← Chapters

နတ်ဘုရားဝိညာဉ်

Vol. 74 Ch. 1024

နတ်ဘုရားဝိညာဉ်

Vol. 74 Ch. 1024

“အဲ့ရေခဲသားရဲဘုရင်က ဘယ်လောက် ကြောက်စရာကောင်းလဲဆိုတာ မင်း မသိဘူး။ ငါ ထွက်ပြေးလာပြီးတော့ ဂိုဏ်းတွေက စစ်တပ်ကြီးတွေ စုစည်းပြီး အဲ့ကောင်ကို နှိမ်နင်းဖို့ လုပ်နေကြတာကို သိခဲ့ရတယ်။ မျိုးနွယ်ကြီးတွေက မျိုးနွယ်ခေါင်းဆောင်တွေလည်း အဲ့ကောင်ကို တိုက်ခိုက်ဖို့ သွားခဲ့တယ်လို့ ငါ ကြားခဲ့တယ်။ အဲ့ရေခဲသားရဲက ဘာတွေ ထူးခြားနေလဲဆိုတာ ငါ မသိဘူး။ ဘာလို့ လူတွေအများကြီးက အဲ့သားရဲကို လိုချင်နေကြတာလဲ”

ကျန်းရီသည် ကုတင်ပေါ်တွင် သခင်အိုကြီးတစ်ယောက်ကဲ့သို့ လှဲနေ၏။ မိုယောင်အာက သူ့ဘေးတွင် ထိုင်ကာ သူ့အတွက် ဝိညာဉ်သစ်သီးများ ခွာပေးနေပြီး မျက်နှာလိုမျက်နှာရ လုပ်နေလေသည်။ မိုယောင်အာသည် ကျန်းရီ၏ စကားကို ကြားလိုက်သောအခါ ပြုံး၍ ရှင်းပြလိုက်သည်။

“မိုရှင်း... အဲ့ရေခဲသားရဲဘုရင်က အရမ်းအဖိုးတန်တယ်။ ရေခဲသားရဲတိုင်းမှာ အမြုတေရှိတယ်လို့ ကျွန်မ ရှင့်ကို ပြောခဲ့ဖူးတယ်လေ။ အမြုတေမှာ ရေခဲစွမ်းအားတွေ အများကြီးပါတယ်။ ရေခဲစွမ်းအားက ကြယ်တာရာစွမ်းအားနဲ့တောင် ယှဉ်နိုင်တယ်။ အရမ်းလည်းအသုံးဝင်တယ်။ ဒါပေမဲ့ သာမန် ရေခဲသားရဲတွေရဲ့ အမြုတေတွေက စွမ်းအားနည်းနည်းပဲ ရှိတယ်။ အဲ့ဒါကြောင့် ရေခဲသားရဲတွေအများကြီးကို ဖမ်းနိုင်ရင်တောင် ဘာစွမ်းအားမှ သိပ်ရမှာမဟုတ်ဘူး...”

“ရေခဲသားရဲဘုရင်ကတော့ မတူဘူး...”

မိုယောင်အာက ခါးမတ်မတ် ထိုင်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“ရေခဲသားရဲဘုရင်ရဲ့ အမြုတေမှာ ရေခဲစွမ်းအားတွေအများကြီးပါတယ်။ အဲ့ရေခဲစွမ်းအားက သာမန်ရေခဲသားရဲထောင်ကျော်ရဲ့ ရေခဲစွမ်းအားတွေနဲ့ ယှဉ်နိုင်တယ်။ ပြီးတော့ အဲ့စွမ်းအားက သာမန်သားရဲတွေရဲ့ စွမ်းအားထက် အဆင့်တစ်ဆင့်ပိုမြင့်တယ်။ အဲ့ဒါကြောင့် မျိုးနွယ်ခေါင်းဆောင်တွေအများကြီးက ရေခဲသားရဲဘုရင် ပေါ်လာတာနဲ့ ထွက်လာကြတာ။  ‌ရေခဲသားရဲဘုရင်ရဲ့ အမြုတေကို ရတဲ့သူမှန်သမျှ ကိုယ်ပိုင်စွမ်းရည်တွေ သိသိသာသာ မြင့်တက်လာမှာပဲ။ ဒဏ္ဍာရီဇာတ်လမ်းတွေအရတော့... ရေခဲသားရဲဘုရင်ရဲ့ ရေခဲစွမ်းအားတွေက ကောင်းကင်ဧကရာဇ်အဆင့် သိုင်းသမားတွေရဲ့ လိပ်ပြာကို သန်မာလာစေနိုင်တယ်တဲ့”

