ငါက သူများအရေးဝင်စွက်ဖက်သူတစ်ယောက်မဟုတ်ပါဘူ
Vol. 70 Ch. 976
အနက်ဝတ်လူငယ်က ခုံတန်းမှ ထကာ ထန်ရှုအား စိုက်ကြည့်လိုက်သည်။ ထို့နောက် သူနှင့်ကျန်ရှိသောသူ့လူများက ပစ္စတိုသေနတ်များအား ထုတ်လိုက်၏။ သူတို့က သေနတ်ပြောင်းဝများအား ထန်ရှုထံ ချိန်ထားလျက်ရှိသော်လည်း ထန်ကွမ်၏အေးစက်စက်အသံက ထွက်ပေါ်လာသည်"မင်းတို့ ဒီနေရာမှာ မသေချင်ရင် သေနတ်ကို အောက်ချလိုက်။ မင်းတို့ရဲ့သေနတ်တွေက အသုံးမဝင်ဘူးလို့ ငါ ပြောခဲ့ပြီးသား၊ ငါ့မျက်စိထဲမှာတော့ အားလုံးက ကစားစရာအရုပ်တစ်ရုပ်လိုပဲ"
"ဘယ်လိုတောင် မောက်မာတဲ့စကားလဲ"အနက်ဝတ်လူငယ်က အော်လိုက်သည်။
အေးစက်စက်အလင်းတစ်ခုက ထန်ကွမ်း၏မျက်လုံးများထဲ၌ လျှပ်တစ်ပြက်လက်သွား၏။ သူ့လက်ထဲရှိဓားမြှောင်က အနှီလူငယ်၏လက်အောက်ဝတ်အား ချက်ချင်းထိုးစိုက်သွားသည်။ ထိုအကောင်၏ပစ္စတိုက ကြမ်းပြင်ပေါ်သို့ ကျသွားချိန်တွင် နူးညံ့သိမ်မွေ့သောအမျိုးသမီးတစ်ယောက်က ခုန်လွှားလျက် လူသန်ကြီးခုနှစ်ယောက်၏အရှေ့၌ ထွက်ပေါ်လာ၏၊ သူမလက်ဖဝါးထဲရှိငွေရောင်အပ်ချည်မျှင်က ရွေ့လျားသွားပြီး သူတို့၏လက်ကောက်ဝတ်များအား ဖြတ်တောက်လိုက်သည်၊ ထို့နောက် လက်ကောက်ဝတ်များက ပစ္စတိုသေနတ်များနှင့်အတူ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေ၏။
ချက်ချင်းပင် အခန်းငယ်ထဲရှိမှောင်ခိုကူးသန်းသူအားလုံးက ထိတ်လန့်သွားလျက် ထန်ကွမ်းနှင့်သိမ်မွေ့သောအမျိုးသမီးအား မယုံနိုင်သောမျက်လုံးများနှင့် ကြည့်လိုက်ကြတော့၏။
အခန်းငယ်၏တံခါးဝတွင် အမြဲတမ်းအိပ်ငိုင်နေပုံပေါ်သည့်ပိန်ပိန်ပါးပါးသက်လတ်ပိုင်းလူက ရုတ်တရက် ခေါင်းမော့ကာ သာမန်မျှစွာ ပြောလိုက်သည်"မင်းတို့ ဒီနေရာမှာ သွေးယိုစီးစေချင်ရင် အပြင်ကို ထွက်သွားကြ။ ငါ သွေးနံ့ကို မုန်းတယ်"
နာကျင်လွန်းကာ ညည်းညူနေသောအနက်ဝတ်လူငယ်နှင့်သူ့လူများအား ထန်ရှုက တစ်ချက်ကြည့်လိုက်သည်။ သူက ခေါင်းခါယမ်းကာ ပြော၏"ဒီနေရာမှာပဲ ရပ်ကြတာပေါ့၊ မြွေခေါင်းသူဌေးက သွေးနံ့ကို မကြိုက်ဘူးလို့ ပြောနေတာဆိုတော့။ ပြီးတော့ မင်း၊ အနက်ကောင်လေး။ မင်းက ဘယ်သူဘယ်ဝါ၊ မင်းရဲ့နောက်ခံက ဘာပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး။ ငါက ဒီသင်္ဘောပေါ်မှာ မင်းရန်စလို့မရတဲ့တစ်ယောက်ဆိုတာ မှတ်ထား။ မင်းရဲ့အသက်ကို တန်ဖိုးထားရင် ကောင်းကောင်းနေ"
