အခြားသူများ၏ကံဆိုးခြင်းမှ အကျိုးအမြတ်ရယူခြင်း
Vol. 70 Ch. 978
ကျယ်ပြန့်သောအခန်းတွင် ကျိုတာချွမ်းက ဆေးပြင်းလိပ်သောက်ရင်း ဘဏ္ဍာရေးအစီအရင်ခံစာတစ်ခုအား ဖတ်နေ၏။ သူ၏စီးပွားရေးလုပ်ငန်းက ပြဿနာတက်နေသည်၊ ထိုအထဲတွင် သူ၏ရွှေတွင်းလုပ်ငန်းက ထင်ရှားသိသာ၏။ ရွှေများအား တူးဖော်၊ အရည်ဖျော်ကာ သန့်စင်ရသည်၊ သို့သော် ရွှေတန်ဖိုးက ကျဆင်းသွားသဖြင့် အရောင်းအဝယ်အလွန်ဆိုးရွားသွား၏။ ငွေအလျင်လိုနေသောကြောင့် ဤအရာက သူ့အား စိတ်ဓာတ်ကျစေသည်။
"သူဌေး၊ ခန်အဂျာက တစ်ယောက်ယောက် လွှတ်ပြီး မင်းကို ထပ်သတိပေးခိုင်းလိုက်တယ်"
သက်လတ်ပိုင်းလူတစ်ယောက်၊ သူ၏အသွင်အပြင်က ခန့်ညားခြင်းမရှိသော်ငြား မျက်လုံးများက ဉာဏ်ရှိခြင်း၊ အတွေ့အကြုံများခြင်းတို့ ပေါ်လွင်နေကာ လက်ဆွဲအိတ်တစ်ခုအား ကိုင်ကာ ဝင်လာပြီး အကူအညီမဲ့သောမျက်နှာအမူအရာနှင့် တင်ပြလာ၏။
"ချီးလိုပဲ။ မိုးရွာတာ မရပ်သလို နောက်ထပ်ခေါင်းကိုက်စရာတစ်ခုက ထပ်လာပြန်ပြီလား"ကျိုးတာချွမ်းက စားပွဲအား ဒေါသတကြီး ရိုက်လိုက်၏"သူ့ကို ငွေပြန်ပေးရဖို့ ခြောက်ရက်ပဲ ကျန်တော့တယ်၊ ရွှေတန်ဖိုး ထပ်တက်လာအောင် ငါတို့ ဘယ်လိုလုပ်ရမှာလဲ။ ခြောက်ရက်အတွင်းမှာ ဝယ်သူအကြီးစားတစ်ယောက်မရှိရင် ဘယ်လိုလုပ်မလဲ"
"အကြွေးကို ရွှေနဲ့ ပေးချေဖို့ သူ သဘောတူတယ်လို့ ခန်အဂျာက ငါတို့ကို ပြောခဲ့တယ်။ ဒါပေမယ့် ကြွေးကျန်ကို လက်ရှိဈေးကွက်ပေါက်ဈေးအရပဲ ပေးရမယ်တဲ့"သက်လတ်ပိုင်းလူက ခါးသီးစွာ ပြုံးလျက် ပြော၏။
"သူက အိမ်မီးလောင်နေချိန်မှာ ဓားပြတိုက်နေတာပဲ"ကျိုတာချွမ်းက ဒေါသတကြီးအော်လိုက်သည်။
"သူက တကယ်ပဲ ငါတို့ရဲ့ကံကြမ္မာဆိုးကို အခွင့်ကောင်းယူခဲ့တာပဲ"သက်လတ်ပိုင်းလူက ပြော၏"ဒါပေမယ့် ရွှေကလွဲပြီး ကြွေးကျန်ကို ပေးဖို့ အခြားရွေးချယ်စရာမရှိဘူး။ အကြွေးပေးဖို့ သန်းရှစ်ဆယ်ကျော် လိုတာကြောင့် အခြားလုပ်ငန်းတွေမှာလဲ အဲလောက်ပမာဏထိ ငွေဖော်စရာမရှိဘူး"