“လိပ်ပြာ... လိပ်ပြာဆိုတာ ဘာလဲ”

ကျန်းရီသည် လိပ်ပြာဆိုသည်ကို ယခုမှ ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။ ထို့ကြောင့် သူ စိတ်ဝင်စားသွားသည်။ ဗုဒ္ဓတောင်၏ မြောက်ဘက်ရှိ ရေကန်ဘေးတွင် သူ တွေ့ဆုံခဲ့သော ဆန်းကြယ်သည့် အဘိုးအိုက သူ နတ်ဘုရားတစ်ပိုင်းအဆင့်သို့ တက်လှမ်းနိုင်သွားလျှင် လျှို့ဝှက်ချက်များစွာ ပြောပြမည်ဟု ပြောခဲ့သည်။ ကျန်းရီသည် နတ်ဘုရားတစ်ပိုင်းအဆင့်သို့ အလွန်ရောက်လိုနေ၏။ လောကအတွင်းရှိ စွမ်းအားအကြီးဆုံးသူတစ်ယောက် ဖြစ်လိုနေ၏။

“ရှင်က လိပ်ပြာအကြောင်းကိုတောင် မသိဘူးလား”

မိုယောင်အာက မျက်လုံးပင့်၍ ကျန်းရီကို ကြည့်လိုက်သည်။ သို့သော် သူမသည် ‘မိုရှင်း’၏ အတိတ်နှင့် အကျင့်စရိုက်ကို တွေးမိသောအခါ သူ ထိုအကြောင်းများကို မသိခြင်းက ဖြစ်နိုင်သည်ဟု တွေးလိုက်လေသည်။ ထို့ကြောင့် သူမ စတင်ရှင်းပြလိုက်သည်။

“နတ်ဘုရားတစ်ပိုင်းတွေက ကောင်းကင်ဧကရာဇ်တွေနဲ့ ကွာကြတယ်။ တကယ်လို့ သိုင်းသမားတစ်ယောက်က နတ်ဘုရားတစ်ပိုင်းအဆင့်ကို တက်လှမ်းချင်တယ်ဆိုရင် အရင်ဆုံး ကြယ်သုံးပွင့်အဆင့်နဲ့အထက် တာအိုပုံသဏ္ဌာန်သုံးခုကို သိမြင်နားလည်ထားဖို့ လိုတယ်။ ဒုတိယအနေနဲ့ စွမ်းအားကြီး အတွင်းအား ရှိရမယ်။ နောက်ဆုံးကတော့ လိပ်ပြာကို သန်မာအောင် လုပ်ရမယ်။ လိပ်ပြာကို သန်မာအောင် လုပ်နိုင်မှ သိုင်းသမားတစ်ယောက်က စစ်မှန်တဲ့ နတ်ဘုရားတစ်ပိုင်း ဖြစ်လာနိုင်တယ်။ လိပ်ပြာက နတ်ဘုရားဝိညာဉ်ပဲ။ ဝိညာဉ်မရှိရင် လူတစ်ယောက်က အသက်မရှိသလိုပဲ။ အဲ့လိုပဲ နတ်ဘုရားတစ်ပိုင်းတွေကလည်း သင့်တော်တဲ့ နတ်ဘုရားဝိညာဉ်မရှိရင် စစ်မှန်တဲ့ နတ်ဘုရားတစ်ပိုင်းတွေ ဖြစ်မလာနိုင်ဘူး”

“အို့...အို့...”

