← Chapters

တွေ့ဆုံမှု

Vol. 12 Ch. 163

တွေ့ဆုံမှု

Vol. 12 Ch. 163

နက်ရွှေရောင် ချီအလင်းတန်း တစ်ခုက တောင်ထိပ်တစ်ခု ပေါ်သို့ ရိပ်ခနဲ ကျရောက်လာသည်။ ထိုအလင်းတန်းမှာ ဇူယွမ်ပင်ဖြစ်၏။

သူ့ပုံစံက မကျေမနပ် ဖြစ်နေဟန်ရပြီး နက်မှောင်နေသည်။ သူက နေ့ပေါင်းများစွာ အလောတကြီး လိုက်လံ ရှာဖွေတာတောင်မှ ယောင်ယောင်၏ သတင်းကို ခုထိ မကြားရသေးပေ။

သူတော်စင် အကြွင်းအကျန် နယ်မြေက ကျယ်ပြောလွန်းလှသည်။ ဦးတည်ရာ မရှိဘဲ ရှာဖွေနေခြင်းက အကျိုးမရှိချေ။ ဇူယွမ်က မျက်မှောင်ကြုတ် လိုက်မိသည်။ သူက ယောင်ယောင် သတင်းကို ပိုမိုသိရှိရန် လူအများအပြား စုဝေးနေသော နေရာများသို့ သွားရောက်ရပေမည်။

ရွှေရောင်ရေကန် တစ်ခုက အနောက်တောင်ဘက်မှာ ပေါ်ထွက်လာသည့် သတင်းကို ကြားသိရပြီးနောက် လူများစွာက ထိုနေရာသို့ ဦးတည်သွားလာ နေကြသည်ကို ဇူယွမ်က လမ်းမှာ ကြားသိခဲ့ရသည်။ ထိုရေကန်က ထူးဆန်းအံ့ဖွယ် ဖြစ်နေပြီး ကောလာဟလ အရဆိုလျှင် ထိပ်တန်းကျင့်စဉ် များလည်း ဤနေရာ၌ ရှိနေ၏။

“ပါရမီရှင်များစွာက ဒီနေရာကို လာရောက်ကြမှာ ဖြစ်တဲ့အတွက် သတင်းတွေလည်း စုံနေမှာပဲ။ ငါအဲကို သွားမယ်ဆိုရင် ယောင်ယောင် အကြောင်းကို ပိုသိရလောက်တယ်”

ဇူယွမ်မျက်လုံးများက တောက်ပသွားသည်။ သူက အချိန်ထပ်ဆွဲခြင်း မရှိတော့ဘဲ နက်ရွှေရောင် မူလချီ များကို စုစည်းပြီး တစ်ဟုန်ထိုး ထွက်သွားတော့သည်။

နေ့တစ်ဝက်ခန့် ကြာပြီးနောက် …

ဇူယွမ်မြင်ကွင်း၌ တောင်ကြောတစ်ခု တည်ရှိနေသည်။ ထိုတောင်ကြား တစ်ခုလုံးကို ထူထဲသော မြူများက ဖုံးလွှမ်းထားကာ အတွင်းရှိ မည်သည့် အရာကိုမျှ ရှင်းလင်းစွာ မမြင်ရချေ။ သူက မြူများအတွင်း၌ အန္တရာယ် အရှိန်အဝါများ ပျံ့နှံ့နေသည့် မူလချီ အငွေ့အသက် အချို့ကို ခံစားမိရသည်။

သို့ရာတွင် တစ်စုံတစ်ယောက်က အဆုံးမရှိသော မြူများကို ဖြတ်ကျော်နိုင်လျှင် ထူးဆန်းအံ့ဖွယ် ရွှေရေကန်ကို တွေ့ရှိနိုင်မည် ဖြစ်ကာ ထိုရေကန်ကလည်း ထူထဲသော မြူများ၏ အနက်ဆုံး၊ အတွင်းဘက်ကျဆုံး နေရာ၌ တည်ရှိနေဟန် ရှိသည်။

