှစ်ဖုန့်စကားပြောပြီးပြီးချင်း အမွှေးနက်များဖြင့်လူထူးဆန်းက သူ့ခေါင်းရှေ့ရှိလပြည့်ဓားအားလက်သီးတစ်လုံးပစ်သွင်းလိုက်သည်။ “ဘန်း”ဟူသောအသံနှင့်အတူ  လပြည့်ဓားအတွင်းရှစ်ဖုန့်ထည့်သွင်းထားသော စွမ်းအားတို့ပျောက်ကွယ်သွားပြီးလူထူးဆန်း၏ လက်သီးချက်ကြောင့်ချက်ချင်းလွင့်ပျံထွက်သွားသည်။

ထို့နောက် အမွှေးနက်လူထူးဆန်း က ထခုန်၍ ရပ်လိုက်သည်။ ၎င်းမှာ လပြည့်ဓားအားကြောင့်ရွံ့သောကြောင့်လားမသိ  ချက်ချင်းပဲလှည့်၍  ဂူအတွင်းပိုင်းထဲသို့ထွက်ပြေးတော့သည်။

“ချူးယွဲ့”

“အဖေ”

သူ၏အာရုံစိုက်မှုရှိမနေချိန်တွင်  ရုတ်တရက်ထွက်ပြေးလွတ်မြောက်သွားသော  အမွှေးနက်မွန်းစတားအားကြည့်ရင်း  သားအမိနှစ်ဦးအားလွှတ်ပေးလိုက်ပြီး ရှစ်ဖုန့်ပြောလိုက်သည်။

“မင်းတို့ရှာနေတဲ့သူက ထပ်ပြီးတော့မင်းတိုလူမဟုတ်တော့ဘူး.

သူကသေခြင်းတားမြစ်နယ်မြေက စွမ်းအားအချို့သက်ရောက်တာကိုခံရပြီးတော့ စိတ်လွတ်သွားတာဖြစ်မယ်..အခုသူက လမ်းလျှောက်နေတဲ အလောင်းကောင်တစ်ခုဖြစ်နေပြီ”

“မဟုတ်ဖူး.ချူးယွဲ့..ဘယ်လို. ဘယ်လိုဖြစ်ပြီး..ဝါးဝါး.”

ရှစ်ဖုန့်၏ စကားအားကြားပြီးသည့်နောက်တွင် လှပသောအမျိုးသမီးမှာ  အရုပ်ကြိုးပျက်လဲကျသွားပြီး သူမ၏ ဒူးတို့အားဖက်၍   ကလေးတစ်ယောက်ကဲ့သို့ငိုကြွေးတော့သည်။

အကယ်၍ရှစ်ဖုန့်ကဘာမှ ပြောကြားခဲ့ခြင်းမရှိခဲ့လျှင်တောင်  လှပသောအမျိုးသမီးမှာ အမွေးနက်မွန်းစတားအားမြင်ပြီးနောက်  ခန့်မှန်းမိပြီးဖြစ်သည်။သူမမှာယောက်ျားဖြစ်သူအားရှာဖွေရန်အတွက် သေခြင်းတားမြစ်နယ်မြေသို့ မိုင်ထောင်ပေါင်းများစွာ ခရီးနှင်ခဲ့ရသည်။ သူမအသက်အားဆုံးရှုံးနိုင်သည့် အကြိမ်များစွာကြုံတွေ့ခဲ့ရသော်လည်း ဤကဲ့သို့ အဆုံးသတ်ရလိမ့်မည်ဟုတော့ သူမလုံးဝတွေးထားခဲ့ခြင်းမရှိပေ။

“အမေ..ဒီလိုမျိုးမဖြစ်ပါနဲ့..နည်းလမ်းတစ်ခုရှိရမယ်. အဖေကိုပြန်ရဖို့နည်းလမ်းတစ်ခုရှိရမယ်.. သမီးတို့ သေလုနီးပါးအကြိမ်များ

စွာကြုံခဲ့ပေမဲ့ သမီးတို့ အသက်ရှင်ပြီးကောင်းကောင်းရှိနေသေးတယ်..သမီးတို့မလုပ်နိုင်တာဘာရှိလဲ.. သမီးတို့သား ကြိုးစားလုပ်ဆောင်မယ်ဆိုရင်  အဖေ့ကိုပြန်ရဖို့သေချာပေါက်

ပြောင်းလဲနိုင်မှာပဲ”

