← Chapters

မင်း ငကြွားဆိုတာ ငါ သိပါတယ်

Vol. 70 Ch. 968

မင်း ငကြွားဆိုတာ ငါ သိပါတယ်

Vol. 70 Ch. 968

"မင်း ဘာလို့ ငါတို့ဆီကို လက်ဆောင်ယူလာရတာလဲ ကလေးရယ်"ဝမ်ကျင်းက အနည်းငယ်ဆူပူလိုက်သည်"စုန့်နဲ့မင်းအဖေက သွေးသားရင်းတွေထက်တောင် ပိုပြီးသွေးနီးတယ်၊ ငါကလဲ သူနဲ့ဆက်ဆံရေးကောင်းရှိတယ်၊ ဒါကြောင့် ဒီနေရာက မင်းရဲ့အိမ်ပဲ။ ဒီတစ်ခါတော့ ငါ ခွင့်ပြုပေမယ့် နောက်ထပ်ဘာလက်ဆောင်မှ မယူလာခဲ့နဲ့တော့။ မင်း ငါတို့ဆီ လာလည်ရုံနဲ့တင် ငါ အရမ်းပျော်နေပြီ"

"ငါ ဒါကို သေချာပေါက် မှတ်ထားပါ့မယ်၊ အန်တီ"ထန်ရှုက ပြုံးကာ ပြော၏။

ထို့နောက် သူတို့က အတွင်းခြံဝင်းထဲသို့ ဝင်လာပြီး စံအိမ်၏ဧည့်ခန်းထဲ၌ ထိုင်လိုက်ကြသည်။ ထို့နောက် သစ်သီးအချို့၊ အဆာပြေမုန့်အချို့နှင့် လက်ဖက်ရည်အား ဝမ်ကျင်းကိုယ်တိုင် ယူလာပေးခဲ့၏၊ ဤအရာက အနီးနားရှ်ိအိမ်ဖော်များအား  အလွန်အံ့အားသင့်သွားစေခဲ့သည်။

သူ့အမေအလုပ်များနေသည်ကို မြင်ပြီး စုန့်ရှန်းက ပြုံးကာ ပြောလေ၏"မင်းက တကယ်မျက်နှာကြီးတာပဲ၊ ညီအကိုထန်။ မင်း သိလား၊ ဧကရာဇ်နဲ့တူတဲ့ငါ့အဖေ အိမ် ပြန်လာရင်တောင် ငါ့အမေ အခုလိုအလုပ်ရှုပ်နေတာ ရှားတယ်။ သူမရဲ့မင်းအပေါ်သဘောထားနဲ့ဆက်ဆံမှုက ငါ့ကို မနာလိုစေတယ်"

"‌ဟားဟား၊ ဒါက အန်တီရဲ့ငါ့အပေါ်ထားတဲ့အချစ်ကို ပြတာပါ"ထန်ရှုက ပြုံးလျက် ပြန်ဖြေ၏"ဒါနဲ့ အန်တီရဲ့အသားအရေက အတော်လေးဖြူရော်နေတယ်၊ သူမက နေမကောင်းဖြစ်နေတာလား"

စုန့်ရှန်း၏မျက်နှာပေါ်ရှိအပြုံးက တဖြည်းဖြည်းလျော့ကျသွား၏။ သူ့မျက်လုံးများက ဝမ်ကျင်းအား တစ်ချက်ကြည့်ကာ ခါးသီးစွာ ပြောလေ၏"အမေက ကုသလိုမရတဲ့ရောဂါတစ်ခုရှိနေတယ်။ ငါတို့က သူမ မသိအောင် ဖုံးကွယ်ထားတာ"

"အဲဒါ အသည်းရောဂါမလား"ထန်ရှုက မေး၏။

စုန့်ရှန်းက မှင်တက်သွားပြီး အံ့အားသင့်စွာ မေးလိုက်သည်"မင်း ဒါကို ဘယ်လိုလုပ်သိတာလဲ"

