← Chapters

အထင်ကြီးခြင်း

Vol. 163 Ch. 2322

အထင်ကြီးခြင်း

Vol. 163 Ch. 2322

ထိုမြင်ကွင်းကိုကြည့်ကာ မည်သို့ဖြစ်ပျက်နေသည်ကို ပရိသတ်များက သိကြသည်။ ကြည့်ရသည်မှာ နတ္တိအင်ပါယာဘုံမှ တန်ခိုးရှင်သည် ရီဖူရှင်း၏စွမ်းရည်များကို စမ်းသပ်လိုခဲ့သည်။

ယခု တစလောကလုံးမှ တန်ခိုးရှင်များသည် ရီဖူရှင်း၏တည်ရှိမှုကို သိနေကြပြီဖြစ်သည်။ သူတို့က သူ့အား တစ်ခါမှ မမြင်ဖူးသည့်တိုင် သူ့အကြောင်းကို အမြဲပြောဆို ဆွေးနွေးခဲ့ကြ၏။

သူကား မူလဘုံ၏အတော်ဆုံးပါရမီရှင်အဖြစ် လူသိများကာ မဟာအင်ပါယာတချို့၏ဆက်ခံသူလည်း ဖြစ်သည်။

နတ္တိအင်ပါယာဘုံမှ တန်ခိုးရှင်နှင့် ရီဖူရှင်းတို့သည် ကွဲပြားခြားနားသော နေရာတွင် ရပ်နေကြသည်။ သူတို့မှာ တစ်ဦးနှင့်တစ်ဦး အလွန်ဝေးသောအရပ်၌ ရှိကြ၏။ သို့သော်လည်း အဆင့်မြင့်တန်ခိုးရှင်များအတွက် ထိုမျှအကွာအဝေးက ဘာမှ မဟုတ်ပေ။ ပြင်းထန်သော မုန်တိုင်းသည် ရီဖူရှင်းရှိရာသို့ တိုက်ခတ်သွားခဲ့သော်လည်း မည်သည့်အဆောက်အဦမှ ပျက်စီးခြင်း မရှိချေ။ ထိုအဖြစ်က လူအများအပြားကို အထင်ကြီးစေသည်။

ထိုအခိုက်တွင် နတ္တိအင်ပါယာဘုံမှ တန်ခိုးရှင်သည် လေထဲကို ပျံတက်သွားသည်။ သူ၏ခန္ဓာမှ နတ်အလင်းများ ဖြာထွက်လာ၏။ နတ်ဆိုးဘုံမှ ရှောင်မုသည် သူရှိရာအရပ်သို့ ကြည့်လိုက်၏။ နတ္တိအင်ပါယာဘုံတွင်လည်း ရှောင်မုကဲ့သို့ အဆင့်ရှစ်ရန်ဟောင်များ ရှိကြသည်။ သို့သော်လည်း ထိုသူများမှာ ရီဖူရှင်းအား ယှဉ်နိုင်ရန် မလွယ်ပါ။

ရွှေရောင်အလင်းများသည် လေဟာနယ်ထဲ ပျံ့လွင့်လာ၏။ ရှေးဟောင်းနတ်ဘုရားပုံရိပ်တစ်ခု ပေါ်လာ၏။ ၎င်းသည် လက်အားမြှောက်ကာ လက်သီးတစ်ချက် ထိုးလိုက်သည်။ လက်သီးပုံရိပ်သည် အလွန်ဝေးကွာသောအရပ်မှပင် ရီဖူရှင်းထံသို့ မြန်ဆန်စွာ ရောက်လာ၏။ ထိုတိုက်ခိုက်မှုသည် ယခင် ရီဖူရှင်း ကြုံခဲ့ရသည်နှင့် ဆင်တူ၏။ ကြည့်ရသည်မှာ နတ္တိတောင်ကုန်းမှ တန်ခိုးရှင်များသည် ဤသို့သော ပညာရပ်များအား ကျွမ်းကျင်ကြဟန်ရှိသည်။

