← Chapters

စွန့်ပစ်ခံကလန်

Vol. 163 Ch. 2323

စွန့်ပစ်ခံကလန်

Vol. 163 Ch. 2323

ရီဖူရှင်းသည် အနီးတဝိုက်မှ လူများ၏စိန်ခေါ်လိုသော အရိပ်အငွေ့များကို ခံစားမိ၏။ သို့သော်လည်း သူက လျစ်လျူရှုထားသည်။ ထိုလူများမှာ သူတို့ဘုံ၏အတော်ဆုံးများဖြစ်ကြသည်။ သူတို့က ရီဖူရှင်းကဲ့သို့သော ပါရမီရှင်နှင့် ယှဉ်ပြိုင်လိုသည်မှာ သဘာဝကျသည်။ သူ မရှိလျှင်ပင်  သူတို့မှာ အချင်းချင်း ယှဉ်ပြိုင်နေကြမည် ဖြစ်သည်။

ရီဖူရှင်း၏နတ်အာရုံသည် ရှေ့မှ မူမမှန်သော ဒေသထံသို့ လွှမ်းခြုံသွားသည်။ ထိုဒေသကား ရိုးရှင်းကာ ခိုင်ခံ့သော ပုံစံများဖြင့် ဆောက်လုပ်ထားကြသည်။ အဆောက်အဦးများမှာ ထူးခြားသော အငွေ့အသက်များ ရစ်သိုင်းထားကြသည်။

ကံမကောင်းသည်က ၎င်းတို့အနီးမှ စွမ်းအားများသည် ပင်မအဆောက်အဦကို ပိတ်ဆို့ထားပေသည်။ ထို့ကြောင့် သူတို့၏နတ်အာရုံက ၎င်းအဆောက်အဦအား မစစ်ဆေးကြည့်နိုင်ပေ။

ရီဖူရှင်းသည် သူ၏နတ်အာရုံဖြင့် ထိုဒေသမှ အဆောက်အဦး အများအပြားကို မြင်သည်။ ထိုအဆောက်အဦများထံမှ ထုတ်လွှတ်သော အရှိန်အဝါများမှာ အားကောင်းသည်။ ထို့အပြင် သူတို့ထံမှ တူညီသော အငွေ့အသက်များကို ခံစားရရာ ထိုနေရာမှ တန်ခိုးရှင်များမှာ တူညီသော ပညာရပ်များကို လေ့ကျင့်ကြောင်း သိနိုင်သည်။

ရီဖူရှင်းနှင့် သူ့အုပ်စုမှာ ယခုမှ ရောက်လာခြင်းဖြစ်သော်လည်း တခြားသော တန်ခိုးရှင်များမှာ ယခင်ကတည်းက ရောက်နှင့်ပြီးဖြစ်သည်။ သို့သော်လည်း သူတို့က ထိုဒေသတွင်းသို့ မဝင်ဘဲ အပြင်၌ ရှိနေကြသည်။ ထိုအချက်မျှဖြင့် သူတို့သည် ထိုဒေသအတွင်းသို့ မဝင်လိုခြင်းမဟုတ်ဘဲ သူတို့ဝင်ရောက်ခြင်းကို တစ်စုံတစ်ခုက တားဆီးထားကြောင်း သိနိုင်သည်။

ထိုဒေသအတွင်းမှ တန်ခိုးရှင်များက တခြားဘုံများမှ လူများကို အတွင်းသို့ဝင်ရန် တားဆီးထားကြသလော။

ယခု ရောက်လာသူများအားလုံးမှာ ဘုံအသီးသီးမှ အတော်ဆုံးလူများဖြစ်ကြသည်။ တစ်ယောက်စီသည် ကြောက်စရာ တည်ရှိမှုများဖြစ်ကြသည်။ တချို့မှာ နတ်ဘုရားကဒ်ဘေးအဆင့်များဖြစ်ကြ၏။ ဒေသခံ တန်ခိုးရှင်များက ထိုလူများကို မည်သို့ တားဆီးနိုင်မည်နည်း။

