← Chapters

ယောင်မိသားစု၏အသက်ရှင်ကျန်နေသောအဖွဲ့ဝင်

Vol. 70 Ch. 971

ယောင်မိသားစု၏အသက်ရှင်ကျန်နေသောအဖွဲ့ဝင်

Vol. 70 Ch. 971

လက်ဖက်ရည်နံ့က သင်းပျံနေလျက်ရှိပြီး လူတိုင်းက စကားစမြည်ပြောနေကြသည်။ ထို့နောက် ထန်ရှုက အရေးကြီးသောကိစ္စတစ်ခုအား ထုတ်ပြောလာ၏"ဦးလေးစုန့်၊ မင်းကို အမှောင်လေအဖွဲ့က စောင့်ကြည့်‌နေတယ်၊ သူတို့ရဲ့မျက်လုံးအချို့က တွမ်ရက်ဂျီရဲ့အပေါ်မှာရောပဲ။ "ဒီအဖွဲ့အစည်းက ငါတို့ရဲ့ယခင်လျှို့ဝှက်တွေ့‌ဆုံမှုနဲ့ပတ်သက်ပြီး တွေ့ရှိပြီးဆိုတာ သေချာတယ်"

စုန့်ကွမ်း၏အမူအရာက အနည်းငယ်ကြောက်ရွံ့သွားသည့်ဟန် ပြောင်းလဲသွားကာ ပြောလိုက်လေ၏"ကမ္တာတစ်ဝှမ်းက ဘယ်အရာမဆို စုံစမ်းစစ်ဆေးနိုင်တဲ့အမှောင်လေအဖွဲ့အစည်းလား။ ဘာလို့ သူတို့က ငါတို့ကို မျက်စိကျနေရတာလဲ"

"ဦးလေးနဲ့တွမ်ရက်ဂျီရဲ့အဆင့်အတန်းတို့ကြောင့်လို့ ငါ ထင်တယ်"ထန်ရှုက ပြော၏"အမှောင်လေအဖွဲ့အစည်းက သာမန်လူတွေကို ဘယ်တော့မှ မစုံစမ်းဘူး။ ဦးလေးက စိုင်းဖန်ရဲ့ဒုတိယအာဏာရှိပုဂ္ဂိုလ်ဖြစ်ပြီး တွမ်ရက်ဂျီက နံပါတ်တစ်ပုဂ္ဂိုလ်ရဲ့

နောက်လိုက်မလား။ မင်းတို့နှစ်ယောက်တွေ့ဆုံမှုက သူတို့ရဲ့အာရုံကို ဆွဲဆောင်မှာ သဘာဝပါပဲ"

"ဟိုသက်ကြားအိုခါစစ်ထ်က ငါတို့နဲပတ်သက်တဲ့ သဲလွန်စအချို့ ရပြီး အမှောင်လေအဖွဲ့အစည်းကို ငှားယမ်းပြီး စုံစမ်းခိုင်းတာများလား"စုန့်ကွမ်းဟွေက စိုးရိမ်သောမျက်နှာနှင့် ‌မေးလေသည်။

"ဒီဖြစ်နိုင်ချေကို ငါ မငြင်းလိုပေမယ့် အခွင့်အရေးက နည်းတယ်"ထန်ရှုက ဆက်ပြော၏"ဒီပြဿနာကို အတည်ပြုဖို့ အမှောင်လေအဖွဲ့အစည်းကို သွားလည်ဖို့ ငါ ဆုံးဖြတ်ထားတယ်။ ပြီးတော့ လက်ရှိအချိန်မှာ တွမ်ရက်ဂျီနဲ့ ဘာအဆက်အသွယ်မှ မလုပ်နဲ့အုံး။ စိုင်းဖန်မှာရှိတဲ့အမှောင်လေအဖွဲ့အစည်းရဲ့စပိုင်တွေအားလုံးကို ငါ ဖယ်ရှားပြီးမှ ပြန်ဆက်လုပ်တော့။ ပြီးတော့ ခါစစ်ထ်ကို အမြန်ဆုံးဖယ်ရှားရမယ်။ ဒီလိုမှ သူ့ရဲ့နေရာကို ဦးလေစ ယူနိုင်မှာ။ အဲအခါကျရင် ဒီနေရာမှာ ကိစ္စတွေပြုလုပ်ရတာ အများကြီး ပိုလွယ်သွားလိမ့်မယ်"

