ခါစစ်ထ်၏သေဆုံးမှု
Vol. 70 Ch. 974
သူ မြင်တွေ့နေရသည်အား ခါစစ်ထ်က မယုံကြည်နိုင်ပေ။ သူက ဘာသာမဲ့တစ်ယောက်ဖြစ်သောကြောင့် ကမ္ဘာပေါ်တွင် နတ်ဘုရားကဲ့သို့ တည်ရှိမှုများ ရှိလိမ့်မည်ဟု ဘယ်တော့မှ မယုံကြည်ခဲ့ပေ။ သို့သော် တီဗီများတွင်သာ မြင်တွေ့နိုင်သည့် နတ်ဘုရားနှင့်တူသောတည်ရှိမှုတစ်ခုထွက်ပေါ်လာသည့်မြင်ကွင်းက သူ့မျက်စိရှေ့မှောက်၌ ဖြစ်ပေါ်လာနေ၏။
"ငါ....ငါများ အိမ်မက်မက်နေတာလား။ ဒါက ပုံရိပ်ယောင်တစ်ခုလား"
ခေါင်းခါယမ်းလျက် ခါစစ်ထ်က ဘေးဘက်ဝဲယာကြည့်လိုက်သည်။ သူ့လူများနှင့် ဘီကီနီဝတ်မိန်းကလေးများ၏မျက်လုံးများက ရေပေါ်တွင်လမ်းလျှောက်လာနေသောလူငယ်ပေါ်တွင်သာ တည်ရှိနေသည်ကို မြင်ပြီး အိမ်မက်တစ်ခုမဟုတ်မှန်း သူက သိလိုက်၏။
"ခင်ဗျားက စိုင်းဖန်ရဲဘအုပ်ချုပ်ရေးမှူးခါစစ်ထ်လား"
အပြံးတစ်ခုက ထန်ကွမ်း၏မျက်နှာပေါ်တွင် ပေါ်ထွက်လာနေသလို သူ့မျက်လုံးများက သတ်ဖြတ်လိုသောဆန္ဒတစ်ခုအား တစ်နည်းနည်းနှင့် ပေးစွမ်းနေသည်။ ခါစစ်ထ်က သူ့လူအချို့ခေါ်ကာ အပြာမယ်လေးများအား ဝယ်ယူလျက် ပင်လယ်ပြင်၌ အပန်းဖြေခရီးထွက်သွားသည့် သတင်းအား ရရှိခဲ့သော်လည်း ဤလူအား ရှာတွေ့ရန် သူက စွမ်းအားများစွာ သုံးစွဲခဲ့ရ၏။
"မင်း ဘယ်သူလဲ"သူ့မျက်လုံးများက သတိတို့နိုးကြားနေလျက် ခါစစ်ထ်က ထန်ကွမ်အား မေးလိုက်သည်။
"ငါ ဘယ်သူလဲဆိုတာ မင်း သိစရာမလိုဘူး"ထန်ကွမ်က ခေါင်းခါယမ်းကာ ပြုံးလိုက်သည်"ငါ့ကိုပဲ ဖြေ။ မင်းက စိုင်းဖန်ရဲ့အုပ်ချုပ်ရေးမှူးခါစစ်ထ်လား။ မင်းက ဖြေဖို့ ငြင်းနိုင်တယ်၊ ဒါပေမယ့် မင်းရဲ့အလောင်းက ငါးစာဖြစ်သွားစေရမယ်"
