← Chapters

လူသေတွေကပဲ စကားမပြောနိုင်မှာလေ

Vol. 70 Ch. 972

လူသေတွေကပဲ စကားမပြောနိုင်မှာလေ

Vol. 70 Ch. 972

မစ္စတာယောင်လား။

ချက်ချင်းပင် ထိုစကားနှစ်လုံးက ယန်ကူချန်း၏ခန္ဓာကိုယ်တစ်ခုလုံး အေးစက်စက်ဖြစ်သွားစေ၏။ ကြောက်ရွံ့မှုက သူ့မျက်လုံးများထဲတွင် ရောင်ပြန်ဟပ်လျက် သေမင်းအရိပ်က သူ့ခေါင်းပေါ်၌ ရစ်ဝဲ‌နေပုံရသည်။ သူက ထန်ရှုအား မုန်းသည်၊ သူ့အား အရေခွံဆုတ်ကာ အပိုင်းပိုင်းဖြတ်တောက်ချင်သည်။ သို့သော် သူ မသေချင်ပေ။ သူက အသက်ရှင်ရမည်၊ စွမ်းအားများ စုဆောင်းရမည်။ သို့မှသာ သူ့မိသားစုသွေးကြေးအား ပြန်ဆပ်နိုင်ပေလိမ့်မည်။

ဟုတ်သည်။ ယောင်က သူ၏မိသားစုနာမည်ဖြစ်ပြီး တရုတ်၊ ပေကျင်းမှ ယောင်ဖြစ်၏။

သူ့မိသားစုက တရုတ်တွင် အသိအမှတ်ပြုခံရသည့် အင်အားစုတစ်ခုဖြစ်ခဲ့ပြီး ကြီးမားသောစွမ်းအားနှင့်စွမ်းအင်တို့အား ပိုင်ဆိုင်သည်။ သူ့မိသားစုက သူ့အား ပြည်ပသို့ လျှို့ဝှက်စေလွှတ်ခဲ့ပြီး နှစ်ပေါင်းများစွာကြာ တာဝန်ထမ်းဆောင်ပြီးနောက် အမှောင်လေအဖွဲ့အစည်း၏ထောက်လှမ်းရေးအရာရှိဖြစ်လာခဲ့ပြီး သူ၏အရည်အချင်းကြောင့် စိုင်းဖန်ရှိဌာနခွဲ၏ကြီးကြပ်ရေးမှူးဖြစ်လာခဲ့၏။ ယောင်မိသားစုတွင်ပင် သူ၏အထောက်အထားအား သိသူက မိသားစုခေါင်းဆောင်နှင့်စီနီယာအဖွဲ့ဝင်အနည်းငယ်သာ ရှိသည်၊ သို့ဆိုလျှင် သူ့ရှေ့ရှိထန်ရှုက အဘယ်သို့ သိသွားရသနည်း။

"ငါ ဘယ်လို တွေ့သွားတာနဲ့ ပတ်သက်ပြီး မင်း သိချင်လား"ထန်ရှုက ပြုံးကာ ‌မေးလိုက်သည်။

ကြမ်းပြင်ပေါ်မှ ထရပ်လျက် နောက်သို့ ခြေနှစ်လှမ်းဆုတ်ကာ သူ့လက်များအား ဘောင်းဘီအိတ်ကပ်ထဲသို့ ထည့်လိုက်၏။ သူက ခါးသီးသောအမူအရာနှင့် မေးလိုက်သည်"ဟုတ်တယ်။ ငါ့ရဲ့မိသားစုနာမည်ယောင်ကို ဘယ်လိုသိသွားလဲ ငါ တကယ်ပဲ သိချင်တယ်။ သူတို့ရဲ့ကွန်ရက် ဘယ်လောက်ပဲ ပျံ့နှံ့နေတာတောင် အမှောင်လေအဖွဲ့အစည်းက ငါ့ရဲ့အထောက်အထားအမှန်ကို မစုံစမ်းနိုင်ခဲ့ဘူး"

