မင်းတို့က သေဖို့ ထိုက်တန်တယ်
Vol. 70 Ch. 975
"ဟမ်၊ မင်းအဖိုးကြီးက မင်းအကိုကို ရွေးချယ်ထားပုံရတယ်"စင်းလုအန်၏ခါးသီးသောအမူအရာကို ကြည့်ရင်း ထန်ရှုက သက်ပြင်းချလိုက်သည်"မင်း ပြန်ရောက်တဲ့အခါကျရင် မင်းကို ရှင်းပစ်ဖို့ အကြံအစည်ချထားမှာကို ငါ စိတ်ပူတယ်။ မင်းအဖေက တကယ်ပဲ မင်းနဲ့ ရင်ဆိုင်ဖို့ ပြင်ဆင်ထားရင် မင်း ရင်ဆိုင်ရမယ့်အရာက မင်းရဲ့ကလန်တစ်ခုလုံးပဲ"
"ငါ့အဖေက ငါ့ကို ကိုယ်တိုင် ရင်ဆိုင်မယ်လို့တော့ ငါ မယုံဘူး"စင်းလုအန်က ခေါင်းခါယမ်းလိုက်သည်"သူ့နှလုံးသားထဲမှာ ငါ့နေရာက ငါ့အကိုလောက် မမြင့်ပေမယ့် သူက ငါ့ကို အများကြီးဂရုစိုက်တယ်ဆိုတာ သေချာတယ်"
"ဒီလိုပဲ မျှော်လင့်ထားကြတာပေါ့"ထန်ရှုက ပြော၏"ဒါပေမယ့် ထိုင်းကို ရောက်တဲ့အခါကျရင် မင်းရဲ့အမှောင်နတ်ဆရာကလန်အောက်ကအဖွဲ့တွေရဲ့တိုက်ခိုက်မှုကို ကာကွယ်ဖို့ ပြင်ဆင်ထားဖို့ လိုမယ်။ အရင်အစီအစဉ်ကို ပြောင်းရမယ့်ပုံပဲ"
"ဘာအစီအစဉ်လဲ"စင်းလုအန်က မျက်နှာအမူအရာပြောင်းလျက် မေး၏။
သူ့မေးခွန်းအား ထန်ရှုက မဖြေဘဲ ထိုအစား ထန်ကွမ်းအား ကြည့်ကာ အမိန့်ပေးလိုက်သည်"စိုင်းဖန်ကနေ ဘန်ကောက်ထိ မှောင်ခိုသွားဖို့ နည်းလမ်းတစ်ခုရှာပြီး မြွေခေါင်းကို ဆက်သွယ်။ မင်းနဲ့အန်က ငါနဲ့ လိုက်လာရမယ်။ အားဝူနဲ့ကျန်သူတွေကို ကိုယ့်ဟာကိုယ် လိုက်လာဖို့ ပြောလိုက်"
"ငါ ချက်ချင်း စီစဉ်လိုက်ပါ့မယ်"ထန်ကွမ်းက ခေါင်းညိတ်၏။
နေ့လည်ရောက်လာပြီး စိုင်းဖန်ရှိစတုတ္ထမြောက်အားအကောင်းဆုံးပုံရိပ်၏ပိုင်ဆိုင်မှုတစ်ခုဟု သတင်းထွက်သည့် ဆိပ်ကမ်းသို့ ကားနှစ်စီးက လျင်မြန်စွာ ဦးတည်လာခဲ့သည်။ ဆိပ်ကမ်းက သေးငယ်သော်ငြား သင်္ဘောအချို့က ထိုနေရာ၌ ကျောက်ချနေသည်။
လက်ရှိတွင် နေကာမျက်မှန်နှင့် အနက်ဝတ်လူလတ်ပိုင်းဒါဇင်ကျော််က လူငယ်တစ်ယောက်ဘေးနားတွင် ရပ်နေ၏။ ကတ်ဦးထုပ်ဆောင်းထားကာ ပန်းတစ်ပွင့်ထိုးထားသည့်ဝတ်ရုံရှည်နှင့်လူတစ်ယောက်က လူရွယ်နှင့် စကားပြောနေသည်၊ သို့သော် သူတို့၏အမူအရာက အေးစက်နေလေ၏။