အနက်ဝတ်လူငယ်က ထန်ရှုအား မုန်းတီးစွာ စိုက်ကြည့်လိုက်သည်။ သူက အံကြိတ်လျက် ခုံတန်းပေါ်တွင် ပြန်ထိုင်လိုက်၏။ မည်သို့ပင်ဆိုစေကာမူ သူ့လူတစ်ယောက်စီက သာမန်လူတစ်အုပ်နှင့်ဖက်ပြိုင်နိုင်သည့်ကျွမ်းကျင်သူများနှင့် ယှဉ်နိုင်သည်ကို သူ သိသောကြောင့် သူ့နှလုံးသားထဲ၌ ထန်ရှုကို ကြောက်ရွံ့ခြင်းအား ဖယ်ထုတ်မရပေ။ အမျိုးသားနှင့်အမျိုးသမီးနှစ်ယောက်အား ရင်ဆိုင်ရချိန်၌ သူတို့က ပြန်တိုက်ခိုက်ရန်အခွင့်တအရေးလုံးဝမရှိခဲ့ပေ။
ထိုလူများက အလွန်အားကောင်းသောကျွမ်းကျင်သူများဖြစ်သည်မှာ သေချာ၏။
ဒရာမာဆန်သောရလဒ်နှင့်အတူ အဖြစ်အပျက်အလှည့်အပြောင်းက ကျိုချင်း၏မျှော်မှန်းချက်နှင့် ဝေးကွာလွန်းနေသည်။ သူမ ဝင်ပြောရခြင်းက ကလေးများအား သကြားလုံးနှင့်ချောကလက်များပေးခဲ့သောထန်ရှုအား ကျေးဇူးတင်သောကြောင့်ပင်၊ သူ့အား ထိုလူများ အနိင်ကျင့်မည်ကိုလည်း သူမက စိုးရိမ်၏။ သို့သော် အမှန်တကယ်ရက်စက်ကြမ်းကြုတ်သူက ဤကြည့်ကောင်းပြီးကြင်နာတတ်သောနှလုံးသားရှိသည့်လူငယ်ဖြစ်မည်ဟု သူမ မထင်ထားခဲ့ပေ။
ဤအချိန်တွင် သူမက ထန်ရှုအား ခိုးကြည့်လိုက်သည်၊ သူမက သူ့အား ချောင်းကြည့်နေသည်ကို ထန်ရှုကိုယ်တိုင်က သိ၏။ သူက သူမအား ပြုံးပြလျက် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါက ငါတို့ကို တွေ့ဆုံခွင့်ပေးခဲ့တဲ့ကံကြမ္မာပဲ၊ ဒါက ငါ မင်းနဲ့မင်းကလေးတွေကို ကာကွယ်ပေးခဲ့တဲ့အကြောင်းပြချက်လဲ ဖြစ်တယ်"
"ကျေးဇူးတင်ပါတယ်"ကျိုချင်းက ကျေးဇူးတင်စကားဆိုလိုက်၏။
ယခင်က မှောင်ခိုကူးသည့်ဖြစ်စဉ်က အန္တရာယ်များမည်ကို သူမက စိုးရိမ်ခဲ့သည်။ သို့သော် သူမ ကိုယ်တိုင်မျက်မြင်တွေ့ခဲ့ရပြီးနောက် စိုးရိမ်မှုက ပိုနက်ရှိုင်းလာပြီး သင်္ဘောပေါ်၌ မတော်တဆတစ်ခုဖြစ်မည်ကို ကြောက်နေခဲ့သည်။ သို့သော် ထန်ရှု၏စကားကို ကြားပြီးနောက် သူမ၏စိုးရိမ်သောကက များစွာ လျော့ကျသွားခဲ့၏။