ကျန်းရီက ခေါင်းညိတ်လိုက်ပြီး ခပ်မတ်မတ် ထထိုင်လိုက်၏။

“အင်း...ဆက်ပြော”

မိုယောင်အာသည် ကျန်းရီကို ကျေနပ်အောင် လုပ်နိုင်ခဲ့ကြောင်း တွေ့လိုက်ရ၍ ရွှင်ပြစွာ ပြုံးလိုက်ပြီး ဆက်ပြောလေသည်။

“နတ်ဘုရားဝိညာဉ်ဆိုတာ သိုင်းသမားတစ်ယောက်ရဲ့ ဝိညာဉ် ရောက်နိုင်တဲ့ အမြင့်ဆုံးအဆင့်ပဲ။ နတ်ဘုရားဝိညာဉ်ရှိရင် တုံ့ပြန်နိုင်စွမ်းနဲ့ တခြားအရည်အချင်းတွေက ကြောက်စရာကောင်းလောက်တဲ့အဆင့်အထိ တိုးတက်လာလိမ့်မယ်။ ကောင်းကင်ဧကရာဇ်တွေ လှုပ်တောင်မလှုပ်ရသေးခင် နတ်ဘုရားတစ်ပိုင်းတွေက သူတို့ရဲ့ လှုပ်ရှားမှုကို ကြိုအာရုံခံနိုင်ပြီး ကြိုခုခံနိုင်တယ်။ သာမန်သိုင်းသမားတွေရဲ့ တိုက်ခိုက်မှုတွေကိုတော့ စကားထဲတောင် ထည့်ပြောနေစရာမလိုဘူး။ နတ်ဘုရားတစ်ပိုင်းတွေက အသာလေး ခုခံနိုင်တယ်။ ပြီးတော့ သန်မာတဲ့ နတ်ဘုရားတစ်ပိုင်းတွေက သူတို့ရန်သူတွေရဲ့ ဝိညာဉ်တွေကိုပါ တိုက်ခိုက်နိုင်ကြတယ်။ ကြယ်ငါးပွင့်အဆင့် သိုင်းပညာရှင်တွေ ဘယ်နှစ်ယောက်ပဲရှိရှိ စစ်မှန်တဲ့ နတ်ဘုရားတစ်ပိုင်းနဲ့ ရင်ဆိုင်ရရင် အကုန် သေကုန်မှာပဲ...”

“ပြီးတော့ နတ်ဘုရားတစ်ပိုင်းတွေက ကောင်းကင်ဧကရာဇ်တွေကို အလွယ်လေး သတ်ပစ်နိုင်တယ်။ သာမန်ဆိုရင်တော့ နတ်ဘုရားတစ်ပိုင်းတွေက သူတို့ရဲ့ နတ်ဘုရားဝိညာဉ်ကို နှိုးမှာမဟုတ်ဘူး။ အဲ့ဒါက သူတို့ရဲ့ အသက် မဟုတ်လား။ သူတို့ရဲ့ နတ်ဘုရားဝိညာဉ်သာ ထိခိုက်သွားရင် သူတို့အတွက် အန္တရာယ်များတယ်။ နတ်ဘုရားဝိညာဉ်ကို နားလည်နိုင်ဖို့က နတ်ဘုရားဝိညာဉ်ကို ပိုင်ဆိုင်နိုင်မှရမယ်။ မိုရှင်း... ကြိုစားကျင့်ကြံပါ။ ရှင်က ငယ်ပါသေးတယ်... နတ်ဘုရားတစ်ပိုင်း ဖြစ်လာနိုင်မယ့် အခွင့်အရေးတစ်ခုကို ရှင် သေချာပေါက် ရမှာပါ”