"နောက်ဆယ့်ငါးမိနစ်ကျမှ ငါတို့ ထွက်မယ်။ မင်း ဘယ်သူလဲ ငါ စိတ်မဝင်စားဘူး။ မင်း မကျေနပ်ရင် အခြားနည်းလမ်းတွေ မင်းကိုယ်တိုင် သွားရှာ"
"မင်း အခု ထွက်မယ်ဆိုရင် မင်းရဲ့အကောင့်ထဲကို ဒေါ်လာတစ်သန်း လွှဲပေးမယ်"အနက်ဝတ်လူငယ်က အင်္ဂလိပ်စကားကျွမ်းကျင်စွာနှင့် ပြောလိုက်သည်။
လောဘကြီးသောအကြည့်တစ်ခုက လူလတ်ပိုင်း၏မျက်လုံးများထဲတွင် ပေါ်ထွက်လာသော်လည်း သူက ခေါင်းခါယမ်းလိုက်သည်"မရဘူး။ ဒါက ငါတို့ရဲ့စည်းမျဉ်းပဲ၊ ငါ မချိုးဖောက်နိုင်ဘူး။ ပြီးတော့ မင်းတို့အဖွဲ့ပဲ ငါတို့ရဲ့ဧည့်သည် မဟုတ်ဘူး။ အခြားအဖွဲ့တွေ ရှိသေးတယ်၊ ဒါကြောင့် ငါတို့ မထွက်ခင် သူတို့ကို စောင့်ရမယ်"
သူ့အဖြေက အနက်ဝတ်လူငယ်အား ဆဲဆိုမိသွားစေသည်။ လူငယ်ဘေးနားရှိတုတ်ခိုင်သန်မာသောလူဒါဇင်ကျော်က ပစ္စတိုများအား ချက်ချင်း ဆွဲထုတ်ကာ ပိန်ပိန်ပါးပါးသက်လတ်ပိုင်းလူအား ချိန်လိုက်၏။ သူတို့၏သေနတ်ပြောင်းဝများက သူ့အား ချိန်ထားနေစဉ် ငါးဖမ်းသမားများနှင့်တူသောလူတစ်စုက ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုလူများနှင့်အမျိုးသမီးများက သတ်ဖြတ်ခြင်းအရှိန်အဝါအား ထုတ်လွှတ်နေလေ၏။ တစ်ယောက်ချင်းစီက စက်သေနတ်များ၊ ရိုင်ဖယ်သေနတ်များအား ကိုင်ဆောင်ထားပြီး တုတ်ခိုင်သန်မာသောလူများတွင် ပစ္စတိုများသာ ရှိသည်။
အနေအထားကို သဘောပေါက်ပြီး အနက်ဝတ်လူငယ်က ချက်ချင်းလက်မြှောက်ကာ ပြောလိုက်သည်"ကောင်းပြီ၊ ခင်ဗျား နိုင်ပါတယ်။ အနာဂတ်ကျရင် ကျုပ်တို့တွေ ထပ်မတွေ့ပါစေနဲ့လို့ မျှော်လင့်ပါတယ်"
ထိုသို့ပြောပြီးနောက် သူ့လူဒါဇင်ကျော်အား ဦးဆောင်လျက် အနီးဆုံးရှိသင်္ဘောပေါ်သို့ လျင်မြန်စွာ တက်သွား၏။
ထန်ရှုအနောက်ရှိထန်ကွမ်းက အရှေ့ရှိမြင်ကွင်းအား အထင်သေးစွာ ကြည့်ရင်း တီးတိုးပြောလိုက်သည်"ဒါက မှောင်ခိုသမားတွေကြားမှာ မကြာခဏမြင်တွေ့ရတဲ့မြင်ကွင်းတစ်ခုပဲ။ ကံကောင်းတဲ့သူတွေက သူတို့ရဲ့လိုရာပန်းတိုင်ကို ရောက်ပြီး ကံဆိုးတဲ့သူတွေက လုယက်ခံရပြီး သူတို့ရဲ့အလောင်းတွေ ပင်လယ်ထဲကို ပစ်ချခံရမယ်။ ဒီတစ်ကြိမ်မှာ ငါတို့က လူမိုက်တွေနဲ့ ထိပ်တိုက်တွေ့ရအုံးမယ်ထင်တယ်"
