သူ့ရည်ရွယ်ချက်
Vol. 70 Ch. 979
သူမအဖေထံမှမေးခွန်းများက ကျိုချင်းအား အလွန်အံ့အားသင့်သွားစေသလို ပြောစရာစကားမဲ့သွားစေသည်။ ပင်လယ်ထဲတွင် ရွက်လွှင့်နေစဉ် ဤအရာအား မစဉ်းစားမိပေ၊ ဘေးကင်းရန်သည်သာ သူမစိတ်ထဲ၌ ရှိနေခဲ့သည်။ ဤအခါတွင်မှ ဘန်ကောက်သို့လာသည့်ထန်ရှု၏ရည်ရွယ်ချက်က သံသယဖြစ်ဖွယ်ကောင်းသည်ကို သူမ သဘောပေါက်လာ၏။
သူက ပြည်မမှာ ဒုက္ခပြဿနာတွေ ကြုံတွေ့နေရလို့များလား။
အတွေးက သူမစိတ်ထဲ၌ ပေါ်လာသော်လည်း ချက်ချင်း ဖယ်ထုတ်ကာ ခေါင်းခါယမ်းလိုက်သည်။ ထန်ရှုက လူငယ်နတ်ဆေးဆရာဝန်၊ ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစု၏ပိုင်ရှင်အဖြစ် ကျော်ကြားပြီး ဖူးချန်းပြည်နယ်မှဟွမ်များနှင့် နက်ရှိုင်းသောဆက်ဆံရေးတစ်ခု ရှိ၏။ ဘယ်သူကများ သူ့ကို တရုတ်ကနေ ထွက်ပြေးအောင် လုပ်လို့ရနိုင်မှာလား။
ထို့ကြောင့် ဘန်ကောက်သို့ တရားမဝင်ရောက်လာခြင်းအတွက် ဖြစ်နိုင်ခြေတစ်ခုသာ ရှိပြီး အလွန်ကြီးမားသောလျှို့ဝှက်ချက်တစ်ခုနှင့် ဆက်စပ်နေ၏။ ဒါဆို ဒီလျှို့ဝှက်ချက်က ဘာဖြစ်နိုင်မလဲ။
အတွေးများက သူမစိတ်ထဲ၌ တဝဲဝဲတလည်လည်ဖြစ်နေသော်လည်း သူမက အဖြေအား လုံးဝမရှာနိုင်ခဲ့ပေ။ သူမအဖေ ပခုံးပုတ်လိုက်တော့မှ အတွေးအား ရပ်တန့်လိုက်လေသည်။
"ကောင်းပြီ၊ ဒါကို အရင်မစဉ်းစားနဲ့အုံး။ ရေချိုးပြီး ကောင်းကောင်းအနားယူ"ကျိုတာချွမ်းက တိုးတိုးပြောပြီးနောက် သူ့မျက်လုံးများက ထန်ရှုနှင့်သူ့လူများ ထွက်ခွာသွားရာဆီသို့ ပြန်ရောက်သွားခဲ့၏။
ကျိုချင်းက ခေါင်းညိတ်လိုက်ပြီး ထန်ရှုအား ငြင်းပယ်ခြင်းအတွက် သူမအဖေအား ဆက်လက်အပြစ်မတင်တော့ပေ။ လက်ရှိတွင် သူမက ပင်ပန်းနွမ်းနယ်ကာ အိပ်ချင်လှမိ၏။ ရေမိုးချိုး၊ အစာစားပြီး ကောင်းကောင်းအနားယူရန် လိုအပ်သည်။
ကရင်း၊ ကရင်း၊ ကရင်း.....