အားလုံးပြောပြီးနောက် နောက်ထပ်အတွေးတစ်ခုက ထန်ရှုစိတ်ထဲ၌ ထွက်ပေါ်လာသည်။ နဂါးကိုးကောင်ကျွန်းနှင့်အနီးဆုံးဖြစ်သည့် စိုင်းဖန်၏တည်နေရာကြောင့်ပင်။ စိုင်းဖန်က နဂါးကိုးကောင်ကျွန်းအတွက် ဝင်ပေါက်ထွက်ပေါက်တစ်ခုဟု ဆိုနိုင်သည်။ စိုင်းဖန်သာ သူ့လူများ၏ထိန်းချုပ်မှုအောက်တွင် ရှိပါက နဂါးကိုင်းကောင်ကျွန်းလျှို့ဝှက်ချက်အား အလွယ်တကူထိန်းသိမ်းနိုင်ပေလိမ့်မည်။

"ငါ တွမ်နဲ့ လုပ်လိုက်ပါ့မယ်"စုန့်ကွမ်းဟွေက ပြန်ပြော၏"ခါစစ်ထ်ကို သတ်ဖို့ဆိုရင် အကောင်းဆုံးက သံသယမဖြစ်စေဘဲ သတ်ပစ်တာပဲ"

"ဒါဆိုလဲ မတော်တဆတစ်ခုဖြစ်သလို ဖန်တီးလိုက်တာပေါ့"ထန်ရှုက ပြော၏"ဦးလေးတို့ လုပ်ရခက်ရင် ငါ့လူတွေကို လုပ်ခိုင်းလိုက်မယ်။ ဒါပေမယ့် နောက်ပိုင်းလုပ်ရမှာတွေက ဦးလေးတို့တာဝန်ပဲ"

"အဆင်ပြေပါတယ်။ ဒါပေမယ့် မင်းလဲ ဂရုစိုက်ပါ"စုန့်ကွမ်းဟွေက ပြန်ဖြေ၏။

နေဝင်လာပြီး ထန်ရှုက ကျင်းလာစံအိမ်မှ ထွက်လာခဲ့သည်။ ပုန်းကွယ်နေသောကျင်းရှီက အမှောင်ထောင့်တစ်ခုမှ ထွက်ပေါ်လာပြီး ထန်ရှုအရှေ့သို့ လျင်မြန်စွာ ရောက်ရှိလာ၏။

"အားလုံး ပြီးပြီလား"ထန်ရှုက မေးမြန်းလိုက်သည်။

"သုံး‌ယောက်ရှိတယ်၊ ဒါပေမယ့် သုံးယောက်လုံးကို ဖြေရှင်းပြီးပြီ"ကျင်းရှီက ခေါင်းညိတ်လိုက်၏။

"သူတို့နဲ့ ဖြေရှင်းပြီးမှတော့ အမှောင်လေအဖွဲ့ခွဲဆီ တန်းသွားကြတာပေါ့"ထန်ရှုက ပြောလေ၏"နောက်ကျရင် မလိုလားအပ်တဲ့ပြဿနာတွေ မဖြစ်ပေါ်စေဖို့ တစ်ယောက်မှ လွတ်မြောက်ခွင့်မပေးနဲ့"

"မှတ်ထားပါ့မယ်"ကျင်းရှီက ပြန်ဖြေ၏။

အမှောင်လေအဖွဲ့အစည်းက ထန်ရှုစိတ်ထဲတွင်ရှိနေသည့်စိုးရိမ်စရာများထဲမှတစ်ခုဖြစ်၏။ ၎င်းက ကမ္ဘာ့အကြီးဆုံးသတင်းအချက်အလက်အေဂျင်စီဖြစ်ပြီး သတင်းစုဆောင်းသူအရေအတွက်အနည်းဆုံးတစ်သန်းကျော်ရှိ၏။ သူတို့ထဲတွင် အားကောင်းသောပုံရိပ်များ ဘယ်လောက်ထိရှိနေသလဲ မသိနိုင်ပေ။

