← Chapters

လွန်ကဲသောပျူငှာမှု

Vol. 70 Ch. 970

လွန်ကဲသောပျူငှာမှု

Vol. 70 Ch. 970

စုန့်ရှန်း၏မျက်လုံးများက ‌တလက်လက်တောက်ပနေပြီး သူ့နှလုံးသားက လေးစားခြင်း၊ ကျေးဇူးတင်ခြင်းတို့နှင့် ပြည့်နေလေ၏။ ထန်ရှုက သူ့အမေအား ကုသနိုင်မနိုင်စေကာမူ ထိုကဲ့သို့ပြင်းထန်သောအနံ့ဆိုးရှိသည့်အခန်းထဲ၌ နေနိုင်ခြင်းကပင် လေးစားစရာဖြစ်သည်။

"ငါ လုံးဝယုံသွားပြီ၊ အကို"စုန့်ယန်က သက်ပြင်းချကာ အနှိပ်ခန်းတံခါးဆီသို့ အနည်းငယ်ကြောက်ရွံ့နေသာမျက်နှာနှင့် ကြည့်လျက် ပင့်သက်ရှိုက်ကာ‌ ပြောလိုက်ချေ၏။

"ဟားဟားဟား။ မင်း အခု ဝန်ခံပြီးပေါ့" စုန့်ရှန်းက ကျယ်လောင်စွာ ရယ်လိုက်သည်"ငါတို့က အနံ့ဆိုးကို မိနစ်အနည်းငယ်ပဲ ခံနိုင်တာ။ ညီအကိုထန်အတွက်တော့ အဲဒါက ဘာမှ မဟုတ်သလိုပဲ။ ဒီတစ်ခုနဲ့တင် သူ့ကို မော့ကြည့်ဖို့ လုံလောက်နေပြီ"

စုန့်ယန်က ခေါင်းညိတ်ပြလိုက်သည်၊ သို့သော် တစ်ခုခုအား ရုတ်တရက် အမှတ်ရသွားကာ သိလိုစိတ်နှင့် သူက မေးလာ၏"အကို၊ အဲမှာ ဘာဖြစ်နေတယ်ဆိုတာ မင်းပြောနိုင်လား။ အမေ့ခန္ဓာကိုယ်ပေါ်ကအဲဒီအမည်းရောင်အရာက ထန်ရှုဖော်စပ်ထားတဲ့အထူးလိမ်းဆေးများလား"

"ဟုတ်လောက်မယ်"စုန့်ရှန်းက ခေါင်းညိတ်လိုက်သည်။

တစ်နာရီက မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွား၏။ စုန့်ယန်နှင့်စုန့်ရှန်းတို့က အနှိပ်ခန်းအပြင်ဘက်တွင် စောင့်နေလျက်ရှိပြီး စုန့်ကွမ်းဟွေက အပြင်မှ ရောက်ရှိလာသည်။ သူ့သားနှစ်ယောက် အနှိပ်ခန်းတံခါးရှေ့တွင် ရပ်နေသည်ကို မြင်ပြီး သူက မျက်ခုံးတွန့်သွားလျက် မေးလိုက်၏"ထန်ရှုက ဘယ်မှာလဲ၊ မင်းတို့နှစ်ယောက်က ဒီနေရာမှာ ဘာလုပ်နေတာလဲ။ အမ်....ဒီအနံ့ဆိုးက ဘယ်က လာတာလဲ"

"ထန်ရှုက အနှိပ်ခန်းထဲမှာ အမေ့ကို ကုသနေတယ်၊ အဖေ"စုန့်ရှန်းက ပြန်ဖြေ၏"ဒီအနံ့ဆိုးက အဲ့ကလာတာပဲ၊ သူ အသုံးပြုတဲ့လိမ်းဆေးတစ်ခုဖြစ်မယ် ထင်တယ်"