"သူတို့က လူမိုက်တွေလို့ မင်း ထင်တာလား"ထန်ရှုက မေးလိုက်သည်။
"ဟင့်၊ ငါတို့အတွက်တော့ သူတို့က သာမန်လူတွေပါပဲ"ထန်ကွမ်းက ခေါင်းခါယမ်းကာ ပြော၏"ဥပဒေဘက်တော်သားတွေအတွက်တော့ ဒီကောင်တွေက ရင်ဆိုင်ရအရမ်းခက်ခဲတယ်၊ အထူးသဖြင့် သင်္ဘောပေါ်ကို ခုလေးတင် တက်သွားတဲ့သူတွေပဲ။ အတိတ်မှာ သူတို့က လူအများကြီး သတ်ခဲ့တာ သေချာတယ်"
"ငါတို့အနေနဲ့ ကိစ္စတွေကို ရှုပ်ထွေးအောင် လုပ်ဖို့ မလိုဘူး"ထန်ရှုက ခေါင်းညိတ်၏"ငါတို့က ဘန်ကောက်ကို တိတ်တိတ်ကလေးရောက်သွားဖို့ပဲ လိုတယ်။ သူတို့က ငါတို့ကို ရန်မစရင် သူတို့က မသေချင်ရင် သူတို့ကို လစ်လျူရှုထားလိုက်"
"ငါ နားလည်ပါတယ်"ထန်ကွမ်းက ခေါင်းညိတ်လိုက်သည်။
များမကြာမီ ထန်ကွမ်းတို့ကိုးယောက်အုပ်စုက ပိန်ပိန်ပါးပါးသက်လတ်ပိုင်းလူအရှေ့သို့ ရောက်ရှိလာသည်။ ထန်ကွမ်းက သူ့အား လက်ဟန်အချို့ပြကာ ရှေ့တိုးသွားလျက် မေးလိုက်၏"ဒီမနက်ကပဲ မင်းအကောင့်ထဲ ငါ ပိုက်ဆံလွှဲပေးပြီးပြီ။ ငါတို့အဖွဲ့ရဲ့သင်္ကေတက တစ္ဆေအရိပ်ပဲ"
"မင်းတို့က လုပ်ထုံးလုပ်နည်းကို သိပြီးသားဆိုတော့ အများကြီးပြောစရာမလိုဘူး"သက်လတ်ပိုင်းလူက သူတို့အဖွဲ့အား ကြည့်ကာ ပြောလိုက်သည်"ဒါပေမယ့် လမ်းခရီးတစ်လျှောက် ငါတို့ရဲ့အစီအမံကို လိုက်နာပါ။ ကောင်းပြီလေ၊ မင်းတို့ တက်လို့ရပြီ။ နောက်ဆယ်မိနစ်ကျရင် ငါတို့ ထွက်ခွာမယ်"
"ငါ သိချင်တာ နောက်တစ်ခုရှိတယ်"ထန်ကွမ်းက မေး၏"ဒီတစ်ကြိမ် မင်းတို့ လူဘယ်လောက် မှောင်ခိုခေါ်သွားမှာလဲ"
ပိန်ပိန်ပါးပါးသက်လတ်ပိုင်းလူက ထန်ကွမ်းအား အနည်းငယ်အံ့အားသင့်သောအမူအရာနှင့် ကြည့်လျက် ပြံးဖြဲဖြဲနှင့် ပြော၏"ကြည့်ရတာ ငါက စီးပွားရေးလုပ်တာ သက်တမ်းရင့်နေတဲ့ အဖွဲ့တစ်ဖွဲ့နဲ့ တွေ့နေရတယ်ထင်တယ်။ ကောင်းပြီလေ၊ မင်းတို့ကို ပြောလို့ ငါ့အတွက် ဘာမှ မထိခိုက်ပါဘူး။ ဒီတစ်ကြိမ် ငါတို့နဲ့အတူ ဘန်ကောက်ကို သွားဖို့ လူလေးဆယ်ရှိထားပြီ၊ မင်းတို့နဲ့ ပေါင်းလိုက်ရင် ငါးဆယ်လောက်ပေါ့။ ဒါပေမယ့် မင်းတို့ ဂရုစိုက်ရလိမ့်မယ်။ စောစောက သင်္ဘောပေါ်တက်သွားတဲ့လူတွေက သူတော်စင်တွေ မဟုတ်ဘူး။ လမ်းခရီးမှာ မင်းတို့ သူတို့နဲ့ ပြဿနာတက်ရင် ငါတို့ ဘာမှဝင်ပါမှာမဟုတ်ဘူး"
"ငါတို့ နားလည်တယ်"ထန်ကွမ်းက ပြောလိုက်၏။
အနည်းငယ်ကြာပြီးနောက် လူတိုင်းက သင်္ဘောပေါ်သို့ တက်သွား၏။ သင်္ဘောက အလွန်ညစ်ပတ်ပြီး အမှိုက်များအား နေရာတိုင်းတွင် မြင်နိုင်သည်၊ ကုန်ပစ္စည်းအမြောက်အများက ပြန့်ကျဲနေ၏။ သင်္ဘောပေါ်သို့ တက်လိုက်သည်နှင့် သင်္ဘောအခန်းငယ်မှ အနံ့ဆိုးတစ်ခုအား လူတိုင်းက အနံ့ရမိ၏။ အတွင်းရှိအနေအထားက အလွန်ဆိုးရွားပြီး ကုန်ပစ္စည်းများကြားတွင် သုံးယောက်တစ်ဖွဲ့၊ တစ်ဖွဲ့ စသဖြင့် ပြန့်ကျဲနေသည်။ ခုနှစ်ယောက်၊ ရှစ်ယောက်အဖွဲ့များလည်း ရှိ၏။
ထို့ပြင် လူအိုကြီးများ၊ လူငယ်လူရွယ်များနှင့် အမျိုးသမီးများအားလည်း သင်္ဘောပေါ်တွင် မြင်တွေ့ရသည်။ အသိသာအမြင်သာဆုံးက ကျစ်ဆံမြီးနှင့်သာမန်အသွင်အပြင်ရှိသည့်အမျိုးသမီးငယ်တစ်ယောက်နှင့် ခုနှစ်နှစ်ထက်မပိုဟုထင်ရသည့်ကလေးနှစ်ယောက်တို့ပင်။
ထန်ကွမ်းက လက်ဖဝါးလှန်ကာ ဓားမြှောင့်တစ်ချောင်းအား ယူထုတ်လျက် အတွင်းဘက်ထောင့်ကျသောနေရာတစ်ခုသို့ လျှောက်သွား၏။ ထိုနေရာတွင် ထိုင်နေသော လူသုံးယောက်အား စိုက်ကြည့်ကာ သူက အေးစက်စွာ ပြောလိုက်သည်"ထွက်သွားကြစမ်း။ ဒီနေရာက ငါတို့ပိုင်တယ်"
ထိုလူသုံးယောက်က ထန်ရှုနှင့်စင်းလုအန်တို့အဖွဲ့အား ကြည့်ကာ အကြည့်ချင်း လျင်မြန်စွာ ဖလှယ်လျက် အခြားတစ်နေရာသို့ ထွက်ခွာသွားလေသည်။
ထန်ရှုက ခပ်ဖျော့ဖျော့သာ ပြုံး၏။ အမျိုးသမီးအား ဖြတ်ကျော်ချိန်တွင် ကလေးနှစ်ယောက်ထံ သကြားလုံးအနည်းငယ်ပစ်ပေးလျက် ထောင့်၌ ထိုင်လိုက်လေသည်။
ထို့နောက် အခြားအဖွဲ့ငယ်အချို့ တက်လာပြန်၏၊ တစ်ဖွဲ့စီတွင် အများဆုံး လေးယောက်သာ ရှိပြီး နှစ်ယောက်တစ်ဖွဲ့နှင့် တစ်ကိုယ်တော်ခရီးသွားတစ်ယောက်လည်း ပါ၏။