ထာဝရခန်းမပိုင်ဆိုင်ထားသောလက်ရှိခွန်အားအရ သူက အမှောင်လေအဖွဲ့ကို မကြောက်ပေ။ သူတို့၏ဌာနချုပ်ကို ဝင်ရောက်စီးနင်းပါက ဤအဖွဲ့၏ထိပ်တန်းခွေးအများစုကို ဖယ်ရှားနိုင်မည်ဟု သူ ယုံကြည်သည်။ သို့သော် အမြစ်ကို မဖြတ်ဘဲ မြက်များအား ပေါင်းသတ်ရန် မဖြစ်နိုင်ပေ။ ဤအဖွဲ့အား အပြီးတိုင်သုတ်သင်ရန် ကျဆုံးသွားပါက အနာဂတ်တွင် ၎င်းတို့၏လက်တုံ့ပြန်ခြင်းအား သူက ကြိုတင်ပြင်ဆင်ထားရမည်။ သူက မကြောက်သော်လည်း သူ့မိသားစုနှင့်မိတ်ဆွေများအား ပြဿနာထဲသို့ ဆွဲသွင်းမိကာ ဒုက္ခများပေလိမ့်မည်။

ထို့ပြင် တစ်ဦးချင်းခွန်အားက ဤကမ္ဘာတွင် အရေးပါသော်လည်း တစ်ဦးချင်းခွန်အားထက်ပိုသန်မာသောနောက်ထပ်အန္တရာယ်တစ်ခုရှိသေးသည်၊ ဗုံးများ၊ ဒုံးကျည်များနှင့် နျူကလီးယားကဲ့သို့သောခေတ်မီလက်နက်များပင်။ အမှောင်လေအဖွဲ့ကဲ့သို့ကြီးမားသောအဖွဲ့အစည်းတစ်ခုက ၎င်း၏ကိုယ်ပိုင်သီးသန့်လက်နက်ကိုင်တပ်များရှိမည်မှာ သေချာသည်။ သူတို့က နျူးကလီးယားကဲ့သို့ ကြောက်စရာကောင်းသောလက်နက်တစ်ခုအား အသုံးပြုလာပါက သူပင် တားဆီးနိုင်လိမ့်မည်မဟုတ်ပေ။

ကမ်းခြေဧရိယာ။

စိုင်းဖန်ရှိတောင်ကုန်းတစ်ခုတွင် အမှောင်လေအဖွဲ့အစည်းပိုင်ဆိုင်ထားသည့်နိုင်ငံခြားစတိုင်စံအိမ်များ ရှိ၏။ ထိုနေရာတွင် လက်နက်ကိုင်အင်အားတစ်ရာကျော် ရှိသည်။

အလယ်ဗဟိုရှိစံအိမ်ထဲတွင် ယောင်ကူချွန်းက ဆိုဖာပေါ်တွင် ထိုင်နေ၏။ အခန်းက နက်မှောင်နေသော်လည်း သူ့မျက်လုံးများက တောက်ပနေကာ သတ်ဖြတ်ခြင်းဆန္ဒ ပြည့်နေလျက်ရှိသည်။

သူ့အရှေ့ရှိကော်ဖီစားပွဲပေါ်တွင် ထန်ရှု၊ စုန့်ကွမ်းဟွေနှင့် တွမ်ရက်ဂျီတို့၏ ဓာတ်ပုံသုံးပုံရှိ၏။ ထိုဓာတ်ပုံများ၏ဘေးနားတွင် ‌ဖုန်းတစ်လုံးလည်း ရှိသည်။

ကရင်း၊ ကရင်း၊ ကရင်း....