ထန်ရှုအား ရင်းနှီးသည်ဟူသောခံစားချက်အား သူမက ဖယ်ထုတ်လို့မရနိုင်ပေ။ သူမက သူ့အား တစ်နေရာရာတွင် တွေ့ဖူးသည်ဟု ခံစားမိနေ၏၊ ထိုအတွေးက တဝဲဝဲလည်နေသော်လည်း ဘယ်နေရာတွင်ဆိုသည်အား သူမက မမှတ်မိနိုင်ပေ။
အချိန်အတန်ကြာပြီးနောက် သူမက ရုတ်တရက် သတ္တိရှိလာကာ ထန်ရှုအား မေးလိုက်သည်"ရှင် ကျိုတာချွမ်ဆိုတဲ့တစ်ယောက်ယောက်ကို သိလား"
ကျိုတာချွမ်လား။
"ငါ သူ့ကို မသိဘူး"ထန်ရှုက ခေါင်းခါယမ်းလိုက်သည်။
စိတ်ပျက်သောအမူအရာက ကျိုချင်း၏မျက်လုံးများထဲ၌ အရောင်လက်သွား၏။ တစ်ချိန်က သူမအဖေက တရုတ်တွင် ကျော်ကြားသောပုံရိပ်တစ်ခုဖြစ်ပြီး ကျယ်ပြန့်သောအဆက်အသွယ်များ ရှိသည်။ အလွန်အားကောင်းသောမိသားစုတစ်ခုအား ရန်စမိခဲ့ခြင်းကြောင့်မဟုတ်လျှင် သူက တရုတ်မှ ထွက်ပြေးပြီး နိုင်ငံခြား၌ နာမည်ပြောင်းလျက် နေရလိမ့်မည်မဟုတ်ပေ။
ဤတစ်ကြိမ်တွင် သူမယောင်္ကျား၏မိသားစုက ရှုံးနိမ့်သွားခဲ့ပြီး သူမယောင်္ကျားက ကားမတော်တဆမှုတစ်ခုတွင် သေဆုံးသွားခဲ့ရသည်။ တစ်ယောက်တည်း အကူအညီမဲ့စွာနှင့် သူမ၏တစ်ခုတည်းသောရွေးချယ်စရာက သူမအဖေရှိရာနိုင်ငံရပ်ခြားသို့ ကလေးနှစ်ယောက်အား ခေါ်လာခြင်းပင်။ သို့သော် ရန်သူခြေရာခံမိခြင်းအား ရှောင်ရှားနိုင်ရန်အတွက် သူမအဖေနှင့်ရင်းနှီးသူညီအကိုအချို့အား ဆက်သွယ်ကာ စိုင်းဖန်သို့ တရားမဝင်လမ်းကြောင်းနှင့် ဝင်ရောက်လာခဲ့သည်။ ထို့နောက် စိုင်းဖန်မှ ထိုင်းနိုင်ငံသို့ မှောင်ခိုသင်္ဘောနှင့် ဆက်သွားရမည်။
ထန်ရှု ဘေးနားသို့ ပြန်ရောက်လာသောထန်ကွမ်းက အနည်းငယ်အံ့အားသင့်ပုံပေါ်လျက် တီးတိုးပြောလိုက်သည်"ကျိုတာချွမ်အကြောင်း ငါ သိတယ်၊ ငါ သူနဲ့ တစ်ခါ တွေ့ဖူးတယ်၊ သူဌေး။ သူနဲ့သူမပြောခဲ့တဲ့လူက လူတစ်ယောက်တည်းပဲလားဆိုတော့ ငါ မသိဘူး"
"မင်း သိတာလား"ထန်ရှုက မေးလိုက်၏"ဒီကျိုတာချွမ်က ဘယ်သူလဲ"
