← Chapters

အဆုံးထိ ကူညီပေးခြင်း

Vol. 70 Ch. 977

အဆုံးထိ ကူညီပေးခြင်း

Vol. 70 Ch. 977

"ငါတို့ အေးအေးချမ်းချမ်း နေခွင့်ရရုံနဲ့ ကျေနပ်ပါပြီ။ လက်စားချေဖို့အတွေး ဘယ်လိုလုပ် ရှိနိုင်မှာလဲ"ကျိုချင်းက ခါးသီးစွာ ပြောလေသည်"ငါ မေးချင်တာက ဟွမ်မိသားစုက အမုန်းတရားကို လက်လွှတ်နိုင်ပါ့မလား"

ထို့နောက် ထန်ရှုက အခန်းဝင်ပေါက်အား ကြည့်ကာ ကျယ်လောင်စွာ မေးလိုက်သည်"ဟေး၊ မြွေခေါင်းသူဌေး။ ဖုန်းလိုင်း ဘယ်အချိန်ကျမှ ရမှာလဲ"

သက်လတ်ပိုင်းလူက သူ့အား တစ်ချက်ကြည့်ကာ ဖြေ၏"နောက်နာရီအနည်းငယ်ကျရင် သင်္ဘောပြောင်းဖို့ ကျွန်းကို ရောက်လိမ့်မယ်။ အဲကို ရောက်မှ ဖုန်းလိုင်းရမယ်။ ဒါပေမယ့် မင်းတို့တစ်ယောက်မှ ဖုန်းခေါ်ခွင့်မပြုဘူး"

"ငါ့ကို ဖုန်းခေါ်ခွင့်ပြုရင် ဘယ်လိုလဲ ဒါမှမဟုတ် မင်းတို့အားလုံးကို သတ်ရမလား"ထန်ရှုက မေးလိုက်သည်။

သက်လတ်ပိုင်းလူ၏မျက်လုံးများက ကျုံ့သွားပြီး  ထန်ရှုအား အချိန်အတန်ကြာ စိုက်ကြည့်ပြီးနောက်  တိတ်တဆိတ်ခေါင်းညိတ်လျက် ဆိုလိုက်သည်"မင်းလူတွေက အရမ်းသန်မာတယ်၊ ငါတို့ ဒုက္ခမဖြစ်ချင်ဘူး။ ဒါပေမယ့် မင်း ဒီသင်္ဘောပေါ်က ထွက်သွားတာနဲ့ ငါတို့ ဘယ်တော့မှ ထပ်မတွေ့တော့ဘူးလို့ဆိုတာ မှတ်ထား"

"ကောင်းပါပြီ...."ထန်ရှုက ခေါင်းညိတ်ပြလိုက်သည်။

အချိန်က တရွေ့ရွေ့သွားနေပြီး နောက်တစ်နေ့နေ့လယ်သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာ၏။ တစ်ရက်တာရွက်လွှင့်ပြိီးနောက် ကုန်သင်္ဘောက မနီလာသို့ ချောမွေ့စွာနှင့် ဆိုက်ရောက်လာခဲ့သည်။ ယခု ဖုန်းလိုင်းရလာသဖြင့် ထန်ရှုက ကျိုချင်း၏ရှေ့မှောက်၌ပင် ဟွမ်မိသားစုခေါင်းဆောင်ဟွမ်ကျင်းဖူ၏ဖုန်းနံပါတ်အား ခေါ်လိုက်သည်။

"မင်္ဂလာပါ၊ မစ္စတာထန်"ဟွမ်ကျင်းဖူ၏အံ့အားသင့်နေသောအသံက ဖုန်းမှတစ်ဆင့် ထွက်ပေါ်လာ၏။

"ခင်ဗျား နေကောင်းရဲ့လား၊ ဟွမ်ခေါင်းဆောင်"ထန်ရှုက ပြုံး၍ မေး၏။

"ကောင်းပါတယ်"ဟွမ်ကျင်းဖူက ဝမ်းသာပျော်ရွှင်စွာနှင့် ပြန်ဖြေ၏"မင်း ငါ့ကို ဆက်သွယ်လာတာဆိုတော့ ငါ လုပ်ပေးနိုင်တာများ တစ်ခုခုရှိလို့လား၊ မစ္စတာထန်"