"ဒါက ခန့်မှန်းချက်တစ်ခုမျှပဲ" ထန်ရှုက ပြုံးကာ ပြောလိုက်၏။

"ဘာ"ယောင်ကူချန်းက မှင်တက်သွားပြီး ဒေါသက လျင်မြန်စွာ အစားထိုးလာကာ ကြိမ်းဝါးလိုက်လေ၏"မင်းက ငါ့ကို မင်းရဲ့စကားတွေနဲ့ အကွက်ဆင်ခဲ့တာပေါ့၊ ခွေးကောင်.....မင်းက ငါတို့အားလုံးကို အမြစ်ဖြတ်သုတ်သင်ချင်နေတာလား"

"ဟားဟားဟား"ထန်ရှုက ရယ်ကာ ပြောလိုက်သည်"ပင်မမိသားစုဝင်တွေနဲ့မင်းမိသားစုအတွက်အလုပ်လုပ်ဖို့လုံလောက်တဲ့တိုက်ခိုက်ရေးစွမ်းပကားရှိသူတွေကိုပဲ သတ်ဖို့ ငါ့လူတွေကို လွှတ်ခဲ့တာပါ။ သာမန်မိသားစုဝင်တွေ၊ သာမန်သိုင်းပညာရှင်တွေကို ငါ ဘာမှ မလုပ်ခဲ့ဘူး။ မင်းကိုယ်မင်း ပြန်မေးကြည့်အုံး၊ မင်းမိသားစုက သူတို့ရဲ့စွမ်းအားကို အားကိုးပြီး‌တော့ လူတွေကို ရန်စအနိုင်ကျင့်ခဲ့တာပဲမလား။ ယောင်တွေက သူတို့ကိုယ်သူတို့ သီးခြားနေခဲ့တယ်၊ ဒါက သူတို့ကျဆင်းသွားခြင်းရဲ့အကြောင်းရင်းပဲ။ မင်းတို့ နိမ့်ကျပြီးနောက် မင်းတို့မိသားစုကို ရိုက်နှက်ဖို့ ထွက်ပေါ်လာတဲ့ လူတွေ၊ မိသားစုတွေ၊ ကလန်တွေ၊ အင်အားစုတွေက မရေမတွက်နိုင်လောက်အောင် များလွန်းတယ်။ မင်းက တစ်ယောက်ယောက်ကို မုန်းချင်ရင် မင်းတို့မိသားစု နှစ်ပေါင်းများစွာ ပြုလုပ်ခဲ့တဲ့အရာတွေကိုပဲ မုန်းရမယ်"

"မင်းကြောင့်သာ မဟုတ်ရင်၊ မင်းတို့ထန်မိသားစုကြောင့်သာ မဟုတ်ရင်၊ ငါတို့ရဲ့ယောင်မိသားစုက ဘယ်လိုလုပ်ပြီး အခုလိုသနားစရာကောင်းလှအောင် နိမ့်ကျသွားရမှာလဲ"ယောင်ကူချန်းက အော်ပြောလိုက်သည်"ငါ မင်းကို မုန်းတယ်။ မင်းရဲ့အရေပြားကို ဖြတ်၊ မင်းရဲ့အသားတွေကို စားပြီး မင်းရဲ့သွေးကို သောက်ဖို့ မစောင့်နိုင်တော့ဘူး။ ငါက အခု အမှောင်လေအဖွဲ့အစည်းရဲ့စီနီယာအရာရှိတစ်ယောက်၊ စိုင်းဖန်ဌာနခွဲရဲ့ကြီးကြပ်ရေးမှူးပဲ။ မင်း ငါ့ကို သတ်ရဲလား"

ထိုသို့ ပြောပြီးနောက် သူက သူ့လက်အား ဘောင်းဘီအိတ်မှ ဆွဲထုတ်လိုက်ပြီး လက်ရှိတွင် သေးငယ်သောအနက်ရောင်အဝေးထိန်းကိရိယာတစ်ခုအား ကိုင်ထားသည်။ သူ့လက်ချောင်းက ကိရိယာပေါ်ရှိ အနီရောင်ခလုတ်အား ဖိနှိပ်ရန် အသင့်ဖြစ်‌နေ၏။

ထန်ရှုက မျက်မှောင်ကြုတ်လျက် ဆိုးဝါးသောအာရုံတစ်ခု ရလာ၏။

ဒါက သေရေးရှင်ရေးအခြေအနေတစ်ခုပဲ.....