"တစ်ချိန်က တောင်ပိုင်းပြည်နယ်ရဲ့ကျော်ကြားတဲ့ပုဂ္ဂိုလ်တစ်ယောက်ပဲ"ထန်ရှုက တိုးတိုးလေးပြန်ဖြေ၏"သူက တိုင်းပြည်ရဲ့အမြင့်ဆုံးအရာရှိတွေနဲ့ တိုက်ရိုက်အချိတ်အဆက်မရှိပေမယ့် သူ့ကို အားကောင်းတဲ့ပုံရိပ်တစ်ခုလို့ သတ်မှတ်လို့ရတယ်။ သူက စီးပွားရေးသမားတစ်ယောက်၊ ဘယ်အရာကနေမဆို ငွေလုပ်နိုင်တဲ့လူတစ်ယောက်ပဲ။ ဒါပေမယ့် လွန်ခဲ့သောဆယ်စုနှစ်လောက်က ဖူးခန်းပြည်နယ်ရဲ့ဟွမ်မိသားစုကို ရန်စခဲ့တာကြောင့် သူက မိသားစုစီးပွားရေးတွေကို စွန့်ပြီး ပြည်ပကို ထွက်ပြေးခဲ့ရတယ်"
ဟွမ်မိသားစုလား။
အပြုံးတစ်ခုက ထန်ရှုထံ ပေါ်လာပြီး သူက ထပ်မေးလိုက်သည်"ပြဿနာဖြစ်ရတဲ့အကြောင်းရင်းကို မင်း သိလား"
"ငါ မသိဘူး၊ ဒါပေမယ့် ညီအမရှောင်ရွှယ်တော့ သေချာပေါက် သိလောက်မယ်"ထန်ကွမ်းက ပြန်ဖြေသည်။
ထန်ရှုက သူ၏ဖုန်းအား ယူထုတ်လိုက်သည်၊ သို့သော် ပင်လယ်ပြင်၌ လိုင်းမရှိသည်ကို သူက သတိရလိုက်၏။ ထို့နောက် သူက ကျိုချင်းဘေးနားသို့ လျှောက်သွား၏။ ထိုင်ပြီးနောက် ချောကလက်နှစ်တောင့်အား ယူထုတ်ကာ သူမအား ကမ်းပေးလျက် ပြောလိုက်သည်"ငါ ဘာမှ လုပ်စရာမရှိဘူး၊ ဒါကြောင့် မင်းရဲ့အဖိုးကြီးနဲ့ဟွမ်မိသားစုကြားဘာဖြစ်ခဲ့သလဲဆိုတာ ငါ့ကို ပြောပြ"
ဤစကားက ကျိုချင်း၏အမူအရာအား ကြီးကြီးမားမားပြောင်းလဲသွားစေသည်။ မျက်လုံးများက ကြောက်ရွံ့မှုတို့ ပေါ်ထွက်လာပြီး သူမက ကလေးနှစ်ယောက်အား လျင်မြန်စွာ ပွေ့ဖက်လျက် ပြောလိုက်၏"ကျိုတာချွမ်ဆိုတဲ့နာမည်ကို ရှင် ဘယ်တော့မှ မကြားခဲ့ဘူးလို့ မင်း ပြောခဲ့တယ်မလား။ ဘယ်လိုလုပ်ပြီး.....ဘယ်လိုလုပ်ပြီး သူနဲ့ဟွမ်တွေကြားကိစ္စကို သိရတာလဲ"
"ငါ သူ့နာမည်ကို တစ်ခါမှ မကြားဖူးပါဘူး၊ ဒါပေမယ့် ငါ့နောက်လိုက်က အဲဒါနဲ့ပတ်သက်ပြီး တစ်ခုခုသိတယ်"ထန်ရှုက ပြုံး၍ မေး၏။
ကျိုချင်းက ထန်ကွမ်းအား တစ်ချက်ကြည့်ကာ တုံ့ဆိုင်းတုံ့ဆိုင်းနှင့် မေး၏"ရှင်က ဘယ်သူလဲ။ ရှင်က ဟွမ်မိသားစုအတွက် အလုပ်လုပ်ပေးနေတဲ့လူလား"
"ငါ့ကို အထင်မလွဲပါနဲ့"ထန်ရှုက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်"ငါက သူတို့ထဲကတစ်ယောက်မဟုတ်ဘူး"
အဖြေက ကျိုချင်းအား စိတ်သက်သာရာရသွားစေသည်၊ သို့သော် သူမက သတိထားနေသေးကာ "ရှင် ကျွန်မရဲ့ပထမဆုံးမေးခွန်းကို မဖြေရသေးဘူးနော်၊ ရှင်က ဘယ်သူလဲ"