မိခင်ဖြစ်သူ ဤကဲ့သို့ဖြစ်နေသည်အားတွေ့ရသောအခါတွင် သူမကိုယ်တိုင် တိတ်တဆိတ်ဝမ်းနည်းကာ ကူကယ်ရာမဲ့ခံစားနေရသော်လည်း  သူမ၏ မိခင်ဖြစ်သူအားနှစ်သိမ့်ရန်ကြိုးစားနေသေး၏။

“ဟုတ်တယ်..အဆင်ပြေမှာ..ချူးယွဲ့

သေချာပေါက် အဆင်ပြေမှာ.. ချူးယွဲ့မသေသေးသ၍   တို့တွေနည်းလမ်းတစ်ခုကို စဉ်းစားနိုင်သ၍  အမေတို့ ချူးယွဲ့ကို သေချာပေါက်ပြန်ရနိုင်တယ်”

သမီးဖြစ်သူ၏ စကားတို့အားကြားလိုက်ရသောအခါတွင် လှပသောအမျိုးသမီးမှာ  ရုတ်တရက်ခေါင်းကိုမော့လိုက်ပြီး စိတ်ပိုင်းဖြတ်ထားသော အမူအယာတစ်ခု သူမ၏မျက်နှာထက်တွင်ပေါ်လာသည်။

“ဒါဆို ဆက်ပြီးသွားကြစို့ “

ရှစ်ဖုန့်က အမေနှင့်သမီးဖြစ်သူအား ပြောလိုက်သည်။

“နောက်တစ်ခါကြရင် ဒီသခင်လေးအဲ့လူကိုဖမ်းပေးပြီးတော့ သေခြင်းတားမြစ်နယ်မြေထဲက ထွက်နိုင်အောင်ကူညီပေးမယ်..

သေခြင်းတားမြစ်နယ်မြေထဲကထွက်သွားပြီးတဲ့နောက်  သေခြင်းတားမြစ်နယ်မြေရဲ အဲ့လူအပေါ်သက်ရောက်နေမှုတွေ ပျောက်ကွယ်သွားတာလဲဖြစ်ကောင်းဖြစ်နေနိုင်တယ်”

ရှစ်ဖုန့်က ဤကဲ့သို့ပြောလိုက်ပြီးနောက် သူ၏သိုလှောင်လက်စွပ်အတွင်းမှ မူလစွမ်းအင်ပြန်လည်ဖြည့်တင်းဆေး

လုံးများအားထုတ်၍  ၎င်းတို့အားစတင်မျိုချလိုက်သည်။ သူက အစောပိုင်းက လပြည့်ဓားအား အသက်သွင်းရာ၌ ကုန်ဆုံးသွားသော စွမ်းအင်များအား ပြန်လည်ဖြည့်တင်းရန်အတွက် ဆေးလုံးများကိုအသုံးပြုလိုက်သည်။

သေခြင်းတားမြစ်နယ်မြေကဲ့သိုသော နေရာမျိုး၌ လူတစ်ယောက်အနေဖြင့်  အမြဲတမ်း အကောင်းဆုံးတိုက်ခိုက်နိုင်မှုအခြေအနေ

တွင်ရှိနေရမည်ဖြစ်သည်။

“အင်း”

ရှစ်ဖုန့်၏စကားတို့အားကြားပြီးသည့်နောက်  သားအမိနှစ်ဦးမှာ ခိုင်မာစွာ ခေါင်းညိိမ့်လိုက်ကြသည်။

“ချူးယွဲ့ သေချာပေါက်အဆင်ပြေမှာပါ သူက ပါရမီရှင်တစ်ယောက်ပဲ”

“အဖေသေချာပေါက် အဆင်ပြေပါလိမ့်မယ်”

စိတ်ခံစားချက်အတက်အကျများအားခံစားပြီးသည့်နောက်  သုံးယောက်သား  သူတို့ခရီးအားဆက်လိုက်ပြီး ဂူအတွင်းပိုင်းသို့ဆက်လက်ဝင်

ရောက်လိုက်သည်။ ဤတစ်ကြိမ်သူတို့ဂူလမ်းတစ်လျှောက်လျှောက်လှမ်းဝင်ရောက်ရာ၌ မည်သည့်အန္တရာယ်ကိုမှ ကြုံကြိုက်ရခြင်းမရှိပေ။

သို့သော် ဤဂူမှာ အဆုံးရှိပုံမရပေ။  သူတို့ဝင်ရောက်စဉ်မှ ယခုချိန်တိုင်   နေ့တစ်ဝက်နီးပါးခဲ့လျှောက်ခဲ့ကြရပြီးဖြစ်သော်လည်း  ထွက်လမ်းသို့မဟုတ် အဆုံးသတ်သို့ရောက်ရှိနိုင်ခြင်းမရှိသေးပေ။