"တရုတ်မှာ လူငယ်နတ်ဆေးဆရာဝန်ဆိုပြီးတော့ ငါ့ရဲ့နောက်ထပ်အဆင့်အတန်းတစ်ခုရှိတယ်"ထန်ရှုက ပြောလိုက်သည်"ငါ သူမရဲ့အသားအရေကို သတိပြုမိလို့ သူမ ငါ့လက်ကို ဆုပ်ကိုင်တဲ့အချိန်မှာ သူမရဲ့သွေးခုန်နှုန်းကို ငါ စမ်းသပ်ခဲ့တယ်။ ဒါကြောင့် သူမက အတော်လေးစိုးရိမ်ရတဲ့အသည်းရောဂါတစ်ခုဖြစ်နေတယ်ဆိုတာ ငါ ပြောနိုင်တယ်"

မျက်လုံးက မယုံနိုင်မှုတို့ ပြည့်သွားပြီး စုန့်ရှန်းက ထန်ရှုအား စိုက်ကြည့်လိုက်၏။ ဝမ်ကျင်းက လက်ဖက်ရည် ယူလာတော့မှ သူက အသိပြန်ရလာသည်။ သူက အံ့အားသင့်စွာ ပြောလိုက်၏"မင်းက တကယ်အံ့အားသင့်စရာကောင်းတာပဲ၊ ညီအကိုထန်။ ငါက တရုတ်တိုင်းရင်းဆေးနဲ့ပတ်သက်ပြီး အတော်လေးဗဟုသုတရှိတယ်လို့ ပြောနိုင်တယ်။ နတ်ဆေးဆရာလို့ ခေါ်နိုင်တဲ့သူတွေက ဒီပညာရပ်နယ်ပယ်မှာ အရမ်းကျွမ်းကျင်တဲ့ပုံရိပ်တွေပဲ။ ဒီပညာရပ်နယ်ပယ်မှာ ဆယ်စုနှစ်ချီ တည်ရှိလာခဲ့တဲ့ ဆေးဆရာအချို့တောင် နတ်ဆေးဆရာတစ်ယောက်လို့ ခေါ်ဖို့ အရည်အချင်း မမှီဘူး။ ဒါ ဟုတ်တယ်၊ ကွေ့ကျန်းရှို့လို့‌‌ခေါ်တဲ့ တရုတ်ရဲ့ကျော်ကြားတဲ့နတ်ဆေးဆရာဝန်တစ်ယောက်အကြောင်း ငါ ကြားဖူးတယ်။ ငါ တရုတ်ကို လူတွေ အကြိမ်ပေါင်းများစွာ လွှတ်ခဲ့ပေမယ့် သူ့ရဲ့ခြေရာလက်ရာကို ရှာမတွေ့နိုင်တာ တကယ် ဝမ်းနည်းစရာပဲ"

"နတ်ဆေးဆရာဝန်ကွေ့ကျန်းရှို့ကို ငါ သိတယ်။ အရင်က ငါ သူနဲ့ ရက်ပေါင်းများစွာ အလုပ်တွဲလုပ်ခဲ့ဖူးတယ်"ထန်ရှုက ပြုံးကာ ပြောလေ၏"သူက တကယ်ကို ဆေးပညာအတွေ့အကြုံတွေ အများကြီးရှိပြီး မြင့်မြတ်တဲ့စရိုက်ရှိတဲ့ ရိုသေလေးစားစရာကောင်းတဲ့ စီနီယာဆရာဝန်တစ်ယောက်ပဲ။ သူ့ကို ဘယ်လိုဆက်သွယ်ရမလဲ ငါ သိတယ်"

စုန့်ရှန်းက ရုတ်ခြည်းထရပ်ကာ အလျင်စလိုပြောလိုက်သည်"အကိုထန်၊ သူ့ကို ဘယ်လိုဆက်သွယ်ရမလဲ ငါ့ကို အမြန်ပြောပါ။ ငါ သူ့ကို တွေ့ဖို့ လိုအပ်တယ်"