တောင်ကြော၏ အစွန်းအဖျား၌ မရေမတွက် နိုင်သော ပုံရိပ်များက အုပ်စုများဖွဲ့ကာ နေရာအနှံ့ ရှိနေကြပြီး ခမ်းနားသော တည်ရှိမှုကို ပေးစွမ်း၏။

ရွှေရောင်ရေကန်၏သတင်းမှာ အတော်လေး ပျံ့နှံ့ပြီးပုံ ရသည်။

ဇူယွမ်က တောင်ကြောအစွန်းသို့ ဦးတည်လိုက်သည်။ မြူများကြားထဲသို့ သူက ခြေမချရဲချေ။ သူက မြူများကြားထဲ၌ မည်သည့်အရာများ ရှိသည်ကို မသိသည့်အတွက် သတိထား၊ စိုးရိမ်သင့်ပေသည်။

သူက တောင်ကြော အပြင်ရှိ တောအုပ်ထဲသို့ ခြေချလိုက်သည်။ ထိုနေရာမှ တစ်ဆင့် လူများစွာက တောင်ကြောစီသို့ ဦးတည် ပျံသန်းနေသည်ကို တွေ့မြင်နိုင်သည်။ သူလည်းပဲ ဒီလူတွေ နောက်လိုက်ပြီး ယောင်ယောင်၏ သတင်းကို စုံစမ်းရပေမည်။

အချိန်တစ်ခု ကုန်ဆုံးပြီးနောက် သူက အချက်အလက် တချို့ကို သိလိုက်ရသည်။ သို့သော် အများစု သိကြသည်မှာ ဝူဟောင်နှင့် သူ့အုပ်စုက တစ်စုံတစ်ဦးကို လိုက်လံ ရှာဖွေနေကြောင်း လောက်ကိုသာ သိရှိကြသည်။ မည်သည့် နေရာဦးတည်ရာ၊ မည်သည့်နေရာ ဆိုသည်ကိုပင် အကြမ်းအားဖြင့်တောင် မသိရှိကြချေ။ ထို့ကြောင့် ဇူယွမ်က ပို၍ မျက်မှောင်ကြုတ် လိုက်မိသည်။

ဇူယွမ်က ရှေ့ကို တဖြည်းဖြည်း ဝင်ရောက် သွားသည့်အခါ သူ့ပတ်ဝန်းကျင်ရှိ မြူများက ပိုမိုထူထဲ လာ၏။ သူက အဝေး တစ်နေရာမှ များစွာလှသော သားရဲဟိန်းသံ များကို ခဏခဏ ကြားနေရပြီး ပြင်းထန်သော မူလချီများ လွင့်ပျံ့လာသည် ကိုလည်း ခံစားမိသည်။

ဇူယွမ်က သစ်တောထဲမှ ထွက်လိုက်သည့်အခါ သူ့ရှေ့၌ ကျယ်ပြောရှင်းလင်းသော မြင်ကွင်းတစ်ခုကို ထွက်ပေါ်လာခဲ့သည်။ သို့သော် ဇူယွမ်က သူ့ထံသို့ ပုံရိပ်တစ်ခု လှမ်းလျှောက် လာနေသည်ကို တွေ့လိုက်ရသည့် အတွက် ခြေလှမ်း ရုတ်တရက် ရပ်လိုက်သည်။ ထိုပုံရိပ်က အရိုးစု သဏ္ဌာန်ပုံများ ရေးထိုးထားသည့် အင်္ကျီကို ဝတ်ဆင်ထားပြီး နက်မှောင်အေးစက်သော အရှိန်အဝါ များကို ပေးစွမ်းကာ ပတ်ဝန်းကျင် လေထုပင် စိမ့်တုန်နေ၏။

ဇူယွမ်က ထိုပုံရိပ်ကို ကြည့်ရင်း မျက်မှောင်ကြုတ် လိုက်မိသည်။ သို့သော်သူက ဘာစကားမှ မပြောတော့ဘဲ ထွက်သွားရန် လှည့်လိုက်၏။