အုံ့မှိုင်းနေသော ကျိုးတာချွမ်း၏မျက်နှာအမူအရာက တင်းမာသွား၏။ ဤလူ ဘယ်သူလဲကို သူ သိသောကြောင့် ခန်အဂျာအား အကြွေးမပေးဘဲ မနေရဲပေ။ သူက ဤလူအား ဆန့်ကျင်မိခဲ့လျှင် ဟွမ်များအား ဆန့်ကျင်မိသည်ထက် ပိုဆိုးဝါးစွာ အဆုံးသတ်သွားရပေမည်။ ဟွမ်များက သူ့အား အမဲလိုက်ကာ သူ၏စီးပွားရေးလုပ်ငန်းများအား ဖျက်ဆီးပစ်ခဲ့သော်လည်း တရုတ်၏တရားဥပဒေသကန့်သတ်ချက်များကြောင့် သူတို့က အလွန်အကျွံမလုပ်ရဲပေ။ သို့သော် ခန်အဂျာက ဘန်ကောက်တွင် ကြီးမားသောသြဇာအာဏာနှင့်စွမ်းအားရှိသူဖြစ်၏၊ သူက စိတ်ကူးပေါက်သလို အနက်ရောင်အဖြူရောင်,အရောင်ခြယ်နိုင်သည့်ရက်စက်ကြမ်းကြုတ်သူတစ်ယောက်ဖြစ်သည်။ အကျိုးအမြတ်အတွက် မည်သူ့ကိုမဆို ဖျက်ဆီးပစ်သည့် အရူးတစ်ယောက်ဖြစ်၏။
ကရင်း၊ ကရင်း၊ ကရင်း......
စားပွဲပေါ်ရှိဖုန်းက ရုတ်တရက် မြည်လာသည်။
ကျိုတာချွမ်းက သက်ပြင်းတစ်ချက်ရှိုက်ကာ ဖုန်းတန်းကိုင်လျက် မေးလိုက်သည်"ဘာဖြစ်လို့လဲ"
"သခင်မလေး ရောက်လာပြီ၊ သူဌေး"
လုံခြုံရေးခေါင်းဆောင်၏အသံက ဖုန်းမှတစ်ဆင့် ထွက်လာ၏။
ကျိုးတာချွမ်းက ခဏငေးမြောသွားပြီး ပျော်ရွှင်သောအသွင်တစ်ခုက သူ့မျက်နှာအား ဖုံးလွှမ်းသွား၏။ သူက ခန်အဂျာ၏အကြွေးအား ဖြေရှင်းရန် လိုအပ်သော်လည်း သူ့စိတ်ထဲတွင် အရေးကြီးဆုံးအရာက သူ့သမီးနှင့်မြေးနှစ်ယောက်ပင်။
"သူမကို ဒီကို ချက်ချင်း ခေါ်လာ။ ငါ စောင့်နေမယ်"
ဖုန်းချလိုက်ပြီး ကျိုးတာချွမ်းက သက်လတ်ပိုင်းလူအား ကြည့်ကာ ပြောလိုက်သည်"သူ့ငွေကို ခြောက်ရက်အတွင်း ပြန်ပေးမယ်လို့ ခန်အဂျာကိုပြောလိုက်။ အချိန်ကျလို့ ငွေသားမရှိရင် ရွှေနဲ့ ပေးမယ်လို့ ပြော"
ထိုသို့ ပြောပြီးနောက် သူက အပြင်သို့ စိတ်အားထက်သန်စွာ ပြေးထွက်လျက် သူ့လူများအား စုဝေးကာ ခမ်းနားသောကြိုဆိုဧည့်ခံပွဲတစ်ခု ပြင်ဆင်ရန် အမိန့်ပေးလိုက်သည်။
