← Chapters

မျက်နှာသာပေးခြင်း

Vol. 70 Ch. 980

မျက်နှာသာပေးခြင်း

Vol. 70 Ch. 980

"အခု ထန်ရှုက အမှောင်နတ်ဆရာကလန်သား‌တွေနဲ့ ဘာလို့ ချိတ်ဆက်မှုတစ်ခုရှိလဲ ငါ သိပြီ။ စင်းခေါကို အနိုင်ယူဖို့ သူက စင်းလုအန်းကို ကူညီီဖို့ပေါ့၊ ဟမ့်"ခန်အဂျာက နှာခေါင်းရှုံ့လိုက်သည်"ကြည့်ရတာ ဘန်ကောက်မှာ မကြာခင် ပြပွဲကောင်းတစ်ခု ဖြစ်လာမယ့်ပုံပဲ။ ငါ ဒီကိစ္စမှာ မပါဝင်ချင်ဘူးဆိုပေမယ့် ဒီကနေ အကျိုးအမြတ်အချို့ ရမယ်ဆိုရင်....."

စုန့်ဇန်၏အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး သူက လေးစားစွာ မေးလိုက်သည်"မင်း ဘာလုပ်ဖို့ စီစဉ်ထားလဲ၊ ခေါင်းကိုင်အဖ"

"ဒီဓာတ်ပုံတွေကို ငါတို့ရဲ့နောက်လိုက်တွေကို ဖြန့်ဝေပြီး ဘန်ကောက်ရဲ့နေရာတိုင်းကို မျက်စိဒေါက်ထောင့်ကြည့်ဖို့ပြော"ခန်အဂျာက ပြော၏"ထန်ရှုနဲ့စင်းလုအန်တို့ရဲ့အရိပ်အယောင်ကို တွေ့တာနဲ့ ငါ့ကို ချက်ချင်းတင်ပြ။ ဒီအခြေအနေကနေ အခွင့်အရေးတစ်ခုရနိုင်မယ်လို့ ငါ မျှော်လင့်တယ်"

ခန်အဂျာအကြောင်း သူ သိသလောက် ဤကြောက်စရာကောင်းသောသူက ဘယ်လောက်တောင် ကြံရည်ဖန်ရည်ရှိပြီး လိမ္မာပါးနပ်သည်ကို သူ သိ၏။ အနေအထားတစ်ခုမှ အကျိုးအမြတ်ရနိုင်မည်ဟု အနံ့ခံမိသည်နှင့် ဤလူက ဘာမှမလုပ်ဘဲ နေမည်မဟုတ်ပေ။

သို့သော် ခန်အဂျာက စင်းခေါလား သို့မဟုတ် ထန်ရှုနှင့်စင်းလုအန်လား ဘယ်ဘက်အား ကူညီမလဲကို သူ မသိပေ။

"ငါကရော၊ ခေါင်းကိုင်အဖ။ အခုပဲ ကလပ်ကို သွားရတော့မှာလား"စုန့်ဇန်က မေး၏။ သူက ပဟေဠိဖြစ်သလို ခံစားရသလို တစ်ချိန်တည်း၌ စိတ်ဝင်စားမိသည်။ သူလည်း ဤကိစ္စ၌ ပါဝင်ပြီး အကျိုးအမြတ်ရရန်‌ မျှော်လင့်ထား၏။ သို့သော် ကိစ္စရပ်က ကြီးမားလွန်းကာ အကျိုးအမြတ်မရဘဲ သူ့ကိုယ်သူ အရှုပ်အထွေးတစ်ခုထဲ၌ ပိတ်မိနေမည်ကိုလည်း စိုးရိမ်သည်။

"ဒီကိစ္စကို ရင်ဆိုင်ဖို့ ငါ့ကို အရင် ကူညီပေး"ခန်အဂျာက ပြော၏"ထန်ရှုနဲ့စင်းလုအန်တို့ကို ဘန်ကောက်မှာ တွေ့တာနဲ့ ချက်ချင်းဆက်သွယ်။ သူတို့က မင်းတို့ကို အရင်တွေ့ရင် မင်းတို့က ခန်အဂျာရဲ့လူတွေဖြစ်ပြီး ငါ့အမိန့်အောက်မှာ ရှိတယ်လို့ သူတို့ကို ပြော"