သို့သော် ဇူယွမ်က လှည့်ထွက်မလို့ လုပ်နေစဉ်မှာပင် ထိုပုံရိပ်က လက်မြှောက်လိုက်ပြီး သူ့အား မီးခိုးရောင် ချီများနှင့် တိုက်ခိုက်လိုက်သည်။ ထိုချီများက လျင်မြန်စွာဖြင့် ဇူယွမ်ထံသို့ တိုးဝင်လာခဲ့သည်။

ဇူယွမ်က နက်ရွှေရောင် ချီများကို စုစည်းလိုက်ပြီး လက်သီးတစ်ချက် ပြန်ထိုးလိုက်သည်။ နက်ရွှေရောင် ချီများက လေထုကို ဖြတ်သန်းသွားပြီး အေးစက်စက် မီးခိုးရောင်ချီ များကို ပြန့်ကျဲစေလိုက်သည်။

ပြန့်ကျဲထွက်လာသော မီးခိုးရောင် ချီတစ်ခုက ဇူယွမ်ကိုယ်ထဲသို့ ဝင်ရောက်လို့လာသည်။ ထိုအခါ သူ့ သွေးစီးဆင်းမှု များပင် နှေးကွေးသွားဟန် ရှိပြီး အသွေးအသား များကိုလည်း ခိုက်ခိုက်တုန်စေ၏။ သို့ရာတွင် မီးခိုးရောင် ချီများက ဆက်လက်ဝင်ရောက် လာသောအခါ သွေးနီရောင် ချီများက တစ်ချက်တည်းဖြင့် ဝါးမျိုဖျက်ဆီး ပစ်လိုက်သည်။

အိုး။

ထိုပုံရိပ်ထံမှ အံ့သြမိသော အသံတစ်ချက် ထွက်ပေါ်လို့လာသည်။

ဇူယွမ်က ခပ်တင်းတင်း မျက်မှောင်ကြုတ်လိုက်ပြီး ပုံရိပ်ကို ကြည့်၍ ပြောလိုက်သည်။

“မင်းဘယ်သူလဲ”

သူက ထိုလူကို တစ်ခါမျှ မမြင်ဘူးပေ။ သို့သော် သူက ပထမဆုံး တွေ့သည့် အကြိမ်မှာပင် သူ့အား ဘာမပြော ညာမပြော တိုက်ခိုက်ခဲ့သည်။ ထိုအရာက သူသည် ဇူယွမ်အတွက် ဒီနေရာမှာ ရှိနေခြင်း ဖြစ်ကြောင်း ရှင်းလင်းစေ၏။

ပုံရိပ်က ရှေ့ကို လှမ်းလာ လိုက်သည့်အခါ သူ့ပုံစံက အလွန်အမင်း ဖျော့တော့နေသော လူငယ်တစ်ယောက် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူ့ခန္ဓာကိုယ်က သွေးများ ဖောက်ထုတ်ထားသလို ရှိနေ၏။ သူ၏ မီးခိုးရောင် မျက်လုံးများ အတွင်း၌ သေခြင်း အငွေ့အသက်များ ထင်ဟပ်လျက် ရှိသည်။

သူက ဇူယွမ်အား ပြန်မဖြေခင် ချောင်းအနည်းငယ် ဆိုးလိုက်သည်။ “ရာမကလန်၊ ကျိန်းရွှီး”

“ကျိန်းရွှီး (အလွန်အားနည်းခြင်း) “ဇူယွမ်က ကြက်သေသေ သွားမိသည်။ သူက ထိုလူငယ်ကို ကြည့်လိုက်ပြီး ခေါင်းတညိတ်ညိတ် လုပ်ကာ ပြောလိုက်သည်။

“မင်းက အရမ်းအားနည်း နေတဲ့ပုံပဲ။ ပိုပြီး အားရှိအောင် စားသောက်သင့်တယ်”

ပိန်ဖျော့သော လူငယ်က အမူအရာ ကင်းမဲ့စွာဖြင့် ဇူယွမ်အား စူးစိုက်ကြည့်လိုက်သည်။

ဇူယွမ်က ပခုံးတွန့်လိုက်သည်။

“ဒါက စတာပါ။ ရာမကလန်ရဲ့ ဂုဏ်ယူရတဲ့ ရာမမင်းသားက ငါ့ကို ဒီနေရာမှာ တားနေတာတော့ မကောင်းဘူး ထင်တယ်နော် ...”