ခြောက်မိနစ်ကျော်ကြာပြီးနောက် ကားလေးစီးက ခြံဝင်းအပြင်ဘက်ရှိရင်ပြင်ငယ်တစ်ခု၌ ထိုးရပ်သွား၏။ ကျိုချင်းနှင့်သူ၏မြေးနှစ်ယောက်အား မြင်သောအခါ ကျိုတာချွမ်းက ပျော်ရွှင်စွာနှင့် ကမန်းကတန်းပြေးထွက်လာပြီး သူမအား ပွေ့ဖက်လျက် ပြောလိုက်သည်"မင်း ဘေးမသီရန်မခဘဲ ဒီနေရာကို ရောက်လာတာ ငါ တကယ်ဝမ်းသာတယ်၊ ချင်းအာ။ မင်းအတွက် အရမ်းခက်ခဲမှာပဲ။ မင်းကို ဒုက္ခတွေ ခံစားရစေတဲ့ ဒီအသုံးမကျတဲ့အဖေကိုပဲ အပြစ်တင်ပါ"
ကျိုချင်းက သူမအဖေအား မမြင်ရသည်မှာ ခြောက်နှစ်ကျော်လေပြီ။ ပွေ့ဖက်ပြီးနောက် သူမရင်ထဲတွင် တစ်ချိန်လုံးတည်ရှိနေသည့်ဂနာမငြိမ်မှုက ပျောက်ကွယ်သွားခဲ့သည်။ မျက်ရည်များ စီးကျလာကာ သူမက ရှိုက်ငိုလျက် ပြော၏"ငါ ဘယ်တော့မှ အပြစ်မတင်ခဲ့ပါဘူး၊ အဖေ"
ကျိုတာချွမ်းက ပွေ့ဖက်ရာမှ လွှတ်ကာ ခေါင်းခါယမ်းလိုက်သည်။ ထို့နောက် သူ့သမီးဘေးနားရှိကောင်လေးနှစ်ယောက်အား ကြည့်ကာ ချက်ချင်း ဆောင့်ကြောက်ထိုင်ချလိုက်သည်"မင်းတို့က ယန်ယန်နဲ့ဒိုဒိုမလား။ မင်းတို့တွေ မွေးကတည်းက အခုမှပဲ ငါတို့တွေ တွေ့ရတော့တယ်။ မင်းတို့ရဲ့အဖိုးအသုံးမကျတဲ့အတွက် အပြစ်တင်လ်ိုက်စမ်းပါ"
"ယန်ယန်၊ ဒိုဒို၊ အဖိုးကို အမြန်နှုတ်ဆက်လိုက်"ကျိုချင်းက ကမန်းကတန်းပြော၏။
ကလေးနှစ်ယောက်က နှုတ်ဆက်လိုက်သည်"မင်္ဂလာပါ၊ အဖိုး"
မျက်နှာတွင် ပျော်ရွှင်ခြင်းတို့ ပြည့်နှက်သွားလျက် ကျိုတာချွမ်းက သူတို့အား ခေါင်းညိတ်ပြလိုက်သည်။ သူက သူတို့၏လက်သေးသေးအား ဆုပ်ကိုင်ကာ ပြော၏"လိမ္မာတဲ့ကလေးလေးတွေ။ သွားကြစို့။ အဖိုးက မင်းတို့အတွက် အရသာရှိတာတွေ ပြင်ဆင်ခိုင်းထားတယ်။ ချင်းအာ၊ မင်းရဲ့ခရီးက အရမ်းခက်ခဲမှာပဲ။ ရေချိုးပြီး အေးအေးဆေးဆေးအနားယူ"
"ဒီကို တရားမဝင်လာတဲ့ခရီးမှာ ငါတို့တွေ ဒုက္ခအများကြီး တွေ့ခဲ့ရတယ်"ကျိုချင်းက ပြော၏"ငါတို့ ဒီအထိ ရောက်လာတာ နတ်ဆေးဆရာထန်က ငါတို့ကို လမ်းတစ်လျှောက် ကာကွယ်ပေးလာလို့ပဲ။ အဖေကို သူနဲ့ မိတ်ဆက်ပေးမယ်။ ဒါက နတ်ဆေးဆရာထန်၊ ကျန်တဲ့လူတွေက သူ့လူတွေနဲ့သူ့သူငယ်ချင်းတွေပဲ"