ယန်ကူချန်းက အ‌‌ဝေးထိန်းကိရိယာအား ဆွဲထုတ်လိုက်သည်နှင့် အရေးပေါ်အသိပေးအာရုံတစ်ခုက သူ့စိတ်ထဲ၌ ချက်ချင်း ထွက်ပေါ်လာ၏။‌ နောင်တရသောခံစားချက်တစ်ခုက သူ့စိတ်ထဲ၌ ရစ်ဝဲလာသည်၊ သူ ဘာလို့ ယန်ကူချန်းကို တန်းမသတ်လိုက်ရတာလဲ၊ ဘာလို့ သူ့ရဲ့ထိန်းချုပ်မှုအောက်ရောက်အောင် မလုပ်ခဲ့ရတာလဲ။

"မင်းမှာ ဝှက်ဖဲရှိနေပုံပဲ"စက္ကန့်အနည်းငယ် နှုတ်ဆိတ်သွားပြီးနောက် ထန်ရှုက ဖြည်းဖြည်းချင်း ပြောလိုက်သည်။

သူ့မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သောအကြည့်တစ်ခု ထွက်ပေါ်လာလျက် ယန်ကူချန်းက  ခြိမ်းခြောက်လာ၏"မင်း ခန့်မှန်းတာ မှန်တယ်၊ ဒါက ငါ့ရဲ့ဝှက်ဖဲပဲ၊ အသက်ကယ်ဆေးပဲ၊ မင်း ဂရုမစိုက်ဘဲ ဘာတစ်ခုမှ မလှုပ်ရှားနဲ့နော်။ ဒါက စိုင်းဖန်က ငါတို့ရဲ့အမှောင်လေဌာနခွဲပဲ၊ ရန်သူတွေကို ငါတို့နဲ့အတူ အပါခေါ်သွားနိုင်တယ်။ မင်း မမျှော်လင့်ထားခဲ့ဘူးမလား။ ဒီ‌နေရာမှာ ပေါက်ကွဲအားပြင်းတဲ့တီအမ်တီယမ်းတွေကို နေရာတိုင်း တပ်ဆင်ထားတယ်။ ငါ ဒီခလုတ်ကို နှိပ်လိုက်တာနဲ့ သူတို့အားလုံး ပေါက်ကွဲပြီး ဒီနေရာရဲ့အရာအားလုံး တစ်စစီဖြစ်သွားရလိမ့်မယ်"

ထန်ရှုက သူ၏ထိုးထွင်းသိမြင်မှုကို ချက်ချင်းထုတ်လွှတ်လိုက်ပြီး မီတာတစ်ရာဧရိယာအား လျင်မြန်စွာ ဖုံးလွှမ်းသွားသည်။ ပြောခဲ့သလိုပင်၊ ပေါက်ကွဲစေတတ်သောဒိုင်းနမိုင်းများအား ပတ်ဝန်းကျင်ရှိလျှို့ဝှက်နေရာအချို့၌ မြုပ်ထား၏။ သို့သော် သူ့အား ကြောက်ရွံ့စိုးရိမ်စေသည်ကား ထိုနေရာများရှိ ဗုံးများမဟုတ်ပေ၊ မြေအောက်အနက်ပိုင်းရှိအရာများပင်။ ကြီးမားသောဆင်းရဲဒုက္ခက သူ့အပေါ်၌ စိုးမိုးနေသလို၊ သူ့အား သေမင်းထံ ခေါ်သွားနိုင်သလို ထိုအရာက သူ့အား ကြောက်ရွံ့စိုးထိတ်စေသည့်အာရုံခံစားချက်တစ်ခုအား ပေးစွမ်းနေလေသည်။