ခါစစ်ထ်က သူ့လက်များအား နောက်ကျောသို့ ရွေ့လျားစေ၏၊ သူ့နောက်ကျော၌ အမြဲလိုလိုချိတ်ထားသည့်သေနတ်က အခန်းထဲ၌ ကျန်ခဲ့သည်ကို တွေ့လိုက်ရ၏။ သို့သော် သူ့မျက်လုံးများက သူ့ဘေးတစ်ဖက်တစ်ချက်တွင်ရှိနေသောလူနှစ်ယောက်ထံ ရောက်ရှိသွားပြီး ချက်ချင်း လှုပ်ရှားလိုက်သည်။ သူက သူတို့၏သေနတ်တစ်လက်ကို ယူကာ ပြောင်းဝအား ချိန်ထားလျက် အေးစက်စွာ မေးလိုက်၏"ဟုတ်တယ်။ ငါက ခါစစ်ထ်ပဲ။ မင်းက နတ်ဘုရားတွေသာလုပ်နိုင်တယ်လို့ငါထင်ထားတဲ့တစ်ခုခုကို လုပ်နေတာ ဖြစ်ရမယ်။ ဒါပေမယ့် ရုတ်တရက် တစ်ခုခုကို အမှတ်ရသွားတယ်၊ မင်းက နတ်ဘုရားမဟုတ်ဘူး၊ ဒီကမ္ဘာမှာ နတ်ဘုရားဆိုတာ မရှိဘူး"
"ငါက နတ်ဘုရားတစ်ယောက်မဟုတ်ဘူးလို့ ဘယ်သူ ပြောလဲ"ထန်ကွမ်းက ပြုံးလိုက်သည်"လူတော်တော်များက ငါ့ကို နတ်ဘုရားတစ်ယောက်လို့ ရှုမြင်ကြတယ်"
"မင်း မှားသွားပြီ"ခါစစ်ထ်က နှာခေါင်းရှုံ့ကာ ပြော၏"မင်းက အားကောင်းတဲ့စွမ်းရည်အသုံးပြုသူတစ်ယောက်ထက် မပိုဘူး။ မင်းရဲ့အထူးစွမ်းရည်က ရေထိန်းချုပ်ခြင်းပဲ ဖြစ်ရမယ်"
"ငါက စွမ်းရည်အသုံးပြုသူတစ်ယောက်ပေါ့လေ"ထန်ကွမ်းက အထင်သေးစွာ ပြန်တုံ့ပြန်လိုက်သည်"မင်းက ငါ့ကို အဲဒီစွမ်းရည်အသုံးပြုသူတွေနဲ့ နှိုင်းယှဉ်နေတာလား။ ငါ ဘာကို စွမ်းဆောင်နိုင်တယ်ဆိုတာ မင်း မျက်လုံးက သေချာကြည့်"
ထိုသို့ပြောပြီးနောက် သူက ဖြည်းညင်းစွာ လက်မြှောက်လိုက်သည်။ မီးတောက်နှစ်ခုက သူ့လက်ဖဝါး၌ ထွက်ပေါ်လာပြီး ရွက်လှေပေါ်ရှိဘီကနီဝတ်အလှလေးများက အံ့အားသင့်စွာ ရေရွတ်လိုက်ကြတော့၏။
မျက်ခုံးတွန့်လျက် ခါစစ်ထ်က ထိတ်လန့်သည့်လေသံနှင့် ပြောလာ၏"မင်းက ရေမီးဒြပ်စင်အသုံးပြုသူလား။ မင်း.....မင်းက အတိအကျ ဘယ်သူလဲ"
တုံ့ပြန်သည့်အနေနှင့် အေးစက်စွာ နှာခေါင်းရှုံ့လျက် ထန်ကွမ်းက ပြောလိုက်သည်"မင်းမှာ အေးခဲနေတဲ့ဦးနှောက်တစ်ခုများ ရှိနေတာလား။ ဘယ်လို ငတုံးတစ်ကောင်လဲ......"