ကျန်းရီ ခါးသက်သက်ပြုံးလိုက်သည်။

“ကြိုးစားကျင့်ကြံတော့လည်း ဘာအသုံးဝင်မှာလဲ။ ငါ့မှာ ရေခဲသားရဲဘုရင်ရဲ့ အမြုတေမှ မရှိတာ။ အဲ့တော့ ငါက လိပ်ပြာကို သန်မာလာအောင် လုပ်နိုင်မှာ မဟုတ်ဘူး... အဲ့ဒါဆို နတ်ဘုရားတစ်ပိုင်းလည်း ဖြစ်လာနိုင်မှာ မဟုတ်ဘူး”

“မိုရှင်း... စိတ်မပျက်ပါနဲ့”

မိုယောင်အာက သူမ၏ရင်ဘတ်ကိုပုတ်၍ ပြောလိုက်သည်။

“ကျွန်မ ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်ကို ရောက်သွားရင် အဖေ့ကို ရှင့်အတွက် ရေခဲသားရဲဘုရင် ဒါမှမဟုတ် ရေခဲမှင်စာဘုရင်တစ်ကောင် ရနိုင်မယ့်နည်းလမ်းကို စဉ်စားပေးဖို့ ပြောပေးမှာပါ။ ပြီးတော့... ရှင်ကံကောင်းရင် အဲ့သားရဲတစ်ကောင်ကောင်ကို ကိုယ်တိုင် သတ်နိုင်လိမ့်မယ်”

“အမှန်ပဲ”

ကျန်းရီသည် မိုယောင်အာက ထိုသို့ပြောလာမည့်အချိန်ကို စောင့်နေခြင်းပင်။ ထို့ကြောင့် သူ လေးနက်သောလေသံဖြင့် မေးလိုက်သည်။

“တော်ဝင်သခင်မလေး... မင်း အမြုတေတွေကို ဘယ်လိုသန့်စင်ရမလဲဆိုတာ သိလား။ တကယ်လို့ ငါ ကံကောင်းပြီး ရေခဲသားရဲဘုရင်တစ်ကောင်ကို သတ်နိုင်ခဲ့ရင် ငါ ဘာလုပ်ရမှာလဲ”

“အဟင်း...”

မိုယောင်အာက ရယ်လိုက်သည်။ သို့သော် ကျန်းရီက မျက်မှောင်ကြုတ်လိုက်ပြီး မျက်နှာထားတည်သွားသဖြင့် သူမ ချက်ချင်း အရယ်ရပ်လိုက်ပြီး ပြောလိုက်လေသည်။

“အင်းပါ...အင်းပါ... ဒေါသမထွက်ပါနဲ့။ မိုရှင်... တကယ်လို့ ရှင် ကံကောင်းပြီး ရေခဲသားရဲဘုရင်တစ်ကောင်ရဲ့ အမြုတေကိုရခဲ့ရင် အဲ့ဒါကို ရမ်းပြီးသန့်စင်လို့မရဘူး။ အမြုတေထဲက ရေခဲစွမ်းအားက အရမ်းပြင်းထန်တယ်။ ရှင် အဲ့ဒါကို နည်းမှန်လမ်းမှန်နဲ့ မသန့်စင်နိုင်ဘူးဆိုရင် ရှင့်ရဲ့ခန္ဓာကိုယ်က အဲ့စွမ်းအားကြောင့် ပျက်စီးသွားလိမ့်မယ်။ ‌ရေခဲစွမ်းအားကို ထိန်းချုပ်နိုင်မယ့် မီးဓာတ်ဝိညာဉ်ဆေးပင်မရှိဘူးဆိုရင် ဘယ်သူမှ ရေခဲသားရဲဘုရင်ရဲ့ အမြုတေကို သန့်စင်နိုင်ဖို့ အိပ်မက်မမက်နိုင်ကြဘူး။ ဆေးပင်မရှိဘဲ အတင်းသွားသန့်စင်ရင် သေချာပေါက် သေသွားမှာပဲ”

‘တော်သေးတာပေါ့...’