ဖုန်းမြည်သံက သူ့အတွေးများမှ သတိပြန်ဝင်လာစေပြီး ဖုန်းမျက်နှာပြင်အလင်းက အမှောင်ခန်းအား အနည်းငယ်လင်းလက်သွားစေ၏။ ယောင်ကူချွန်းက ဖုန်းအား လျင်မြန်စွာ ကိုင်လျက် မေးမြန်းလိုက်သည်"ဘယ်လိုလဲ။ မင်း တစ်ခုခုရခဲ့လား"

"မရသေးဘူး၊ ဒါပေမယ့် အချို့အရာတွေတော့ ငါတို့ တွေ့သွားပြီ"

"မင်းတို့ဘာတွေ့တာလဲ"

"ဒီနေ့ပဲ ထန်ရှုက ကျင်းလာစံအိမ်ကို သွားပြီး စမ့်ဟွေဆီ သွားလည်ခဲ့တယ်။ ငါတို့လူတွေက ကျင်းလာစံအိမ်အနီးနားမှာ ‌စောင့်ကြည့်နေပေမယ့် ထန်ရှုထွက်သွားတဲ့သတင်းကို မရသေးဘူး"

"ငါ သိပြီ"

ယောင်ကူချွန်းက ဖုန်းချလိုက်သည်။ သူက ထန်ရှုအား မုန်းတီးနေသည်မှာ ကြာလှပြီ၊ သူ့အား အပိုင်းပိုင်းဆုတ်ဖြတ်နိုင်ရန် ဆုတောင်းနေခဲ့သည်။ သူက ထန်ရှု၏ပုံရိပ်အား မတော်တဆတွေ့လိုက်ရပြီး အမှောင်လေအဖွဲ့၏ထောက်လှမ်းရေးသမားတစ်ယောက်က စုံစမ်းပြီးနောက် စုန့်ကွမ်းဟွေနှင့်တွမ်ရက်ဂျီကြားဆက်သွယ်မှုကို သတိပြုမိခဲ့၏။

စုန့်ကွမ်းဟွေနှင့်တွမ်ရက်ဂျီကြား လျှို့ဝှက်ပူးပေါင်းကြံစည်မှုတစ်ခုရှိနေပြီး ထန်ရှုက အရေးကြီးသောအခန်းကဏ္ဍတစ်ခုမှ ပါဝင်မည်ဟု သူက မှတ်ချက်ချခဲ့သည်။ ထို့ကြောင့် အမှောင်လေအဖွဲ့ရှိထောက်လှမ်းရေးသမားအားလုံးအား စိုင်းဖန်အနှံ့ ဖြန့်ကာ ထန်ရှု၊ စုန့်ကွမ်း‌ဟွေနှင့် တွမ်ရက်ဂျီတို့အကြားဆက်ဆံရေးကို စုံစမ်းစေခဲ့၏။

ထိုအချိန်တွင် အခန်းအလင်းက ရုတ်တရက်လက်သွားပြီး ထန်ရှုနှင့်ထန်ကွမ်းတို့က ယောင်ကူချန်း၏အရှေ့၌ ထွက်ပေါ်လာသည်။ ထန်ရှုက ယန်ကူးချန်း၏မျက်နှာချင်းဆိုင်တွင် ခြေထောက်ချိတ်ထိုင်နေပြီး သူ့မျက်နှာပေါ်တွင် ခပ်ဖျော့ဖျော့အပြုံးတစ်ခုက ရှိနေလေ၏။

"မင်း......"

ယန်ကူချန်းက ဆိုဖာပေါ်မှ ရုတ်ခြည်းထရပ်လိုက်မိသည်။ ထန်ရှု ဘယ်လောက်ကြောက်စရာကောင်းသလဲကို အခြားသူများ မသိနိုင်သော်လည်း သူက ဘယ်လိုလုပ်မသိရမည်နည်း။ အမာကျားအား သတ်ဖြတ်နိုင်သူတစ်ယောက်အတွက် ထိုလူသတ်သမားက အားမကောင်းဟု ပြောခြင်းကပင် လျှော့ပြောခြင်းဖြစ်၏။ ဒါပေမယ့် သူက အရမ်းသန်မာရင်တောင် ဘယ်လိုလုပ်ပြီး သူ့ရှေ့မှာ တိတ်တဆိတ်ထွက်ပေါ်လာရတာလဲ။