"ဟုတ်တယ်၊ ခင်ဗျားဆီကနေ မျက်နှာသာတစ်ခုပေးနိုင်မလား မေးချင်လို့"ထန်ရှုက ပြုံးလျက် ပြော၏။

"ငါ့ကို တိုက်ရိုက်ပြောပါ၊ မစ္စတာထန်။ ငါနဲ့ငါ့ကလန်ရဲ့လုပ်န်ိုင်စွမ်းအတွင်း ရှိသရွေ့ ငါတို့ အကောင်းဆုံးကြိုးစားပေးမယ်"ဟွမ်ကျင်းဖူက အလျင်စလိုပြန်ဖြေသည်။

"ကျိုးတာချွမ်နဲ့ ပတ်သက်ပြီးတော့ပါ၊ ခင်ဗျား သူ့ကို သိမှာပါ"ထန်ရှုက ပြော၏"ကျုပ်နဲ့သူ့သမီးကျိုချင်းနဲ့က ရင်းနှီးမှုတချို့ရှိတယ်၊ ဒါကြောင့် ခင်များတို့နှစ်ယောက်ကြား ရန်ငြိုးတွေကို သိခဲ့ရပြီး ကျုပ်က ငြိမ်းချမ်းရေးသမားတစ်ယောက်အဖြစ် ဆောင်ရွက်ချင်လို့ပါ။ ဒါနဲ့ အတိတ်ရဲ့အငြိုးအတေးက ကြာလွန်းပြီပဲမလား၊ ဟွမ်ကျင်းဖူ။ ခင်ဗျား ဒါကို လက်လွှတ်ဖို့ စဉ်းစားပေးနိုင်မလား"

မေးခွန်းက ဟွမ်ကျင်းဖူအား ခဏနှုတ်ဆိတ်သွားစေပြီး သူက ရှုံ့မဲ့သောလေသံနှင့် ပြန်ဖြေလာ၏"မင်းရဲ့တောင်းဆိုမှုအရ ငါ့မိသားစုက ဆက်မလိုက်တော့ပါဘူး၊ မစ္စတာထန်။ ဒီလိုဆိုပေမယ့် ငါ့ညီလေးကို မဖိနှိပ်နိုင်မှာကိုတော့ ငါ စိတ်ပူတယ်"

"ကျုပ်ကြားခဲ့တယ်၊ ခင်‌ဗျားညီလေးက အတိတ်မှာ ဒဏ်ရာရခဲ့တယ်ဆို။ လက်ရှိ သူ့အခြေအနေဘယ်လိုလဲ"

"သးူက အိပ်ရာထဲမှာ လဲနေတာ ဆယ်စုနှစ်တစ်ခု ကျော်ရောပေါ့၊ သူ့လက်ကျန်ဘဝတစ်လျှောက်ဆုံး မသန်မစွန်းဘဝနဲ့ပဲ အရိုးထုတ်ရမယ်ထင်တယ်"ဟွမ်ကျင်းဖူ၏လေသံက ခါးသီးနေလေ၏"ငါ့မိသားစုက ဆေးဝါးတွေ သုံးပြီး သူ့အသက်ကို ဆွဲဆန့်ထားခဲ့တာကြောင့်မဟုတ်ရင် သူ အခုထိ ဘယ်အသက်ရှင်နိုင်တော့မလဲ"

"ဒါနဲ့ လောလောတယ် ကျုပ်က ပြည်ပကို ရောက်နေတယ်၊ ဒါပေမယ့် ပြန်လာတာနဲ့ ခင်‌ဗျားရဲ့ညီလေးဆီ တစ်ခေါက်လာလည်မှာပါ"ထန်ရှုက ပြောလိုက်သည်"ငါ သူ့ရဲ့ချို့ယွင်းမှုပြဿနာကို ဖြေရှင်းပေးပါ့မယ်....."