ထို့နောက် သူ့လက်ဖဝါးထက်တွင် လွင့်မျောနေသောမီးတောက်နှစ်ခုက ရိပ်ခနဲလှုပ်ရှားသွားပြီး ရွက်လှေအား ထိမှန်သွားသည်၊ ပြင်းထန်သောပေါက်ကွဲမှုတစ်ခုက ဆက်တိုက်ထွက်ပေါ်လာပြီး ခါစစ်ထ်၊ သူ၏ကိုယ်ရံတော်နှစ်ယောက်နှင့် ဘီကီနီဝတ်မိန်းကလေးအားလုံးအား တစ်စက္ကန့်အတွင်း သတ်ဖြတ်လိုက်တော့၏။
"ဟမ့်....."အေးစက်စက်နှာခေါင်းရှုံ့သံတစ်ခုအား ကြားလိုက်ရသည်။
ပုံမှန်အတိုင်း အနက်ရောင်ဝတ်ရုံနှင့်ကြေးညိုရောင်မျက်နှာဖုံးတစ်ခုအား ဝတ်ဆင်ထားလျက် ထန်အန်က ပေါက်ကွဲသွားသောရွက်လှေနှင့်ပင်လယ်မျက်နှာပြင်ပေါ်တွင်လွင့်မျောနေသောအလောင်းကောင်များအား ကြည့်လျက် သာမန်မျှစွာ ပြောလိုက်သည်"မင်း အမှားတစ်ခု လုပ်ခဲ့တယ်။ မင်းက စကားများလွန်းတယ်၊ မင်းက လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ဖြစ်ဖို့ အရည်အချင်းမမှီဘူး"
"ငါက လုပ်ကြံသတ်ဖြတ်သူတစ်ယောက်လို့ ဘယ်သူက ပြောတာလဲ"ထန်ကွမ်းက ပြုံးဖြဲဖြဲနှင့် ပြောလေ၏"ငါက တိုက်ခိုက်ဖို့အတွက် မွေးဖွားလာတဲ့ စစ်သည်တော်တစ်ယောက်ပဲ။ အမှောင်ထဲကနေ လုပ်ကြံသတ်ဖြတ်ဖို့က မင်းရဲ့တာဝန်ပဲ၊ အန်"
"ချောင်းမြောင်းတိုက်ခိုက်တာတွေက တိုက်ပွဲမှာပေါ်တင်တိုက်ခိုက်တာထက် ပိုကောင်းတယ်"ထန်အန်က နှာခေါင်းရှုံ့လိုက်ပြန်သည်"မင်းအနေနဲ့ နေရာလပ်အချိန်မန္တန်တွေကို သင်ရင် အကောင်းဆုံးပဲ"
"ငါ လိုအပ်တာ ကျင့်ကြံခြင်းအဆင့်နဲ့ တိုက်ခိုက်ရေးခွန်အား ပိုမြင့်မားဖို့ပဲ။ နေရာလပ်အချိန်မန္တန်ကို မင်းပဲ သင်ပါ"ထန်ကွမ်းက လက်ဝှေ့ယမ်းက ပြောလိုက်သည်"မင်း ငါ့ကို ဒါ ပြောတာ အကြိမ်ပေါင်းမရေမတွက်နိုင်တော့ဘူး၊ မင်း ငါ့ကို စိတ်အနှောင့်မယှက်ပေးနေရတာ မမောသေးဘူးလား။ ကြည့်ရတာတော့ မင်းကို စောင့်ကြပ်ပေးနိုင်မလားလို့ သူဌေးကို ငါ မေးရမယ်ထင်တယ်၊ မင်း ငါ့ကို နေ့တိုင်းနှောင့်ယှက်နေတာကနေ ကယ်ဖို့ပေါ့"
ထန်အန်က သူ့အား တစ်ချက်ကြည့်ပြီးနောက် သူမ၏ဓားအား ထုတ်လွှတ်လိုက်သည်။ ထို့နောက် ဓားစွမ်းအင်က လျှပ်တစ်ပြက်လက်ကာ အလောင်းအားလုံးအား ဖျက်ဆီးပစ်၏။ ထို့နောက် သူမ၏ပုံရိပ်က ရိပ်ခနဲလှုပ်ရှားသွားကာ လေထဲ၌ ပျောက်ကွယ်သွားတော့သည်။
ထို့အတူ ထန်ကွမ်းသည်လည်း စိုင်းဖန်ရှိရာဦးတည်ဘက်သို့ လျှပ်တစ်ပြက်လက်သွားလေ၏။
****
ထန်ရှုက လောင်ပင်လယ်အော်အပန်းဖြေစခန်းရှိစံအိမ်ထဲတွင် ပင်လယ်လေညင်းခံလျက် နေပူစာလုံနေလျက်ရှိ၏။
ဝှစ်......