"ငါ့ရဲ့ကောင်းကင်ဘုံစကြာဝဠာကျင့်စဉ်နဲ့ဆိုရင် ငါက အသက်ရှင်နိုင်တယ်။ ဒါပေမယ့် အဲဒီဒိုင်းနမိုင်းအားလုံး ပေါက်ကွဲသွားတာနဲ့ ဒီနေရာမှာ ပုန်းနေတဲ့မိုအားဝူ၊ ကျင်းရှီနဲ့ ကျန်သူတွေက လွတ်မြောက်နိုင်လိမ့်မှာ မဟုတ်ဘူး"

"ယောင်ကူချန်းကို သတ်ဖို့ ဒီအခွင့်အရေးကို လက်လွှတ်လိုက်ရမလား။ ငါ သူ့ကို ဒီတစ်ကြိမ် လွှတ်ပေးလိုက်ရင် သူက ငါနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကို အမှောင်လေဌာနချုပ်ဆီ လွှဲပြောင်းပေးဖို့ များတယ်။ အဲလိုဆိုရင် သူတို့က ငါ့ကို မျက်စိဒေါက်ထောင့်ကြည့်ပြီး ငါနဲ့ပတ်သက်သမျှအရာအားလုံးကို စုံစမ်းမှာပဲ။ ထာဝရခန်းမက တည်ရှ်ိမှုကို ဖုံးကွယ်ရာမှာ ဘယ်လောက်ပဲ တော်နေပါစေ၊ ငါနဲ့ပတ်သက်တဲ့အချက်အလက်တွေ ထွက်ပေါ်လာဖို့က ရှောင်လွှဲလို့မရဘူး"

"သူ မဖောက်ခွဲအောင် တားဆီးရင်းနဲ့ ယောင်ကူချန်းကို သတ်နိုင်တဲ့နည်းလမ်းတစ်ခုခုများရှိမလား"

"သူ့ကို တိတ်တဆိတ်လုပ်ကြံဖို့ ထန်အန်းကို အမိန့်ပေးသင့်လား။ ဒါပေမယ့် ဒါက လက်တွေ့မကျဘူး၊ သူမ လုပ်ဆောင်တဲ့အချိန်မှာ ခလုတ်နှ်ိပ်မှာကို ကာကွယ်မနိုင်လောက်ဘူး"

"အခုမှ ထုတ်ဖော်ဖို့ နောက်ကျနေပြီ၊ ခန္ဓာကိုယ်ထိန်းချုပ်ခြင်းပညာရပ်ကလဲ ရွေးချယ်စရာနည်းလမ်းတစ်ခု မဟုတ်ဘူး"

"......"

မရေမတွက်နိုင်သောအတွေးများက ထန်ရှု၏စိတ်ထဲ၌ ပေါ်လိုက်ပျောက်လိုက်ဖြစ်‌နေပြီး အဆုံးထိတိုင် သူက ကြံရာမရဖြစ်နေသည်။ ထို့နောက် သူက ယောင်ကူချန်း၏ရက်စက်ကြမ်းကြုတ်သောအမူအရာအား ကြည့်ကာ ခေါင်းခါယမ်းလိုက်၏။

"မင်း နိုင်ပါတယ်"ယောင်ကူချန်အား ကြည့်လျက် ထန်ရှုက ပြောလေသည်။"ငါ မင်းကို တကယ် မသတ်နိုင်ဘူး။ ဒါပေမယ့် ငါနဲ့ပတ်သက်တာတွေကို အမှောင်လေဌာနချုပ်ဆီ မပေးဖို့ မင်း ကတိပေးရမယ်။ ငါ ဘာစွမ်းဆောင်နိုင်တယ်ဆိုတာ မင်း သိမယ်ထင်တယ်။ ငါ မင်းကို သတ်ချင်ရင် မင်း ကမ္ဘာအဆုံးထိ ထွက်ပြေးရင်တောင် မင်းအတွက် သေခြင်းအဆုံးသတ်တစ်ခုပဲ ရှိလာလိမ့်မယ်"

ထိုအခါတွင်မှ ယန်ကူချန်း၏တင်းကျပ်နေသောနှလုံးသားက ပြေလျော့သွားတော့သည်။ သူက ထန်ရှုအား ရှုပ်ထွေးသောအမူအရာနှင့် စိုက်ကြည့်လျက် ခေါင်းညိတ်လိုက်သည်။ သူက မသေချင်ပေ။ သေတာထက် အသက်ရှင်နေသည်က ပိုကောင်း၏။ သူ အသက်ရှင်နေသရွေ့ အရာအားလုံး ဖြစ်နိုင်သည်။ သေလျှင် ဘာမှ လုပ်မရပေ။