ရီဖူရှင်းက လေထဲကို လက်ညိုးထိုးလိုက်သည်။ ဓားအလင်းတစ်ခုသည် စတင်ဖွဲ့စည်းလာခဲ့ကာ လက်သီးပုံရိပ်နှင့် ရင်ဆိုင်တွေ့သည်။ ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး အားလှိုင်းများမှာ ပတ်ဝန်းကျင်သို့ ရိုက်ခတ်လွင့်စင်သွား၏။

“အရမ်းမိုက်တယ်…” လူအများအပြားက ရီဖူရှင်း၏တိုက်ခိုက်မှုကို မြင်တွေ့လျှင် မှတ်ချက်ချကြသည်။ ရီဖူရှင်းသည် မဟာအင်ပါယာရှန်ကျား၏ခန္ဓာကိုယ်ထံမှ ရုပ်ခန္ဓာကျင့်ကြံခြင်းနည်းစနစ်များကို နားလည်ဆင်ခြင်ထားကာ သူသည် ထိုပညာရပ်များကြောင့် မဟာလမ်းစဉ်ရုပ်ခန္ဓာအား ဖွဲ့စည်းထားနိုင်၏။ သူ၏သာမန်လက်ညိုးထိုးချက်သည် အလွန်အားကောင်းသော ဓားစွမ်းအားနှင့် ရုပ်ခန္ဓာသန်မာမှုများ ပါဝင်သည်။ ထိုစွမ်းအားနှစ်ခုပေါင်းစပ်သောအခါ အလွန်အားကောင်းသော စွမ်းအားတစ်ခု ဖြစ်ပေါ်လာသည်။

တစ်ဘက်လူကလည်း သူသည် ရီဖူရှင်းအား ထိနိုင်မည်မဟုတ်ကြောင်း သိသည်။ မဟုတ်လျှင် ရီဖူရှင်း၏နာမည်ကျော်ကြားမှုများက အလကားဖြစ်သွားပေမည်။ ဧရာမပုံရိပ်တစ်ခုသည် ကောင်းကင်ပြင်ကိုမိုးလျှက် ပေါ်လာသည်။ ကောင်းကင်သည်ပင် ရွှေရောင်အလင်းများဖြင့် ခြယ်သထားသကဲ့သို့ ဖြစ်လာသည်။

ကောင်းကင်ထက်တွင် ကြောက်မက်ဖွယ် ရွှေရောင်မုန်တိုင်းသည် စတင်ဖြစ်ပေါ်လာသည်။ ထိုနေရာမှ တန်ခိုးရှင်များအာလုံးသည် ကောင်းကင်ထက်ကို မော့ကာ ကြည့်လိုက်ကြ၏။ ထိုစဉ် ဧရာမရှေးဟောင်းနတ်ဘုရားထံမှ လက်အများအပြား ထွက်ပေါ်လာသည်။ ချက်ချင်းပင် ကောင်းကင်တစ်ခုလုံးမှာ ရွှေရောင်လက်များဖြင့် ဖုံးလွှမ်းသွား၏။ ထိုလက်များသည် ရီဖူရှင်းထံသို့ အရှိန်အဟုန်ဖြင့် တိုးဝင်သွားကြသည်။

ကောင်းကင်ထက်မှ နတ်လက်များသည် မိုးသီးမိုးပေါက်ပမာ ကျဆင်းလာကြသည်။ အရာအားလုံးမှာ လက်သီးချက်များကြောင့် ပျက်စီးယိုယွင်းကြရသည်။ ကြောက်မက်ဖွယ် လက်သီးချက်များမှာ လေဟာနယ်အား အက်ကြောင်းများဖြစ်စေ၏။ ထိုတိုက်ခိုက်မှုကား အမှန်ပင် အားကောင်းလှသည်။

ရီဖူရှင်းက ခေါင်းမော့ကာ လက်သီးချက်များအား ကြည့်သည်။ မဟာလမ်းစဉ်၏လေဟာနယ်များမှာ အေးခဲသွားကာ တစ်ဝုန်းဝုန်းမြည်သံများ ထွက်ပေါ်လာ၏။ ရီဖူရှင်းအနီးတွင် အာကာသပြတင်းများ ဖြစ်ပေါ်လာ၏။ ထိုတံခါးများသည် လက်သီးများကို ဝါးမျိုသွား၏။ ရီဖူရှင်းအား ဗဟိုပြုကာ အာကာသတံခါးများသည် သီးခြားနယ်အဖြစ် ခွဲခြမ်းထားသည်။ ၎င်းကား သီးသန့်ကမ္ဘာငယ်ဖြစ်သည်။