စုန့်ကွမ်းဟွေက မှင်တက်သွားသော်လည်း လူငယ်နတ်ဆေးဆရာဟူသောထန်ရှု၏အထောက်အထားအား ရုတ်တရက် သတိရလိုက်သည်။ သူက နဖူးအား ချက်ချင်းရိုက်ကာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လိုက်တော့၏"ငါ ဘာလို့ ဒါကို မေ့နေတာလဲ။ ထန်ရှုက တရုတ်တိုင်းရင်းဆေးလောကရဲ့လူငယ်နတ်ဆေးဆရာဝန်လို့ နာမည်ကြီးတယ်၊ သူက အဲဒီနယ်ပယ်မှာ အတွေ့အကြုံတွေ ကျွမ်းကျင်မှုတွေ များပြားရမယ်။ သူ တကယ်ပဲ မင်းတို့အမေရဲ့ရောဂါကို ကုသနိုင်မယ်ဆိုရင်.....အဲဒါက....အဲဒါက အရမ်းကောင်းမွန်ပေလိမ့်မယ်"

သို့သော် စုန့်ရှန်းက ရေတစ်ခွက်သောက်ကာ ပြောလိုက်၏"လောလောဆယ် အကောင်းပဲ တွေးမနေနဲ့၊ အဖေ။ သူက နတ်ဆေးဆရာတစ်ယောက်ဆိုရင်တောင် အမေ့ကို ကုသဖို့က အရမ်းခက်ခဲလိမ့်မယ်။ ကင်ဆာနောက်ဆုံးအဆင့်ရှိတဲ့လူနာတွေကို ကုသနိုင်တဲ့ ဆေးရုံဒါမှမဟုတ်ဆရာဝန်ကို ငါ တစ်ခါမှ မကြားဖူးဘူး၊ အနည်းဆုံးတော့ ယနေ့ခေတ်ဆေးပညာအဆင့်အရ မဖြစ်နိုင်ဘူး"

သတိပေးချက်က စုန့်ကွမ်းဟွေ၏အမူအရာအား တောင့်သွားစေပြီး သူက တည်ငြိမ်စွာနှင့် ချက်ချင်း ခေါင်းညိတ်လိုက်လေ၏။

အဆုံးတွင် ထန်ရှုက တံခါးဖွင့်လာပြီး စုန့်ကွမ်းဟွေ၊ စုန့်ရှန်းနှင့် စုန့်ယန်တို့က အကြည့်များအား ချက်ချင်း ပြောင်းလိုက်ကြသည်။ ထန်ရှု၏မျက်နှာပေါ်ရှိပင်ပန်းနွမ်းလျသောအမူအရာအား သူတို့က မြင်နေရ၏။ ထို့နောက် စုန့်ကွမ်းဟွေက အလျင်စလို မေးလိုက်သည်"မင်းရဲ့အန်တီဘယ်လိုရှိလဲ၊ ထန်ရှု။ မင်းရဲ့ကုသမှုက ထိရောက်ရဲ့လား"

"စိတ်အေးအေးထားပါ၊ ဦးလေးစုန့်"ထန်ရှုက ပြုံးကာ ပြောလိုက်သည်"အန်တီရဲ့ခန္ဓာကိုယ်ထဲက ကင်ဆာဆဲလ်သုံးပုံနှစ်ပုံကို ငါ ဖယ်ရှားပြီးပြီ၊ သူမရဲ့ခန္ဓာကိုယ်အဖွဲ့အစည်းထဲမှာ တစ်ပုံပဲ ကျန်တော့တယ်။ သူမကို ကုသဖို့ စိုင်းဖန်မှာ ငါ နောက်နှစ်ရက် ဆက်နေမယ်၊ ဒါကြောင့် သူမရဲ့ခန္ဓာကိုယ်ထဲကကင်ဆာဆဲလ်အားလုံးကို ငါ ဖယ်ရှားနိုင်မှာပါ"

"မင်း ဘာပြောတာ" ထိတ်လန့်မှုကြောင့် စုန့်ကွမ်းဟွေ၏ခန္ဓာကိုယ်က တုန်ယင်‌နေပြီး အံ့အားတကြီးပြောလိုက်လေသည်။