"မင်းသာ ငါ့ညီလေးကို ကုသပေးနိုင်မယ်ဆိုရင် မဟုတ်ဘူး....မဟုတ်ဘူး....မဟုတ်ဘူး။ ငါ ပြောတာ များသွားပြီ၊ မစ္စတာထန်။ မစ္စတာထန်ရဲ့ဆေးပညာကျွမ်းကျင်မှုနဲ့ဆိုရင် မကုနိုင်တာ ရှိမယ်လို့ ငါ မထင်ဘူး"ဟွမ်ကျင်းဖူက စိတ်လှုပ်ရှားစွာ ပြော၏"မင်း ပြည်မကို ပြန်လာပြီး ငါ့ညီလေးအိမ်ကို လာလည်တဲ့အခါကျရင် မင်းအတွက် လက်ဆောင်တွေ ပြင်ဆင်ထားပေးပါ့မယ်"

"သူ့ကို ကုသဖို့အတွက် ငါ လာမှာပါ၊ ဘာလက်ဆောင်မှ မလိုဘူး။ ကောင်းပြီ၊ တခြားပြောစရာမရှိရင် နောက်မှ တွေ့ကြတာပေါ့"

ထိုသို့ပြောပြီး‌နောက် ထန်ရှုက ဖုန်းတန်းချလိုက်သည်။ ဖုန်းပြော‌‌နေစဉ် သူက စပီကာဖွင့်ထားသဖြင့် ကျိုချင်းက သူတို့၏စကားအသွားအလာအား ကြား‌နေရ၏။

ဤအချိန်တွင် ဟွမ်မိသားစုခေါင်းဆောင်ပင် ရိုသေလေးစားဆက်ဆံရသည့်ထန်ရှု၏စွမ်းရည်ကြောင့် သူမက ထိတ်လန့်သွားခဲ့ရသော်လည်း ဟွမ်များက သူတို့၏ရန်ငြိုးအား ခဝါချမည့် အပျော်က သူမရင်ထဲ၌ အပြင်းထန်ဆုံးပင်။

"ကျေးဇူးတင်ပါတယ်၊ နတ်ဆေးဆရာဝန်ထန်။ ကျေးဇူးတင်ပါတယ်"ကျိုချင်းက အလွန်ကျေးဇူးတင်စွာနှင့် ပြောလေသည်။

"ကိစ္စမရှိပါဘူး။ ဒါက အသေးအဖွဲလေးပါ"ထန်ရှုက လက်ဝှေ့ယမ်းကာ ပြော၏"အပြင်ထွက်ကြစို့။ ငါတို့တွေ ရှေ့ခရီးအတွက် သင်္ဘောပြောင်းရလိမ့်မယ်"

ကျိုချင်းက ကလေးနှစ်ယောက်၏လက်ကို ကိုင်ဆွဲကာ ထန်ရှုနောက်မှ လိုက်လျက် နောက်ထပ်ကုန်တင်သင်္ဘောပေါ်သို့ တက်သွား၏။ သင်္ဘောအခန်းငယ်သို့ ရောက်ရှိလာပြီးနောက် သူမက မေးလိုက်သည်"ရှင့်ရဲ့ဖုန်းနံပါတ်ကို ပေးထားလို့ရမလား၊ မစ္စတာထန်။ ငါ့အဖေက ထိုင်းနိုင်ငံကို ထွက်ပြေးခဲ့ရပေမယ့် နှစ်များစွာ ကြာပြီဆိုတော့ သူက စီးပွားလုပ်ငန်းတစ်ခု တည်ထောင်ထားတယ်။ ရှင်က ကျွန်မတို့ကို အများကြီး ကူညီပေးခဲ့တယ်၊ သူလဲ ရှင့်ကို အရမ်းကျေးဇူးတင်နေမှာ သေချာတယ်။ ပြီးတော့ ရှင့်မှာ ထိုင်းနိုင်ငံမှာ နေဖို့ နေရာမရှိရင် ငါ့အဖေရဲ့အိမ်ရာမှာ နေလို့ရတယ်။ အဲ‌နေရာက အရမ်းကောင်းတဲ့ပတ်ဝန်းကျင်တစ်ခုဖြစ်စေရမယ်လို့ ငါ အာမခံပါတယ်"