ကျိန်းရွှီးလို့ ခေါ်သောလူငယ်က ခပ်လေးလေး ပြန်ဖြေလိုက်၏။ “ရာမကလန်က သူတော်စင် အကြွင်းအကျန် မြို့ကို အကြွေးတင် နေတာရှိတယ် ...”

ဇူယွမ်က သဘောပေါက် သွားခဲ့သည်။ သူက ရှောင်ထျန်းရွှမ်ကို ကူညီပေးနေခြင်း ဖြစ်သည်။ ဇူယွမ်က ရှောင်ထျန်းရွှမ်ဟာ စွမ်းဆောင် နိုင်စွမ်းရှိသူ တစ်ယောက်ဟု ထင်လိုက်မိသည်။ သူက ရာမမင်းသားလို ထိပ်ဆုံးက ပါရမီရှင် တစ်ယောက်ကိုပင် သူ့အတွက် ဆောင်ရွက် စေခိုင်းနိုင်ခဲ့၏။

ဇူယွမ်က သိချင်စိတ်ပြင်းစွာ မေးလိုက်သည်။ “မင်းငါ့ကို ဘယ်လို ရှာတွေ့ခဲ့တာလဲ”

“တစ်ယောက်ယောက်ရဲ့ သိုလှောင်အိတ်ကို ခုလိုမျိုး မယူသွားသင့်ဘူး” ကျိန်းရွှီး၏ အသံက တည်ငြိမ်စွာ ထွက်ပေါ်လာခဲ့၏။

ဇူယွမ်က ခေါင်းညိတ်လိုက်သည်။ “ဟုတ်လား”

ကျိန်းရွှီးက ဇူယွမ်အား ထပ်ပြောလိုက်သည်။ “ရှောင်ထျန်းရွှမ်းက မင်းသူ့ကိုယ်ထဲ ထည့်ပေးလိုက်တဲ့ အဆိပ်ကြောင့် သေလုမြောပါး ခံစားနေရတယ်။ ဒါကြောင့်ပဲ ငါက မင်းကို ဖမ်းပြီး သူ့အတွက် အဆိပ်ဖြေ ခိုင်းမို့ပဲ”

ကျိန်းရွှီး၏ အသံက အမြဲချောက်ချားဖွယ် အသံ အနေအထား ဖြစ်နေကာ တုန်ယင် အေးစက်မှုကို ဖြစ်စေ၏။

ဇူယွမ်က ခပ်ပြတ်ပြတ်ပင် ပြန်ပြောလိုက်သည်။ “ရှောင်ထျန်းရွှမ်က သူ့ကိုသူပဲ အပြစ်တင်သင့်တယ် ...”

ကျိန်းရွှီးက မထူးမခြား ထပ်ပြောလိုက်သည်။ “ငါ့မှာ မင်းတို့နှစ်ယောက် ကြားမှာရှိတဲ့ ရန်ကြွေးနဲ့ ပတ်သက်ပြီး စိတ်ဝင်စားဖို့ အချိန်မရှိဘူး။ ငါက မင်းကို အဆိပ်ဖြေခိုင်းဖို့ ဖမ်းခေါ်သွားဖို့ပဲ လိုတယ်။အဲကျရင် ရာမကလန်နဲ့ သူတော်စင် အကြွင်းအကျန်မြို့ တို့က ဘာအကြွေးမှ မရှိတော့ဘူး ...”