ဝေဝါးဝါးပုံရိပ်တစ်ခုက အဝေးမှ လျှပ်တစ်ပြက်လက်သွားပြီး မျက်စိတစ်မှိတ်အတွင်း ထန်ရှုအရှေ့၌ ထွက်ပေါ်လာသည်။ ထန်အန်ဖြစ်ပြီး သူမက ရိုသေလေးစားစွာ ဆိုလိုက်၏"ခါစစ်ထ် သေပြီ၊ ဆရာအဘိုး"
"မင်းတို့ကိုယ်တိုင်လုပ်မှတော့ ငါ စိတ်အေးနိုင်ပြီပေါ့၊ အန်"ထန်ရှုက ပြုံးလျက် ပြော၏"ဒါနဲ့ ကွမ်းက ဘယ်မှာလဲ။ ဘာလို့ မင်းတစ်ယောက်ပဲ လာတင်ပြတာလဲ"
"အာ၊ အဲအကိုကတော့...."ထန်အန်က အကူအညီမဲ့သောအမူအရာနှင့် ပြန်ဖြေ၏"သူက.....သူက အမျိုးသမီးတစ်ယောက်ရှာဖို့ ထွက်သွားတယ်"
"အာ"ထန်ရှုက မှင်တက်သွားပြီး အံ့အားတကြီး မေးလိုက်လေသည်"သူက တကယ်ပဲ အမျိုးသမီးတစ်ယောက်ရှာဖို့ သူ ကိုယ်တိုင် ထွက်သွားခဲ့တာလား။ သူက တစ်ယောက်ယောက်ကို ချစ်နေတာလား"
"ဟမ့်......သူ ရှာနေတဲ့အမျိုးသမီးက သင့်တင်လျောက်ပတ် သိက္ခာရှိတာတွေ မဟုတ်ဘူး"ထန်အန်၏မျက်နှာက စိတ်ပျက်လက်ပျက်ဖြစ်နေသည်"သူက အပန်းဖြေစခန်းရဲ့ညစ်ညမ်းတဲ့နေရာအချို့ထဲကို ခုန်ချသွားတာ၊ သူ့ရဲ့သတ်ဖြတ်လိုတဲ့ဆန္ဒတွန်းအားကို ထွက်ပေါက်ရှာဖို့လို့တော့ ပြောတာပဲ"
"ဖူး.....ဟားဟား....."
ထန်ရှုက ခေါင်းခါယမ်းလျက် မျက်ရည်ကျမတတ် ရယ်မိသွားလေသည်"ထန်ကွမ်းက မတူညီတဲ့လိင်တိမ်းညွတ်မှုတစ်ခုရှိပြီး အမျိုးသမီးတွေကို မကြိုက်ဘူးလို့ ငါ ထင်ထားတာ။ သူက ဒီလိုကိုး။ သူ ဘာပဲလုပ်လုပ် ခွင့်ပြုလိုက်ပါ။ သူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်အတွက် အမျိုးသားတွေ ထွက်ပေါက်ရှာတာ ပုံမှန်ပါပဲ"