ထို့အပြင် ထန်ရှုပြောသည်က မှန်၏။ သူက ကမ္ဘာ၏ဘယ်နေရာတွင်မဆို ပုန်းနေပါစေ၊ ထန်ရှုက သူ့အား အမှန်တကယ်သတ်ချင်လျှင် သူက လွတ်မြောက်နိုင်မည်မဟုတ်ပေ။

အမှောင်လေစီမံအုပ်ချုပ်သူတစ်ယောက်အနေနှင့် အကျိုးအမြတ်က သူ့အေဂျင်စီအတွက် အရေးပါဆုံးဆိုသည်ကို သူ သိသည်။ ပိုက်ဆံ လုံလောက်နေသရွေ့ အမှောင်လေအဖွဲ့အစည်းက သူ့အား ထန်ရှုထံ ရောင်းချရန် တွန့်ဆုတ်မည်မဟုတ်ပေ။

"ငါ ကတိပေးတယ်"

ထန်ရှုက ခေါင်းညိတ်ကာ ပြောလိုက်၏"ကမ္ဘာကြီးရဲ့ဥပဒေကို မှတ်ထားပါ၊ ရှုံးနိမ့်သူတွေက ဗီလိန်ဖြစ်ပြီး အနိုင်ရသူတွေက ဘုရင်ပဲ။ သူတို့ရဲ့နိမ့်ဆင်းမှုအတွက် ယောင်မိသားစုက သူတို့ကိုယ်သူတို့ပဲ အပြစ်တင်ရမယ်။ မင်းမိသားစုကပဲ ငါ့ထန်မိသားစုရဲ့အားနည်းတဲ့အခြေအနေကို အခွင့်ကောင်းယူချင်ခဲ့တာ။ မင်းတို့အားလုံးက ငါတို့မိသားစုကို လိုချင်ပြီး အဆက်မပြတ် တိုက်ခိုက်ခဲ့တာ။ မင်းရဲ့ကလန်သားတွေအတွက် မင်း ငါ့ကို ဘယ်လိုမှ လက်စားချေနိုင်မှာ မဟုတ်ဘူး၊ ဒါကြောင့် မင်းရဲ့အမုန်းတွေကို မြေမြုပ်လိုက်ပေတော့"

ဆယ်စက္ကန့်ကျော်ကြာသည့်အထိ ယောင်ကူချန်းက နှုတ်ဆိတ်သွားပြီး‌နောက် သူက ညှိုးငယ်သောအမူအရာနှင့် ပြောလေ၏"ငါ နားလည်ပါတယ်။ ငါ အသက်ရှင်ရတာ မပင်ပန်းဘဲနဲ့ မင်းနဲ့ပတ်သက်တဲ့အချက်အလက်‌တွေကို ငါ့အဖွဲ့အစည်းကို ဘယ်တော့မှ အရင်မပေးဘူး။ ဒါပေမယ့် မင်း ငါ့ကို သတ်ရဲရင်တော့ ငါ့သူဌေးကြီးရဲ့စားပွဲပေါ်မှာ မင်းရဲ့အချက်အလက်တွေ ရှိနေမယ်ဆိုတာကိုတော့ ငါ အာမခံတယ်"

"မင်းစကားမင်းတည်ပါစေ....."