"နင်က ဘယ်သူကို ရှာနေတာလဲ၊ ရှန်းအာ"သူမက လက်ဖက်ရည်ကိုင်လျက် ရောက်ရှိလာပြီး ဝမ်ကျင်းက မေးလိုက်သည်။ သူမမျက်နှာပေါ်တွင် ပဟေဠိဖြစ်သောအကြည့်တစ်ခု ရှိနေ၏။

စုန့်ရှန်း၏မျက်နှာက အနည်းငယ်ပြောင်းလဲသွားပြီး သူက ထန်ရှုအာ မျက်ရိပ်ပြကာ ခြောက်ကပ်ကပ်ပြုံးလျက် လျင်မြန်စွာ ပြန်ဖြေလိုက်သည်"ငါ့ရဲ့အသိဟောင်းတစ်ယောက်ပါ၊ အမေ။ သူနဲ့ မတွေ့ရတာ အတော်ကြာပြီ။ ညီအကိုထန်လဲ သူ့ကို သိမယ်လို့  ငါ မထင်ထားဘူး၊ ဒါပြီးရင်‌တော့ သူ့ကို ဆယ်သွယ်အုံးမှပဲ"

ဝမ်ကျင်းက ထန်ရှုအား ကြည့်ကာ မေးလိုက်သည်"ဟုတ်လား"

သူမ၏မေးခွန်းအား ပြန်ဖြေရမည့်အစား ထန်ရှုက အနည်းငယ်ပြုံးလျက် မေးလိုက်၏"အန်တီရဲ့ခန္ဓာကိုယ်က အခြေအနေမကောင်းဘူးထင်တယ်၊ ဒါကြောင့် အန်တီက နေမကောင်းဖြစ်တာ ဖြစ်ရမယ်။  ငါ့ကို ကုသခွင့်ပြုမလား။ ငါက တရုတ်ဆေးပညာနဲ့ပတ်သက်ပြီး ကျွမ်းကျင်မှုအချို့ရှိတယ်။ ငါ အန်တီကို ၁၀၀ရာခိုင်နှုန်းကုသနိုင်မယ်လို့ အာမမခံရဲပေမယ့် ၉၉ရာခိုင်နှုန်းတော့ သေချာတယ်"

"ဘယ်က သောက်အီးပေါလောကောင်လဲ....."

မကျေမနပ်အသံတစ်ခုက ထွက်ပေါ်လာပြီး အဖြူရောင်တီရှပ်၊ ဂျင်းဘောင်းဘီရှည်၊ ဦးထုပ်တစ်ခုနှင့် ညှပ်ဖိနပ်တို့ကို ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်က အထဲသို့ လျှောက်ဝင်လာသည်။ သူက အနည်းငယ်ဒေါသထွက်နေပုံပေါ်ပြီး ထန်ရှုအရှေ့သို့ ရောက်လာကာ ကျယ်လောင်စွာ ပြောလိုက်သည်"ဟေး။ မင်းက ငါတို့အိမ်မှာ အဓိပ္ပါယ်မရှိတာတွေ ပြောရဲတာပေါ့လေ။ တရုတ်တိုင်းရင်းဆေးက ဘာဆိုတာတောင် မင်း သိလို့လား"

ထန်ရှုက သူ့မျက်နှာအား အကြည့်ပြောင်းလိုက်သည်။ သူက ဤလူငယ်၏အထောက်အထားအား ချက်ချင်းသိနိုင်၏။ သူက လုံးဝဒေါသမထွက်ဘဲ ခပ်ဖျော့ဖျော့ပြုံးလျက် သူ့လက်အား ထုတ်ကာ ပြောလိုက်သည်"မင်းက စုန့်ယန်မလား။ ငါက ထန်ရှု။ တွေ့ရတာ ဝမ်းသာပါတယ်"

စုန့်ယန်၏မျက်လုံးများက လည်သွားပြီး နှာခေါင်းတွန့်လျက် ပြောလိုက်ချေသည်"ငါ မကြိုက်တဲ့လူတွေအသာထား၊ ဘယ်သူနဲ့မှ ငါ လက်တွဲမနှုတ်ဆက်ဘူး။ ငါ ဦးလေးထန်အကြောင်း ကြားဖူးတယ်၊ သူ့ကို ငါ လေးစားတယ်။ ဒါပေမယ့် မင်း....ဟမ့်....မင်းကိုတော့ ငါ အထင်ကြီးမယ်လို့ မထင်နေနဲ့"