"နားလည်ပါပြီ"စုန့်ဇန်က ပြန်ဖြေပြီးနောက် ထွက်ခွာသွား၏။

****

ဒုန်မူအန်ခရိုင်၊ ငှက်မွေးနန်းတော်ကလပ်။

ထန်ရှု၊ စင်းလုအန်နှင့် ကျန်လူများ ရောက်ရှိလာပြီး မန်နေဂျာက သူတို့အား ကလပ်၏အတွင်းပိုင်းအကျဆုံးဧရိယာသို့ ခေါ်ဆောင်သွားသည်။ ထန်ရှုအား အံ့အားသင့်စေသည်ကား ငှက်မွေးနန်းတော်ကလပ်က စီးပွားရေးလုပ်ငန်းအမျိုးမျိုးနှင့် ကလပ်အိမ်တစ်ခုဖြစ်ပြီး လူသိအများဆုံးက မြင်းပြိုင်ပွဲ၊ သေနတ်ပစ်၊ ပန်းချီ၊ ကာဆီနိုနှင့် လက်ဝှေ့ခန်းမတို့ ဖြစ်၏။

"မစ္စတာထန်၊ ဒီမန်နေဂျာက ငါ့ကို သိတယ်၊ ဒါပေမယ့် မင်းလူတွေက ဒီနေရာကို လာဖို့ ပြောခဲ့တယ်။ ဒါက ငါတို့ရဲ့တည်နေရာကို အလွယ်တကူထုတ်ပြတာနဲ့ တူမနေဘူးလား"ထန်ရှုဘေးနားတွင် လျှောက်လာရင်း စင်းလုအန်က တီးတိုးမေးလိုက်သည်။

မေးခွန်းက ထန်ရှုအား အနည်းငယ်မျက်မှောင်ကြုတ်သွားစေပြီး သူက ခဏစဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်"ကျင်းရှီက ကိစ္စတွေ ကိုင်တွယ်တဲ့အခါမှာ အမြဲတမ်း သတိကြီးပါတယ်။ ငါတို့ရဲ့အရိပ်အယောင်ကို လျှို့ဝှက်ဖို့ သူ့ကို ပြောခဲ့ပြီးသား။ ဒါကြောင့် ဒီမန်နေဂျာက စိတ်ချရမယ်လို့ ငါ ထင်တယ်"

"ဒီမန်နေဂျာက စိတ်ချရပေမယ့် ဒီကလပ်မှာရှိတဲ့ကျန်လူတွေက စိတ်မချရဘူး"စင်းလုအန်က တီးတိုးပြန်ပြော၏"ငါ မှတ်မိသလောက် ခန်အဂျာရဲ့လူတွေက ဒီကို မကြာခဏ လာလေ့ရှိကြတယ်။ ဒီ‌နေရာမှာ သူ့ရဲ့နောက်လိုက်တွေနဲ့ ငါ တစ်ခါ ပြဿနာတက်ဖူးတယ်"

ထန်ရှုက ပတ်ဝန်းကျင်အား စစ်ဆေးပြီးနောက် တိုးတိုးလေးပြောလိုက်သည်"တစ်ယောက်ယောက်က ငါတို့ကို ရှာတွေ့မယ်လို့ ငါ မထင်ဘူး။ ငါတို့လာတဲ့လမ်းကြောင်းကို မင်း တစ်ချက်ကြည့်လိုက်။ မင်း သတိ မပြုမိဘူးလား။ အတွင်းပိုင်းကိုလာတဲ့ပင်မလမ်းကြောင်း မဟုတ်ဘူး။ ဒီ‌နေရာကို သစ်ပင်တွေ အုပ်မိုးထားပြီး အတော်လေးဖုံးကွယ်ထားတယ်။ ဒီနေရာမှာငါတို့မြင်ရတဲ့လူတွေက အပန်းဖြေဖို့အတွက်လာတဲ့သာမန်လူတွေ မဟုတ်ဘူး။ သူတို့က ဒီကလပ်ရဲ့လုံခြုံရေးအစောင့်တွေမှန်း သိသာတယ်"

စင်းလုအန်က ထန်ရှုထောက်ပြသည်အား သတိမထားမိပေ။ ထန်ရှုသတိပေးပြီးမှ အနေအထားအား ရုတ်တရက် သဘောပေါက်ကာ သူ၏ဂနာမငြိမ်ဖြစ်မှုက ပြေပျောက်သွားခဲ့သည်။