ကျိုတာချွမ်းက သူ့သမီးနှင့်မြေးနှစ်ယောက်အား ဥရောပစတိုင်အဆောက်အဦးဆီသို့ ခေါ်သွားမည့်ဆဲဆဲတွင် သူ့မိုဘိုင်းဖုန်းက မြည်လာ၏။ သူက ဖုန်းကိုင်လိုက်ပြီး လုံခြုံရေးခေါင်းဆောင်၏အသံက ထွက်ပေါ်လာလေသည်"သူဌေး၊ မစ္စတာထန်က ငါတို့ဆီကနေ ကားနှစ်စိီးငှားချင်တယ်။ အဲဒါက သူ့အလုပ်အတွက် အကူအညီပေးလိမ့်မယ်လို့ သူ ပြောတယ်"
ခဏစဉ်းစားပြီးနောက် ကျိုတာချွမ်းက ပြောလိုက်သည်"သူ့ကို ကားနှစ်စီးပေးလိုက်၊ ဒါပေမယ့် မပေးခင် လိုင်စင်ကတ်ပြားတွေကို အစားထိုးထားလိုက်အုံး။ အဲဒါနဲ့ပတ်သက်ပြီး သူတို့ကို ပြောပြဖို့ မမေ့နဲ့"
"နားလည်ပါပြီ၊ သူဌေး"လုံခြုံရေးခေါင်းဆောင်က တလေတစားပြန်ဖြေလိုက်သည်။
အိမ်ရာအပြင်ဘက်တွင် လုံခြုံရေးခေါင်းဆောင်က ဖုန်းသိမ်းပြီးနောက် ထန်ရှုအား ပြောလိုက်၏"ငါ့လူတွေက ကားနှစ်စီးယူပြီး ဒီနေရာကို ချက်ချင်းလာလိမ့်မယ်၊ မစ္စတာထန်။ ဒါပေမယ့် ကားလိုင်စင်ကတ်ပြားတွေကိုတော့ ချိန်းထားတယ်၊ မင်း ဒါကို ဂရုစိုက်ဖို့ လိုမယ်"
"ငါ နားလည်တယ်"ထန်ရှုက ခေါင်းညိတ်လိုက်၏။
များမကြာမီ အနက်ရောင်SUVကားနှစ်စီးက ထန်ရှုအရှေ့၌ ရပ်သွားသည်။ ဒရိုင်ဘာခုံမှ လူနှစ်ယောက် ခုန်ဆင်းလာပြီး သော့များအား လုံခြုံရေးခေါင်းဆောင်ထံ ကမ်းပေးလိုက်၏။ ထို့နောက် လုံခြုံရေးခေါင်းဆောင်က ထန်ရှုထံ သော့ကမ်းပေးကာ ခေါင်းညိတ်လိုက်သည်"အားလုံးအဆင်ပြေပါစေလို့ ငါ ဆုတောင်းပါတယ်၊ မစ္စတာထန်"
"မစ္စတာကျိုကို ငါ ကျေးဇူးတင်ကြောင်း ပြောပေးပါ"ထန်ရှုက ပြောလိုက်၏။
ဆင်ခြေဖုံးရပ်ကွက်ရှိလမ်းမတန်းတွင် အနက်ရောင်ကားနှစ်စီးက မြို့ထဲသို့ ဦးတည်လာနေ၏။ စင်းလုအန်နှင့်ထန်ရှုတို့က ဒုတိယကား၏အနောက်ခန်းတွင် ထိုင်နေပြီး အရှေ့တစ်ယောက်က မျက်နှာစူပုတ်လျက် ပြောလိုက်သည်"ငါ တကယ် မမျှော်လင့်ထားဘူး။ မင်းက သူတို့ကို ဒီလောက်အများကြီး ကူညီထားတာ။ ဒါတောင် သူတို့က မင်းကို မပေးနေချင်ဘူး။ ငါ အမှောင်နတ်ဆရာကလန်ခေါင်းဆောင်ဖြစ်လာတဲ့အခါကျရင် သူတို့ကို နောင်တရအောင် သင်ခန်းစာပေးရမယ်"