"ကောင်းပြီ၊ ဒါဆို ငါ့ကိုယ်ငါ မိတ်ဆက်ပေးရတာပေါ့"ထန်ရှုက ပြုံးကာ ပြန်ဖြေသည်"ငါက ထန်ရှု၊ ထန်မင်းဆက်ရဲ့ထန်နဲ့ ကျင့်ကြံခြင်းလို့ အဓိပ္ပါယ်ရတဲ့ ရှု။ မင်းကရော"
"ငါ့နာမည်က ကျိုချင်းပါ" ကျိုချင်းက ပြန်ဖြေ၏။ ထို့နောက် အတွေးတစ်ခုက သူမစိတ်ထဲ၌ ရုတ်တရက် ထွက်ပေါ်လာပြီး သူမမျက်နှာက မယုံကြည်နိုင်သည့်အသွင်ဖြစ်သွားကာ သူမက အံ့အားတကြီးမေးလိုက်သည်"ကျွန်မ ရှင့်ကို မှတ်မိပြီ။ ရှင်က လူငယ်နတ်ဆေးဆရာထန်ရှုပဲ"
ထန်ရှုက ရယ်လျက် ပြောလိုက်သည်"အာ၊ ငါက ဒီလောက် ကျော်ကြားမယ်လို့ မထင်ထားခဲ့ဘူး။ ဒီလို ကျယ်ပြောတဲ့ပင်လယ်ပြင်ပေါ်မှာ မှောင်ခိုသင်္ဘောပေါ်မှာ ငါ့ကို သိတဲ့သူ တစ်ယောက် ရှိနေပါလား"
ထန်ရှုက မှတ်မိသွားသည့်အခိုက်အတန့်တွင် ကျိုချင်း၏နှလုံးသားထဲရှိကြောက်ရွံ့မှုအများစုက ချက်ချင်း ပျောက်ကွယ်သွားလေသည်။ အခုမှသူမက ထန်ရှုနှင့် လူချင်း ပထမဆုံးတွေ့ရသော်လည်း လူငယ်နတ်ဆေးဆရာ၏ဂုဏ်သတင်းအား ကြားဖူးသည်မှာ ကြာလေပြီ။ အရေးကြီးဆုံးကတော့ သူနှင့်ပတ်သက်သည့်သတင်းများအားလုံးက အကောင်းများပင်။
ထို့ကြောင့် ဤလူငယ်က လူကောင်းတစ်ယောက်ဖြစ်မည်ဟု သူမက ကောက်ချက်ချခဲ့သည်။
ဒီကောင်လေးတွေက မင်းရဲ့သားတွေလား"ထန်ရှုက ပြုံးကာ မေး၏"သူတို့က ချစ်စရာကောင်းတဲ့အမြွှာညီအကိုတွေပဲ"
"ဟုတ်တယ်၊ သူတို့က ငါ့သားတွေပဲ"ကျိုချင်းက ခါးသီးစွာ ခေါင်းညိတ်ပြလိုက်သည်"မတော်တဆမှုတွေက ငါ့မိသားစုပေါ် ကျရောက်လာပြီး ငါတို့ သုံးယောက်ပဲ ကျန်တော့တာ။ မင်းနဲ့ ဒီနေရာမှာ တွေ့ရမယ်လို့ ငါ မထင်ထားဘူး၊ နတ်ဆေးဆရာထန်။ မင်းရဲ့နာမည်ကို အရင်က ငါ မကြာခဏကြားဖူးပါတယ်"
"ဟုတ်ပါပြီ"ထန်ရှုက လက်ဝှေ့ယမ်းကာ ပြော၏"ဒါဆို မင်းအဖေနဲ့ဟွမ်တွေကြားကိစ္စကို ငါ့ကို ပြောပြ။ အစကနေအဆုံးအထိ မင်း ရှင်းရှင်းလင်းလင်းသိမယ်လို့ ငါ ထင်တယ်"