သို့သော်အမွှေးနက်မွန်းစတား

ထွက်ပြေးလွတ်မြောက်သွားပြီး

သည့်နောက်တွင် ၎င်းအားသူတို့ထပ်မံကြုံတွေ့ရခြင်းမရှိပေ။

ဤအချိန်တွင်  ယွဲ့ဝူရှန့်တစ်ယောက် တကယ်ပဲ  ဂူအတွင်းပိုင်းသို့သွားခဲ့သလားဆိုသည်ကို ရှစ်ဖုန့်  စတင်သိချင်လာမိသည်။ ပြောရလျှင်သူတို့ တောင်ကြားချိုင့်ဝှမ်းအတွင် စဝင်စဉ်က ကြုံခဲ့ရသော  နက်မှောင်သည့်ခရမ်းရောင်  တောင်ကျရေများအားရှစ်ဖုန့်အ

စိုးရိမ်ဆုံးဖြစ်သည်။အကယ်ထိုအချိန်ကသာ တောင်ကြားချိုင့်ဝှမ်းအတွင်း၌ ယွဲ့ဝူရှန့်ရှိနေခဲ့ပြီးမိုးကြိုးဂုဏ်သတ္တိ

တောင်ကျရေ၏ တိုက်မှုအားခံခဲ့ရလျှင် သူမသေချာပေါက်သေဆုံးလိမ့်မည်ဖြစ်သည်။

သုံးယောက်သားဂူအတွင်း အတော်ကြာ လျှောက်လှမ်းပြီးနောက် ရုတ်တရက် မြင့်မားပြီးသံချေးတက်ကာ ရှေးဟောင်းနီညိုရောင်တံခါးများ

ကဲ့သို့အသွင်ရှိသော တံခါးနှစ်ချပ်က သူတို့၏ရှေ့တွင်ပေါ်လာသည်။ နီညိုရောင်တံခါးများက  တင်းကျပ်စွာပိတ်နေပြီးသူတို့၏  လမ်းအားကာဆီးထားသည်။

“ဘာလို့နီညိုရောင်တံခါးနှစ်ချပ်က ဒီနေရာမှာရှိနေရတာလဲ. အဖေက  ဒီနောက်မှာလား”

သူတို့ရှေ့ရှိ နီညိုရောင်တံခါးများအားကြည့်၍  မိန်းကလေးက မေးလိုက်သည်။

“ဒီမှာစောင့်နေ…တစ်ချက်သွားကြည့်အုံးမယ်..”

နီညိုရောင်တံခါးနှစ်ချပ်ထံသို့ကြည့်၍ ရှစ်ဖုန့်က သားအမိနှစ်ဦးအားပြောလိုက်သည်။

“ကောင်းပြီ..ဂရုစိုက် ပါ”

အမျိုးသမီးက ရှစ်ဖုန့်အားပြောလိုက်သည်။

ရှစ်ဖုန့်က သူ့ရှေ့ရှိ သံချေးတက်နေသော နီညိုရောင်တံခါးနှစ်ချပ်ထံသို့ဖြည်း

ညှင်းစွာလျှောက်လှမ်းလာရင်း ရုတ်တရက် အသံတစ်ခုက သူ၏စိတ်ထဲ၌ မြည်ဟိန်းလာပုံရလေသည်။အသံမှာ ခပ်ယဲ့ယဲ့ ထွက်ပေါ်နေပြီးပျောက်လိုက်

ပေါ်လိုက်ဖြစ်နေကာ နတ်ဆိုးတစ်ကောင်၏အသံကဲ့

သို့ပင်ဖြစ်လေသည်။

“တွန်းလိုက်”

“တွန်းလိုက်”

“မင်းသာ တွန်းလိုက်တာနဲ့ မင်းလိုချင်တာဘာမဆိုရမှာ တွန်းလိုက် မြန်မြန်တွန်းလိုက်”

အသံအားကြားပြီးနောက် ရှစ်ဖုန့်က ညှို့ယူခံရသကဲ့သို့ သူ၏လက်တို့အားနီညိုရောင်

တံခါးနှစ်ချပ်ဖိလိုက်သည်။

“အား”

ဤအခိုက်အတန့်တွင်  ရှစ်ဖုန့်၏နောက်တွင်ရှိနေသော ကောင်မလေးက ရုတ်တရက် အလန့်တကြားအော်လိုက်သည်။

ဆက်ရန်…………

ဘာသာပြန်သူ-ARISE

All Chapters