ကလပ်ထဲတွင် အနောက်တိုင်းပုံစံအဆောက်အဦးတစ်ခုထဲတွင် ရုံးတစ်ခုရှိ၏။ နံရံမြင့်များဖြင့် ခြံရံထားသည့် ဥယျာဉ်တစ်ခုက ဝန်းရံထားသည်။ ခြံဝင်းအပြင်ဘက်တွင် ငါးမီတာရှည်သည့်မြစ်ငယ်တစ်စင်းရှိပြီး ခုနှစ်မီတာကျယ်သောခြံဝင်းဂိတ်ပေါက်သို့ ဦးတည်သည့် ကွန်ကရစ်လမ်းတစ်ခုရှိ၏။ ထိုနေရာတွင် အနက်ရောင်ဝတ်ရုံများနှင့်စက်သေနတ်ကိုင်သက်လတ်ပိုင်းလူလေးယောက်က စောင့်ကြပ်နေသည်။

"သူဌေး."

ကျင်းရှီ၊ မိုအားဝူနှင့် သူတို့အဖွဲ့က ခြံဝင်းအပြင်တွင် စောင့်နေပြီး ထန်ရှုတို့အဖွဲ့အား ကြိုဆိုရန် ချက်ချင်းပြေးလာ၏။

မြင်ကွင်းက ခြံဝင်းဂိတ်ပေါက်တွင် စောင့်ကြပ်နေသော လူလေးယောက်၏မျက်နှာအား ထိတ်လန့်တုန်လှုပ်သည့်အသွင် ပြောင်းသွားစေ၏၊ သက်လတ်ပိုင်းမန်‌နေဂျာသည်လည်း မယုံကြည်နိုင်မှုတို့ ဖြစ်နေလေသည်။

"ငါတို့ရဲ့ဒီခရီးရည်ရွယ်ချက်ကို မင်း သိတယ်မလား၊ ငါတို့တွေ လျှို့ဝှက်နေရမှာလေ"ထန်ရှုက ပေါ့ပေါ့ပါးပါးပင် မေး၏"ဒီငှက်မွေးကလပ်မှာ လူမျိုးစုံရှိတယ်၊ ဒါက ငါတို့နေထိုင်ဖို့အတွက် တကယ်ပဲ သင့်တော်ရဲ့လား"

"ငှက်မွေးနန်းတော်ကလပ်ကို ငါတို့ရဲ့ဌာနချုပ်က ထိန်းချုပ်ထားတာ၊ သူဌေး"ကျင်းရှီက ရိုသေလေးစားစွာ ပြန်ပြောသည်"မစ်ရှင်တွေ လုပ်ဖို့ ငါ ဘန်ကောက်ကို လာတုန်းက တည်ထောင်ခဲ့တာ။ ငါ ဒီကလပ်ကို စီမံခန့်ခွဲတာ ရှားတယ်၊ ဒါကြောင့် တေလာကို စီမံခန့်ခွဲဖို့ ပေးခဲ့တာ။ သူက ယုံကြည်စိတ်ချရသူတစ်ယောက်ပဲ။ ဒီလူလေးယောက်ကိုလဲ ငါ လေ့ကျင့်ပေးထားတာ ကြာပြီ၊ သူတို့ရဲ့သစ္စာရှိမှုက မေးခွန်းထုတ်စရာမလိုဘူး"

ထန်ရှုက ခေါင်းညိတ်တုံ့ပြန်လျက် တေလာနှင့်လူလေးယောက်တို့အား တစ်ချက်ကြည့်၏။ ထို့နောက် သူက ပြောလိုက်သည်"ဒီလိုဆိုမှတော့ ငါတို့ ဒီနေရာမှာပဲ နေမယ်။ ကောင်းပြီ၊ အရင် အနားယူကြတာပေါ့။ ဒီညကျရင် ငါတို့ လှုပ်ရှားမယ်"

"မစ္စတာထန်၊ ဒီညလှုပ်ရှားမယ်လို့ မင်း ပြောခဲ့တာလား"စင်းလုအန်က အလျင်စလို မေးသည်။

"ငါတို့တွေ ဘန်ကောက်မှာရှိတဲ့အမှောင်လေအဖွဲ့အစည်းရဲ့ဌာနခွဲကို သွားမယ်"ထန်ရှုက လက်မြှောက်ကာ ကြားဖြတ်ပြောလိုက်သည်"ငါတို့တွေ သတင်းအချက်အလက်အချို့ လိုတယ်၊ ဒါကြောင့် သူတို့ဆီကနေ ဝယ်ရမယ်။ အဲဒါပြီးမှ ငါတို့ရဲ့လုပ်ငန်း စမယ်"