အိမ်ရာတစ်ခုလား။

"မင်းအဖေက ထိုင်းမှာ ဘာလုပ်ငန်း လုပ်တာလဲ"ထန်ရှုက သိလိုစိတ်နှင့် မေး၏။

"လုပ်ငန်းတွေက အများကြီးပဲ၊ ဒါပေမယ့် အခု သူက အုန်းခြံတစ်ခုမှာ နေနေတယ်"ကျိုချင်းက ပြုံးလျက် ပြန်ပြောသည်"အခုက ဩဂုတ်လဆိုတော့ အုန်းသီးမှည့်တဲ့ရာသီပဲ။ ရှင် ကျွန်မနဲ့ လိုက်လာမယ်ဆိုရင် အရသာရှိဆုံးအုန်းရည်ကို သောက်ခွင့်ရမှာပါ"

"အဲဒါ ဘန်ကောက်မှာရှိတာလား"ထန်ရှုက မေး၏။

"ဘန်ကောက်ရဲ့ဆင်ခြေဖုံးမှာ၊ မြို့ထဲကနေ တစ်နာရီလောက် မောင်းရတယ်"ကျိုချင်းက ပြန်ဖြေ၏။

ထန်ရှုက ခဏတွေးပြီးနောက် ခေါင်းညိတ်လိုက်သည်"ဒါဆိုလဲ ငါ မင်းနဲ့အတူ လိုက်လည်ရတာပေါ့။ ဒါပေမယ့် ထိုင်းမှာ ငါ ဖြေရှင်းစရာအရေးကြီးကိစ္စတစ်ခုရှိတယ်၊ ဒါကြောင့် ငါနဲ့ငါ့လူတွေရဲ့တည်နေရာကို လျှို့ဝှက်ထားရမယ်"

"ငါ နားလည်ပါတယ်။ ရှင့်ရဲ့အထောက်အထားကို ပြချင်ရင် ရှင်က မှောင်ခိုသင်္ဘောနဲ့ ဘယ်လာမလဲ"ကျိုချင်းက ခေါင်းညိတ်ကာ ပြော၏"ဒါဆို သင်္ဘောဆိုက်ကပ်တာနဲ့ ငါ့အဖေကို ဖုန်းခေါ်လိုက်မယ်၊ ဒါဆို ငါတို့ကို လာကြိုဖို့ သူ လူလွှတ်လိမ့်မယ်"

"သင် အခြားသူတွေကို တစ်ခုခု ပေးရင် သင်လဲ တစ်ခုခု ပြန်ရလာမယ်"ထန်ရှုက ပြံးလျက် မှတ်ချက်ပြုလိုက်သည်"ဒီဆိုရိုးက မှန်ပုံပဲ။ အခြားသူတွေကို စိတ်ကူးပေါက်ရာ ကူညီလိုက်ရုံနဲ့ ယာယီနေထိုင်စရာတစ်ခု ရလာမယ်လို့ ငါ မထင်ထားခဲ့ဘူး"

"ဟားဟား"ကျိုချင်းက တခစ်ခစ်ရယ်ကာ ပြော၏"ရှင်က တရုတ်မှာ နတ်ဆေးဆရာဝန်လို့ ဂုဏ်ပြုခံရသူလေ၊ လူသိန်းပေါင်းများစွာက ရိုသေလေးစားနေတဲ့သူပေါ့။ ရှင့်ကို ကူညိီခွင့်ရတာက ကျွန်မတို့အတွက် ဂုဏ်ယူစရာပါပဲ"

"ပျော်စရာတွေကို တချက် မေ့ထားတာပေါ့။ မကြာခင် သင်္ဘောထွက်မှာဆို‌တော့ မြန်မြန်စားပြီး အနားယူကြတာပေါ့"ထန်ရှုက လက်ဝှေ့ယမ်းလျက် ပြော၏"နောက် ဘာဖြစ်မလဲဆိုတာ တစ်ယောက်မှ မသိဘူး၊ ဒါပေမယ့် မင်းရဲ့စိတ်ဝိညာဉ်က အကောင်းဆုံးအခြေအ‌နေမှာ ရှိဖို့က အရေးကြီးဆုံးပဲလေ"