ထိုအချိန်ကျတော့မှ ကျိုတာချွမ်းက သူ့သမီးအနောက်ရှိလူတစ်အုပ်အား သတိပြုမိသည်။ သူက ရုတ်တရက် မျက်မှောင်ကြုတ်ကာ လူအုပ်ကြီးအား စိုက်ကြည့်လိုက်၏။ ထို့နောက် ထန်ရှုအရှေ့သို့ လျှောက်လာကာ လက်ဆွဲနှုတ်ဆက်လိုက်သည်"မင်္ဂလာပါ၊ နတ်ဆေးဆရာထန်။ ငါက ကျိုတာချွမ်းပဲ။ ငါ့သမီးကို ကူညီပေးတဲ့အတွက် ငါက အရမ်းကျေးဇူးတင်ပါတယ်"
"ဒါက လမ်းကြုံလို့ပါ။ ငါလုပ်နိုင်တာ လုပ်ခဲ့ရုံပါပဲ"ထန်ရှုက ပေါ့ပေါ့ပါးပါးပြံးလျက် ပြော၏"ဒီလိုလောကဝတ်မလိုပါဘူး၊ သူဌေးကျို"
မျက်လုံးများ လင်းလက်သွားပြီး ကျိုတာချွမ်းက ပြုံးလျက် ပြောလိုက်သည်"မင်းက ငါ့သမီးကို ကူညီပေးခဲ့တာပဲ၊ ဒါကြောင့် မင်းက ငါ့ရဲ့မိတ်ဆွေပဲ။ ငါနဲ့ အထဲကို လိုက်လာပြီး စကားပြောကြတာပေါ့"
"နတ်ဆေးဆရာထန်က ငါ့ကို ကူညီပေးခဲ့ရုံတင်မကဘူး၊ သူက အဖေ့ကိုလဲ အများကြီးကူညီပေးခဲ့တယ်"ကျိုချင်းက ကြားဖြတ်ပြော၏။
ကျိုတာချွမ်းက ပဟေဠိဖြစ်သောအမူအရာနှင့် မေးလိုက်သည်"သူက ငါ့ကိုလဲ ကူညီခဲ့တာလား။ မင်း ဘာအကြောင်း ပြောနေတာလဲ"
"နတ်ဆေးဆရာထန်က ဟွမ်မိသားစုခေါင်းဆောင်ဟွမ်ကျင်းဖူနဲ့ ရင်းနှီးတယ်၊ အဖေ"ကျိုချင်းက ရှင်းပြလိုက်သည်"ပင်လယ်မှာ ရှိတုန်းက မင်းက ဖူးခန်းပြည်နယ်ဟွမ်မိသားစုနဲ့ရန်ငြိုးတစ်ခုရှိတယ်လို့ ငါ သူ့ကို ပြောပြခဲ့တယ်၊ ဒါကြောင့် သူက ဟွမ်ကျင်းဖူကို ဖုန်းခေါ်ခဲ့တယ်။ ငါလဲ သူတို့စကားပြောတာ နားထောင်ခဲ့ရတယ်၊ မင်းနဲ့ရန်ငြိုးအားလုံးကို ခြေဖျက်ပေးမယ်လို့ ဟွမ်ကျင်းဖူက ကတိပေးခဲ့တယ်"
ကျိုးတာချွမ်၏မျက်နှာပေါ်ရှိအပြုံးက ချက်ချင်း ပျောက်သွားပြီး သတိနှင့်သတ်ဖြတ်လိုစိတ်တို့ အနည်းငယ်အစားထိုးလာ၏။ သူက ထန်ရှုအား နက်ရှိုင်းစွာ တစ်ချက်ကြည့်ကာ မေးလိုက်သည်"နတ်ဆေးဆရာထန်၊ မင်းရဲ့အခြားအထောက်အထားကို ငါ သိခွင့်ရှိမလား"
"ငါ မင်းကို ရန်လိုစရာမရှိပါဘူး။ မင်း ငါ့ကို သတိထားဖို့ မလိုပါဘူး"ထန်ရှုက ပြုံးလျက် ပြော၏"ငါ့ကိုယ်ငါ မိတ်ဆက်ပေးပါရစေ။ ငါ့နာမည်က ထန်ရှု၊ ကြယ်တာရာမြို့တရုတ်တိုင်းရင်းဆေးရုံရဲ့လူငယ်နတ်ဆေးဆရာဝန်ထန်ပဲ။ မင်း ခန့်မှန်းထားသလိုပဲ၊ မင်းလိုပဲ စီးပွားရေးသမားတစ်ယောက်အနေနဲ့ ငါ့မှာ အခြားအထောက်အထားတစ်ခု ရှိတယ်"