"ကောင်းပါပြီ။ ငါတို့ မင်းရဲ့အမိန့်အတိုင်း လုပ်ပါ့မယ်"စင်းလုအန်က ခေါင်းညိတ်ပြလိုက်သည်။

အနောက်တိုင်းပုံစံသုံးထပ်တိုက်၏အတွင်းပိုင်းအလှဆင်မှုက အလွန်တန်ဖိုးကြီးသည်။ အမျိုးသားတစ်ယောက်နှင့်အမျိုးသမီးသုံးယောက်၊ အဆောက်အဦးအား စီမံနေသော အိမ်ဖော်လေးယောက်ရှိ၏။ သေချာရွေးချယ်ထားသောလူအနည်းငယ်သာ အဆောက်အဦးထံ လာနိုင်သည်ဟု ကျင်းရှီလည်း ရှင်းပြခဲ့သည်။

အဆောက်အဦး၏စာကြည့်ခန်းထဲတွင် ထန်ရှုက လက်ဖက်ရည်တစ်ငုံသောက်ရင်း စကားစမြည်ပြောနေလေ၏"စင်းလုအန်၊ ငါ မင်းတို့အမှောင်နတ်ဆရာကလန်နဲ့ ပတ်သက်ပြီး အသေးစိတ် သိဖို့ လိုတယ်၊ မင်းတို့ကလန်လက်အောက်မှာရှိတဲ့အင်အား၊ မင်းအကို ထိန်းချုပ်ထားတဲ့အင်အားတွေပေါ့။ ဒီအချက်အလက်က အရမ်းအရေးကြီးတယ်။ ငါတို့မှာ ရှိတာနဲ့ ရန်သူရဲ့အနေအထားကို သိမှပဲ အောင်ပွဲကို ဆုပ်ကိုင်နိုင်မှာ"

"အမှောင်လေအဖွဲ့အစည်းက ငါ့ကလန်ထဲကို ထိုးဖောက်ဝင်ရောက်ထားတယ်လို့ ငါ သံသယရှိတယ်"စင်းလုအန်က ပြော၏"ဒီအဖွဲ့အစည်းရဲ့အဖွဲ့ဝင်တစ်ယောက်ကို လွန်ခဲ့တဲ့နှစ်အနည်းငယ်က မတော်တဆတစ်ခုမှာ တွေ့ခဲ့တယ်၊ ဒါကြောင့် သူတို့ထံက‌နေ သတင်းအချက်အလက်ဝယ်ဖို့ လိုအပ်တယ်။ ငါ့အကိုအတွက်ကတော့ ငါ့လူတွေ လွှတ်ပြီး အကြိမ်များစွာ စုံစမ်းခိုင်းထားတယ်၊ ငါ ယခင်စုံစမ်းထားတာနဲ့ယှဉ်ရင် သူ အင်အားတွေ ပိုထိန်းချုပ်ထားနိုင်မယ်လို့ ငါ ယုံတယ်"

သူ့အဖြေက ထန်ရှုအား ခဏစဉ်းစားမိစေသည်။ ထို့နောက် သူက ခေါင်းညိတ်ကာ ပြောလိုက်၏"ငါတို့ရဲ့ပြိုင်ဘက်မှာ အင်အားဘယ်လောက်ရှိလဲဆိုတာ သိဖို့ လိုမှတော့ အမှောင်လေအဖွဲ့အစည်းကနေ သတင်းအချက်အလက်ဝယ်ပြီး မင်းတို့နဲ့ နှိုင်းယှဉ်ရမယ်။ ပြီးတော့ စင်းခေါနဲ့သူ့ရဲ့သစ္စာရှိလူယုံတွေကိုပဲ ဖယ်ရှားဖို့ ငါ အကြံပြုချင်တယ်။ အမှောင်နတ်ဆရာကလန်အောက်ကအင်အား,အားလုံးကို အသက်ရှင်လျက် ထားထားနိုင်ရင် အကောင်းဆုံးပဲ။ တကယ်တော့ အဲဒီအင်အားတွေအားလုံးက မင်း အမှောင်နတ်ဆရာကလန်ခေါင်းဆောင်ဖြစ်လာရင် စီမံခန့်ခွဲရမယ့်အရာပဲလေ"

"မင်း ပြောတာ မှန်တယ်။ နံပါတ်တစ်ရန်သူက ငါ့အကိုနဲ့သူ့ရဲ့သစ္စာရှိခွေးတွေပဲ"စင်းလုအန်က ပြော၏။"ပြီး‌တော့ ငါတို့တွေ ငါ့အဖေကိုလဲ သတိထားသင့်တယ်လို့ ငါ ထင်တယ်"