တုံ့ပြန်ချက်က ထန်အန်အား ကြောင်သွားစေပြီး သူမက အကူအညီမဲ့စွာ ပြန်ပြောလေသည်"သူဌေး၊ ငါ သင့်ကို မှန်ကန်တဲ့အပြုအမူရှိသူတစ်ယောက်အနေနဲ့ ရှုမြင်ထားတာ။ မင်းရဲ့နောက်လိုက်က ဒီလို မဖွယ်မရာတွေ လုပ်နေတာကို ဘာလို့ ခွင့်ပြုနိုင်ရတာလဲ။ ငါ ပြောချင်တာက သင့်အနေနဲ့ ငါ့အကိုကို ဆွဲခေါ်ပြီး သင်ခန်းစာတစ်ခု ပေးသင့်တယ်၊ အနာဂတ်မှာ ဒီလိုအမျိုးသမီးတွေနဲ့ မပတ်သက်ဖို့ သူ့ကို ပြင်းပြင်းထန်ထန်အမိန့်ပေးသင့်တယ်"
သူမ၏တုံ့ပြန်ချက်က ထန်ရှုအား ရှုံ့မဲ့သွားစေ၏"သူ့ကိုယ်ရေးကိုယ်တာကိစ္စမှာ ငါက ပါဝင်ခွင့်ရှိတယ်လို့ ငါ မထင်ဘူး။ ထန်ကွမ်းက အရွယ်ရောက်ပြီးသားလူတစ်ယောက်ပဲ၊ သူ့မှာ သူ့ရဲ့ကိုယ်ပိုင်စိတ်ဝင်စားတာတွေ ရှိမှာပဲ။ ငါက သူ့ရဲ့ဆရာအဘိုးဆိုပေမယ့် သူ့ကိစ္စတွေက ငါ စွက်ဖက်လို့ရမယ့်အရာတွေ မဟုတ်ဘူး။ အန်၊ သူက မင်းရဲ့အကိုဆိုပေမယ့် သူ့ရဲ့ကိုယ်ပိုင်ဘဝကို လွတ်လပ်မှုပေးဖို့ ငါ မင်းကို အကြံပေးချင်တယ်။ ပြီးတော့ အနာဂတ်မှာ သူ ချစ်တဲ့အမျိုးသမီးတစ်ယောက်ကို တွေ့တာနဲ့ ဒီလိုမျိုးတွေ ဆက်လုပ်မှာ မဟုတ်လောက်ဘူး။ ဒါနဲ့ မင်းကရော ဘယ်လိုလဲ။ မင်းလဲ အရွယ်ရောက်နေပြီး အချစ်တွေ ရှိသင့်နေပြီမလား၊ ကောင်လေးတစ်ယောက် ရှာဖွေသင့်ပြီမလား။ ငါတို့ရဲ့ထာဝရခန်းမမှာ လူကောင်းတွေ အများကြီး ရှိတယ်။ မင်း မျက်စိကျတဲ့သူတစ်ယောက်ယောက်များ ရှိလား"
ခေါင်းစဉ်က သူမဘက်သို့ ပြန်လှည့်လာမည်ဟု ထန်အန်က မမျှော်လင့်ထားခဲ့ပေ။ ထန်ရှုနှင့် တွေ့ပြီးကတည်းက အခြားယောင်္ကျားများက သူမ၏ဆရာအဘိုးအား မယှဉ်နိုင်သည်ကို သဘောပေါက်လာခဲ့သည်။ သူက ချစ်ရေးကိစ္စများ၌ စိတ်အပြောင်းအလဲများကာ အမျိုးသမီးအများကြီးရှိသော်လည်း အချစ်မပါဘဲ တွေ့ရာအမျိုးသမီးနှင့် အိပ်သည့်လူစားမျိုးမဟုတ်ပေ။ ဒီလိုတာဝန်ယူမှုမျိုးက သူမအကိုထက် အဆများစွာ ပိုကောင်း၏။
"ငါ ဒါ မပြောနိုင်ဘူး၊ ဆရာအဘိုး"
ထန်အန်က ရှက်ရွံ့စွာ ခြေဆောင့်လျက် ပျောက်ကွယ်သွားတော့သည်။
"ဟားဟားဟား......"