"သူ ဘာလို့ ငါတို့ကို မနေချင်လဲဆိုတာ ငါ နားလည်တယ်"ထန်ရှုက ပြုံး၍ ပြော၏"ကျိုတာချွမ်းလိုသတိကြီးတဲ့လူတစ်ယောက်အနေနဲ့ ငါ သူ့ရန်သူနဲ့ပူးပေါင်းနေမယ်လို့ စိုးရိမ်တာ လက်ခံလို့ရပါတယ်။ အခြားတစ်ခုအနေနဲ့ ဘန်ကောက်ကိုလာတဲ့ငါတို့ရဲ့ရည်ရွယ်ချက်ကို သူ သံသယဝင်နေတယ်။ သူ့နေရာမှာ ငါဆိုရင်လဲ သူစိမ်းတွေကို ငါ့နေရာမှာ နေထိုင်ခွင့်ပြုစရာအကြောင်းမရှိဘူး။ ဒါကို ထားလိုက်ပါ။ သူ ငါတို့ကို ကားနှစ်စီးပေးတာကတင် ကောင်းမွန်နေပါပြီ"
"ဟူး၊ ငါ မင်းကို တကယ် နားမလည်နိုင်ဘူး၊ မစ္စတာထန်။ မင်းရဲ့စရိုက်က အတော်လေးဝိရောဓိဖြစ်တယ်"စင်းလုအန်က သက်ပြင်းချလေ၏"မင်းက ရန်သူတွေအပေါ်မှာ နှလုံးသားမဲ့တယ်၊ ရက်စက်တယ်၊ ဒါပေမယ့် ဒီလိုအနေအထားနဲ့ ရင်ဆိုင်ရချိန်မှာ မင်းက သည်းခံနေပြန်ရော။ တစ်ခါတစ်ရံကျရင် မင်းက လူကောင်းတစ်ယောက်အဖြစ် ပြောင်းလဲသွားတယ်ဆိုတာ ငါ မြင်ဖူးတယ်"
"ငါက စိတ်အပြောင်းအလဲမြန်တယ်လို့ မင်းဆိုလိုတာလား"ထန်ရှုက ပြုံး၍ မေး၏။
"ဟုတ်တယ်"စင်းလုအန်က ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ၊ တရုတ်မှာ စကားပုံတစ်ခုရှိတယ်၊ လူသားတွေက စိတ်ကောင်းနှလုံးကောင်းနဲ့ မွေးဖွားလာကြတယ်တဲ့"ထန်ရှုက ခပ်ဖေါ့ဖေါ့ ပြုံးလျက် ပြောပြာနေ၏"လူတိုင်းရဲ့အသိစိတ်က စိတ်ကောင်းတရားဆီ ဦးညွတ်နေပြီး အဲဒါကို သူတို့ရဲ့နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်းထွင်းထုကြတယ်။ အသက်ကြီးလာတာနဲ့အမျှ သူသို့မဟုတ်သူမရင်ဆိုင်ရတဲ့လူတွေရဲ့စရိုက်တွေက အမျိုးစုံလာလေပဲ။ အားနည်းပြီးကြင်နာတတ်တဲ့လူတွေအပေါ်မှာ မင်းရဲ့လက်ကို ဆန့်ထုတ်ပေးပြီး ကူညီရမယ်၊ မင်းရှေ့မှာ အားကောင်းတဲ့ရန်သူတွေနဲ့ ရင်ဆိုင်ရရင်တော့ ရက်စက်ရမယ်။ မင်းရဲ့စိတ်နှလုံးဘယ်လောက်ကောင်းကောင်း မင်းရင်ဆိုင်ရမည့်လူဆိုးတွေက ရေတွက်မရအောင်များလွန်းတယ်။ လူဆိုးတွေကို သတ်ပစ်တာက လူကောင်းမရေမတွက်များစွာကို ကယ်တင်တာပဲလို့ တရုတ်မှာ ဆိုရိုးတစ်ခုရှိတယ်"