"နင့်ပါးစပ်ကို ပိတ်ထားလိုက်စမ်း"

ဝမ်ကျင်းက ရုတ်တရက် အော်လိုက်သည်။

ထန်ရှုက ပြုံးလျက်သာ တုံ့ပြန်ပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ သူက စုန့်ယန်၏အထင်သေးသောအမူအရာအား ကြည့်ကာ ပေါ့ပေါ့ပါးပါးပြုံးလိုက်၏"မင်းက ငါ့ကို ရန်လိုနေပုံရတယ်။ အကြောင်းရင်းကို ငါ့ကို ပြောပြနိုင်မလား"

"ဘာ‌ကြောင့်လဲ၊ ဟုတ်လား။ မင်းက အသက်ဘယ်လောက်ရှိပြီလို့လဲ။ ဟမ့်"စုန့်ယန်က နှာခေါင်းရှုံ့ကာ ပြောလိုက်၏"ဦးလေးစုန့်ရဲ့သားက သူ့လိုပဲ သူရဲကောင်းဆန်မယ့်ပုဂ္ဂိုလ်တစ်ယောက်လို့ ငါ ထင်ထားခဲ့တာ။ မင်းလို ကောင်းကင်နဲ့မြေပြင်ရဲ့ကြီးမားမှုကို မသိတဲ့ ငကြွားတစ်ကောင်လို့ ငါ မထင်ထားခဲ့ဘူး"

"ကမ္ဘာရဲ့ကြီးမားပုံကို မသိတဲ့ ငကြွားတစ်ကောင်လား"

စုန့်ယန်က သူ့ကို ဘာကြောင့်ရန်လိုမှန်း ထန်ရှုက ချက်ချင်းနားလည်လိုက်သည်။ သူက အန်တီဝမ်ကျင်းအား ကုသပေးရန် ပြောခဲ့သောကြောင့်ပင်။ သူတို့အမေ၏ရောဂါအခြေအ‌နေအား ဖုံးကွယ်ထားကြောင်း စုန်ရှန်းက သူ့အား ပြောခဲ့သည်မှာ အံ့အားသင့်စရာမရှိပေ။

အကြောင်းပြချက်ကို သိပြီးနောက် ထန်ရှုက စုန့်ယန်အား လစ်လျူရှုကာ ဝမ်ကျင်းအား ကြည့်ကာ ပြောလိုက်၏"အန်တီ၊ ဘယ်လိုရောဂါမျိုးဖြစ်နေတာကို မသိပေမယ့် တိုက်ခိုက်သလိုနာကျင်မှုတွေကို မကြာခဏခံစားရတယ်မလား"

ဝမ်ကျင်းက သူ၏သားနှစ်ယောက်အား အရင်ကြည့်ပြီးနောက် ခဏနှုတ်ဆိတ်သွားသည်။ ထို့နောက် သူမက ခေါင်းခါယမ်းကာ သက်ပြင်းချလိုက်၏"တကယ်တော့ ငါ ဘာရောဂါဖြစ်တယ်ဆိုတာ ငါ သိတယ်။ သူတို့က ငါ့ကို ဖုံးထားနိုင်မယ်လို့ ထင်နေကြတာ၊ ငါက အသည်း‌ကင်ဆာနောက်ဆုံးအဆင့်ဖြစ်နေပြီဆိုတာ ငါ သိပြီးသားပါ"

"မင်း ဘာပြောခဲ့တာလဲ၊ အမေ"စုန့်ရှန်းက ကြားဖြတ်ပြောလိုက်သည်"အမေမှာ ဘာအသည်းကင်ဆာမှ မရှိဘူး"