ဆယ်မိနစ်ကြာပြီးနောက် ပိန်ပိန်ပါးပါးသက်လတ်ပိုင်းလူက စက်သေနတ်ကိုင်လူရွယ်နှစ်ယောက်နှင့်အတူ အပြင်ဘက်မှ ဝင်လာ၏။ သူက အခန်းတစ်ဝိုက် အေးစက်စွာ ကြည့်လျက် ကျယ်လောင်စွာ အော်ပြောလိုက်သည်"သင်္ဘောပေါ်တက်လာသူတွေအားလုံးကို ကြိုဆိုပါတယ်။ ငါက မတ်ပါ၊ မြွေခေါင်းရဲ့ခေါင်းဆောင်ပါ။ ခရီးနဲ့ပတ်သက်ပြီး မင်းတို့ကို ငါ ကြိုတင်ပြောစရာရှိတယ်။ လမ်းတစ်ဝက်လောက်ကျရင် ကျွန်းတစ်ကျွန်းမှာ ငါတို့ ရပ်နားမယ်။ အဲနေရာမှာ အခြားသင်္ဘောတွေက မင်းတို့ကို မင်းတို့ရဲ့ပန်းတိုင်ဆီ ခေါ်သွားပေလိမ့်မယ်။ မင်းတို့တစ်ခုလုပ်ရမှာက ငါ့သင်္ဘောရဲ့စည်းမျဉ်းကို လိုက်နာဖို့ပဲ။ တစ်ယောက်ယောက် ပြဿနာရှာရဲရင် ငါ့လက်ထဲကသေနတ်က လူမရွေးဘူးဆိုတာ ငါ သတိပေးပါရစေ"
ထို့နောက် သင်္ဘောက စတင်ထွက်လာခဲ့သည်။
နာရီအနည်းငယ်ကြာပြီးနောက် သင်္ဘောက စိုင်းဖန်မှ အတော်ခပ်ဝေးဝေးသို့ ရောက်ရှိလာခဲ့ချေပြီ။ အဆုံးမဲ့အပြာရောင်သမုဒ္ဒရာမှ လွဲ၍ အခြားဘာမှ မရှိ၊မမြင်ရပေ။ နေ့လည်ခင်းဖြစ်ကာ နေက အလွန်တောက်ပနေပြီး ပြတင်းပေါက်ကို ဖြတ်လျက် အခန်းငယ်ထဲသို့ အလင်းနှင့်အတူ အနွေးဓာတ်များ ပို့ဆောင်ပေးနေလျက်ရှိသည်။
"ငါ ဗိုက်ဆာတယ်၊ အမေ"ချည့်နဲ့သောအသံတစ်ခုက အဝေးမှ လွင့်ပါလာသည်။
ထန်ရှုက အသံရင်းမြစ်ကို ကြည့်လိုက်ရာ အမျိုးသမီး၏ဘယ်ဘက်ခြမ်းတွင် ထိုင်နေသော ကောင်လေးက ဗိုက်ပွတ်နေသည်ကို မြင်လိုက်ရ၏။
အမျိုးသမီးက အံကြိတ်လျက် မျက်ရည်များက စိုဆွတ်လာတော့သည်။ သူမက ကောင်ငယ်လေးအား ပွေ့ဖက်ကာ တီးတိုးပြောလိုက်၏"ပီလေး၊ အလောတကြီးထွက်လာရလို့ စားစရာဘာတစ်ခုမှ အမေမှာ မပါလာဘူး။ ခဏလောက် သည်းခံထားနော်။ ထိုင်းကို ရောက်တာနဲ့ အမေ မင်းကို အသားတွေ ဝယ်ကျွေးမယ်"
မကျေနပ်သော်လည်း ကောင်လေးက တိတ်တဆိတ်သာ ခေါင်းညိတ်ပြလိုက်သည်။