ဘန်ကောက်မြို့ထဲမှ ကီလိုမီတာတစ်ရာအကွာ၊ ကုန်းမြေဖြင့် ပိုင်းခြားထားသော မြစ်တစ်စင်းပေါ်တွင် ခြံပိုင်ရှင်သူဌေးကြီးများစွာပိုင်‌ဆိုင်သည့်ခြံဝင်များ၊ စိုက်ခင်းကျယ်များနှင့် ဆင်ခြေဖုံးတစ်ခု ရှိ၏။

လမ်းပန်းဆက်သွယ်ရေးအဆင်ပြေ‌ပြီး အချက်အချာကျသောတည်နေရာတွင် တည်ရှိသည့် အိမ်ရာခြံဝင်းတစ်ခုထဲတွင် ပန်းထိုးကုတ်အင်္ကျီနှင့်ဆင်စွယ်လည်ဆွဲတစ်ခုအား ဝတ်ဆင်ထားသည့် ကျိုတာချွမ်းက ရောင်စုံခြယ်အဆောက်အဦးတစ်ခု၏အရှေ့၊ ရေကန်တစ်ခုဘေးနားတွင် ရပ်‌‌နေရင်း သူ့မျက်နှာပေါ်တွင် စိုးရိမ်မှုက သိသိသာသာထင်ပေါ်နေသည်။

"ငါတို့ ဘာသတင်းမှ မရသေးဘူး၊ သူဌေး"တုတ်ခိုင်သန်မာသောလူတစ်ယောက်က အဝေးမှ သုတ်ခြေတင်လာကာ တင်ပြလိုက်သည်။

"ဟူရာနဲ့ရှဲဇီဆီက ဘာသတင်းမှ မပို့သေးဘူးလား"ကျိုတာချွမ်က မျက်မှောင်ကြုတ်လျက် မေးသည်"လမ်းခရီးမှာ တစ်ခုခုအလွဲအချော်ဖြစ်နေတယ်လို့ ဆိုလိုတာလား"

"ဖှေးဖှေးက ကံဆိုးမှုတစ်ခုနဲ့ ကြုံသွားခဲ့တယ်"လူငယ်က ခါးသီးစွာ ပြောလေ၏"သူက အားကောင်းတဲ့ကလန်တစ်ခုကို ရန်စမိပြီး ပင်လယ်ထဲကို ကျသွားတယ်။ ငါတို့ သူနဲ့ အဆက်အသွယ်ပြတ်သွားတယ်။ ဒါပေမယ့် ‌ဟူယာနဲ့ရှဲဇီက လူ‌တွေ စုပြီး သခင်မလေးရဲ့ခြေရာလက်ရာကို ရှာနေပါတယ်။ မစိုးရိမ်ပါနဲ့၊ သူဌေး။ ငါတို့ ရှာတွေ့တာနဲ့ ချက်ချင်း အကြောင်းကြာမှာပါ"

"မင်းတို့အားလုံးက အမှိုက်တွေပဲ ဒါလေးတောင် မလုပ်နိုင်ကြဘူးလား"ကျိုတာချွမ်းက စိတ်ဆိုးစွာ ကြိမ်းမောင်းလိုက်လေသည်"ငါ့သမီးနဲ့မြေးနှစ်ယောက် အန္တရာယ်တစ်ခုခု တွေ့ခဲ့ရင် မင်းတို့အားလုံး အကျိုးဆက်ကို ရင်ဆိုင်ရမယ်ဆိုတာ မှတ်ထား"