"အာ"ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးလျက် မေးလိုက်သည်"ဘာလို့ ခင်ဗျားက ဒီလောက်ထိတ်လန့်နေရတာလဲ"

ထန်ရှုအား စိုက်ကြည့်ရင်း ယောင်ကူချန်းက အသံနက်ရှိုင်းစွာနှင့် မေး၏"မင်း ဘယ်လိုလုပ်ပြီး အထဲဝင်လာတာလဲ။ ဒီနေရာကို အစောင့်တွေအများကြီးနဲ့ စောင့်ကြပ်ထားတာ၊ ဒီနေရာရဲ့စောင့်ကြည့်ရေးကိရိယာတွေကလဲ မျက်ကွယ်စရာ‌နေရာမရှိဘူး။ ငါ့လူတွေ မသိဘဲ မင်းအထဲဝင်လာနိုင်စရာမရှိဘူး"

"မင်းရဲ့လူတွေကို အရမ်းအထင်ကြီးနေတယ်လို့ ငါ ထင်တယ်"ထန်ရှုက ပြုံးလျက် ပြော၏"သူတို့က ငါ့အတွက် အမှိုက်တစ်အုပ်မျှပဲ။ သူတို့က ငါ့ကို ခြေရာခံနိုင်မယ်လို့ တွေးတာကတင် မတရားများသွားပြီ။ ကောင်းပြီလေ၊ ငါတို့ အာလာပသလ္လာပပြောကြတာပေါ့။ မင်းရဲ့ကော်ဖီစားပွဲပေါ်မှာ ငါ့ရဲ့ဓာတ်ပုံတစ်ခုရှိတာ ငါ မြင်လိုက်ရတယ်"

ဤအရာက ယန်ကူချန်း၏အမူအရာအား ပြောင်းလဲသွားစေ၏၊ သူ့မျက်လုံးများက ကျဉ်းမြောင်းသွားပြီး သူက မေးလိုက်၏"ဒီနေရာကို ရောက်လာမှတော့ ငါ့ရဲ့အထောက်အထားကို မင်း မသိဘူးလို့တော့ ငါ မထင်ဘူး၊ ထန်ရှု။ ဟုတ်တယ်။ ငါက စိုင်းဖန်ရဲ့အမှောင်လေအဖွဲ့ခွဲရဲ့ကြီးကြပ်ရေးမှူးပဲ။ မင်း အခု ဒီကို လာရတဲ့ရည်ရွယ်ချက်ကို ပြော"

"ရည်ရွယ်ချက်လား"ထန်ရှုက ပေါ့ပေါ့ပါးပါးပြုံးလိုက်သည်"ရည်ရွယ်ချက်က ရိုးရှင်းပါတယ်။ မင်းဆီကနေ သတင်းအချက်အလက်တွေ လိုချင်လို့ပဲ"

အနည်းငယ်စိတ်သက်သာရာရသလို ခံစားသွားရပြီး ယန်ကူချန်းက အသံနက်ရှိုင်းစွာနှင့် မေး၏"ဒါဆို မင်း ငါ့ဆီက ဘာသတင်းဝယ်ချင်တာလဲ။ အမှောင်လေအဖွဲ့အစည်းရဲ့ရည်ရွယ်ချက်က အမြဲရှင်းလင်းတယ်။ မင်း တန်ဖိုး ပေးနိုင်သရွေ့ မင်းလိုချင်ရင် အမေရိကန်သမ္မတရဲ့အိပ်ပျော်နေတဲ့ပုံကိုတောင် ရနိုင်တယ်"