သို့သော်လည်း ထိုမျှသော သန်မာမှုဖြင့်ပင် မြောက်များစွာသော လက်သီးချက်များသည် လေဟာနယ်ကို အက်ကွဲကာ ကမ္ဘာသေးအား ပြင်းထန်စွာ တုန်ခါစေ၏။ ပြင်တင်းများသည် အက်ကြောင်းအရာများ စတင်ဖြစ်ပေါ်လာ၏။

ရီဖူရှင်း၏အမူအရာကား တည်ငြိမ်နေသည်။ သူက အဝေးကို တစ်ချက်ကြည့်သည်။ သူ၏နတ်ခန္ဓာမှ ဓားစွမ်းအားတစ်ခု ထွက်ပေါ်လာ၏။ သူက ကောင်းကင်ကို လက်ညိုးထိုးလိုက်သည်။ နတ်ဓားသည် လေဟာနယ်ကို  ထက်ခြမ်းခွဲကာ လက်သီးများအား တိုက်ခိုက်ဖျက်ဆီးသွား၏။ ၎င်းသည် ဧရာမကြယ်တာရာနတ်ဓားဖြစ်ကာ တဒင်္ဂနတ်ဓား၏အငွေ့အသက်များ ပါနေသည်။

တန်ခိုးရှင်များအားလုံး၏အာရုံက ရီဖူရှင်းထံသို့ ရောက်နေသည်။ ရီဖူရှင်းသည် သူ၏နေရာတွင် တည်ငြိမ်စွာရပ်ကာ လက်ထဲမှ နတ်ဓားအား ဝှေ့ယမ်းသည်။ မြင်ကွင်းကား ထည်ဝါကာ ကျက်သရေရှိသည်။ သူက လက်မြောက်ကာ ဓားဖြင့် ခုတ်ချလိုက်သည်တွင် မရေမတွက်နိုင်သော လက်သီးချက်များမှာ အပိုင်းပိုင်းအစစဖြစ်သွားကြရသည်။ ထို့နောက် ဓားသည် ရပ်တန့်ခြင်းမရှိဘဲ နတ္တိအင်ပါယာဘုံမှ တန်ခိုးရှင်ထံသို့ တိုးဝင်သွားသည်။

နတ္တိအင်ပါယာဘုံမှ တန်ခိုးရှင်၏မျက်နှာအမူအရာမှာ အေးစက်နေသည်။ သူ ဖန်ဆင်းထားသော ဧရာမရွှေရောင်နတ်ဘုရားသည် လက်များကို ဆန့်တန်းကာ ဖမ်းဆုပ်ဟန်ပြုလိုက်သည်။ နတ်ဓားကျဆင်းလာသောအခါ ထိုပုံရိပ်ယောင်သည် ဓားအား လက်နှစ်ဖက်ဖြင့် ဖမ်းဆုပ်၏။ တစ်ဝုန်းဝုန်း မြည်သံများ အဆက်မပြတ် ကြားရသည်။ ဓားမှာ ဆက်လက်ကျဆင်းလာလျှင် ထိုနတ်ဘုရားပုံရိပ်၏လက်မောင်းများမှာ အက်ကြောင်းများ စတင်ဖြစ်ပေါ်လာသည်။

ဘန်း…

ကျယ်လောင်သံတစ်ချက်နှင့်အတူ ကြယ်တာရာနတ်ဓားသည် အပိုင်းပိုင်းအစစဖြစ်သွားသည်။ သို့သော်လည်း ရွှေဝါရောင်နတ်ဘုရားပုံရိပ်၏လက်များမှာလည်း ပိုင်းပြတ်သွားသည်။