ကျန်းရီ စိတ်ထဲမှနေ၍ သက်ပြင်းလေးကြီးတစ်ချက် ချလိုက်သည်။ သူ ရေခဲသားရဲဘုရင်၏ အမြုတေကို သန့်စင်ရန် မကြိုးစားခဲ့သည်မှာ တော်သေးပေသည်။ မဟုတ်လျှင် ယခုဆို သူ ရေခဲတုံး ဖြစ်နေလောက်ပေပြီ။ တမလွန်လောကတွင် ကျန်းပိုင်လီနှင့် တွေ့ဆုံနေရလောက်ပေပြီ။

“မီးဓာတ်ဝိညာဉ်ဆေးပင်လား”

ကျန်းရီ၏ မျက်လုံးများ အရောင်တောက်သွား၏။ သူ မေးလိုက်သည်။

“ဘယ်လို မီးဓာတ်ဝိညာဉ်ဆေးပင်မျိုးမဆို ရလား။ မင်းဆီမှာ မီးဓာတ်ဝိညာဉ်ဆေးပင်တွေရှိလား။ နောက်ကျ ငါ ရေခဲသားရဲဘုရင်တစ်ကောင်ကို တကယ်သတ်နိုင်ခဲ့ရင် သုံးရအောင် ငါ့ကို ဆေးပင် တစ်ပင်၊ နှစ်ပင်လောက် ပေးထားပါလား”

“ဟင်းဟင်း...”

မိုယောင်အာက ထပ်မံ၍ အသံထွက်ရယ်လိုက်၏။ သူမသည် ပခုံးလေးများ လှုပ်သွားသည်အထိ ရယ်လိုက်ပြီး လက်အုပ်ချီကာ ပြောလိုက်လေသည်။

“ဟုတ်ပါပြီ သခင်လေး... စိတ်ကူးယဉ်မနေပါနဲ့တော့။ ရေခဲသားရဲဘုရင်တွေနဲ့ ရေခဲမှင်စာဘုရင်တွေက အရမ်းရှားပါးတဲ့ သားရဲတွေပဲ။ ရှင် ကံကောင်းရင်တော့ နှစ်အနည်းငယ်အတွင်း တစ်ကောင်လောက် ရှာတွေ့နိုင်တယ်။ ရှင် ကံဆိုးရင်တော့ ဆယ်နှစ်ကြာရင်တောင် တစ်ကောင်မှ ရှာတွေ့မှာ မဟုတ်ဘူး။ ရှင် ရှာတွေ့မှာ မဟုတ်ပါဘူးလေ။ အဲ့အကြောင်းကို မပြောဘဲနေရ‌အောင်... ရှင် တစ်ကောင်ရှာတွေ့ရင်တောင် သူ့ကို ရှင်တစ်ယောက်တည်း ဖမ်းနိုင်မှာ မဟုတ်ပါဘူး။ ရေခဲသားရဲဘုရင်တစ်ကောင်ကို ဖမ်းနိုင်ဖို့ သိုင်းသမားထောင်ကျော် ဒါမှမဟုတ် အနည်းဆုံး အဖေ့လို့ သိုင်းပညာရှင်တစ်ယောက်ကို လိုအပ်တယ်”

“အန်...”

ကျန်းရီ ထပ်မံ မျက်မှောင်ကြုတ်လိုက်သည်။ သူ၏မျက်နှာထားကလည်း မည်းမှောင်သွားသည်။ ထို့နောက် သူသည် မိုယောင်အာ၏လက်‌မောင်းကို ဖြတ်ရိုက်လိုက်ပြီး ဒေါသတကြီးဖြင့် အော်ပြောလိုက်လေသည်။

“ကောင်းတယ်... မင်းက ငါ့ကို အထင်သေးရဲတယ်ပေါ့လေ။ ငါက မင်းကို ကိုယ်တုံးလုံးချွတ်ပစ်ပြီး အပြစ်မပေးနိုင်ဘူးလို့ မင်းထင်လား”

“အား...”