ဇူယွမ်က ခေါင်းယမ်းလိုက်သည်။ “ငါ့မှာလည်း မင်းတို့အကြွေး တွေနဲ့ ပတ်သက်ပြီး အာရုံစိုက်ဖို့ အချိန် မရှိဘူး”

“ငါမင်းကို ဖမ်းခေါ်သွားမယ်ပဲ ပြောတာ၊ မင်းခွင့်ပြုချက် လိုတယ်လို့ မပြောဘူး ...”  ကျိန်းရွှီးက ထိုသို့ ပြောပြီးပြီးချင်း တစ္ဆေတစ်ကောင်လို ရိပ်ခနဲ ဇူယွမ်ရှေ့သို့ ရောက်သွားပြီး လှမ်းကုတ် ဆွဲလိုက်သည်။

သူ့အင်္ကျီ ထဲမှ လက်က ရှည်ထွက်လို့ လာခဲ့၏။ သူ့လက် အသွင်က အရိုးစုပုံစံ ရှိနေသည်။ အသွေးအရောင် မှာလည်း မီးခိုးနက်ရောင် ဖြစ်နေကာ ကြောက်မက်ဖွယ် အနံ့ဆိုးများ လှိုင်ထွက်နေ၏။ ချွန်မြသော လက်သည်းများက လေထုကို ဆုတ်ပြဲ သွားစေသည်။

ဇူယွမ်က မျက်လုံး အနည်းငယ် မှေးလိုက်သော်လည်း နောက်ဆုတ်ခြင်းတော့ မရှိပေ။ ဇူယွမ်က လက်ငါးချောင်းကို တင်းကျပ်စွာ ဆုပ်၍ လက်သီးတစ်ချက် ထိုးလိုက်ရာ နက်ရွှေရောင် ချီများက ဝုန်းခနဲ ကျိန်းရွှီးထံသို့ တိုးဝင်သွားသည်။ စွမ်းအား ပေါက်ကွဲမှုများ ပြင်းထန်သောကြောင့် သူ့အောက်ရှိ သစ်ရွက်များမှာ အမှုန်အမွှားများ ဖြစ်ကုန်ကြသည်။

“ဘုန်း

လက်သီးနှင့်လက်သည်းက ပြင်းထန်စွာ ထိတိုက်မိကြကာ မတူညီသော မူလချီ နှစ်မျိုးက ပေါက်ကွဲ ထွက်လာပြီး အောက်ခြေရှိ မြေကြီးများပင် အက်ကွဲကုန်သည်။

“အလောင်း အဆိပ်လက်”

ကျိန်းရွှီး၏ မျက်လုံးများက နက်မှောင်သွားပြီး သူ့ လက်ချောင်းထိပ်မှ အေးစက်စက် အလင်းများ ထွက်ပေါ်ကာ ဇူယွမ်လက်အား ကုတ်ဆွဲ လိုက်ပြန်သည်။ ထိုလက်ချောင်း ထိပ်ဖျားများ၌ အလောင်းအဆိပ်များ ပါဝင်နေကာ ထိမိသည်နှင့် အသွေးအသား ထဲသို့ ဝင်ရောက် သွားနိုင်စွမ်းရှိ၏။

“ခရက်”

သို့သော် လက်ချောင်းထိပ် များကြောင့် သွေးများ ထွက်ရမည့်အစား  မီးများ ပွင့်သွားသည်ကို တွေ့လိုက်ရသည်။ ရွှေရောင်ကြေးခွံ များက ဇူယွမ်၏ လက်ပေါ်၌ ထွက်ပေါ်လာခြင်း ကြောင့်ပင်။

“အဆိပ်နဲ့ ကစားချင်တာလား။ ဒါငါ့အကြိုက်ပဲ”

ဇူယွမ်က အေးစက်စက်ဖြင့် ဟက်ကနဲ ရယ်မောလိုက်သည်။ နက်ရွှေရောင် ချီများက ဝှီးခနဲ မြန်ဆန်စွာ ထွက်ပေါ်လာခြင်း နှင့်အတူ သွေးအမျှင်တန်း တစ်ခုကလည်း ကျိန်းရွှီးထံသို့ လျင်မြန်စွာ တိုးဝင်လာခဲ့သည်။