ရီဖူရှင်းသည် တိုက်ခိုက်ခြင်းအား ရပ်တန့်ခြင်း မရှိချေ။ သူက အပေါ်ကို လက်ညိုးထိုးလိုက်သည်တွင် ကောင်းကင်၌ ယင်ယန်စက်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ စက်ကွင်းသည် ဧရာမကြီးမားလာခဲ့ကာ ကောင်းကင်၌ နေနှင့်လ ထွန်းလင်းနေသောအချိန်တွင် ကြယ်တာရာများသည် ထူးဆန်းစွာ တည်ရှိနေကြသည်။ ၎င်းစက်ကွင်းသည် ဓားစွမ်းအားတစ်ခုကို မွေးဖွားပေးလိုက်သောအခါ အဝေးတွင်ရပ်နေသော နတ္တိအင်ပါယာဘုံမှ တန်ခိုးရှင်ကိုပင်  အန္တရာယ်၏အငွေ့အသက်များအား ခံစားရစေသည်။

“ရန်ဟောင်ရီက မူလဘုံရဲ့ အတော်ဆုံးပါရမီရှင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါတယ်။ ကျုပ်က ခင်ဗျားရဲ့စွမ်းရည်တွေကို တကယ်အထင်ကြီးမိတယ်” တစ်ဘက်မှ တန်ခိုးရှင်က ပြောသည်။ သူက ပထမဆုံးအကြိမ် ရီဖူရှင်းအား စကားပြောခြင်းဖြစ်သည်။ သည်မတိုင်ခင်က သူသည် ရီဖူရှင်းအား မည်သည့်မစကားမှ မဆိုဘဲ တိုက်ခိုက်ခဲ့သည်။ ကြည့်ရသည်မှာ ရီဖူရှင်းအား နတ္တိအင်ပါယာဘုံ၏အရေးများတွင် ဝင်စွက်ဖက်သည့်အတွက် လက်စားချေလိုခဲ့သည်။

“အနိုင်အရှုံးက မဆုံးဖြတ်ရသေးပါဘူး။ ချီးကျူးဖို့ စောပါသေးတယ်” ရီဖူရှင်းက ထူးမခြားနားစွာ ပြောသည်။ ရီဖူရှင်းက ထူးမခြားနားစွာ ပြောသည်။ သူ ပြောနေစဉ်မှာပင် ယင်ယန်စက်ဝန်းမှ ဓားကဒ်ဆိုးအရှိန်အဝါများ ထွက်ပေါ်လာ၏။ ထိုအရှိန်အဝါသည် နေမင်းအလင်းကိုပင် ကျော်လွန်သွား၏။ တစ်ဘက်လူက သူ့အား လက်သီးမိုးများဖြင့် ဖိအားပေးလိုသကဲ့သို့ ရီဖူရှင်းကလည်း သူ့အား ဓားမိုးရွာသွန်းကာ တိုက်ခိုက်လိုက်သည်။ နတ်ဓားများသည် လေထုတခွင် ပြည့်နှက်သွားကာ တစ်ဘက်လူထံသို့ တိုးဝင်သွားတော့သည်။

ထိုတန်ခိုးရှင်က ရှေ့ကို တက်လိုက်သည်။ ကျယ်လောင်သောအသံတစ်ချက် ဖြစ်ပေါ်လာ၏။ ဧရာမပုံရိပ်ယောင်နတ်ဘုရားတစ်ခု ဖြစ်ပေါ်လာသည်။ နတ်ဘုရား၏နောက်မှ အလင်းသည် ကျယ်ပြောကာ ပြန့်ကားသည်။ ၎င်းသည် အာကာသအတားအဆီးကို ဖန်တီးကာ သူ့အား ဖုံးအုပ်သွား၏။

ဟူး…

မရေတွက်နိုင်သော ဓားများသည် မိုးသီးမိုးပေါက်ပမာ ကျဆင်းလာသည်။ ဓားသည် ယင်နှင့်ယန်ဓာတ်တို့ ပေါင်းစပ်ပါဝင်၏။ ဓားများ၏အောက်တွင် အလင်းအရံအတားသည် တတိတိ ပျက်စီသွားနေသည်ကို မြင်ကြရသည်။

မကြာမီ ပုံရိပ်ယောင်နတ်ဘုရား ဖန်တီးထားသော အလင်းအရံအတားမှာ ပျက်စီးပျောက်ကွယ်သွားတော့သည်။ နတ်ဓားများသည် အရှိန်အဟုနဖြင့် ရောက်လာခဲ့ကြကာ လမ်းတစ်လျှောက် အရာအားလုံးကို ဖျက်ဆီးတော့မည့်ဟန်ရှိသည်။

