← Chapters

ရေခဲနှင့်မီး၏ ကကြိုး

Vol. 74 Ch. 1025

ရေခဲနှင့်မီး၏ ကကြိုး

Vol. 74 Ch. 1025

ကျန်းရီသည် မီးမြွေသစ်ခွကို ရှာဖွေရန် အပြစ်ဆေးကြောဒေသအတွင်းသို့ ဝင်ခဲ့ပြီး ရီချန်နှင့် ယဉ်ရို့ပင်းတို့နောက်လိုက်ကာ ချော်ရည်ကန်သို့ သွားခဲ့သည်။ သူသည် ရှီးဖေးကို ခြောက်ထုတ်ခဲ့ပြီး မီးမြွေသစ်ခွနှင့် အခြားဝိညာဉ်ဆေးပင်များစွာကို ရယူနိုင်ခဲ့သည်။

ကျန်းရီသည် ဝိညာဉ်ဆေးပင်များကို စစ်ဆေးရန် အချိန်မရခဲ့ပေ။ အစတွင် သူသည် အရိပ်ဧကရာဇ်၏ လက်အောက်ငယ်သားများကို ရှာ၍ မေးလိုခဲ့သော်လည်း မြောက်ဘက်ဧကရာဇ်နှင့် ပဋိပက္ခဖြစ်ခဲ့၍ သူ မေ့သွားခဲ့သည်။ ယခုမှ သူ ထိုဝိညာဉ်ဆေးပင်များကို ပြန်သတိရခြင်းပင်။

ရေထဲတွင် ပေါက်ရောက်သော ဝိညာဉ်ဆေးပင်များက ပုံမှန်ဆိုလျှင် ရေဓာတ်ပါတတ်သည်။ နှင်းတောထဲတွင် ပေါက်ရောက်သော ဝိညာဉ်ဆေးပင်များမှာမူ ရေခဲဓာတ်ပါသည်။ ထို့ကြောင့် ချော်ရည်ထဲတွင် ပေါက်ရောက်သော ဝိညာဉ်ဆေးပင်များက မီးဓာတ်ပါလောက်ပေသည်။

ရွှီး...

ကျန်းရီ၏ လက်ထဲတွင် တစ်စုံတစ်ခု လင်းလက်လာ၏။ သူ လက်ဝါးဖြန့်လိုက်ရာ ပွင့်ဖတ်သုံးဖတ်ကြာပန်းတစ်ပွင့်ကို မြင်လိုက်ရသည်။ ယင်းမှာ ချော်ရည်ကန်ထဲမှ နောက်ဆုံးထွက်လာခဲ့သော ဝိညာဉ်ဆေးပင်ဖြစ်သည်။ ထုံးစံအရဆိုလျှင် ၎င်းက တန်ဖိုးအရှိဆုံးဆေးပင် ဖြစ်မည်။ ပွင့်ဖတ်သုံးဖတ်ကြာပန်းသည် အသက်ရှိနေသကဲ့သို့ စတင်လည်ပတ်လာ၏။ ထို့ကြောင့် ကျန်းရီသည် ထိုဆေးပင်က အမှန်ပင် အဖိုးတန်ရမည်ဟု တွေးမိသွားသည်။

‘သန့်စင်ရမှာ...’

ကျန်းရီ စတင်၍ စိုးရိမ်လာ၏။ ရေခဲသားရဲဘုရင်၏ အမြုတေကို သန့်စင်ရခြင်းမှာ ကိစ္စကြီးတစ်ခုဖြစ်သည်။ အကယ်၍ တစ်စုံတစ်ခု မှားယွင်းသွားပါက သူ ထိုအမှားကို ပြန်ပြင်နိုင်မည် မဟုတ်ပေ။ ထို့ပြင် ပွင့်ဖတ်သုံးဖတ်ကြာပန်းက မည်သို့သော ဝိညာဉ်ဆေးပင်မျိုးဖြစ်ကြောင်းကို သူ မသိချေ။ ၎င်းက ရေခဲစွမ်းအားကို ထိန်းချုပ်နိုင်ပါမည်လော။

ကျန်းရီသည် စုလောရွှယ်နှင့် ဒုတိယအကြိမ် တွေ့ပြီးကတည်းက စိတ်မတည်ငြိမ်နိုင်ခဲ့ပေ။ သူ့အတွက် နေ့ရက်တိုင်းက လောကငရဲလိုဖြစ်နေသည်။ ထို့ကြောင့် သူသည် သူ၏စွမ်းအားများကို အမြန်ဆုံး တိုးမြှင့်၍ လူပုမျိုးနွယ်ကို ရှင်းပစ်ပြီးနောက် ဆန်းကြယ်နတ်ဘုရားနန်းတော်သို့ သွား၍ ကောင်းကင်လျှို့ဝှက်ဂိုဏ်း၏ အထွတ်အမြတ်ပစ္စည်းကို ရယူကာ စုလောရွှယ်ကို ကယ်တင်လိုနေပေသည်။