ထန်ရှုအား ပြင်းပြင်းထန်ထန်စိုက်ကြည့်ပြီးနောက် စုန့်ယန်က ကြားဖြတ်ပြောလိုက်ပြန်၏"ရမ်းတမ်းမှန်းမနေပါနဲ့၊ အမေ။ အမေမှာ ဘာကင်‌ဆာမှ မရှိဘူး။ အမေက သေချာပေါက် အသက်တစ်ရာပြည့်တဲ့အထိ အသက်ရှင်နိုင်မှာ။ ဒီမိသားစုနာမည်ထန်နဲ့အကောင်က ‌လူကောင်းတစ်ယောက်မဟုတ်ဘူးလို့ ငါ ပြောနိုင်တယ်။ ကျေးဇူးပြုပြီး သူ့စကားနားမထောင်ပါနဲ့။ သူက အမေ့ကို အရူးလုပ်ဖို့ ကြိုးစားနေတယ်ဆိုတာ သေချာတယ်"

"မင်းရဲ့ခေါင်းက ဘာဖြစ်နေတာလဲ၊ ယန်ယန်။ ထန်ရှုက မင်းကို ဘာလုပ်လို့ သူ့ကို ပစ်မှတ်ထားနေရတာလဲ"ဝမ်ကျင်းက ဆူပူကြိမ်းမောင်းလိုက်သည်"သူက ငါ့ကို ကုသနိုင်မနိုင် သူက ငါ့ကို ရိုသေကိုင်းရှိုင်းတာ တကယ်အမှန်ပဲ"

"သူက တရုတ်တိုင်းရင်းဆေးကို သိတယ်လို့ ပြောခဲ့တယ်။ ဒါကြောင့် သူက ငကြွားတစ်ကောင်လို့ ငါ ပြောခဲ့တာ"စုန့်ယန်က မျက်နှာမပျော်မရွှင်နှင့် ပြောလေသည်"တရုတ်တိုင်းရင်ဆေးပညာမှာ ကျွမ်းကျင်တဲ့သူတွေအားလုံးက ထိုနယ်ပယ်မှာ စီနီယာတွေပဲ။ ဟမ့်၊ သူက အခြားသူတွေကို လှည့်စားနိုင်ပေမယ့် ငါ့ကို အရူးလုပ်လို့ရမယ် ထင်မနေနဲ့"

"မင်း ဘာဖြစ်နေလဲ ငါ မသိပေမယ့် မင်းရဲ့အပြောအဆိုတွေ တရားမလွန်လာရင် အကောင်းဆုံးပဲ"ထန်ရှုက သူ့အား ကြည့်ကာ ပြောလိုက်သည်"ငါက တရုတ်တိုင်းရင်းဆေးပညာရှင်ဟုတ်မဟုတ်ဆိုတာ မင်း ကိုယ်တိုင် မြင်ရလို့လား။ သူမရဲ့အခြေအနေဘယ်လောက်ဆိုးဝါးလဲဆိုတာ အန်တီက မသိနိုင်ပေမယ့် မင်းကတော့ သိတယ်မလား။ သူမရဲ့ရောဂါက ဒီအဆင့်ထိ ရောက်နေမှတော့ ဘာလို့ ငါ့ကို ကုသခွင့်မပြုတာလဲ။ ငါ ကုသနိုင်ခဲ့ရင် ကောင်းမွန်တဲ့အရာတစ်ခုပဲ မဟုတ်လား"

"မင်း....."

စုန့်ယန်က ပြစ်တင်မောင်းမဲချင်သော်လည်း သူ့လည်ချောင်းတွင် ထုံသလိုဖြစ်သွားသည်ကို ရုတ်တရက် ခံစားလိုက်ရပြီး သူ့ပါးစပ်မှ အသံမထုတ်နိုင်တော့ပေ။ နောက်အခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်က အကြိမ်အနည်းငယ်တုန်ယင်သွားပြီး အခြားအစိတ်အပိုင်းများကလည်း ထုံသွားကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးက သူ့ထိန်းချုပ်မှုအောက်၌ မရှိတော့ပေ။