စုန့်ရှန်းနှင့်စုန့်ယန်တို့သည်လည်း အလားတူတုန်လှုပ်နေမိ၏။ ဘာတစ်ခုမှ မပြောနိုင်ဘဲ သူတို့က ထန်ရှုအား စိုက်ကြည့်နေမိလေသည်။

"တကယ်တော့ ကင်ဆာက ငါ့အတွက် စိုးရိမ်ရတဲ့ရောဂါတစ်ခုမဟုတ်ပါဘူး"ထန်ရှုက ပြုံးလျက် ပြောလိုက်သည်"အရင်ကလဲ ကင်ဆာနောက်ပိုင်းအဆင့်ရှိတဲ့လူနာအချို့ကို ငါ ကုသဖူးပါတယ်။ အခု သူတို့အားလုံး ကျန်းမာနေပါပြီ"

ထန်ရှု၏လက်မောင်းအား ဆုပ်ကိုင်လျက် စုန့်ကွမ်းဟွေက အသံတုန်တုန်ယင်ယင်နှင့် မေး၏"ဒါ.....ဒါ တကယ်ပဲလား။ မင်းအန်တီရဲ့ခန္ဓာကိုယ်အဖွဲ့အစည်းထဲမှာရှိတဲ့ကင်ဆာဆဲလ်အားလုံးကို မင်း တကယ် ဖယ်ရှားနိုင်တာလား။ မင်း....မင်း သူမကို လုံးဝကုသနိုင်တာလား"

"သေချာတာပေါ့"ထန်ရှုက ပြုံးလျက် ပြန်ဖြေ၏။ စုန့်ကွမ်းဟွေ ဘယ်လောက်ထိ စိတ်လှုပ်ရှားနေသလဲကို သူက အာရုံခံစားနိုင်သည်။

ထို့နောက် စုန့်ကွမ်းဟွေက ထန်ရှုလက်အား လွှတ်ကာ လက်သီးကျပ်ကျပ်ဆုပ်လျက် လေထဲသို့ အကြိမ်ကြိမ်ထိုးလိုက်ချေသည်။ စိတ်လှုပ်ရှားမှုကြောင့် သူ့မျက်နှာက အနီရောင်ပြောင်းနေပြီး သူက ပြောလိုက်သည်"ဒါ အရမ်းကောင်းတယ်။ မင်းရဲ့အကူအညီကို စောစောမမေးမိတဲ့အတွက် ငါ့ကို အပြစ်တင်ရမယ်၊ မဟုတ်ရင် မင်းအန်တီရဲ့ရောဂါက ကုသပြီးနေလောက်ပြီ။ ကျေးဇူးတင်ပါတယ်၊ ထန်ရှု။ ကျေးဇူးအများကြီးတင်ပါတယ်"

"မင်း အရမ်းပျော်နေမှန်း ငါ သိပါတယ်၊ ဦးလေးစုန့်"ထန်ရှုက ပြံးလျက် ပြော၏"ဒါပေမယ့် ငါက တရုတ်တိုင်းရင်းဆေးဆရာတစ်ယောက်လေ၊ လူနာတွေကို ကုသရမှာက ငါ့တာဝန်ပဲ။ ပြီးတော့ ငါတို့က ဆွေမျိုးတွေလိုပဲ၊ ဒါကြောင့် အန်တီ ကင်ဆာဖြစ်နေတာကို သိပြီးနောက် ဒါက ငါ့တာဝန်ပဲ။ ငါက ဘာမှမလုပ်ခဲ့ဘူးဆိုတာ အဖေသိရင် သူက ငါ့ခြေထောက်ကို သေချာပေါက် ချိုးမှာ"

"ဟားဟားဟား.....‌ပြောတာ ကောင်းတယ်။ ငါတို့က မိသားစုပဲ၊ ဒါကြောင့် မင်းနဲ့ ယဉ်ကျေးတာတွေ မပြောတော့ဘူး"စုန့်ကွမ်းဟွေက ဆိုလေ၏"ဒါနဲ့။ အခု ငါ မင်းအန်တီကို ကြည့်ဖို့ အထဲကို ဝင်လို့ ရလား"