"မစ္စထန်ရဲ့စီးပွားရေးလုပ်ငန်းကို ငါ သိပါရစေ"ကျိုတာချွမ်းက ထပ်မေး၏။
"ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစု"ထန်ရှုက ပြန်ဖြေသည်။
အဖြေက ကျိုတာချွမ်း၏နှလုံးအား တစ်ချက် ခုန်သွားစေသည်။ ထို့နောက် သူက သတိထားလျက် ပြော၏"ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုအကြောင်း ငါ ကြားဖူးတယ်၊ တရုတ်ရဲ့စီးပွားရေးလုပ်ငန်းမှာ မြင်းနက်တစ်ကောင်အဖြစ် ကင်ပွန်းတပ်ထားတယ်။ ကုမ္ပဏီက အလှကုန်တွေ၊ ကျန်းမာရေးပစ္စည်းတွေ၊ ဝိုင်တွေ ထုတ်လုပ်တယ်၊ ၎င်းရဲ့ဗဟိုမန်နေဂျာကလဲ အမေရိကန်wall streetရဲ့စီးပွားရေးပါရမီရှင်တစ်ယောက်ပဲ။ မင်းက တကယ်ပဲ...."
"ဟုတ်တယ်၊ ငါက ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုရဲ့ပိုင်ရှင်ပဲ၊ ပြီးတော့ ခန်းရှာက ငါ့အတွက် အလုပ်လုပ်တယ်"ထန်ရှုက ပြုံး၍ ပြန်ဖြေလိုက်သည်။
ကြောက်ရွံ့မှုလှိုင်းတစ်ခုက ကျိုတာချွမ်း၏နှလုံးသားထဲ၌ စီးဆင်းသွား၏၊ ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစု၏သူဌေးကြီးက သူ့ရှေ့တွင် ထွက်ပေါ်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သို့သော် ပိုထူးဆန်းသည်က သူက ထိုင်းနိုင်ငံသို့ သူ့သမီးနှင့်အတူ တရားမဝင်,ဝင်ရောက်လာခဲ့ခြင်းပင်။
"တစ်ခုခု မှားနေပြီ......"
ကျိုတာချွမ်း၏နှလုံးသားက တစ်ကြိမ်ထပ်ခုန်သွားပြန်၏။ ထန်ရှုက ထူးခြားသောအဆင့်အတန်းတစ်ခုရှိပြီး သူ့အနေနှင့် ဘန်ကောက်သို့ လာရန် လုံးဝလွယ်ကူသည်။ သူ့အနေနှင့် မှောင်ခိုလာစရာမလိုပေ။
"မစ္စတာ၊ မင်း ဘန်ကောက်ကို ရုတ်တရက် လျှို့ဝှက်လာတာဆိုတော့ အလွန်လျှို့ဝှက်ထားရမယ့်ကိစ္စတစ်ခုကြောင့်များလား။ မင်းအဆင့်အတန်းအရဆိုရင် ဒီတိုင်းပြည်ထဲ ဝင်လာဖို့က မင်းအတွက် ပြဿနာရှိနိုင်ဘူးလေ"ကျိုးတာချွမ်က တိုးတိုးလေးပြန်ပြောသည်"ဘန်ကောက်မှာရှိတဲ့အာဏာပိုင်တွေနဲ့စီးပွားရေးလုပ်ငန်းရှင်တွေက မင်းကို ဂုဏ်သရေရှိဧည့်သည်တစ်ယောက်အနေနဲ့ သတ်မှတ်အုံးမှာ"