ထန်ရှုက သက်ပြင်းချလိုက်၏။ သူက အိပ်ကပ်ထဲသို့ လက်ထိုးထည့်ကာ သိုလှောင်လက်စွပ်မှချောကလက်တောင့်သုံးခုအား ယူထုတ်လိုက်သည်။ ထို့နောက် သူက ထိုသားအမိသုံးယောက်ထံ ပစ်ပေးကာ ခပ်ဖျော့ဖျော့ပြော၏"လူကြီးတွေက ဗိုက်ဆာတာ ခံနိုင်ပေမယ့် ကလေးတွေက ဘယ်ခံနိုင်ပါ့မလဲ။ မင်းရဲ့လေသံကို နားထောင်ရတာ မင်းတို့က တရုတ်က ထင်တယ်"
အမူအရာအနည်းငယ်ပြောင်းလဲသွားပြီး ကျိုချင်၏မျက်နှာပေါ်တွင် သတိထားသည့်အသွင် ဖြစ်လာသည်။ သူမက ထန်ရှုအား တစ်ချက်ကြည့်ကာ သူမအရှေ့ရှိ ချောကလက်တောင့်နှစ်ခုအား ကောက်ကာ ကလေးနှစ်ယောက်အား ပေးလိုက်၏"ကျေးဇူးတင်ပါတယ်၊ ငါတို့က တရုတ်တွေပါ"
ထန်ရှုက ခေါင်းညိတ်တုံ့ပြန်ပြီး ဘာမှ ထပ်မပြောတော့ပေ။
ဤအချိန်တွင် အနက်ဝတ်လူငယ်က ထန်ရှုအား ကြည့်ရာမှ သူ့အာရုံအား အမျိုးသမီးနှင့်ကလေးနှစ်ယောက်ထံ ပြောင်းရွှေ့လိုက်သည်။ သူက ဘေးနားရှိသူ့လူနှစ်ယောက်အား တီးတိုးပြော၏။ ထို့နောက် ရက်စက်ကြမ်းကြုတ်သည့်အသွင်အပြင်နှင့်ဥရောပနွယ်ဖွားလူနှစ်ယောက်က အမေနှင့်ကလေးများထံ ရောက်လာပြီး ကလေးများ၏လက်ထဲရှိချောကလက်တောင့်နှစ်ခုအား လုယူကာ အနက်ဝတ်လူငယ်အား ပေးလိုက်သည်။
ထန်ရှုက မျက်မှောင်ကြုတ်လိုက်ပြီး ကလေးနှစ်ယောက်အား ကြည့်လိုက်၏။ သူတို့မျက်နှာက အောက်သိုးသိုးဖြစ်နေသော်ငြား ဘာမှမပြောရဲကြပေ။ ထို့နောက် ထန်ရှုက သူ့မျက်လုံးများအား အနက်ဝတ်လူငယ်ထံ ပြောင်းရွှေ့ကာ ခပ်ဖျော့ဖျော့ပြောလိုက်၏"ကလေးတွေကို ပြန်ပေးလိုက်၊ အဲဒါဆိုရင် ငါ ဒီတိုင်း ထားလိုက်မယ်။ မဟုတ်ရင် မင်း သနားစဖွယ်နဲ့အဆုံးသတ်ဖို့သာ ပြင်ထား"
အနက်ဝတ်လူငယ်က ထန်ရှုနှင့်သူ့လူများအား ကြည့်လိုက်သလို စင်းလုအန်တို့အဖွဲ့၊ အထူးသဖြင့် အဖြူဝတ်လူအိုကြီးငါးယောက်နှင့်ချောမောလှပေသောအမျိုးသမီးတို့အား လေ့လာကြည့်လိုက်သည်။ သူက သူ့လူများအား ရုတ်တရက် ပြောလိုက်၏"ငါ့ကို ခြိမ်းခြောက်တဲ့သူတွေကို ငါ မုန်းတယ်။ သူတို့မှာရှိသမျှ အစားအစာအားလုံးကို ယူလာခဲ့။ သူတို့က ငြင်းရင် ကျည်ဆံအချို့ပေးပြီး အလောင်းကို ပင်လယ်ထဲ မျောလိုက်"
"သိပါပြီ....."