"ဒါဆို မင်းက လူကောင်းတစ်ယောက်လား"စင်းလုအန်က မေးလိုက်သည်။
"ငါက လူကောင်းတစ်ယောက်မဟုတ်သလို လူဆိုးတစ်ယောက်လဲ မဟုတ်ဘူး"ထန်ရှုက ခေါင်းခါယမ်းကာ ပြောလေသည်"လူတိုင်းမှာ သူတို့ရဲ့ကိုယ်ပိုင်အပြုအမူတွေကို အကဲဖြတ်မယ့် ကိုယ်ကျင့်တရားဆိုင်ရာစံနှုန်းတွေ ရှိတယ်။ ဒါပေမယ့် မင်း မှတ်ထားရမှာ တစ်ခုရှိတယ်၊ စင်းလုအန်၊ မင်းရဲ့ကြင်နာမှုကို ပြသပြီးနောက် ဆုလာဒ်ကို ရိတ်သိမ်းရမယ်။ မင်း လုပ်ခဲ့တဲ့ဆိုးသွမ်းတဲ့အရာတွေအတွက် ဒဏ်ခတ်ခြင်းက လာမှာပဲ။ မင်း အမှောင်နတ်ဆရာကလန်ရဲ့ခေါင်းဆောင်ဖြစ်လာရင်တောင် အားနည်းသူတွေကို အနိုင်မကျင့်နဲ့။ ဒါ့အပြင် တရုတ်မှာ ဆိုရိုးတစ်ခုရှိတယ်၊ လူတစ်ယောက် နိမ့်ကျလာတဲ့အခါ အခြားသူတွေရဲ့ပစ်မှတ်တစ်ခုဖြစ်လာလိမ့်မယ်။ မင်းဖိနှိပ်ခဲ့တဲ့သူတွေက မင်းကို ပြန်ဖျက်ဆီးလိမ့်မယ်။ ဒါပေမယ့် မင်း ကြင်နာမှုပေးခဲ့တဲ့လူတွေကတော့ မင်းနိမ့်ကျတဲ့အချိန်မှာ ကျေးဇူးတရားသိပြီး မင်းကို ကူညီလက်ကမ်းပေးလိမ့်မယ်"
စင်းလုအန်၏မျက်လုံးများက လင်းလက်သွားပြီး ၎င်းတို့အတွင်း၌ နက်နဲမှုတစ်ခု ရှိနေ၏။ သူက အချိန်အတန်ကြာ နှုတ်ဆိတ်သွာပြီးနောက် တိတ်တဆိတ်ခေါင်းညိတ်လိုက်လေသည်"မင်း ဘာဆိုလိုတာ သဘောပေါက်ပြီလို့ ငါ ထင်တယ်၊ မစ္စတာထန်"
ထန်ရှုက သူ့ပခုံးအား ပုတ်လိုက်၏။ ထို့နောက် အရှေ့ထိုင်ခုံရှိထန်ကွမ်းအား လှမ်းပြောလိုက်သည်"ငါတို့ အချိန်တစ်ခု နေဖို့ နေရာ အမြန်ရှာ။ ငါတို့ရဲ့ခြေရာလက်ရာတွေကို ဖုံးကွယ်ဖို့လဲ မမေ့နဲ့။ ငါ ထင်တာမှန်ရင် စင်းခေါက စင်းလုအန်ကို ရှာပြီး ငါတို့နဲ့ ရင်ဆိုင်ဖို့ အခြားအင်အားတွေကို ဖိတ်ခေါ်ထားလောက်ပြီ။ သူက အမှောင်လေအဖွဲ့အစည်းနဲ့ဘန်ကောက်မြေအောက်လောကရဲ့ဘုရင်ဖြစ်တဲ့ခန်အဂျာကိုတောင် ရှာပြီးနေလောက်ပြီ"
"ကျင်းရှီက စိတ်ချရတဲ့နေအိမ်တစ်ခုကို သိလောက်မယ်၊ သူဌေး"ထန်ကွမ်းက ပြန်ဖြေသည်။
"မင်း ဘာလို့ ဒီလိုပြောတာလဲ"ထန်ရှုက အံ့အားသင့်စွာနှင့် မေးလိုက်သည်။