ထိုအခိုက်တွင် နတ္တိအင်ပါယာဘုံမှ နောက်ထပ် အဆင့်ရှစ် တန်ခိုးရှင်တစ်ဦးသည် လက်မြောက်လိုက်သည်။ ကောင်းကင်တွင် ဧရာမသံလိုက်အိမ်မြောင်တစ်ခု ပေါ်လာ၏။ နတ်ဓားများကျဆင်းလာသည်တွင် ၎င်းတို့မှာ သံလိုက်အိမ်မြောင်အတွင်းသို့ စုပ်ယူခြင်းခံလိုက်ရပြီး အစအန မကျန်အောင် ပျောက်ကွယ်သွားကြသည်။

ယင်ယန်စက်ဝန်းသည် ကောင်းကင်တွင် ရှိနေကာ သံလိုက်အိမ်မြောင်သည် မြေပြင်တွင် ခုခံ၏။ စွမ်းအားနှစ်ခု အချင်းချင်း ရင်ဆိုင်မိကြသည်။

ရီဖူရှင်းက ထိုမြင်ကွင်းကို ကြည့်ကာ လက်ဝှေ့ယမ်းလိုက်သည်တွင် ယင်ယန်စက်ဝန်းသည် ပျောက်ကွယ်သွားသည်။ သူက အဝေးကို ကြည့်ကာ ပြောသည် “နတ္တိအင်ပါယာနန်းတော်က တန်ခိုးရှင်ဆိုတဲ့အတိုင်းပဲ။ ခင်ဗျားရဲ့စွမ်းရည်တွေက အထင်ကြီးစရာပဲ”

ရီဖူရှင်းက သူ့အား တစ်ဘက်လူက ပြောသောစကားကိုပင် ပြန်ပြောခဲ့သည်။ သို့သော်လည်း အဓိပ္ပာယ်က အနည်းငယ် ကွဲပြား၏။ ရီဖူရှင်းကား တစ်ဘက်လူကို လှောင်ပြောင်နေခြင်းဖြစ်သည်။ မည်သို့ဆိုစေ နတ္တိအင်ပါယာဘုံမှ တန်ခိုးရှင်က ဦးဆုံးတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ယခု သူက နောက်ထပ် တန်ခိုးရှင်တစ်ဦး၏အကူအညီကို ရယူခဲ့ရသည်။ သူတို့၏အပြုအမူကား ပြိုင်ဘက်ကို မလေးစားရာ ကျရောက်၏။

သည်တိုက်ပွဲတွင် ရီဖူရှင်း၏စွမ်းရည်ကို လူအများက ပိုမိုကောင်းမွန်စွာ နားလည်လာခဲ့ကြသည်။ သူကား အလွန်သန်မာသည်။ နတ္တိအင်ပါယာဘုံမှ အဆင့်ရှစ်ရန်ဟောင်သည်ပင် သူ့အား မယှဉ်နိုင်ပေ။ သူ၏တိုက်ခိုက်မှုများသည် အဆင့်ရှစ်ရန်ဟောင်များထက် ပိုမိုအားကောင်းနေပြီးဖြစ်သည်။

နတ္တိအင်ပါယာဘုံမှ တန်ခိုးရှင်သည် အဆင့်ရှစ်အတွင်း အလွန်အားကောင်းသန်မာသည်။ ဆိုလိုသည်က အဆင့်ရှစ်ရန်ဟောင်များသည်ပင် ရီဖူရှင်းကို မယှဉ်နိုင်တော့ပေ။

တန်ခိုးရှင်များအားလုံးက သည်တိုက်ပွဲကို အာရုံစိုက်နေကြသည်။ သူတို့အားလုံးမှာ အင်အားစုအသီးသီးမှ နာမည်ကျော်များဖြစ်ကြ၏။ များစွာသော ပါရမီရှင်များက ရီဖူရှင်းကို တောက်လောင်သော မျက်လုံးများဖြင့် ကြည့်ကြသည်။ ရီဖူရှင်း မည်မျှ သန်မာသည်ကို သူတို့အားလုံး စမ်းလိုကြသည်။

All Chapters