လူသန်ကြီးလေးယောက်က သူတို့၏ပစ္စတိုများအား ဆွဲထုတ်ကာ ပြံးဖြဲဖြဲလုပ်လျက် ထန်ရှုအဖွဲ့ထံ လျှောက်လာလေ၏။
သေနတ်ကိုင်လျက် လျှောက်လာသောလူလေးယောက်ကို မြင်ပြီး ကျိုချင်း၏မျက်ခုံးများက ကျုံ့သွားကာ ကြောက်ရွံ့မှုက သူမမျက်လုံးများတွင် သိသိသာသာပေါ်လာ၏။ သို့သော် လူလေးယောက်က ထန်ရှုတို့အဖွဲ့ရှေ့သို့ ရောက်လာမည့်ဆဲဆဲတွင် သူမက ချက်ချင်းအော်လိုက်သည်"သူတို့ကို ဒုက္ခမပေးပါနဲ့။ ငါတို့ အဲဒီချောကလက်ကို မလိုချင်ပါဘူး"
"ပါးစပ်ပိတ်ထားစမ်း၊ ခွေးမ...."
လူသန်ကြီးတစ်ယောက်က ပြန်လှည့်ကာ ကျိုချင်းအား စိုက်ကြည့်လျက် ကျိန်ဆဲလိုက်သည်။
ဖြန်း.....
ပါးရိုက်သံအား ကျယ်လောင်စွာ ကြားလိုက်ရသည်၊ ထန်ကွမ်းက လျှပ်စီးအလား ရွေ့လျားပြီး ပါးရိုက်ကာ ရင်ဘတ်အား ကန်ချလိုက်ရာ ခုနှစ်မီတာအကွာသို့ လွင့်ထွက်သွားပြီး ကုန်ပစ္စည်းအစုအပုံတစ်ခုပေါ်သို့ ကျသွားလေသည်။ ထို့နောက် သူက အေးစက်စွာ အော်ပြောလိုက်၏"မင်းတို့ရဲ့သေနတ်တွေက သန်မာသူတွေအတွက်တော့ ဘာမှမဟုတ်ဘူး။ ငါ့ရဲ့ဆရာအဘိုးကို ဆန့်ကျင်တဲ့အတွက် မင်းတို့ သေသင့်တယ်"
"ခွေးကောင်....."
အခြားလူသန်ကြီးသုံးယောက်က အကြည့်များ ဖလှယ်လိုက်ကြသည်။ သူတို့က သေနတ်ပြောင်းဝအား ထန်ရှုထံ ချိန်လိုက်၏။ သို့သော် သူတို့က ခလုတ်နှိပ်မည့်ဆဲဆဲတွင် ထန်ကွမ်းလက်ထဲတွင်လည်ပတ်နေသောဓားမြောင်က သူတို့လည်ပင်းအား ချက်ချင်းလှီးဖြတ်သွားကာ သူက ခပ်မြန်မြန်ကန်လိုက်သည်။ သွေးများပန်းထွက်ကာ အလောင်းသုံးလောင်းက ကြမ်းပြင်ပေါ်သို့ ပုံကျသွားလေ၏။
ကျိုချင်းက ကလေးနှစ်ယောက်၏မျက်လုံးများအား ကမန်းကတန်းဖုံးလိုက်သည်ကို မြင်ပြီး ထန်ရှုက သာမန်ဆန်စွာ ပြောလေ၏"ကလေးတွေရှေ့မှာ ဒီလိုသွေးသံရဲရဲနည်းလမ်းတွေ အသုံးမပြုသင့်ဘူး၊ ကွမ်။ သူတို့ရဲ့အလောင်းကို အပြင်ကို ပစ်ထုတ်လိုက်၊ မင်းကို တားတဲ့လူရှိရင် သတ်ပစ်"
***