"ရတာပေါ့"ထန်ရှုက ထူးဆန်းသောအမူအရာနှင့် ပြောလိုက်သည်"ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားရမယ်နော်"

"စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားရမှာလား။ ဘာအတွက်လဲ"စုန့်ကွမ်းဟွေက မှင်တက်စွာ မေးလာ၏။

"ဒီလိုပါ၊ အန်တီရဲ့ခန္ဓာကိုယ်အဖွဲ့အစည်းကနေ ငါ ထုတ်လိုက်တဲ့ ကင်ဆာဆဲလ်တွေက ခန္ဓာကိုယ်ပေါ်မှာ ကပ်နေတာ၊ ကင်ဆာဆဲလ်တွေရဲ့အညစ်အကြေးတွေက အနံ့ဆိုးတွေကို ထုတ်လွှတ်နေတာလေ"ထန်ရှုက ပြုံးလျက် ပြောလေ၏"ဒါကြောင့် အန်တီရဲ့ခန္ဓာကိုယ်ကို အရင်ဆေးကြောတာ အကောင်းဆုံးလို့ ငါ ထင်တယ်"

အနီးနားတွင်ရပ်နေသောစုန့်ယန်က အံ့အားသင့်စွာ ပြောလာသည်"မင်း ဘာပြောတာလဲ၊ ထန်ရှု။ အမေ့ရဲ့အရေပြားပေါ်ကအမည်းရောင်အရာတွေက မင်းဖော်စပ်ထားတဲ့အထူးလိမ်းဆေးမဟုတ်ဘူးလား။ အဲဒါက....ကင်ဆာဆဲလ်တွေရဲ့အညစ်အကြေးတွေပေါ့လေ"

"ဟုတ်တယ်"ထန်ရှုက ခေါင်းညိတ်ကာ ပြုံးလျက် ပြောလိုက်သည်"ငါ ဘာလိမ်းဆေးမှ မသုံးခဲ့ဘူး။ ငါ အပ်စိုက်ကုထုံးကို သုံးပြီး ကင်ဆာဆဲလ်တွေကို သူမခန္ဓာကိုယ်အဖွဲ့အစည်းကနေ ထွက်လာအောင် လုပ်ခဲ့တာပဲ"

အဖြေက စုန့်ယန်အား နားမလည်နိုင်ဖြစ်သွားစေပြီး စုန့်ရှန်းက ကျောက်တုံးရုပ်တုတစ်ခုအဖြစ် ပြောင်းလဲသွားသလိုပင်။

ညီအကိုနှစ်ယောက်၏ထန်ရှုအပေါ်အကြည့်များက မွန်းစတားတစ်ကောင်အား မြင်နေရသည့်အလား....။ သူတို့က မှော်ပုံပြင်များစွာ ဖတ်ဖူးသည်၊ ထူးဆန်းသောအရာအချို့အား မြင်ဖူးသော်လည်း ဒီလိုမယုံနိုင်စရာကောင်းသောအနေအထားတစ်ခုအား ဘယ်တော့မှ မကြုံဖူးပေ။

နာရီဝက်ကြာသွားပြီး စုန့်ကွမ်းဟွေက ဝမ်ကျင်းအား တွဲလျက် အနှိပ်ခန်းမှ ထွက်လာသည်၊ သူမ၏ခန္ဓာကိုယ်အား အနှိပ်ခန်း၏ရေချိုးခန်းထဲ၌ ဆေးကြောသန့်စင်ထားပြီဖြစ်၏။

"ကျေးဇူးတင်ပါတယ်၊ ထန်ရှု"

ဝမ်ကျင်းက ထန်ရှုအား ကြည့်လိုက်ချိန်တွင် ယခင်ကထက် ပိုနူးညံ့ကာ ပိုညင်သာ၏။ သူမက သားအရင်းအား ကြည့်နေသလိုပင်။

ထန်ရှုက သူမလက်မောင်းအား တွဲလိုက်ပြီး ပြုံးလျက် ပြော၏"မိသားစုဝင်တွေကြားမှာ ဒီလိုတွေ ပြောဖို့ မလိုပါဘူး၊ အန်တီ။ ဒါက ငါလုပ်သင့်တဲ့အရာပါပဲ"