"နားလည်ပါပြီ....."လူငယ်က ကမန်းကတန်းခေါင်းညိတ်လိုက်သည်။

စီးကရက်တစ်လိပ်ထုတ်၊ မီးညှိလျက် တစ်ဖွာရှိုက်ပြီးနောက် ကျိုးတာချွမ်းက သက်ပြင်းချလိုက်သည်"ဒီကလေးချင်းက ငါနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ဘဝတစ်ခုကို ဘယ်တုန်းကမှ မရခဲ့ဘူး။ သူမရဲ့အစောပိုင်းဘဝတွေမှာလဲ ဘော်ဒါကျောင်းမှာ တက်ခဲ့ပြီး ခြောက်လမှာ တစ်ခါပဲ တွေ့ခွင့်ရတယ်။ သူမ အရွယ်ရောက်လာတဲ့အချိန်မှာ ငါက တစ်ယောက်‌ယောက်ကို ဆန့်ကျင်မိပြီး ပြည်မက ထွက်ပြေးခဲ့ရပြန်တယ်။ နောက်ဆုံး သူမ ဘဝ တည်ငြိမ်နေပြန်တော့လဲ ငါလုပ်ခဲ့တဲ့အရာတွေက သူမနောက်ကို လိုက်လာပြန်တယ်။ ခွေးမသားဟွမ်မိသားစု.....ငါ့မှာ လုပ်နိုင်တဲ့စွမ်းရည် ရှိရင် ပြည်မကို ပြန်ပြီး မင်းတို့တစ်မိသားစုလုံးကို အမှုန့်ချေပစ်မယ်ကွ"

"ဟွမ်တွေက နက်ရှိုင်းတဲ့အခြေခံအုတ်မြစ် ရှိတယ်၊  သူတို့အတွက် အလုပ်လုပ်နေသောကျွမ်းကျင်သူတွေများစွာ ရှိတယ်"လူငယ်က အလျင်စလို ပြော၏"ဒါကြောင့် လက်စားချေဖို့ အတွေးတွေကို မောင်းထုတ်လိုက်ပါတော့၊ သူဌေး"

"ငါ့ရဲ့စိတ်လိုက်မာန်ပါလုပ်မှုကိုပဲ အပြစ်တင်ရမယ်၊ ဟွမ်မိသားစုကလန်သားတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရတယ်လို့။ ငါ ပြည်ပကို ထွက်ပြေးလာတာတောင် သူတို့က ငါ့ကို လက်မလွှတ်သေးဘူးပဲ"ကျိုတာချွမ်းက ခိုကိုးရာမဲ့စွာ ပြော၏"ဟွမ်တွေဘယ်လောက်အားကောင်းလဲဆိုတာ ငါ မသိဘူးလို့ မင်း ထင်နေတာလား"

လူငယ်က နှုတ်ဆိတ်သွားရသည်၊ ကျိုတာချွမ်း အမှန်တရားပြော‌နေသည်ကို သူ သိ၏။ ဖြစ်နိုင်လျှင် သူ့သူဌေးက ရန်ငြိုးပြေငြိမ်းလိုသည်၊ သို့သော် ဟွမ်မိသားစုခေါင်းဆောင်၏ညီလေးက မသန်မစွမ်းအဖြစ် ဘဝတခုလုံးအဆုံးသတ်ခဲ့ရသည်က အဓိကအချက်ပင်။ ယခုထိတိုင် အသက်ရှင်နေခြင်းကပင် အံ့ဖွယ်ဖြစ်၏။ သူတို့က ပြေငြိမ်းလိုလျှင်တောင် ဟွမ်များက လက်ခံမည်မဟုတ်ပေ။

"ထားလိုက်တော့။ သူတို့ကို ခုခံဖို့ ငါ အကောင်းဆုံးလုပ်ခဲ့တာပဲ"ကျိုတာချွမ်းက မချိတင်ကဲအမူအရာနှင့် လက်ဝှေ့ယမ်းကာ ပြော၏"ဟွမ်တွေက ဖူးခန်းပြည်နယ်မှာ အရမ်းအားကောင်းပြိီး တရုတ်မှာ အတော်လေးစွမ်းအားရှိတယ်။ ဒါပေမယ့် သူတို့ရဲ့ခြေတံလက်တံက ထိုင်းနဲ့ဘန်ကောက်အထိ ရောက်မယ်လို့ ငါ မယုံဘူး။ ချင်းအာရဲ့တည်‌နေရာကိုပဲ ခြေရာခံလိုက်ထား။ သူမကို တွေ့တာနဲ့ စစ်ကူပို့ဖို့ အသင့်ပြင်ထား"

"ကောင်းပါပြီ"လူငယ်က ဖြေပြီး‌နောက် ပြန်လှည့်ထွက်သွား၏။

ကျိုးတာချမ်းက စိီးကရက်ဖွာ‌‌ရင်း တိတ်တဆိတ်ဆုတောင်းနေလေသည်'မင်းတို့တွေ ဘာမှ မဖြစ်ပါစေနဲ့၊ ချင်းအာရေ.....မဟုတ်ရင် ငါ့ဘဝတစ်လျှောက်လုံး နာကျင်‌နေရလိမ့်မယ်......'