ထန်ရှုက စီးကရက်တစ်ဖွာရှိုက်ကာ လက်ဝှေ့ယမ်းလိုက်သည်"အမေရိကန်သမ္မတရဲ့အိပ်ပျော်နေတဲ့ပုံကိုတော့ ငါ မလိုချင်ပါဘူး။ ငါ စိတ်ဝင်စားတာ မင်းပဲ။ အတိအကျပြောရရင် ငါ စိတ်ဝင်စားတာ မင်းရဲ့အမှောင်လေအဖွဲ့အစည်းပဲ"

"မင်း ဘာပြောချင်မှန်း ငါ မသိဘူး"ယန်ကူချန်းက မျက်မှောင်ကြုတ်လိုက်သည်။

"အရူးလုပ်နေတာလား၊ ဟမ့်"ထန်ရှုက နှာခေါင်းရှုံ့လိုက်သည်"မင်း မသိဘူးဆိုလဲ ငါ ပြန်ပြောရတာပါ့။ မင်းရဲ့အမှောင်လေအဖွဲ့က ငါနဲ့ပတ်သက်ပြီး စုံစမ်းနေတယ်၊ တွမ်ရက်ဂျီနဲ့စုန့်ကွမ်းဟွေတို့လဲ ပါတယ်။ စုန့်ကွမ်းဟွေနဲ့တွမ်ရက်ဂျီတို့ကို လျှို့ဝှက်စောင့်ကြည့်ဖို့ မင်းရဲ့လူတွေကို လွှတ်ရတဲ့အကြောင်းပြချက်က ဘာလဲ"

ယန်ကူချန်းက ခဏနှုတ်ဆိတ်သွားပြီးနောက် ပြန်ဖြေလိုက်သည်"ဒါက ငါ့ရဲ့အလုပ်ပဲလေ။ စုန့်ကွမ်းဟွေနဲ့တွမ်ရက်ဂျီတို့ရဲ့အထောက်အထားက သာမန်မဟုတ်ဘူး။ သူတို့နဲ့ပတ်သက်ပြီး သတင်းအချက်အလက်ကို ဝယ်ဖို့ မြင့်မားတဲ့အခွင့်အလမ်းတစ်ခုရှိတယ်။ ဒီလိုကံကောင်းမှုမျိုးကို ငါ ဘယ်လိုလုပ် လက်လွှတ်ရမှာလဲ"

"ဘယ်လောက်တောင် ဉာဏ်ကောင်းလိုက်သလဲ။ မင်းက စီးပွားရေးအမြင်အချို့ ရှိတာပဲ"ထန်ရှုက လက်မထောင်ကာ ချီးကျူးလိုက်သည်"ငါသာ ဒီည မလာခဲ့ရင် အနာဂတ်မှာ မင်းက အမှောင်လေအဖွဲ့အစည်းမှာ ရာထူးတိုးသွားမယ်နဲ့ တူတယ်"

"မင်း ချီးမွန်းတာကို ငါ လက်ခံပါတယ်"ယန်ကူချန်းက ပြော၏"သတင်းအချက်အလက်ဝယ်ဖို့ လာတာဆိုရင် မင်း ဘယ်လိုသတင်းကို လိုချင်တာလဲ ငါ့ကို ပြော။ ဒါပေမယ့် မင်းက ပြဿနာရှာဖို့ လာတာဆိုရင်တော့ ဒီ‌နေရာမှာ ငါ့လူတွေ အများကြီးရှိတယ်။ အမာကျားက မင်းရဲ့ပြိုင်ဘက်မဟုတ်ရင်တောင် မင်းက သန်မာရင်တောင် မင်း စိတ်ကူးနိုင်တာထက် ပိုပေးချေရလိမ့်မယ်"

"ဝိုး....ငါ မင်းရဲ့ဒီစကားလုံးတွေကို ကြိုက်တယ်"ထန်ရှုက လက်ခုပ်တီးလျက် ပျော်ရွှင်စွာ ပြော၏"ကောင်းပြီလေ၊ မင်းမှားတာကို သက်သေပြဖို့ ငါ တစ်ခုခု လုပ်ရမှာပေါ့"