ခေါင်းညိတ်တုံ့ပြန်လျက် ဝမ်ကျင်းက ပြောလိုက်သည်"မင်းက လူကောင်းတစ်ယောက်ပဲ။ ဒါဆိုလဲ ငါ အသေးအဖွဲတွေ မပြောတော့ဘူး။ ငါက အနည်းငယ်အားနည်းသလို ခံစားရပေမယ့် ကင်ဆာဆဲလ်တွေပေးတဲ့နာကျင်မှုက မရှိတော့ဘူး။ အချိန်ကြာလာတာနဲ့အမျှ ငါ့ခန္ဓာကိုယ်က ပိုသက်သောင့်သက်သာရှိလာသလိုတောင် ခံစားရတယ်။ နေရထိုင်ရတာ ဇိမ်ရှိပြီး အပူပေးစက်နဲ့အပူပေး‌နေသလို နွေးနွေးထွေးထွေးခံစားရတယ်"

"အန်တီက အချိန်တစ်ခုအထိ အားနည်းသလို ခံစား‌နေရမှာ အမှန်ပဲ"ထန်ရှုက ပြောလေ၏"မင်းရဲ့ခန္ဓာကိုယ်က‌နေ ကင်ဆာဆဲလ်တွေရဲ့အညစ်အကြေးတွေကို ထုတ်လိုက်လို့ပဲ။ ပြောရရင် ကင်ဆာဆဲလ်တွေရဲ့အညစ်အကြေးတွေက စွမ်းအင်တစ်မျိုးပဲ၊ ခန္ဓာကိုယ်အတွက် အပိုစွမ်းအင်အရင်းအမြစ်တစ်ခုလို့ ပြောလို့ရတယ်၊ ဒါပေမယ့် ဒီစွမ်းအင်မျိုးက ခန္ဓာကိုယ်အဖွဲ့အစည်းအတွက် အကျိုးစေရှိမည့်အစား ဆိုးကျိုးတစ်ခု ရှိတယ်။ အနားယူပြီး အာဟာရတွေ ဖြည့်ပေးပေါ့၊ အန်တီ။ နောက်ကျရင် အန်တီ သောက်ဖို့တစ်ခုခု ငါညွှန်ပေးမယ်၊ အဲဒါသောက်ပြီးရင် အန်တီကောင်းကောင်းအိပ်ပျော်နိုင်လိမ့်မယ်။ မနက်ကျရင် အဆတစ်ရာပိုအားပြည့်လာသလို ခံစားစေရမယ်"

"ကောင်းပါပြီ။ အနားမယူခင် မင်းအတွက် ငါ ချက်ပြုတ်ပေးအုံးမယ်"ဝမ်ကျင်းက ပြုံးကာ ပြောလေ၏။

"ငါ့အတွက် ချက်ဖို့မလိုပါဘူး၊ အန်တီ"ထန်ရှုက ကမန်းကတန်းပြော၏"အန်တီရဲ့ခန္ဓာကိုယ်က အခု အားနည်းလွန်းတယ်"

"ဟုတ်တယ်၊ ထန်ရှုက မင်းရဲ့စေတနာကို ခံစားနိုင်မှာပါ၊ ဒါပေမယ့် မင်းရဲ့ခန္ဓာကိုယ်က ပိုအရေးကြီးတယ်"စုန့်ကွမ်းဟွေလဲ ခေါင်းညိတ်ကာ ထပ်ပြော၏"ပြီးတော့ မနက်ဖြန်ကျမှ မင်းရဲ့အချက်အပြုတ်စကေးကို ပြလို့လဲ နောက်မကျပါဘူး"