"ဘာဖြစ်တာလဲ။ မင်း ငါ့ကို ဘာလုပ်လိုက်တာလဲ"

"ငါ ဘာလို့ စကားပြောလို့မရတော့တာလဲ၊ မလှုပ်နိုင်တော့တာလဲ"

"အတိအကျ ဘာဖြစ်သွားတာလဲ။ စောစောက ထုံသလိုအထိအတွေ့က ဘာတွေလဲ။ ငါ့ရဲ့သွေးကြောမှတ်တွေ တိုက်ခိုက်ခံရတာလား"

သူ့မျက်လုံးများက ဖရိုဖရဲနှင့် ဘေးဘယ်ဝဲယာသို့ ကြည့်ရင်း ပြဿနာမှ လွတ်မြောက်ရန် ကြိုးစားခဲ့သည်။ ဘယ်လောက်ပဲကြိုးစား သူ ဘာမှမတတ်နိုင်သည်မှာ သနားစရာပင်။

"တိတ်ဆိတ်ငြိမ်သက်တဲ့အခန်းတစ်ခုရှိလား၊ အန်တီ"ထန်ရှုက မေးလိုက်သည်"ငါ့အဖေနဲ့ဦးလေးစုန့်တို့ကို မင်း ယုံကြည်ခဲ့သလိုမျိုး ငါ့ကို ယုံကြည်ပါ"

"ရှိတယ်"

သူမအရှေ့ရှိကလေးသုံးယောက်အား ကြည့်ရင်း ဝမ်ကျင်းက စိတ်ထဲ၌ သက်ပြင်းချလိုက်သည်။ သူမ၏ကျန်းမာရေးအခြေအနေဆိုးရွားနေပြီး သူမက နေမကောင်းဖြစ်သည်ကို သတိပြုမိကတည်းက ဆေးရုံးသို့ ကိုယ်တိုင်သွားလျက် ဆေးစစ်ခဲ့၏။ ဆေးစက်ချက်တွင် သူမက အသည်းကင်ဆာဖြစ်နေပြီး အသည်းကင်ဆာလူနာများတွင်ရှိသည့်လက္ခဏာရပ်များရှိသည်ကို ရှင်းလင်းစွာ ရေးသားထားသည်။

သို့သော် သူမ၏သားစုန့်ယန်ကဲ့သို့ ထန်ရှုက သူမအား ကုသနိုင်သည်ကို သံသယရှိနေသော်လည်း ဤအရာက ထန်ရှု၏ပထမဆုံးအကြိမ်လာလည်ခြင်းပင်။ သူမအား ကုသရန် ရည်ရွယ်ချက်ရှိသည့် ထန်ရှု၏ဆန္ဒကောင်းလည်း ဖြစ်သည်၊ သူတို့ဆက်ဆံရေး၏ကောင်းမွန်သောစမှတ်ဖြစ်၏။ ထို့ကြောင့် သူမက ထန်ရှုအား မငြင်းပယ်ဘဲ သူမ၏သားစုန့်ယန်ထံတွင်ဖြစ်ပျက်နေသောမူမမှန်မှုကိုပင် သတိမပြုမိခဲ့ပေ။ ထို့နောက် သူမက ထန်ရှုအား ဦးဆောင်လျက် စင်္ကြံလမ်းသို့ ဖြတ်ကာ နှိပ်နယ်ခန်းသို့ ရောက်ရှိလာခဲ့သည်။