ပင်ကိုအားဖြင့် ထိုသွေးအမျှင်တန်းမှာ  နဂါးဒေါသ အဆိပ်ပင် ဖြစ်၏။

“ဝေါင်း”

ထိုအခိုက်၌ ဒေါသထွက်နေသော နဂါးဟိန်းသံ သဲ့သဲ့ကို ကြားလိုက်ရသည်။ ကျိန်းရွှီး၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။ သူက ထိုအရာဟာ ရှောင်ထျန်းရွှမ်ကို သေလုအောင် ခံစားစေရသော သွေးအဆိပ်မှန်း သိသည်။ ထိုကြောင့်သူက ထိပ်တိုက် ရင်မဆိုင်ရဲချေ။ သူ့လက်ကို မြန်ဆန်စွာ ဝှေ့ယမ်း လိုက်သောအခါ အေးစက်စက် မီးခိုးနက်ရောင် မူလချီအလွှာ တစ်ခုက စုဝေးလာပြီး သူ့ရှေ့၌ ကာရံလို့သွား၏။

နဂါးဒေါသ အဆိပ်များက ကျိန်းရွှီး၏ အကာအရံကြောင့် လုံးဝ ပျောက်ကွယ် သွားရသည်။

“ဘုန်း”

ဇူယွမ်နှင့် ကျန်းရွှီး တို့၏ အပြန်အလှန် တိုက်ခိုက်မှု များကြောင့် ပြင်းထန်လှသော မူလချီများက ပေါက်ကွဲ ထွက်လာပြီး အနားရှိ သစ်ပင်များကို အပိုင်းပိုင်း ပျက်စီးကုန်စေသည်။

သို့သော် ကျန်းရွှီးက နောက်သို့ ပြန်ဆုတ်လိုက်၏။ သူ့မျက်နှာက လေးနက်လို့သွားသည်။ သူ့မျက်လုံးထောင့်၌ ရေခဲပြာရောင် ချီများ သူ့ထံသို့ တိုးဝင်လာသည်ကို တွေ့ရကာ ထိုချီများ ဖြတ်သန်းလာသော မြေပြင်တစ်လျှောက် ရေခဲများ ဖုံးလွှမ်းလို့ သွားသည်။

“အလောင်း အရိုးလက်ချောင်း”

ကျန်းရွှီးက အလင်းလက်ချောင်း တစ်ခုကို ထုတ်ဖော်ကာ ရေခဲပြာရောင် ချီများကို ပြန်တိုက်ခိုက်လိုက်၏။ သူ့ထံမှ သတ်ဖြတ်လိုသော ဆန္ဒများ မြင့်တက်လာသည်။ မီးခိုးနက်ရောင် ချီများ ဖြတ်သန်းသွားရာ လမ်းကြောင်းရှိ မြေပေါ်က အစိမ်းရောင် သစ်ရွက်များမှာ အမှုန်အမွှားများ ဖြစ်ကုန်ကြသည်။

“ချက် …”

ထိုတိုက်ခိုက်မှုက အပြာရောင်ချီကို ဆုတ်ဖြဲ ပစ်လိုက်နိုင်သည်။ ကျန်းရွှီးက ခေါင်းလှည့် ကြည့်လိုက်သည်။ သူ့ညာဘက်ရှိ တောအုပ်ကို စူးစိုက် ကြည့်လိုက်ရင်း အမူအရာ ခက်ထန်သွား၏။ လှပသော ပုံရိပ်လေး တစ်ခုက ပြုံး၍ လျှောက်လှမ်း လာသောကြောင့်ပင်။

ဇူယွမ်က ထိုရင်းနှီးဟန် ရှိသော ပုံရိပ်လေးကို ကြည့်ကာ မှင်တက်မိသည်။

“လုလျို့ …”

All Chapters