"မင်းဘာလုပ်ဖို့ ကြိုးစားနေတာလဲ"ယန်ကူချန်းက လျင်မြန်စွာ တုံ့ပြန်လိုက်၏။

"ကျင်းရှီ၊ လုပ်လိုက်တော့"ထန်ရှုက ပြုံးကာ ပြောလိုက်၏။

"ထန်ရှု၊ အမှောင်လေအဖွဲ့နဲ့မင်းကြားမှာ ဘာရန်ငြိုးမှ မရှိဘူးနော်"ယန်ကူချန်း၏မျက်နှာက အကြီးအကျယ်ပြောင်းလဲသွားပြီး သူက အော်လိုက်၏"ငါတို့က မင်းနဲ့ပတ်သက်ပြီး တချို့တလေစုံစမ်းခဲ့ရုံပဲ၊ ဒါပေမယ့် မင်း ဘာလို့ ငါတို့ကို သတ်ချင်ရတာလဲ၊ မင်းက အမှောင်လေအဖွဲ့အစည်းနဲ့ ကမ္ဘာ့ရန်ဘက်ဖြစ်ရမှာကို မကြောက်ဘူးလို့တော့ ငါ့ကို မပြောနဲ့"

ဝှစ်......

ထန်ကွမ်းက လျှပ်တစ်ပြက်အတွင်း သူ့အရှေ့၌ ထွက်ပေါ်လာသည်။ သူ့လည်ပင်းအား ဆုပ်ကိုင်ကာ လေပေါ် မြှောက်လျက် နှာခေါင်းရှုံ့လိုက်၏"ဟမ့်။ မင်းတို့ရဲ့အမှောင်လေအဖွဲ့အစည်းနဲ့ ရန်သူဖြစ်မှာ ငါ့သူဌေးက ဂရုစိုက်မယ်လို့ ထင်နေတာလား။ မင်းတို့ရဲ့အမှောင်လေအဖွဲ့အစည်းက ဘာမို့လို့လဲ။ ငါ့သူဌေးက လုပ်ချင်ရင် မင်းတို့ရဲ့အဖွဲ့အစည်းတစ်ခုလုံးကို အမြစ်ဖြတ်သုတ်သင်နိုင်တယ်"

"ဒီကောင်ကို မခြောက်လန့်ပါနဲ့၊ ကွမ်း"ထန်ရှုက ပြုံးကာ ပြော၏"အကြောက်လွန်ပြီး သူ သေသွားရင် ငါတို့ သူ့ဆီကနေ တန်ဖိုးရှိတဲ့အချက်အလက်တွေ ဘယ်ရတော့မလဲ"

ထန်ကွမ်းက ခေါင်းညိတ်လိုက်ပြီး ယန်ကူချန်းအား ကြမ်းပြင်ပေါ်သို့ ပစ်ချကာ လျှပ်တစ်ပြက်အတွင်း ထန်ရှုအနောက်သို့ ပြန်လည်ရောက်ရှိသွား၏။

"မင်းရဲ့နာမည်က ဘာလဲ"ထန်ရှုက ပြုံးကာ မေး၏။

"ကူချန်း"ခဏနှုတ်ဆိတ်သွားပြီးနောက် ယန်ကူချန်းက ပြုံးလျက် ‌မေး၏။

"ကူချန်းက မင်းရဲ့နာမည်မျှပဲ။ ငါ သိချင်တာ မင်းရဲ့မိသားစုနာမည်ပဲ"ထန်ရှုက သူ့အား သရော်လိုက်၏"ငါ့ရှေ့မှာ ဉာဏ်ကောင်းသလိုတော့ မကြိုးစားနဲ့နော်။ မင်းရဲ့အမှောင်လေအဖွဲ့ခွဲကို ရှာတွေ့နိုင်တယ်ဆိုမှတော့ ဒီ‌နေရာကတာဝန်ရှိသူရဲ့နာမည်ကို ငါ ရှာတွေ့နိုင်တာပဲ။ မင်းနဲ့ပတ်သက်ပြီး ငါ့ရဲ့သံသယက မှန်နေပြိီထင်တယ်၊ ဟုတ်တယ်မလား၊ မစ္စတာယောင်"

***

All Chapters