နောက်တစ်နေ့ရောက်လာပြီး ကုန်သင်္ဘောက ကျောက်ဖယားမြစ်အနီး ကမ်းစပ်၌ ဆိုက်ကပ်ခဲ့သည်။ ခိုးကြောင်ခိုးဝှက်လူအနည်းငယ်က ကမ်းပေါ်သို့ တက်ကာ ဆိပ်ကမ်းအရာရှိနှင့် စကားပြောခဲ့သည်။ ထို့နောက် မှောင်ခိုလိုက်လာသူငါးဆယ်ကျော်က  သင်္ဘောပေါ်မှ လျင်မြန်စွာ ဆင်းလာခဲ့၏။ ထန်ရှုက ကျိုချင်းအား သူမအဖေနှင့် ဆက်သွယ်ခွင့်မပြုပေ၊ သို့အစား တက္ကစီငှားပြီး ကျိုချင်းပြောသည့်လိပ်စာသို့ သွားရန် ထန်ကွမ်းအား အမိန့်ပေးခဲ့၏။

"ငါတို့နောက်ကို နောက်ယောင်ခံလိုက်လာနေတယ်၊ သူဌေး"ထန်ကွမ်းက ရုတ်တရက် တီးတိုးပြောလိုက်သည်။

ထန်ရှုက သူ၏စိတ်ဝိညာဉ်အာရုံအား ရုတ်ခြည်းထုတ်လွှတ်လိုက်သည်။ အနက်ရောင်SUVကားတစ်စီးက သူတို့နောက် ခြေရာခံလိုက်လာနေသည်။ ထို့ပြင် ကားထဲရှိလူအချို့က မှောင်ခိုးသင်္ဘောပေါ်ရှိခရီးသည်များဖြစ်သည့်အနက်ဝတ်လူငယ်၏နောက်လိုက်များ ဖြစ်ကြ၏။

"သူတို့နဲ့ ရင်ဆိုင်လိုက်၊ အန်"

ကားခေါင်မိုးပေါ်တွင် တစ်ချိန်လုံးရှိနေသော ထန်အန်အား အမိန့်ပေးလိုက်သည်။

ဖြောက်.....

အက်ကွဲသံ ကျယ်ကျယ် ကြားလိုက်ရပြီး အနက်ရောင်SUVကားက ရုတ်တရက် လမ်းကြောင်းပြောင်းကာ လမ်းဘေးနားရှိစတိုးဆိုင်နှင့် တိုက်မိသွားပြီး ကားထဲရှိလူအချို့က အပြင်းအထန်ဒဏ်ရာရသွားခဲ့သည်။

နောက်နှစ်နာရီအတွင်း ကားသုံးစီးက ခြံဝင်းတစ်ခု၏ဂိတ်ပေါက်အရှေ့၌ ရပ်သွားသည်။ အနက်ရောင်ယူနီဖောင်းများနှင့်အစောင့်လေးယောက်က တုတ်များကိုင်လျက် လျင်မြန်စွာ ထွက်လာပြီး ထန်ရှုတို့က တက္ကစီကားထဲမှ ထွက်လာ၏။

"မင်း ဘယ်သူလဲ"လူတစ်ယောက်က ထိုင်းလို ‌မေးလိုက်သည်။

ကျိုးချင်းက ထိုင်းစကားအား ကျွမ်းကျင်ပုံရ၏၊ သူမက ကလေးနှစ်ယောက်၏လက်ကို ဆွဲလျက် ရှေ့တက်လာပြီး ပြောလိုက်သည်"ငါက ကျိုချင်း၊ ကျိုတာချွမ်းက ငါ့အဖေပဲ။ ငါ ရောက်နေပြီဆိုတာ အဖေ့ကို အကြောင်းကြားပေး"

"မင်းက သခင်မလေးလား"အစောင့်က အံ့ဩတကြီးရေရွတ်လျက် မျက်လုံးများက ပြုံးလျက် တောက်ပ‌သွားလေ၏။

***

All Chapters