"မလိုဘူး။ ငါ ဒီကလေးကို သဘောကျတယ်"ဝမ်ကျင်းက ခေါင်းခါယမ်းလျက် ပြော၏"ဒါက သူ ငါတို့အိမ်ကို ပထမဆုံးအကြိမ်လာလည်တာလေ၊ ဒါကြောင့် သူ့အတွက် ငါကိုယ်တိုင် ချက်ပြုတ်ပေးရမယ်။ ဒါနဲ့၊ ရှင့်မှာ စုဆောင်းထားတဲ့ဝိုင်နှစ်ပုလင်းရှိတယ်မလား။ အဲဒါကို ယူထုတ်လိုက်။ ဒီည ငါတို့အားလုံး သောက်ကြတာပေါ့"

"ဟူး....အေးပါ"

သူ့ဇနီး၏ခေါင်းမာသောအကျင့်စရိုက်အား စုန့်ကွမ်းဟွေက သိ၏။ သူမ ဆုံးဖြတ်ချက်ချပြီးသည်နှင့် တစ်ယောက်မှ သူမစိတ်အား မပြောင်းလဲနိုင်ပေ။

ဤအရာကို မြင်ပြီး ထန်ရှုက မငြင်းတော့ဘဲ စုန့်ရှန်းအား မျက်ရိပ်ပြလိုက်သည်။ထို့နောက် မီးဖိုချောင်သို့ သွားရန် သူတို့နှစ်ယောက်က ဝမ်ကျင်းအား ကူညီပေးခဲ့၏။

စုန့်ယန်၏မျက်လုံးများက သူ့အမေနှင့်ထန်ရှုတို့ ပျောက်ကွယ်သွားသည့်အထိ လိုက်ပါသွားခဲ့သည်။ ထို့နောက် သူက စုန့်ကွမ်းဟွေအား လှည့်ကြည့်ကာ တိုးတိုးလေး‌မေး၏"အဖေ၊ အမေ့ကို ထန်ရှု ကုသနိုင်မယ်လို့ တကယ်ပဲ ယုံလား"

စုန့်ကွမ်းဟွေက ခဏနှုတ်ဆိတ်သွားခဲ့ပြီး ပြန်ဖြေလိုက်သည်"ငါ မင်းကို တစ်ခု‌ ပြောပြမယ်၊ သားလေး။ ဒါပေမယ့် အဲဒါတွေကို မင်းရဲ့ဗိုက်ထဲမှာပဲ ထားရမယ်။ ထန်ရှုကလွဲပြီး ဒီကမ္ဘာမှာ ဘယ်သူမှ မင်းအမေကို မကုသနိုင်‌လောက်ဘူး။ သူက ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ကျင့်ကြံသူတစ်ယောက်က ဘာလဲဆိုတာ မင်း မသိရင် အင်တာနက်ပေါ်မှာ ရှာကြည့်လို့ရတယ်။ ဒါပေမယ့် ဒါကို ဘယ်သူ့ကိုမှ မင်း မပြောရဘူး"

ကျင့်ကြံသူတစ်ယောက်လား။

စုန့်ယန်က ခေါင်းညိတ်ကာ တီးတိုးပြောလိုက်သည်"ငါ ရှာဖို့ မလိုဘူး၊ အဖေ။ ကျင့်ကြံသူတစ်ယောက်က ဘယ်လိုတည်ရှ်ိမှုဆိုတာ ငါ သိတယ်။ ဒါပေမယ့် ဒီလိုလူတွေက ဒိီကမ္ဘာမှာ တကယ်ပဲ တည်ရှိတာလား"

"သူတို့က ရှိတယ်၊ ငါ အဲဒါကို သိတယ်"စုန့်ကွမ်းဟွေက လေးလေးနက်နက် ပြောလိုက်ချေသည်။

ချက်ချင်းပင် စုန့်ယန်၏အမူအရာက ယခင်ကနှင့် လုံးဝခြားနားသွားခဲ့သည်။ သူက မီးဖိုချောင်အား စိတ်အားထက်သန်မှုပြည့်နှက်နေသောမျက်လုံးများနှင့် ကြည့်လိုက်လေသည်။