ထန်ရှုက ပြောပြီးနောက် ပြန်လှည့်ကာ တံခါးသို့ ဦးတည်သွား၏။ အခန်းထဲမှ ထွက်ရန် ခြေလှမ်းမည့်ဆဲဆဲတွင် သူ့အဟုန်အား ချက်ချင်းရပ်လိုက်ပြီး ယောင်ကူချန်းအား ကြည့်လိုက်သည်"ဒါက ငါတို့ကြားအပေးအယူတစ်ခုပဲ၊ ဒါပေမယ့် ငါ ထပ်ပြောအုံးမယ်။ မင်းက ဒီနေ့ရဲ့အပေးအယူကို ချိုးဖောက်ခဲ့မယ်ဆိုရင် မင်းရဲ့ယောင်မိသားစုကလန်သားအားလုံး မင်းနဲ့အတူ ငရဲကို လိုက်သွားရလိမ့်မယ်။ ဘယ်လောက်ပဲ ငါ ပေးဆပ်ရပါစေ၊ ယောင်မိသားစုသွေးပါတဲ့သူတွေကို စုံစမ်းမယ်၊ ဒါကြောင့် မင်းရဲ့မိသားစုသွေးမျိုးဆက်မပြတ်သွားစေချင်ရင် မင်းအနေနဲ့ ဘာလှည့်ကွက်မှ မသုံးနဲ့"

ထိုသို့ပြောပြီးနောက် ထန်ရှုက ခပ်သုတ်သုတ်လျှောက်သွားလေသည်။

စိတ်ထဲ၌ သတ်ဖြတ်ခြင်းဆန္ဒတို့ ဆူဝေနေလျက် ယောင်ကူချန်း၏လက်ချောင်းက အဝေးထိန်းကိရိယာအား ဖိထားဆဲဖြစ်ကာ သူ့မျက်လုံးများက ထန်ရှုထွက်သွားရာနောက်သို့ လိုက်သွား၏။ အမှောင်လေအဖွဲ့မှလူများက ထန်ရှုနှင့်မိုအားဝူတို့အား တားဆီးရန် ထွက်လာသည်ကို မြင်ပြီး မတားဆီးရန် အမိန့်ပေးလိုက်သည်။ ထန်ရှုနှင့်မိုအားဝူတို့ ဧရိယာမှ ထွက်ခွာသွားတော့မှ သူက စိတ်သက်သာရာရကာ သက်ပြင်းတစ်ချက်ချလိုက်၏။

"ဒီနေ့ ထန်ရှု လာသွားတဲ့သတင်းကို ထိပ်တန်းအုပ်ချုပ်သူတွေက သေချာပေါက် ကြားလိမ့်မယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုကို စဉ်းစားထားရမယ်။ ဒီထန်ကောင်က ဆန်းကြယ်လွန်းတယ်။ ဒီတစ်သက် ငါ့မိသားစုအတွက် လက်စားချေဖို့ မဖြစ်နိုင်တော့ဘူးထင်တယ်။ ဒါပေမယ့် သူနဲ့ပတ်သက်ပြီးသတင်းအချက်အလက်‌တွေကို ထပ်ရှာပြီး စိတ်ချရတဲ့တစ်ယောက်ယောက်ကို ပေးထားရမယ်။ သူက ငါ့ကို သတ်ရဲရင် အဆုံးမရှိတဲ့ဒုက္ခတွေ သူ့နောက်လိုက်နေစေရမယ်"

ယန်ကူချန်းက အခန်းထဲသို့ ပြန်ဝင်လာသော်လည်း အဝေးထိန်းကိရိယာအား မလွှတ်သေးပေ။ သူ့လက်ချောင်းက ခလုတ်မှ လုံးဝမရွေ့နေ။

အချိန်ကုန်ဆုံးသွားပြီး နာရီအနည်းငယ်ကြာပြီးနောက် ညနက်ပိုင်းသို့ ရောက်ရှိလာ၏။

သတိကြီးကြီးထားလျက် ယန်ကူချန်းက ပတ်ဝန်းကျင်အား စေ့စေ့စပ်စပ်စစ်ဆေးလိုက်သည်။ ပတ်ဝန်းကျင်တွင် အသံသို့မဟုတ်အရိပ်လက္ခဏာတစ်ခုမှ မရှိသည်ကို တွေ့ရှိပြီးနောက် သူက သူ့လက်ချောင်းအား အဝေးထိန်းကိရိယာ၏ခလုတ်မှ လွှတ်လိုက်လေတော့သည်။

ဝှစ်......