မိုယောင်အာ လက်နာသွား၏။ ထို့ပြင် သူမသည် ကျန်းရီ၏ ခြိမ်းခြောက်စကားကို ကြားလိုက်သောအခါ ရှက်သွေးဖြာသွားလေသည်။ သို့သော် ဤတစ်ကြိမ်တွင် သူမ ထွက်မပြေးလိုက်ပေ။ ထိုအစား သူမသည် ခေါင်းငုံ့၍ ခြင်များသာ ကြားနိုင်လောက်သော အသံလေးဖြင့် ပြောလိုက်သည်။

“သခင်... ကျွန်မ မှားတာပါ။ သခင် ကျွန်မရဲ့ အပျိုစင်ဘဝကို မဖျက်ဆီးသ၍ သခင်ဘာပဲလုပ်ချင်လုပ်ချင် ကျွန်မခွင့်ပြုမှာပါ”

“မိန်းမပျက်လေး...”

ကျန်းရီသည် မိုယောင်အာ၏ တင်ပါးကို ရိုက်လိုက်ပြီး သူမ၏မေးစေ့ကို ကိုင်ကာ မျက်နှာကိုပင့်လိုက်သည်။ ထို့နောက် သူ ခက်ထန်သောလေသံဖြင့် ပြောလိုက်သည်။

“မင်းက ငါ့ကို ခနဲ့ရဲတယ်ပေါ့လေ။ ငါ မင်းကို ထပ်မေးမယ်။ မင်းမှာ မီးဓာတ်ဝိညာဉ်ဆေးပင်တွေ ရှိလား။ မရှိဘူးဆိုရင် ငါ မင်းကို အပြစ်ပေးမယ်”

မိုယောင်အာသည် ကျန်းရီ၏အမေးကို မည်သို့မှ ပြန်မဖြေလိုက်ပေ။ ကျန်းရီက သူမကို လုပ်ချင်ရာလုပ်နိုင်ရန် အကြောင်းပြချက်ရှာနေခြင်းဟု သူမ တွေးလိုက်သည်။ ထို့ကြောင့် သူမ ရှက်ရွံ့စွာဖြင့် ငြင်းဆန်လိုက်သည်။

“သခင်... ဒီအစေခံမကို သွားခွင့်ပေးပါတော့။ အဖေ့မှာ အဲ့ဆေးပင်တွေရှိပါတယ်။ ဒါပေမဲ့ အဲ့ဆေးပင်တွေက ကျွန်မအတွက် အသုံးမဝင်တော့ ကျွန်မဆီမှာ မရှိပါဘူး”

“အစေခံမ... ငါ မင်းကို စည်းမျဉ်းတွေအရ အပြစ်မပေးရင် မင်းက အမှန်ကို ထုတ်ပြောမယ်လို့ ငါမထင်ဘူး”

ကျန်းရီသည် သခင်ဇာတ်ကောင်အဖြစ် ဈာန်ဝင်လာ၏။ ထို့ကြောင့် သူ မိုယောင်အာ၏ ခါးစည်းကို ဆွဲဖြုတ်လိုက်ပြီး အပေါ်ဝတ်ကို ဆွဲချွတ်လိုက်သည်။ ထိုအခါ သူမ၏ အနက်ရောင် အတွင်းဝတ် ပေါ်လာလေသည်။ ကျန်းရီ ဒေါသသံဖြင့် ထပ်မေးလိုက်သည်။

“ငါ မင်းကို ထပ်မေးမယ်။ မင်းမှာ ‌ဆေးပင်တွေရှိလား”

“ကျွန်မမှာ မရှိပါဘူး”

မိုယောင်အာက အံကြိတ်ကာ ပြောလိုက်သည်။ သူမသည် စိတ်လှုပ်ရှားပြီး ရင်ဖိုနေ၏။ သူမ၏ အသက်ရှူနှုန်းလည်း မြန်လာသဖြင့် သူမ၏ရင်ဘတ်လေးက ခပ်သွက်သွက် နိမ့်ချည်၊ မြင့်ချည်ဖြစ်နေလေသည်။ ကျန်းရီသည် သူ့မျက်စိရှေ့မှ မြင်ကွင်းကြောင့် အာခေါင်များပင် ခြောက်လာ၏။