"ငါ သိသလောက် သူ ထိုင်းကို မစ်ရှင်အချို့ လုပ်ဖို့ လာခဲ့ဖူးတယ်၊ ဒါကြောင့် ဒီနေရာရဲ့အနေအထားနဲ့ သူ ရင်းနှီးမှာပဲ"ထန်ကွမ်းက ပြန်ဖြေ၏"ပြီးတော့ သူ့သဘာဝအရ သူ့မှာ လုံခြုံစိတ်ချရတဲ့နေစရာတစ်ခုရှိမှာ သေချာတယ်"
”
ထန်ရှုက ဖုန်းထုတ်ကာ ကျင်းရှီ၏နံပါတ်အား ခေါ်လိုက်သည်။ ထို့နောက် သူက မေးလိုက်၏"မင်းတို့ အခု ဘယ်ရောက်နေပြီလဲ၊ ကျင်းရှီ"
"ငါတို့ ဘန်ကောက်ကို အခုပဲ ရောက်တယ်၊ သူဌေး"ကျင်းရှီ၏အသံက ဖုန်းမှ ထွက်လာ၏"အခု ငါတို့ ဘန်ကောက်မှာ ငါနေလေ့ရှိတဲ့စိတ်ချရတဲ့အိမ်တစ်ခုကို ဦးတည်နေတယ်။ သူဌေး ငါတို့နဲ့ လာပူပေါင်းချင်လား ဒါမှမဟုတ် တခြားစဉ်းစားထားတာ ရှိလား"
"ငါ့ကို လိပ်စာပြော။ ငါ မင်းဆီ လာခဲ့မယ်"ထန်ရှုက ပြော၏။
"ဒုန်မူအန်ခရိုင်၊ ငှက်မွေးနန်တော်ကလပ်"
"ဟုတ်ပြီ။ ငါ အဲကို ရောက်ရင် မင်းကို ထပ်ဆက်သွယ်လိုက်မယ်"ထန်ရှုက ပြော၏"မင်းရဲ့တည်နေရာကို ဖုံးကွယ်ဖို့ မမေ့နဲ့"
ဘန်ကောင်မြို့လယ်။
စမ်းနွေဦးအိမ်ရာထဲတွင် အဆောက်အဦးများစွာ ချိတ်ဆက်လျက် တည်ရှိနေသည်။ အတွင်းပိုင်းတွင် သီးပင်စားပင်များ၊ တံတားငယ်များ၊ ကျောက်တုံးဥယျာဉ်များနှင့် ရေကန်ငယ်တစ်ခုရှိ၏၊ အရှေ့တိုင်းဗီသုကာလက်ရာဖြင့်တည်ဆောက်ထားသည့်အသည်းရေကန်စံအိမ်နှင့် ဆင်တူသည်ဟု ဆိုနိုင်သည်။
အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားလျက် အန်အဂျာက ရေကန်ဘေးနားတွင် တိတ်တဆိတ် ငါးမျှားနေ၏။ လှပသောမိန်းကလေးနှစ်ယောက်က သူ့အတွက် လက်ဖက်ရည်ငှဲ့ပေးနေပြီး စုန့်ဇန်က သူ့ဘေးနားတွင် ငြိမ်သက်စွာ ထိုင်လျက် စာရွက်စာတမ်းတစ်စုံအား ဖတ်နေလေသည်။
"ငါ ဖတ်ပြီးပြီ၊ ခေါင်းကိုင်အဖ"စုန့်ဇန်က တရိုတသေပြန်ပြောသည်။
"မင်း ဖတ်ပြီးပြီဆိုရင် ကလပ်ကို သွားတော့"ခန်အဂျာက သူ့အား လှည့်ကြည့်ကာ တည်ငြိမ်စွာ ဆိုလိုက်သည်"မင်း အဲနေရာမှာ နှိမ့်နှိမ့်ချချနေရမယ်၊ သုံးနှစ်တိတိ စီးပွားရေးလုပ်ငန်းကို ဂရုစိုက်ရမယ်။ သုံးနှစ်ပြီးရင် ဒုန်မူအန်ခရိုင်ကို မင်း လက်လွှဲယူလို့ရပြီ"