အဝေးရှိမီတာဝက်အကွာတွင် ဓားတစ်လက်က ရုတ်တရက်လက်သွားပြီး ယောင်ကူချန်း၏လက်မောင်းအား တိုက်ရိုက်ဖြတ်ပြီးနောက် သူ့ခေါင်းအား ဆက်တိုက်ဖြတ်တောက်သွားသည်။ ချက်ချင်းပင် အနက်ရောင်ဝတ်စုံနှင့်ထန်အန်က ထွက်ပေါ်လာပြီး လက်ပြတ်လက်ဖဝါးထဲရှိအဝေးထိန်းကိရိယာအား ဆွဲယူလိုက်သည်။

သူ့ဦးခေါင်းက ပြတ်တောက်သွားပြီး သူ့ပတ်လည်ရှိကမ္ဘာက ဝဲလည်ကာ အရောင်လက်နေသည်ကို ယောင်ကူချန်းက မြင်ခဲ့ရ၏။ သူ၏ခေါင်းပြတ်ခန္ဓာကိုယ်သာမက သူ့လက်ပြတ်မှအဝေးထိန်းကိရိယာအား ယူဆောင်သွားသည့် ကြေးမျက်နှာဖုံးစွပ်အမျိုးသမီးတစ်ယောက်ကိုလည်း မြင်လိုက်ရသည်။

"ခွေးသူတောင်စား။ သူက ကတိမတည်ဘူးပဲ....."

"တကယ်တော့ လူသေတွေကပဲ စကားမပြောနိုင်မှာလေ....."

ထိုနောက်ဆုံးအတွေးနှစ်ခုနှင့်အတူ ယောင်ကူချန်း၏အသိစိတ်က နောက်ဆုံး၌ ပျောက်ကွယ်သွားတော့၏။

ယောင်ကူချန်း၏အလောင်းအား စိတ်မဝင်စားစွာ တစ်ချက်ကြည့်ပြီးနောက် ထန်အန်၏ပုံရိပ်က ပျောက်ကွယ်သွားသည်။ စက္ကန့်ဒါဇင်အတွင်း သူမက ထန်ရှုအရှေ့ကီလိုမီတာအနည်းငယ်အကွာ၌ ထွက်ပေါ်လာပြီး အဝေးထိန်းကိရိယာအား ပေးလိုက်လေ၏။

"သူဌေး"

"ပြီးသွားပြီပေါ့"ထန်ရှုက ကျေနပ်စွာ ခေါင်းညိတ်လျက် ပြော၏"ငါ မင်းကို နောက်ထပ်တစ်ခုခိုင်းစရာရှိတယ်။ ဒီည ဒီနေရာကရနိုင်သမျှအချက်အလက်တွေအားလုံး ယူပြီး စိုင်းဖန်မှာရှိတဲ့အမှောင်လေအဖွဲ့ဝင်စာရင်းကို မှတ်တမ်းတင်ထား။ ပြီးရင် အရေအတွက်ဘယ်လောက်ပဲရှိရှိ အားလုံးကို သတ်ပစ်"

"ကောင်းပါပြီ"ထန်အန်က ပြန်ဖြေသည်။

ထို့နောက် သူမ၏ပုံရိပ်က ရိပ်ခနဲပျောက်ကွယ်သွားပြန်၏။ တစ်ချိန်တည်းတွင် ကျင်းရှီနှင့်ကျန်သူများက အမှောင်လေဌာနခွဲဆီသို့ ချောင်းမြောင်းတိုက်ခိုက်ရန် သွားလေသည်။

သို့သော် မိုအားဝူက သာမန်မျှစွာနှင့် ‌မေးလိုက်သည်"ငါ ကျန်နေရမှာလား၊ သူဌေး"

ထန်ရှုက အဝေးထိန်းကိရိယာအား မိုအားဝူထံ ကမ်းပေးကာ ခေါင်းညိတ်ပြလိုက်သည်"မစ်ရှင်ပြီးရင် မင်း ဒီနေရာမှာ နေဖို့ မလိုတော့ဘူး"

"နားလည်ပါပြီ"

မိုအားဝူက ခေါင်းညိတ်ကာ ကျင်းရှီတို့နောက်သို့ လျင်မြန်စွာ လိုက်သွား၏။

***

All Chapters