"ငါ ဒီနေရာမှာ လျှို့ဝှက်ရင်ဆိုင်ရမယ့်ကိစ္စတစ်ခု တကယ်ပဲ ရှိတယ်"ထန်ရှုက ခေါင်းညိတ်ကာ ပြော၏"မဟုတ်ရင် မင်းရဲ့သမီးနဲ့ လမ်းခရီးမှာ ဘယ်လိုလုပ်တွေ့နိုင်မှာလဲ။ ဒါပေမယ့် ငါတို့က မင်းအတွက် ပြဿနာတွေ ယူလာမှာကို စိတ်ပူရင် မင်းနေရာကနေ ထွက်သွားပေးလို့ရတယ်"
အတွေးများစွာက ကျိုတာချွမ်း၏စိတ်ထဲ၌ လှုပ်ရှားသွားပြီး နောက်ဆုံးတွင် သူက ခါးသီးစွာ ပြော၏"မင်းက ဒီနေရာကို ဧည်သည့်တစ်ယောက်အနေနဲ့ လာခဲ့တာ။ မင်းကို ဧည့်ဝတ်ကျေပွန်ရမှာ ငါအိမ်ရှင်ရဲ့တာဝန်ပဲ။ ဒါပေမယ့် မစ္စတာထန်မှာ လုပ်စရာလေးတွေ ရှိမှတော့ ဒီမှာ နေဖို့ ငါ အတင်းမတိုက်တွန်းတော့ပါဘူး"
"ဘာပြောနေတာလဲ၊ အဖေ"သူမအဖေ၏စကားအား ကြားပြီးနောက် ကျိုချွမ်းက ကြားဖြတ်ပြောလိုက်သည်"နတ်ဆေးဆရာထန်က ငါ့ကို ကူညီရုံတင်မက အဖေ့ကိုပါ ကူညီပေးခဲ့တာလေ။ သူတို့က ထိုင်းနိုင်ငံကို အခုမှရောက်တာ၊ ဒီနေရာနဲ့ မရင်းနှီးဘူး။ ဘာလို့ သူတို့ကို ဒီမှာ မနေစေတာလဲ"
သူမ၏အပြစ်တင်သံက ကျိုတာချွမ်း၏မျက်နှာအား နစ်မြုပ်သွားစေသည်။ သူက ကျိုချွမ်းအား စိုက်ကြည့်ကာ ပြောလိုက်သည်"မစ္စတာထန် ထိုင်းကို လာတဲ့အကြောင်းရင်းက အရေးကြီးရင်ဆ်ိုင်စရာကိစ္စတစ်ခုရှိလို့ပဲ၊ ဘာလို့ သူတို့က ဒီမှာ အကြာကြီးနေနိုင်မှာလဲ။ ကောင်းပြီ၊ ကလေးတွေကို ရေမိုးချိုးပြီး အဝတ်အစားလဲပေးလိုက်။ ပြီးရင် ထမင်းစားဖို့ တစ်ယောက်ယောက်ကို လွှတ်ပြီး ခေါ်ခိုင်းလိုက်မယ်"
"ငါ......"ကျိုချင်းက ထပ်ငြင်းခုံချင်ပုံရ၏။
"သူဌေးကျိုပြောတာ မှန်တယ်"ထန်ရှုက လက်မြောက်ကာ သူမအား တားလိုက်ပြီး ပြုံးကာ ပြောလိုက်သည်"ငါတို့မှာ သွားစရာကိစ္စအချို့ ရှိတယ်။ မစ္စကျို၊ မင်း ဒီကို ရောက်ပြီးဆိုတော့ ငါတို့ရဲ့တာဝန်လဲ ပြီးပြီပေါ့။ ငါတို့လုပ်စရာကိစ္စတွေရှိလို့ ဒီနေရာကနေ ထွက်သွားရမယ်"
ကျိုချင်းက အလျင်စလိုပြော၏"သွားစရာမလိုပါဘူး၊ မစ္စတာထန်။ ငါ....."