စုန့်ဇန်က တိတ်တဆိတ်ခေါင်းညိတ်လျက် ပြောလိုက်သည်"ငါ သင့်အပေါ် အမြဲတမ်းသစ္စာရှိမှာပါ၊ ခေါင်းကိုင်အဖ။ သင်က ငါ့အသက်ကို ကယ်ပေးခဲ့တယ်၊ ငါ့ကို ဘာပဲခိုင်းခိုင်း အားလုံး လုပ်ပေးမှာပါ"
"နောက်ပိုင်းကျရင် ငယ်ရွယ်ပြီးဉာဏ်ကောင်းတဲ့လူအချို့ကို မင်း သတိထားရမယ်။ ချို့ယွင်းချက်ရှိတဲ့သူတွေကို အရေးကြီးတဲ့နေရာမျိုးတွေ ပေးတာ ရှောင်၊ သူတို့က ဒုက္ခတွေ ယူလာနိုင်တယ်၊ နားလည်လား"ခန်အဂျာက သက်ပြင်းချလိုက်သည်"ဟူး၊ မစ္စတာထန်က နောက်ခံကြီးကြီးမားမားရှိတယ်။ ငါ တရုတ်ကို လူအချို့ လွှတ်ပြီး သူနဲ့ပတ်သက်တာတွေ လျှို့ဝှက်စုံစမ်းခိုင်းခဲ့တယ်၊ အခုထိ သတင်းမလာသလို လူလဲ ပြန်မရောက်လာကြဘူး။ ငါ ထင်တာမှန်ရင် သူတို့အားလုံး သေသွားလောက်ပြီ၊ ဒါကြောင့် မင်းဘေးနားက ဒီကိစ္စနဲ့ပတ်သက်ပြီး သိတဲ့သူတွေကို ငါ သတ်ခဲ့ရတာပဲ။ ဒါကို လျှို့ဝှက်ချက်တစ်ခုအနေနဲ့ ထိန်းထား၊ ငါ့ကို ထပ်ဒုက္ခမရောက်စေနဲ့တော့၊ စုန့်ဇန်"
လူငယ်တစ်ယောက်၏မျက်နှာက စုန့်ဇန်၏စိတ်ထဲ၌ ချက်ချင်းထွက်ပေါ်လာပြီး သူက ချက်ချင်း ကျောချမ်းသွားလေ၏။ ထို့နောက် သူက ရိုသေလေးစားစွာ ဆိုလိုက်သည်"ငါ ထပ်ဒုက္ခမပေးတော့ပါဘူး၊ ခေါင်းကိုင်အဖ"
ဤအချိန်တွင် လူဒါဇင်ကျော်ကို ဦးဆောင်လျက် လူတစ်ယောက်က အဝေးမှ ချဉ်းကပ်လာသည်။ သူတို့က အမှောင်နတ်ဆရာကလန်ဝင်များဖြစ်ကြပြီး ဦးဆောင်လာသူက စင်းခေါဖြစ်၏။
"ခန်အဂျာ"
သာမန်မျှသောအမူအရာနှင့် စင်းခေါ်က အော်ခေါ်ရင်း ခန်အဂျာနားသို့ ရောက်လာ၏။
ခန်အဂျာက ခေါင်းလှည့်လိုက်ပြီး စင်းခေါကို မြင်ကာ သူ့လက်ထဲရှိငါးမျှားတံအား ချလိုက်သည်။ ထို့နောက် သူက ပြုံးလျက် ပြောလိုက်၏"အာ၊ မင်းကိုး၊ သခင်လေးစင်းခေါ။ မင်းက ရှားပါးတဲ့ဧည့်သည်တစ်ယောက်ပဲ။ ဘယ်လေတိုက်လို့ ဒီနေ့ ငါ့ဆီ ရောက်လာတာလဲ။ မင်းအဖေနဲ့ ငါ မတွေ့ရတာတောင် အတော်ကြာပြီ။ တစ်ခုခုသောက်ဖို့ မင်းအဖေက ငါ့ကို ဖိတ်ခေါ်ခိုင်းလိုက်တာလား"