"ငါ သိတယ်။ မင်းအဖေက မင်းအကိုဘက်ကို ယိမ်းချင်နေတယ်၊ ဒါကြောင့် မင်း အဆိုးရွားဆုံးအစီအစဉ်ကို လုပ်ထားရမယ်"ထန်ရှုက သက်ပြင်းချလိုက်သည်"မင်းအကိုကို မင်း သတ်နိုင်အောင် ငါ ကူညီပေးပေမယ့် မင်း သိထားဖို့တစ်ခုရှိတယ်။ ငါတို့ သူ့ကို သတ်ပြီးတာနဲ့ မင်းရဲ့အဖိုးကြီးက ဒီကိစ္စကို ငါ့ခေါင်းပေါ်  ပုံချလာရင် မင်း ဘာလုပ်မလဲ"

စင်းလုအန်း၏မျက်လုံးများက မှိန်မှိန်မှိုင်းမှိုင်းအလင်းတို့ ပြည့်လျှံသွား၏။ ဤကိစ္စအား သူ မတွေးထားမိပေ။ သို့သော် ထန်ရှုက ထိုသို့ပြောပြီးနောက် သူ့အဖေ၏စရိုက်လက္ခဏာအရ ထိုသို့ဖြစ်နိုင်ချေများသည်ကို သူ ချက်ချင်း သဘောပေါက်သွားသည်။ ထိုအချိန်တွင် သူ့အဖေက သူ့အား သတ်လိမ့်မည်မဟုတ်သော်လည်း သူက ထန်ရှုထံ သေချာပေါက်သွားလိမ့်မည်။

ထို့ပြင် ထန်ရှုကိုယ်တိုင်က သူတော်စင်တစ်ယောက်မဟုတ်ပေ။ သူ့အဖေက သူ့အား သတ်ရန် ကြိုးစားချိန်၌ သူက ငြိမ်ထိုင်‌နေရန် မဖြစ်နိုင်ပေ။ ထိုအချိန်ရောက်လာသောအခါ ထန်ရှုလက်ချက်ဖြင့်သူ့အဖေသေဆုံးရန်က ရှောင်လွှဲလို့မရပေ။

ဤသို့ ကောက်ချက်ချမိသောအခါ စင်းလုအန်က ချက်ချင်းပြောလိုက်သည်"မစ္စတာထန်၊ ထိုအချိန်ကျရင် ငါ့အဖေက မင်းကို ဆန့်ကျင်လာရင် မင်း သူ့ကို ခွင့်လွှတ်ပေးနိုင်မလား။ မင်း မလုပ်နိုင်ရင်တောင် သူ့ရဲ့ကျင့်ကြံမှုကိုပဲ ဖျက်ဆီးပေးပါ။ သူ မသန်မစွမ်းဖြစ်သွားတာနဲ့ ငါ သေချာပေါက် သူ့ကို ထိန်းထားနိုင်မှာပါ၊ အနာဂတ်မှာ မင်းကို သူ ထပ်မနှောင့်ယှက်စေရပါဘူး"

"ကြည့်ရတာ ဒါကပဲ ငါတို့ရဲ့‌တစ်ခုတည်းသောရွေးချယ်စရာဖြစ်မယ်"ထန်ရှုက ခေါင်းညိတ်လိုက်သည်။

****

ညနက်ချိန်။

ဝေဝေဝါးဝါးပုံရိပ်အနည်းငယ်က အမှောင်လေအဖွဲ့အစည်း၏ဘန်ကောက်ဌာနခွဲသို့ တိတ်တဆိတ် ရောက်ရှိလာ၏။ သူတို့၏လှုပ်ရှားမှုက ပိရိလွန်းတာကြောင့် တစ်ယောက်မှ သတိမပြုမိကြပေ၊ သူတို့က ဌာနခွဲကြီးကြပ်ရေးမှူး၏အိပ်ခန်းအပြင်ဘက်၌ ထွက်ပေါ်လာခဲ့သည်။

ဒေါက်၊ ဒေါက်.....