သူ၏ညီလေးတွင် ဖြစ်ပျက်နေသည်အား စုန့်ရှန်းက သိသည်။ သို့သော် သူ့အမေအား ပိုစိုးရိမ်သည်။ ထန်ရှုနှင့်စုန့်ရှန်းတို့ နှိပ်နယ်ခန်းသို့ ဝင်မည့်ဆဲဆဲတွင် သူက အနောက်မှ အမီလိုက်လာ၏။ သူက ထန်ရှုလက်အား အမြန်ဆွဲလျက် တီးတိုးပြောလိုက်သည်"ညီအကိုထန်၊ မင်း ခန့်မှန်းတာ မှန်တယ်။ အမေက အသည်းကင်ဆာနောက်ဆုံးအဆင့်ဖြစ်နေတာ၊ သူမရဲ့အခြေအနေက အတော်ဆိုးရွားတယ်။ ဒီနေရာက ဆေးပညာအဆင့်နဲ့ သူမကို ကုသဖို့ မဖြစ်နိုင်ဘူး။ မင်း ကမူရှူးထိုးမလုပ်နဲ့နော်။ မင်းမှာ နည်းလမ်းမရှိရင်လဲ အဆင်ပြေပါတယ်၊ အနည်းဆုံး အမေက အသက်ရှင်နေသေးတာပဲလေ"

"မစိုးရိမ်ပါနဲ့"ထန်ရှုက ခေါင်းညိတ်ကာ ပြောလိုက်၏။

သူတို့ အခန်းထဲသို့ ဝင်လာသည်နှင့် သူတို့နောက် မလိုက်လာရန် ထန်ရှုက စုန့်ရှန်းအား လက်ဟန်ပြလိုက်သည်။ ထို့နောက် သူက အခန်းတံခါးပိတ်ကာ ဝမ်ကျင်းဘက်သို့ လှည့်လျက် ပြုံးကာ ပြောလိုက်၏"အန်တီ၊ မင်း သက်သောင့်သက်သာနဲ့ ဇိမ်ခံချင်လား"

"ဘယ်လိုမျိုးလဲ"ဝမ်ကျင်းက သိလိုစိတ်နှင့် မေးလေ၏။

"ထွေနော်နှိပ်နယ်ခြင်း။ တရုတ်တိုင်းရင်းဆေးပညာတစ်ခုပဲ"ထန်ရှုက ပြုံးကာ ရှင်းပြလိုက်သည်"ပွင့်ပွင့်လင်းလင်းပြောရရင် မင်းက ငါ့ရဲ့ကျွမ်းကျင်မှုကို သံသယဖြစ်နေတယ်ဆိုတာ ငါ ပြောနိုင်တယ်။ ငါ့ကုသမှုကို လက်ခံရတဲ့အကြောင်းရင်းက ငါ့ရဲ့ရည်ရွယ်ချက်ကောင်းကို မငြင်းချင်လို့၊ ငါ့ကို အရှက်မရစေချင်လို့မလား"

ဝမ်ကျင်းက ထန်ရှုအား စေ့စေ့စပ်စပ်လေ့လာလိုက်ပြီး ဤကလေးက သူမထင်ထားသည်ထက် ဉာဏ်ပိုကောင်းပြီး စဉ်းစားတတ်သည်ကို တွေ့လိုက်ရသည်၊ အနာဂတ်တွင် အလွန်အားကောင်းလာမည့် စရိုက်လက္ခဏာတစ်ခုပင်။ သို့သော် ကံမကောင်းစွာနှင့် သူမက အသည်းကင်ဆာနောက်ဆုံးအဆင့် ဖြစ်နေလေ၏။ အနာဂတ်တွင် ဤကလေးယူဆောင်လာမည့်အောင်မြင်မှုများအား သူမက မြင်တွေ့ချင်သည်။

"ဒါဆိုလဲ ငါ စမ်းကြည့်ရတာပေါ့။ မင်းရဲ့စွမ်းရည်ကို မင်းရဲ့အန်တီကို ပြပေးစမ်းပါ၊ ထန်ရှု။ မင်းရဲ့ထွေနော်နှိပ်နယ်ခြင်းက တကယ်ကောင်းရင် ငါ မင်းအတွက် အရသာရှိတဲ့ဟင်းလျာတွေ သေချာပေါက် ချက်ပြုတ်ပေးမယ်" ဝမ်ကျင်းက ပြုံးကာ အိပ်ရာပေါ်သို့ လဲချလိုက်လေသည်။

"ကောင်းပါပြီ....."ထန်ရှုက ပြုံးကာ ခေါင်းညိတ်လိုက်သည်။

***

All Chapters