"သူက မကြာသေးခင်ကမှ တံခါးပိတ်ကျင့်ကြံနေတာ၊ ခန်အဂျာ"စင်းခေါက ပြုံး၍ ဆို၏"ဒါက ဘာကြောင့် သူ အပြင်လူတွေနဲ့ ဆက်သွယ်တာ ရှားပါးရတာပဲ။ ငါ မင်းအကူအညီကို လိုအပ်လို့၊ ဒါကြောင့် မင်းဆီ လာခဲ့တာ"
"ဘာအကူအညီလဲ"ခန်အဂျာက ပြုံးလျက် မေး၏"ငါ လုပ်နိုင်သရွေ့ မင်းရဲ့တောင်းဆိုချက်ကို လစ်လျူမရှုပါဘူး။ တကယ်တော့ ငါတို့က မိတ်ဆွေတွေပဲလေ"
စင်းခေါက ဓာတ်ပုံအချို့ ထုတ်ကာ ခန်အဂျာအား ကမ်းပေးပြီးနောက် ပြောလိုက်သည်"မင်းရဲ့လူတွေ စုပြီး ဒီလူတွေကို ရှာပေးဖို့ ငါ အကူအညီတောင်းချင်တယ်။ သူတို့က အခု ဘန်ကောက်မှာ မရှိလောက်ပေမယ့် သူတို့ ဘန်ကောက်ထဲ ဝင်လာတာနဲ့ မင်းရဲ့လူတွေက ရှာတွေ့ပြီး ငါ့ကို သတင်းပို့ပေးနိုင်မယ်လို့ ငါ မျှော်လင့်တယ်"
ခန်အဂျာက ဓာတ်ပုံများအား ကြည့်လိုက်သည်။ မှုံမှိုင်းမှိုင်းအလင်းတစ်ခုက သူ့မျက်လုံးများထဲတွင် လက်သွား၏။ သူက ခဏနှုတ်ဆိတ်သွားပြီးနောက် ဖြည်းဖြည်းချင်းပြောလိုက်သည်"ဒါက အသေးအဖွဲကိစ္စတစ်ခုပါ။ သတင်းရတာနဲ့ ငါ မင်းကို အကြောင်းကြားပေးမယ်"
"ဒါဆိုလဲ ငါ မင်းကို ဒုက္ခပေးမိပြီ၊ မစ္စတာခန်"စင်းခေါက ခေါင်းညိတ်လိုက်သည်"ပြဿနာအချို့ရှင်းပြီးတာနဲ့ သောက်ဖို့ ငါ မင်းကို ဖိတ်ခေါ်မယ်"
ထို့နောက် ခန်အဂျာက ပေါ့ပေါ့ပါးပါးစကားစမြည်ပြောနေလေသည်။ စင်းခေါနှင့်သူ့လူများ ထွက်ခွာသွားသည်ကို ကြည့်ရှုပြိီးနောက် သူက ဓာတ်ပုံများအား မြေပြင်ပေါ် ပစ်ချကာ ခြေဆောင့်နင်းလျက် နှာခေါင်းရှုံ့လိုက်သည်"ဟမ့်၊ ငါ ခန်အဂျာက ဒီလောကမှာ ကျင်လည်ကျက်စားလာတာ နှစ်ပေါင်းများစွာရှိပြီ။ ဘယ်လိုလူတွေကို ရန်စနိုင်တယ်၊ ဘယ်လိုလူတွေကို မရှုပ်သင့်ဘူးဆိုတာ ငါ သိတယ်။ မင်းတို့ရဲ့အမှောင်နတ်ဆရာကလန်က တကယ်သန်မာပေမယ့် အကြောင်းပြချက်မရှိဘဲ ငါ ကူညီမယ်လို့ မမျှော်လင့်နဲ့။ ဟမ့်၊ မင်းတို့ကလန်က သေမင်းကို လက်ယပ်ခေါ်နေတာပဲ"
ဓာတ်ပုံများအား ကောက်ယူကာ စုန့်ဇန်က တစ်ချက်ကြည့်လိုက်သည်။ မြင်ပြီးနောက် သူ့အမူအရာက ပြောင်းလဲသွားပြီး သူက တီးတိုးပြောလိုက်လေ၏"ဒါက မစ္စတာထန်မလား၊ ခေါင်းကိုင်အဖ"
***