ကျန်းရီသည် ရေခဲကျွန်းတွင် လူများစွာကို သတ်ခဲ့သဖြင့် သူ့ရင်ထဲတွင် ဒေါသများစွာ ကျန်နေပေ‌သေးသည်။ သူ၏မျက်လုံးများ နီရဲလာ၏။ သူသည် မိုယောင်အာ၏ အတွင်းဝတ်ကိုလည်း ဆွဲချွတ်လိုက်၏။ သူမ၏ မို့မောက်သော ရင်နှစ်မွှာက တသိမ့်သိမ့်တုန်သွားလေသည်။

ဂလု...ဂလု...

မိုယောင်အာ လန့်သွားပြီး နောက်သို့ ခုန်လိုက်၏။ သူမသည် ကျန်းရီ၏ သားရဲကဲ့သို့ မျက်လုံးများကို ကြည့်လိုက်ပြီး သူ၏အသက်ရှူပုံမှနေ၍ တဏှာအငွေ့အသက်ကို ခံစားမိလိုက်လေသည်။ သူမ ထိုကစားပွဲကို ဆက်မကစားနိုင်တော့ကြောင်း သူမသိသွားသည်။ မဟုတ်လျှင် ကျန်းရီက သူမကို အဓမ္မပြုပေတော့မည်။ သို့ဖြစ်ပါက သူမ အပျိုစင်ဘဝကို ထိန်းထားနိုင်တော့မည် မဟုတ်ချေ။

“အား... မိုရှင်း ပေါက်ကရတွေ လုပ်မနေနဲ့တော့။ မဟုတ်ရင် အဖေက ရှင့်ကို အပြစ်‌ပေးလိမ့်မယ်”

မိုယောင်အာသည် သူမ၏အဝတ်များကို လျင်မြန်စွာ ပြန်ဝတ်လိုက်ပြီး ကျန်းရီ၏ ရဲတိုက်ထဲမှနေ၍ ကြောက်ရွံ့နေသော ယုန်သူငယ်လေးအလား ထွက်ပြေးသွားလေသည်။

ကျန်းရီသည် အချိန်အတော်ကြာ ငြိမ်၍ ထိုင်နေ၏။ မိုယောင်အာ ရဲတိုက်ထဲမှ ထွက်သွားပြီးနောက်တွင် သူ အသက်ပြင်းပြင်းနှစ်ချက်ရှူကာ သူ့ကိုယ်သူ စိတ်တည်ငြိမ်သွားအောင် လုပ်လိုက်သည်။ အစောတွင် သူသာ သူ့ကိုယ်သူ မထိန်းခဲ့လျှင် မိုယောင်အာတစ်ယောက် ယနေ့ညမှာပင် အရွယ်ရောက်သွားပေလိမ့်မည်။

“မီးဓာတ်ဝိညာဉ်ဆေးပင်တဲ့လား...”

ကျန်းရီသည် နှလုံးခုန်နှုန်း ပြန်တည်ငြိမ်လာစေရန် ငြိမ်၍ ထိုင်နေသော်လည်း မျက်လုံးများ တောက်ပနေပေသည်။ သူ တစ်စုံတစ်ခုကို အမှတ်ရသွားသည်။ သူသည် အပြစ်ဆေးကြောဒေသထဲရှိ ချော်ရည်ကန်တွင် ဝိညာဉ်ဆေးပင်များစွာ ရရှိခဲ့သည်။ ထိုဝိညာဉ်ဆေးပင်များက ‌ချော်ရည်ကန်ထဲမှဖြစ်၍ မီးဓာတ်ပါလောက်သည် မဟုတ်ပါလော။

***

All Chapters