ကျိုတာချွမ်းက သူမအား လှမ်းဆွဲကာ အော်ငေါက်လိုက်၏"ဘာလို့ ဒီလောက် ခေါင်းမာရတာလဲ၊ ချင်းအာ။ မစ္စတာထန်မှာ အရေးတကြီးလုပ်စရာကိစ္စတစ်ခုရှိတယ်၊ သူ့အချိန်ကို ဖြုန်းလို့ရဘူး။ သူတို့ရဲ့အလုပ်ကိစ္စပြီးတာနဲ့ ငါ သူတို့ကို ဒီနေရာကို ကြိုဆိုလာမှာပါ"
ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးလျက် ကျိုချွမ်းအား ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူက သူ့အဖွဲ့အား ဦးဆောင်ကာ SUVကားများဆီ ပြန်သွားပြီး အိမ်ရာမှ ထွက်လာခဲ့၏။
ဒေါသေကြောင့် မျက်နှာဖြူရော်နေလျက် ကျိုချင်းက အော်လိုက်သည်"အဖေ ဘာလို့ ဒီလိုလုပ်တာလဲ။ ဘာလို့ သူတို့ကို အတင်းထွက်သွားခိုင်းတာလဲ။ နတ်ဆေးဆရာထန်က အဖေနဲ့ငါ့ကို ကူညီပေးခဲ့တယ်။ တရုတ်မှာ သူ့ရဲ့အဆင့်အတန်း ဘယ်လိုရှိသလဲဆိုတာ အဖေလဲ သိပါတယ်။ လူပေါင်းများစွာက သူ့ကို သူတို့ရဲ့အိမ်ကို ဖိတ်ခေါ်ချင်နေတာ"
"ဟမ့်၊ မင်း ရူးနေတာလား၊ ချင်းအာ"ကျိုတာချွမ်းက အေးစက်စွာ နှာခေါင်းရှုံ့လျက် ပြော၏"ဒီထန်က ဟွမ်မိသားစုနဲ့ ဆက်ဆံရေးမရှိဘူးဆိုရင် ငါ သူတို့ကို ဒီနေရာမှာ နေဖို့ ကြိုဆိုမှာပါ။ ဒါပေမယ့် သူက ဟွမ်မိသားစုခေါင်းဆောင်ကို သိတယ်။ သူက ဟွမ်တွေနဲ့ တစ်ကျိတ်တည်းတစ်ဉာဏ်တည်းမဟုတ်ဘူးလို့ ဘယ်သူက အာမခံနိုင်မှာလဲ။ မင်း သူ့ကို ခေါ်လာတာ အရမ်းမှားတယ်။ သူက ဒီနေရာမှာ နေပြီး ဟွမ်တွေကို အကြောင်းကြားလိုက်ရင် ငါတို့တွေ ပျက်ဆီးခြင်း ကြုံသွားရလိမ့်မယ်"
ကျိုချင်း၏မျက်နှာက ခဏငေးကြောင်သွားပြီးနောက် ခေါင်းခါယမ်းလိုက်သည်"မဖြစ်နိုင်ဘူး။ နတ်ဆေးဆရာထန်က ဟွမ်တွေကို ကူညီစရာအကြောင်းမရှိဘူး"
"လူတစ်ယောက်ရဲ့နှလုံးသားမှာ ဘာရှိတယ်ဆိုတာ မင်း ဘာသိနိုင်မှလဲ"ကျိုတာချွမ်းက နှာခေါင်းရှုံ့လိုက်သည်"သူ တကယ် ဘာတွေးနေမယ်ဆိုတာ ဘယ်သူ သိမှာလဲ။ မသင်္ကာစရာတစ်ခုခုကို မင်း သတိမပြုမိဘူးလို့ ငါ့ကို မပြောနဲ့။ သူက တရုတ်ရဲ့လူငယ်နတ်ဆေးဆရာဝန်ထန်၊ ပြီးတော့ ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုရဲ့ပိုင်ရှင်လေ။ ဒီလိုဆိုရင် သူက ထိုင်းကို ဘာလို့ ခိုးဝင်လာရတာလဲ"
***