ဒဏ္ဍာရီတွေ၊ ပုံပြင်တွေမှာ ပြောခဲ့သလိုဆိုရင် ကျင့်ကြံသူများက သဘာဝစွမ်းအားအား ဆင့်ခေါ်နိုင်ပြီး ရာသီဥတုအား ပြောင်းလဲစေနိုင်ကာ ကောင်းကင်တွင် ပျံသန်းနိုင်လျက် ရာစုနှစ်ပေါင်းများစွာ အသက်ရှင်သန်နိုင်သည့်သူများ ဖြစ်ကြ၏။

ဒီလိုဆိုရင်.....ထန်ရှုက တကယ်ပဲ ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး အဲဒီစွမ်းရည်တွေကို ပိုင်ဆိုင်ထားမယ်ဆိုရင် ငါက နည်းလမ်းရသမျှ စဉ်းစားပြီး သူ့ဆီကနေ သင်ယူနိုင်အောင် လုပ်ရမယ်.....

ညစာစားပြီးနောက် ဝမ်ကျင်းက အနားယူရန် အိမ်ခန်းသို့ သွားလိုက်ပြီး စုန့်ကွမ်းဟွေက ထန်ရှု၊ စုန့်ရှန်းနှင့် စုန့်ယန်တို့အား ဒုတိယအထပ်၏စာကြည့်ခန်းသို့ ခေါ်လာခဲ့သည်။ စုန့်ယန်က လုံ့လဝီရိယရှိစွာနှင့် လက်ဖက်ရည်တစ်အိုးတည်ကာ ထန်ရှုအရှေ့သို့ ယူလာ၏။ ထို့နောက် လက်ဖက်ရည်တစ်ခွက်ငှဲ့ပေးကာ ထန်ရှုအား ကမ်းပေးကာ သူက ပြောလိုက်သည်"ညီအကိုထန်၊ မင်းက ငါ့ထက် နှစ်နှစ်ပိုကြီးတယ်၊ ဒါကြောင့် ငါ မင်းကို အကိုထန်လို့ ခေါ်သင့်တယ်။ မင်းရဲ့ဒီညီလေးက လစ်လျူရှုခဲ့မိပါတယ်၊ ဒါကြောင့် အနာဂတ်မှာ ငါ့ကို သဘောထားကြီးပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"

ထန်ရှုက လက်ဖက်ရည်ခွက်အား ယူကာ ပြုံးလျက် ပြော၏"ငါတို့က ညီအကိုတွေပဲ၊ ဒါကြောင့် ဘာမှ ဖြစ်စရာမရှိပါဘူး"

"မင်းက တကယ်ကို ကြီးမြတ်တဲ့နှလုံးသားရှိတဲ့လူတစ်ယောက်ပဲ၊ အကိုထန်'စုန့်ယန်က ပြုံးလျက် ‌ပြန်ပြော၏"ငါတို့က ညီအကိုတွေပဲ၊ ဒါကြောင့် အနာဂတ်မှာ ရင်းရင်းနှီးနှီးချစ်ချစ်ခင်ခင်ရှိရမယ်"

"ဒါ သေချာတာပေါ့"ထန်ရှုက ပြံးလိုက်၏။

ထန်ရှုနှင့်စုန့်ယန်တို့ကြား၌ အငြင်းပွားစရာတစ်ခု ဖြစ်ပျက်ခဲ့သည်ကို မသိဘဲ စုန့်ကွမ်းဟွေက ပြုံးလျက် ကြားဖြတ်ပြောလေ၏"မင်းတို့က ညီအကိုတွေပဲ၊ ဒါကြောင့် အနာဂတ်မှာ တစ်ယောက်နဲ့တစ်ယောက် ရင်းရင်းနှီးနှီး‌နေရမယ်။ ငါနဲ့အကိုထန်က အသက်ကြီးနေပြီ၊ ဒါကြောင့် အနာဂတ်က မင်းတို့လိုဂျူနီယာတွေရဲ့တာဝန်ပဲ။ အနာဂတ်မှာ မင်းတို့အားလုံး တစ်ယောက်‌ကိုတစ်ယောက် ကူညီထောက်ပံ့ပေးမှာကို ငါ တကယ် မြင်ချင်တယ်"

***

All Chapters