"ကျိုတာချင်းက ငါ့အဖေဆိုတာ ရှင် ခန့်မှန်းထားပြီဆိုမှတော့ ကျွန်မ ဖုံးကွယ်မနေတော့ပါဘူး"ကျိုချင်းက တိုးတိုးလေးပြောပြ၏"လွန်ခဲ့တဲ့ဆယ်နှစ်လောက်ကပေါ့၊ အဲအချိန်တုန်းက ကျွန်မက အသက်နှစ်ဆယ်အောက်ပဲ ရှိအုံးမှာ။ ငါ့အဖေက စီးပွားရေးကိစ္စတစ်ခုနဲ့ ဟွမ်တွေနဲ့ ထိပ်တိုက်တွေ့ခဲ့တယ်၊ အဲဒီတိုက်ပွဲမှာ ငါ့အဖေက ကြီးကြီးမားမားဆုံးရှုံးခဲ့ရတယ်။ ဒေါသထွက်ပြီး သူက လူတွေ လွှတ်ပြီး လက်ရှိဟွမ်မိသားစုခေါင်းဆောင်ရဲ့ညီလေးဟွမ်ကျီးဖူကို လျှို့ဝှက်တိုက်ခိုက်ခဲ့ပြီး သူ့ကို ဒဏ်ရာအပြင်းအထန်ရသွားစေတယ်"
"ပထမတော့ သူ့ရဲ့ကိုယ်ပိုင်စွမ်းရည်ကို မှီခိုပြီး ဟွမ်တွေကို ကိုင်တွယ်နိုင်မယ်လို့ ငါ့အဖေက တွေးခဲ့တာ။ ဒါပေမယ့် ဟွမ်မိသားစုရဲ့စွမ်းအားက ငါ့အဖေတွက်ချက်ထားတာထက် အများကြီးကျော်လွန်နေခဲ့တယ်၊ ဒါကြောင့် သူ့လူများစွာ သေဆုံးခဲ့ပြီး သူ့လုပ်ငန်းတွေကို လက်လွှတ်ခဲ့ရတယ်။ သူ ထွက်ပြေးတာသာ မမြန်ရင် သူ့အသက်က ဟွမ်တွေရဲ့လက်ထဲမှာ ဆုံးရှုံးသွားရလောက်ပြီ"
"မင်းအဖေက သူ့ရဲ့လုပ်ငန်းကို အောက်ခြေကနေ စခဲ့ရတာမလား"ထန်ရှုက ရုတ်တရက်မေး၏။
"ဟုတ်တယ်။ တစ်ချိန်တုန်းက ငါ့အဖေက ဆင်းရဲသားတစ်ယောက်ဖြစ်ခဲ့တယ်"ကျိုချင်းက ခေါင်းညိတ်လိုက်၏"နောက်ပိုင်းကျတော့ သူ့ရဲ့ကိုယ်ပိုင်အရည်အချင်းနဲ့ ဒေါ်လာသန်းရာချီ စုဆောင်းနိုင်ခဲ့တယ်။ ဒါကြောင့်ပဲ သူက တဖြည်းဖြည်းပြောင်းလဲလာပြီး အတော်ကလေးမောက်မာလာခဲ့တယ်၊ ရန်မစသင့်တဲ့သူတွေကို ရန်စမိလာခဲ့တာပေါ့"
"ငါ သိပြီ"ထန်ရှုက ခေါင်းညိတ်ကာ မေး၏"ဒါပေမယ့် ဒါက အတိတ်က မကျေမနပ်ချက်တစ်ခုမျှပဲ။ အခုချိန်လောက်ဆို ဟွမ်မိသားစုက အငြိုးအတေးတွေ မေ့လောက်ပြီထင်တယ်။ ဒါဆို ဘာလို့ မင်းတို့သုံးယောက်က မင်းရဲ့အဖေဆီ ပြန်လာရတာလဲ"
"ဒီလိုပါ"ကျိုချင်းက ခေါင်းညိတ်ကာ ပြော၏"ထူးဆန်းတဲ့ကားမတော်တဆတစ်ခုဖြစ်ပွားပြီး ငါ့ယောင်္ကျားက အသက်ဆုံးပါးသွားတယ်၊သူ့မိသားစုရဲ့လုပ်ငန်းတွေလဲ ဒေဝါလီခံခဲ့ရတယ်။ ငါ့မှာ ဘာသက်သေမှ မရှိပေမယ့် ဟွမ်မိသားစုလက်ချက်လို့တော့ ငါ ခန့်မှန်းထားတယ်။ ဒါ့အပြင် ပြည်မမှာ ဆက်နေရင် ငါလဲ ဟွမ်တွေရဲ့ပစ်မှတ်ဖြစ်လာမှာကို စိတ်ပူတယ်။ ဒါကြောင့် တစ်ခုတည်းသောရွေးချယ်စရာက ကလေးနှစ်ယောက်နဲ့အတူ ပြည်ပကို ထွက်ပြေးလာဖို့ပဲ။ ဟွမ်တွေ....သူတို့က ရက်စက်လွန်းတယ်။ သူတို့တွေက ငါတို့တစ်ယောက်မှ အသက်ရှင်လျက် မချန်ထားချင်ဘူးနဲ့တူတယ်"