အခန်းတံခါးခေါက်သံက အိပ်ပျော်နေသောချာလီအား နိုးသွားစေသည်။ သူက ခေါင်းအုံးအောက်ရှိပစ္စတိုအား ချက်ချင်း ဆုပ်ကိုင်လိုက်သည်။ ချာလီက အလွန်သတိကြီးသောလူတစ်ယောက်ဖြစ်၏။ သူ၏သတိကြီးမှုနှင့်စေ့စပ်မှုတို့ကြောင့် သူ၏လက်ရှိ‌နေရာဖြစ်သည့်ဘန်ကောက်ဌာနခွဲ၏ကြီးကြပ်ရေးမှူးအထိ တက်လှမ်းနိုင်ခဲ့သည်။

ထို့ကြောင့် သူ့နောက်လိုက်အားလုံးက သူ့အလေ့အထအကြောင်း ကောင်းကောင်းသိ၏။ ကြီးမားသောကိစ္စရပ်တစ်ခုမရှိလျှင် တစ်ယောက်မှ သူ့အိပ်ခန်းတံခါးအား ခေါက်လိမ့်မည်မဟုတ်ပေ။ တစ်ခုခုကြီးကြီးမားမားဖြစ်ပျက်ခဲ့လျှင် သူတို့က သူ့အား ဖုန်းခေါ်ကာ ‌မေးပေလိမ့်မည်။

"ဘယ်သူလဲ"

တံခါးအား သေနတ်နှင့် ချိန်ထားလျက် ချာလီက သတ်ဖြတ်လိုစိတ်နှင့် မေးလိုက်သည်။ သူ့အသံက ကျယ်လွန်းသည်၊ ထို့ကြောင့် လုံခြုံရေးအတွက် တာဝန်ရှိသော အမှောင်လေအဖွဲ့သိုင်းပညာရှင်ကျွမ်းကျင်သူများက ကျူးကျော်ဝင်လာသူရှိသည်ကို သဘောပေါက်ကာ အိပ်ခန်းဆီသို့ အပြေးလာခဲ့၏။

ထန်ရှု၊ စင်းလုအန်၊ မိုအားဝူနှင့် ထန်ကွမ်းတို့က အခန်းအပြင်ဘက်တွင် ရှိနေပြီး အစောင့်များက သူတို့အား သေနတ်နှင့် ချိန်ထားကြ၏။ ထန်ရှုက ပြုံးလျက် ပြောလိုက်သည်"ငါ ညမှ လာမိတဲ့အတွက် တောင်းပန်ပါတယ်၊ မစ္စတာချာလီ။ ဒါပေမယ့် ဘာမှ မစိုးရိမ်ပါနဲ့၊ ငါက အမှောင်လေအေဂျင်စီနဲ့ ကိစ္စကြီးတစ်ခု ဆွေးနွေးစရာ ရှိလို့ပါ"

"မင်းက ဘယ်သူလဲ" ချာလီက အခန်းတံခါးနောက်မှ မေးလိုက်သည်။

သူတို့၏အထောက်အထားများအား ဖုံးကွယ်ရန် ထန်ရှုတို့လေးယောက်က ကြေးမျက်နှာဖုံးများ တပ်ထားကြ၏။ ချာလီ၏မေးခွန်းကို ကြားပြီး ထန်ရှုက ပြုံးကာ မေးလိုက်သည်"ငါ ကိစ္စကြီးတစ်ခုလုပ်ဖို့၊ မင်းဆီကနေ သတင်းဝယ်ဖို့ ငါ ပြောခဲ့တာမလား။ ငါ လိုအပ်တဲ့သတင်းအချက်အလက်ကို မင်း ပေးဖို့ပဲ လိုတယ်၊ ငါက အဲအတွက် လုံလုံလောက်လောက်ပေးမှာပါ"

ချာလီက ခဏနှုတ်ဆိတ်သွားပြီး အော်ပြောလိုက်သည်"ဟေး၊ ရေး။ မင်းတို့ ‌ရောက်နေလား"

ထန်ရှုတို့အဖွဲ့အား ဝန်းရံထားသည့် လူများထဲမှ တစ်ယောက်က ပြန်ဖြေလိုက်၏"သူတို့က ငါတို့ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိပါတယ်၊ ဆရာချာလီ။ မစိုးရိမ်ပါနဲ့......"

ထိုအခါမှ ချာလီက စိတ်သက်သာရာရသွားသည်။ အခန်းတံခါးအား တွန်းဖွင့်ကာ အပြင်ဘက်သို့ ချောင်းကြည့်လိုက်သည်၊ အပြင်ဘက်ရှိမြင်ကွင်းအား မြင်သောအခါမှ သူက လုံးဝစိတ်သက်သာရာရသွားတော့၏။

***

All Chapters