ထန်ရှုက အားရပါးရရယ်လိုက်လေသည်။ ထို့နောက် သူက ဖုန်းထုတ်ကာ နံပါတ်တစ်ခုအား ခေါ်လိုက်လေသည်။ ဖုန်းကိုင်လာပြီးနောက် သူက ပြောလိုက်၏"ခါစစ်ထ်က သေသွားပြီ၊ ကျန်တာတွေက ဦးလေးတို့ တာဝန်ပဲ။ ငါ မနက်ဖြန်ကျရင် ဘန်ကောက်ကို သွားတော့မယ်"
"အရမ်းကောင်းတယ်။ ဒါနဲ့ပတ်သက်ပြီး စိတ်မပူပါနဲ့။ ဒီနေရာမှာ ငါနဲ့တွမ်ရက်ဂျီအတွက် ဘာပြဿနာမှ မရှိဘူး" ကျေနပ်အားရသောအသံနှင့် စုန့်ကွမ်းဟွေက ပြန်ဖြေလာသည်။
ထို့နောက် ထန်ရှုက ဖုန်းချလိုက်၏။
****
မနက်စောစောတွင် နေရောင်ခြည်က ကမ္ဘာမြေပြင်အား နှုတ်ဆက်လာပြီး ကမ်းခြေရှိ ကျောက်တန်းပေါ်တွင် တင်ပျဉ်ခွေထိုင်နေရာမှ ထန်ရှုက မျက်လုံးဖွင့်လိုက်သည်။ တစ်ညလုံး သူက မှော်ကျောက်တုံးထဲရှိမှော်စွမ်းအားအား စုပ်ယူနေခဲ့ပြီး သူ့ခန္ဓာကိုယ်ထဲရှိအာကာသထဲရှိဂြိုလ်က အနည်းငယ်ပိုကြီးလာသည်။ သို့သော် အခြားပြင်ပဂြိုလ်များက အသက်ကင်းမဲ့လျက် မပြောင်းမလဲပေ။
"ဆရာအဘိုး"
စိတ်အားအင်ပြည့်ဝနေပုံပေါ်လျက် ထန်ကွမ်းက ထန်ရှုအရှေ့မီတာအနည်းငယ်အကွာ၌ ရပ်လိုက်သည်။ ထန်ရှုက ကျင့်ကြံခြင်းအခြေအနေမှ နိုးထလာသည်ကို မြင်ပြီး သူက ရိုသေလေးစားစွာ နှုတ်ဆက်လိုက်လေသည်။
"မနေ့ညက ကောင်းကောင်းပျော်ခဲ့ရဲ့လား၊ အားရကျေနပ်ခဲ့ရဲ့လား"ထန်ရှုက ပြုံး၍ မေး၏"မင်းညီမလေးကတော့ ငါ့ဆီ လာပြီး တိုင်တန်းခဲ့တာ မင်း သိလား"
"အာ....."ထန်ကွမ်းက ခြောက်ကပ်ကပ်ပြုံးလိုက်လေသည်"နောက်ကျရင် ငါ ဂရုစိုက်ပါ့မယ်၊ ဆရာအဘိုး"
"မလိုဘူး၊ ငါ အဲဒါနဲ့ပတ်သက်ပြီး ဂရုမစိုက်ဘူး"ထန်ရှုက လက်ဝှေ့ယမ်းကာ ပြော၏"မင်းရဲ့အဖော်နဲ့ပတ်သက်ပြီး အသေးစိတ်မသိရင် အကာအကွယ်သုံးဖို့သာ မမေ့နဲ့။ ဒီကိစ္စနဲ့ပတ်သက်ပြီး ငါ မင်းကို ဘာမှ ဟောကြားစရာမရှိဘူး။ အားဝူနဲ့ကျန်တဲ့သူတွေကို အထုတ်အပိုးပြင်ဖို့ပြောလိုက်။ ငါတို့ ထွက်တော့မယ်"
"ဒါနဲ့ စင်းလုအန်က မင်းနဲ့တွေ့ချင်နေတယ်၊ ဆရာအဘိုး"ထန်ကွမ်းက ပြော၏"သူ စောင့်နေတာ နာရီအနည်းငယ်ရှိပြီး။ ငါ ဆရာအဘိုးကို နိုးဖို့ လုပ်ပေမယ့် သူက မလုပ်ဖို့ ပြောခဲ့တယ်"
"အလျင်လိုနေတာလား"ထန်ရှုက မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