"ငါ သိချင်မိတာ တစ်ခုရှိတယ်"ထန်ရှုက ပြော၏"လွန်ခဲ့တဲ့ဆယ်စုနှစ်ကတည်းက မင်းက တရုတ်မှာ ရှိနေတာ ဟွမ်တွေ သိခဲ့တယ်ဆိုရင် ဘာလို့ သူတို့က အခုမှ လက်စားချေရတာလဲ"
"ဒါက ငါ့ယောင်္ကျားကြောင့်ပဲ"ကျိုချင်းက ခိုကိုးရာမဲ့သောမျက်နှာအမူအရာနှင့် ပြန်ဖြေလာ၏"သူက အရက်မူးပြီး ငါတို့ရဲ့အထောက်အထားကို ထုတ်ပြောခဲ့မိတယ်လေ။ အတိတ်တုန်းက ငါ ကျောင်းတက်နေတုန်းက ငါက သူ့စီးပွားရေးပြိုင်ဘက်ရန်သူတွေရဲ့ပစ်မှတ်ဖြစ်လာမှာကို ငါ့အဖေက စိုးရိမ်ခဲ့တယ်။ ဒါကြောင့် ငါ့ရဲ့တည်ရှိမှုကို ဖုံးကွယ်ထားခဲ့တယ်၊ ဒါကြောင့် ဟွမ်တွေက ငါ့ကို ရှာမတွေ့နိုင်ခဲ့ဘူး"
"ဟူး။ ကြည့်ရတာ မင်းအဖေ အတိတ်က လုပ်ခဲ့တဲ့ဆိုးရွာတဲ့အရာတွေက မင်းအပေါ် ကျရောက်လာပုံပဲ"ပုံပြင်တစ်ခုလုံးအား နားလည်သွားပြီး ထန်ရှုက သက်ပြင်းချလိုက်မိသည်"ဒါနဲ့ ပြည်ပမှာ နေဖို့ မင်းရဲ့သားနှစ်ယောက်လုံးကို ခေါ်လာခဲ့ပြီပဲ၊ ဒါကြောင့် မင်းတို့ရဲ့ဘဝကို ကောင်းကောင်းရှင်သန်ပါ။ ဟွမ်တွေအတွက်တော့ စိတ်မပူနဲ့၊ ငါ ဟွမ်ကျင်းဖူကို ဆက်သွယ်ပြီး မင်းတို့နောက် ဆက်မလိုက်ဖို့ ပြောလိုက်မယ်"
"ရှင်က ဟွမ်မိသားစုခေါင်းဆောင်ဟွမ်ကျင်းဖူကို သိတာလား"ကျီချင်းက အံ့အားသင့်စွာ မေးလိုက်သည်။
"ဟုတ်တယ်။ ငါ သူ့ကို သိတယ်"ထန်ရှုက ခေါင်းညိတ်လိုက်လေ၏။
အဖြေက ကျိုချင်းအား ရုတ်တရက် ကြောက်ရွံ့သွားစေ၏"နတ်ဆေးဆရာထန်၊ ရှင်က ဟွမ်တွေကို ငါတို့သုံးယောက်သွားမယ့်နေရာကို ပြောပြမလို့လား"
စိုးရိမ်နေသောသူမမျက်နှာကို မြင်ပြီး ထန်ရှုက ပေါ့ပေါ့ပါးပါးရယ်လျက် ပြော၏"မစိုးရိမ်ပါနဲ့။ ငါက တခြားလူတွေရဲ့ကိစ္စကို မစွက်ဖက်ပါဘူး။ ငါတို့တွေ တွေ့ဆုံဖို့ ကံကြမ္မာက သတ်မှတ်ထားတာဆိုတော့.....ငါက ဟွမ်တွေနဲ့ ဆက်ဆံရေးကောင်းတစ်ခုရှိတယ်လေ....ဒါကြောင့် မင်းကို ကူညီပေးလိုက်ပါ့မယ်။ မင်းရဲ့ယောင်္ကျား သေသွားတာတွေ၊ မင်းရဲ့မိသားစု ဒေဝါလီခံသွားရတာတွေ အရာအားလုံးကို မေ့ပစ်လိုက်ပါ။ ဟွမ်တွေက မင်းတို့ ရန်စလို့ရမယ့် သာမန်ကလန်တစ်ခု မဟုတ်ဘူး၊ မင်းကလေးတွေရဲ့နှလုံးသားထဲမှာလဲ အမုန်းတွေ မထင်ကျန်မိစေပါနဲ့"
***