ရီဖူရှင်းတစ်ဦးတည်းသာ ထိုပြဿနာကို မြင်သည် မဟုတ်ပေ။ ကောင်းကင်အာဏာစက်ကျောင်းတော်မှ တန်ခိုးရှင်များအားလုံး ရိပ်မိကြသည်။ ရန်ဟောင်ချန်းက ရီဖူရှင်းအား စိတ်ဖြင့် ပြောသည် “အတွင်းထဲက တန်ခိုးရှင်တွေက သာမန်မဟုတ်ဘူး။ သူတို့က တော်တော်သန်မာလိမ့်မယ်”

“အင်း…” ရီဖူရှင်းက ခေါင်းညိတ်သည်။ အခြေအနေက သာမန်မဟုတ်ပေ။

တိုက်ခိုက်ရေးစွမ်းရည်၌ စီဝေ့ကောင်းကင်မှ တန်ခိုးရှင်များသည်ပင် ယခု ရောက်နေကြသော တန်ခိုးရှင်များကို ယှဉ်ရန် မလွယ်ကူပါ။ သို့သော်လည်း ထိုတန်ခိုးရှင်များမှာ ဒေသတွင်းသို့ ဝင်ရန် ခက်ခဲနေသည်။

“ရှန်းယိမြို့ထဲဝင်ပြီး နားစရာတစ်နေရာ ရှာကြတာပေါ့။ ပြီးတော့မှ အခြေအနေကို စုံစမ်းကြမယ်” ရန်ဟောင်ချန်းက ပြောသည်။ တခြားဘုံမှ ထိပ်သီးအင်အားစုများမှာလည်း ကွဲပြားခြားနားသောနေရာများတွင် နေရာယူထားကြသည်။ ရီဖူရှင်းတို့က လျှောက်သွားနေခြင်းက သိပ်မသင့်လျော်ပေ။ သူတို့က အခြေအနေကို ပိုမိုနားလည်အောင် လေ့လာဆန်းစစ်သင့်သည်။

“ကောင်းပြီ” ရီဖူရှင်းက ခေါင်းညိတ်သည်။ သူတို့အုပ်စု ထိုနေရာမှ ထွက်လာကာ သေရည်ဆိုင်တစ်ခုသို့ ရောက်လာကြသည်။ သူတို့က ထိုနေရာတွင် သတင်းတချို့ စုံစမ်းလိုကြသည်။ မည်သို့ဆိုစေ သူတို့က အလျင်စလိုလာခဲ့ရကာ လုံလောက်သော သတင်းအချက်အလက်များ မရှိချေ။

သေရည်ဆိုင်တွင် လူအများအပြား ထိုင်ကာ သောက်စားနေကြ၏။ တချို့သော ဒေသခံများက ရီဖူရှင်းတို့အား စူးစမ်းသလို ကြည့်ကြည်။ သို့သော်လည်း ရီဖူရှင်းတို့အား မည်သူမှ ဘာမှ မမေးကြပေ။ သူတို့အားလုံးက တည်ငြိမ်နေကြသည်။ သူတို့က ဧည့်သည်များ မည်သည့်နေရာမှ လာသည်ကို သိကြကာ သည်ရက်ပိုင်းအတွင်း ဤသို့သော ကိစ္စမှာ မထူးဆန်းတော့ပေ။

ရှန်းယိကုန်းမြေမှ တန်ခိုးရှင်များအားလုံးမှာ ရင့်သန်သော စိတ်နေစိတ်ထားများ ရှိကြသည်။

တခြားတစ်ဘက်တွင် ရီဖူရှင်းသည် ထူးခြားချက်တစ်ခုကို တွေ့ရသည်။ သူတွေ့မြင်ခဲ့ရသည့် ဒေသခံတန်ခိုးရှင်များသည် ပြင်ပလောကထက် ပိုမြင့်သော တန်ခိုးအဆင့် ရှိကြသည်။ ထိုအချက်မှာ ရှန်းယိမြို့သို့ ရောက်သောအခါ ပိုသိသာလာသည်။ ဤသေရည်ဆိုင်တစ်ခုတည်း၌ပင် ရန်ဟောင်တချို့ ရှိနေသည်။