"ကိစ္စက အတိအကျဘာလဲဆိုတာ ငါ မသိဘူး၊ ဒါပေမယ့် သူ့အမူအရာကြည့်ရတာ အလျင်လိုနေပုံပဲ"ထန်ကွမ်းက ပြန်ဖြေ၏။
ထန်ရှုက ခေါင်းညိတ်ကာ ခြေသံများချဉ်းကပ်လာနေသည့်ဦးတည်ဘက်ရှိရာသို့ လှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးများက စင်းလုအန်အပေါ်သို့ ကျရောက်သွားပြီး သူက မေးလိုက်၏"တစ်ခုခုဖြစ်ခဲ့လို့လား"
"ကလန်ကနေ ပြန်လာဖို့ ဆင့်ခေါ်တာကို ငါ အခုပဲ ရခဲ့တယ်၊ မစ္စတာထန်။ အမိန့်ကို မနေ့က ငါ့အဖေကိုယ်တိုင် ထုတ်ပြန်ခဲ့တာပဲ"စင်းလုအန်က အလျင်စလိုပြော၏"ငါ ဘယ်ကိုပဲ ရောက်ရောက် ကလန်ကို ချက်ချင်းပြန်ရမယ်၊ တစ်ခုခုဖြစ်နေမှာ ငါ စိုးရိမ်တယ်"
"ကလန်ကို ပြန်ဖို့ အမိန့်လား"ထန်ရှုက မျက်မှောင်ကြုတ်လိုက်သည်။
"ဟုတ်တယ်၊ ဒါက ကလန်ခေါင်းဆောင်ကပဲ ထုတ်ပြန်နိုင်တဲ့အမိန့်ပဲ"စင်းလုအန်က ရှင်းပြလိုက်သည်"အမှောင်နတ်ဆရာကလန်ရဲ့ဘယ်အဖွဲ့ဝင်မဆို၊ ဘယ်နေရာပဲ ရောက်ရောက်၊ ဘယ်သူပဲ ဖြစ်ဖြစ်၊ ကလန်ကို ချက်ချင်းပြန်ရမယ်။ အတိတ်တုန်းက ကလန်က သေရေးရှင်ရေးအခြေအနေကြုံတွေ့တဲ့အခါမှ ကလန်ခေါင်းဆောင်က အမိန့်ထုတ်ပြန်တာ။ အခု ဒါမျိုး ထပ်ဖြစ်လာမယ်လို့ ငါ မထင်ထားခဲ့ဘူး"
"လောလောဆယ် မင်းရဲ့အမှောင်နတ်ဆရာကလန်က ပြဿနာအချို့ ရင်ဆိုင်နေရလို့လား"ထန်ရှုက မေး၏။
"လွန်ခဲ့တဲ့နာရီအနည်းငယ်လောက်က ဘန်ကောက်ကငါ့လူတွေကို ဖုန်းခေါ်ခဲ့တယ်။ ငါ့ကလန်ရင်ဆိုင်နေရတဲ့ပြဿနာနဲ့ပတ်သက်ပြီး ဘာတစ်ခုမှ မကြားခဲ့ရဘူးတဲ့"စင်းလုအန်က ခေါင်းခါယမ်းလိုက်သည်။
ထူးခြားသောအမူအရာတစ်ခုက ထန်ရှု၏မျက်လုံးများထဲ၌ အရောင်လက်သွားပြီး သူက လေးနက်စွာ ပြော၏"မင်း ငါ့မေးခွန်းတစ်ခုကို ရိုးရိုးသားသားဖြေစေချင်တယ်။ မင်းအဖေက ဆက်ခံသူတစ်ယောက် ရွေးမယ်ဆိုရင် ဘယ်သူ့ကို ရွေးမယ်လို့ မင်း ထင်လဲ။ မင်းလား ဒါမှမဟုတ် မင်းအကိုလား"
"ငါ ဒီကိစ္စကို တွေးခဲ့တာ ကြာပြီ ဒါနဲ့ပတ်သက်ပြီး ကောက်ချက်ချပြီးနေပြီ"စင်းလုအန်က ခါးသီးသောအမူအရာနှင့် ပြောလိုက်သည်"ငါ ဝန်မခံချင်ရင်တောင် ငါ့အဖေက ငါ့အကိုကိုပဲ သေချာပေါက်ရွေးချယ်မယ်ဆိုတာ ငါ သိတယ်"
***