ထို့အပြင် ဒေသခံတချို့ထံမှ မကြိုဆိုသော သဘောထားများအား ခံစားနေရသည်။ ထိုလူများက အဘယ်ကြောင့် မိမိတို့အား သဘောမကျသည်ကို ရီဖူရှင်း နားမလည်ပေ။

ပိုမိုများပြားသောလူများ သေရည်ဆိုင်၌ စုရုံးလာကြသည်။ ရောက်လာသူများမှာလည်း အဆင့်မြင့်တန်ခိုးရှင်များဖြစ်ကြ၏။ သူတို့က ဧည့်သည်များကို ဂရုမထားဘဲ သေရည်ဆိုင်တွင် တိတ်ဆိတ်စွာ ထိုင်ကြသည်။ သို့သော်လည်း ထိုလူများမှာ သူတို့ကြောင့် ရောက်လာခြင်းဖြစ်ကြောင်း ရီဖူရှင်း ခံစားမိသည်။

ရန်ဟောင်ချန်း မျက်မှောင်ကြုတ်လိုက်သည်။ သူက ခေါင်းငုံ့ကာ သေရည်တစ်ခွက်သောက်ရင်းဖြင့် ရီဖူရှင်းကို စိတ်ဖြင့် ပြောသည် “နန်းတော်သခင်… သေရည်ဆိုင်ကလူတွေအပြင် တခြားကလူတွေလည်း ဒီနေရာကို အများကြီး လာနေကြတယ်”

ရီဖူရှင်းက သူ၏နတ်အာရုံကို ဖြန့်ကျက်လိုက်သည်။ သူ့အာရုံထဲတွင် လူအများအပြားကို မြင်၏။

“သူတို့က ဒီကို ဘာအတွက်လာတာလဲ” ရီဖူရှင်းက စိတ်ဖြင့် ပြန်ပြောသည်။

“ကျုပ် သွားကြည့်လိုက်ရမလား” ရန်ဟောင်ချန်းက အကြံပေးသည်။

ရီဖူရှင်းက ခေါင်းညိတ်မည်ပြုစဉ်မှာပင် လူတစ်စု သေရည်ဆိုင်သို့ ဝင်လာသည်။ သူတို့အား ရီဖူရှင်း သိပေသည်။ ထိုလူများထဲတွင် ရှန်ချင်းကုန်းမြေဒုတိယသခင်နှင့် သူ့ညီမ ကျောက်လင်းရှီတို့ဖြစ်ကြသည်။ ရီဖူရှင်းက ရှန်ချင်းကုန်းမြေသခင်ကိုလည်း တွေ့သည်။ သူက ကိုယ်တိုင် ရောက်လာခြင်းဖြစ်ပေသည်။

ကြည့်ရသည်မှာကုန်းမြေသခင်ကလည်း မူလဘုံမှ အပြောင်းအလဲများကြောင့် ရောက်လာဟန်ရ၏။

ရှန်ချင်းကုန်းမြေသခင်က ရီဖူရှင်းထံသို့ ချဉ်းကပ်လာသည်။ ရီဖူရှင်းက တစ်ဘက်လူအား ကြည့်ကာ နှုတ်ဆက်သည် “ကုန်းမြေသခင်ကို နှုတ်ဆက်ပါတယ်”

ရီဖူရှင်းက နှုတ်ဆက်သော်လည်း မတ်တပ်ရပ်ကာ အရိုအသေပေးခြင်း  မပြုပေ။ သူက သာမန်နှုတ်ဆက်ခြင်းသာဖြစ်သည်။

သာမန်အခြေအနေတွင် ရီဖူရှင်းသည် မည်သည့်အဆင့်အတန်းဖြစ်ပါစေ၊ ဂျူနီယာတစ်ဦးအနေဖြင့် အကြီးအကဲတစ်ဦးအား လေးစားသမှုဖြင့် ဦးညွတ်သင့်ပေသည်။ သို့သော်လည်း ရီဖူရှင်းသည် ကုန်းမြေသခင်အပေါ် ယခင်အဖြစ်အပျက်များကြောင့် ကောင်းမွန်သော အမြင်မရှိပေ။

တစ်ဘက်လူကလည်း သတိထားမိသော်လည်း ရီဖူရှင်း၏လက်ရှိအဆင့်အတန်းကြောင့် မကြေမနပ် မဖြစ်ပေ။ ကုန်းမြေသခင်ကျောက်က  ပြောသည် “ရန်ဟောင်ရီက အချိန်တိုအတွင်း ဒီလောက် အောင်မြင်လာမယ်လို့ ဘယ်သူက ထင်မှာလဲ။ ဂုဏ်ပြုပါတယ်”

“ကုန်းမြေသခင်ကျောက်က အရမ်းချီးကျူးနေပါပြီ။ ထိုင်ပါ” ရီဖူရှင်းက ပြောသည်။ တစ်ဘက်လူက တရင်းတနှီးပြောမှတော့ ရီဖူရှင်းကလည်း တလေးတစား ဆက်ဆံပေးပေသည်။

ကုန်းမြေသခင်ကျောက်နှင့် သူ့လူများ ထိုင်ကြသည်။ ကျောက်လင်းရှီက ပြောသည် “ကျွန်မ ရန်ဟောင်ရီကို တွေ့စတုန်းက အနာဂတ်မှာ ထူးခြားတဲ့လူဖြစ်မယ်ဆိုတာ သိနေခဲ့တယ်။ ဒါပေမဲ့ ဒီလောက် မြန်မယ်လို့ မထင်ထားဘူး။ အခု ကျွန်မက ရှင်နဲ့ယှဉ်ရင် သိပ်အရေးမပါတော့ဘူး”

“မင်းသမီးလင်းရှီက ကျုပ်ကို အများကြီး အထင်ကြီးထားတာပဲ” ရီဖူရှင်းက ပြုံးလျှက်ပြောသည်။

ထို့နောက် သူက ကုန်းမြေသခင်ကို ပြောသည် “ကျုပ်အတွက် ဘယ်လိုအမိန့်မျိုး ရှိပါသလဲ”

“ငါ့စကားကို အမိန့်လို့ ယူဆစရာမလိုပါဘူး။ မင်းက မူလဘုံရဲ့အုပ်စိုးသူပဲ။ ကျုပ်ကို အရမ်းယဉ်ကျေးစရာမလိုပါဘူး” ကုန်းမြေသခင်က ပြောသည် “မင်းက ဒီက အခြေအနေကို သိမယ်လို့ ယူဆတယ်။ ဒီလူတွေက ငါတို့ဆီကို လာတာပဲ။ သူတို့က ရှန်းယိကုန်းမြေထဲက သူတို့ရဲ့အထွတ်အမြတ်နေရာဖြစ်တဲ့ စွန့်ပစ်ခံကလန်ကို ကာကွယ်ချင်ကြတာပဲ”

“စွန့်ပစ်ခံကလန်…” ရီဖူရှင်းက ကလန်၏နာမည်ကို ကြားကာ ထူးဆန်းသွားသည်။

“ဟုတ်တယ်… ကောလာဟလတွေအရတော့ သူတို့ဟာ နတ်ဘုရားတွေရဲ့ ပစ်ပယ်ခြင်းကို ခံရပြီး သူတို့ကိုယ်သူတို့ စွန့်ပစ်ခံကလန်လို့ နာမည်ပေးခဲ့တယ်” ကုန်းမြေသခင်ကျောက်က ဆက်ပြောသည် “မင်းတို့မရောက်ခင်ကတည်းက ငါတို့ ရောက်လာခဲ့တယ်။ သူတို့က တော်တော်သန်မာတယ်။ ပြင်ပလောကက လူတွေဟာ သူတို့စွမ်းရည်တွေကြောင့် ထိတ်လန့်ကြရတယ်။ ဒါကြောင့် သူတို့ရဲ့အတွင်းစည်းနယ်မြေထဲကို ဘယ်သူမှ မဝင်ကြသေးတာပဲ။ စွန့်ပစ်ခံကလန်ရဲ့စွမ်းအားက မသေးဘူး။ ဒါက သူတို့နေတဲ့ကုန်းမြေရဲ့ ရေမြေအနေအထားကြောင့်လည်း ဖြစ်နိုင်တယ်”

All Chapters