ကျန်းရီသည် သူမည်သူဖြစ်ကြောင်း ထုတ်ပြ၍ မဖြစ်ပေ။ သူ့ထံတွင် ရေခဲသားရဲဘုရင်၏အမြုတေ ရှိနေကြောင်းကိုလည်း အခြားသူများ သိသွား၍ မဖြစ်ချေ။ သို့ဖြစ်ရာ ကျန်းရီသည် မိုယောင်အာမှလွဲ၍ မိုချီနှင့် အခြားသူများကိုမူ ရေခဲသားရဲဘုရင်နှင့် ပတ်သတ်သည့်အကြောင်းများကို များစွာ မမေးဝံ့ပေ။ ကြည့်ရသည်မှာ မိုယောင်အာ သိသမျှက အပေါ်ယံသာ ဖြစ်ပုံပေါ်သည်။ ထို့ကြောင့် သူထပ်မေးလျှင်ပင် သူမက ပြန်ဖြေနိုင်မည် မဟုတ်ပေ။

မိုရှန်းက ရေခဲပင်လယ်သို့ ထွက်သွားခြင်း ဖြစ်၍ ပြန်ရောက်လာရန် အနည်းဆုံး နှစ်ရက်ကြာပေလိမ့်မည်။ ယခုက သူ့အတွက် ရေခဲသားရဲဘုရင်၏ အမြုတေကို သန့်စင်ရန် အကောင်းဆုံးအချိန်ဖြစ်သည်။ မိုရှန်းပြန်လာသည်အထိ ‌စောင့်နေလျှင် မိုရှန်းက ကြီးမားသော ရေခဲစွမ်းအားအရင်းအမြစ်ကို သတိထားမိသွားနိုင်သည်။

‘သန့်စင်ရမလား၊ မသန့်စင်ရဘူးလား’

ကျန်းရီ အတော်လေး ဒွိဟဖြစ်နေ၏။ သူ မျက်လုံးမှိတ်လိုက်ပြီး ခေတ္တမျှ တွေးတောလိုက်သည်။ နောက်ဆုံးတွင် ရေခဲသားရဲဘုရင်၏ အမြုတေကို သန့်စင်ရန် သူ စိတ်ဆုံးဖြတ်လိုက်လေသည်။

ရေခဲပင်လယ်မှ တိုက်ပွဲတွင် ကျန်းရီက မျိုးနွယ်သုံးခု၏ မျိုးနွယ်ခေါင်းဆောင်ငယ်များကို သတ်ပစ်ခဲ့သည်။ ထို့ပြင် မျိုးနွယ်သုံးခုနှင့် ဓားခုတ်ကောင်ဂိုဏ်းကြားတွင် တိုက်ပွဲတစ်ခု ဖြစ်လာအောင် ဖန်တီးခဲ့သည်။ မိုရှန်းကလည်း ရေခဲပင်လယ်သို့သွားသည်။ ကျန်းရီသည် ကောင်းကင်နတ်ဆိုးတောင်သို့ မပြန်ခင်တွင် မီးနဂါးမျိုးနွယ်က ချောင်တွမ်ထျန်းကို ပြဿနာသွားရှာကြောင်းလည်း တွေ့ခဲ့ရသည်။ အခြားမျိုးနွယ်များစွာကလည်း ပဋိပက္ခများ၊ တိုက်ပွဲများ ဖြစ်နေကြသည်။ ထို့ကြောင့် နှင်းဒေသတွင် ကစဉ့်ကလျားဖြစ်နေပြီဟု ဆိုနိုင်ပေသည်။

ပဉ္စမအကြီးအကဲက ကျန်းရီကို ကယ်ခဲ့သဖြင့် ချောင်တွမ်ထျန်းက ရေခဲသားရဲဘုရင်ကို လွှတ်ပေးခဲ့ရသော်လည်း ထိုကိစ္စတစ်ခုလုံးတွင် ဟာကွက်များ ရှိနေပေသေးသည်။ ယင်းအပြင် ကျန်းရီက ရေခဲသားရဲဘုရင်၏ အမြုတေကို ယူခဲ့သေးသည်။ မျိုးနွယ်သုံးခုသည် မျိုးနွယ်ခေါင်းဆောင်ငယ်သုံးယောက်ကို ဆုံးရှုံးလိုက်ရပြီး ဓားခုတ်ကောင်ဂိုဏ်းနှင့် တိုက်ခိုက်ခဲ့ရ၍ သေချာပေါက် ဒေါသထွက်နေမည်ဖြစ်သည်။ ထို့ကြောင့် နှင်းဒေသတွင် အခြေအနေများ မည်သို့ဆက်ဖြစ်လာမည်ကို မည်သူမှ မသိနိုင်ပေ။

ယခုတွင် နှင်းဒေသ၌ ရှုပ်ထွေးနေရာ မနက်ဖြန်တွင် ဘာဖြစ်မည်ကိုပင် မှန်း၍မရတော့ချေ။

အကယ်၍ မိုရှင်းက ကျန်းရီဖြစ်ကြောင်းပေါ်သွားလျှင် မိုရှန်းသည်ပင် ကျန်းရီကို မျိုးနွယ်သုံးခုမှ ပညာရှင်များ၏ ဒေါသမှနေ၍ ကယ်တင်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ကျန်းရီသည် ယခုတွင် စွန့်စား၍ ရေခဲသားရဲဘုရင်၏ အမြုတေကို သန့်စင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အကယ်၍ ထိုရေခဲစွမ်းအားကသာ အရည်ကျိုနတ်ဘုရားမီးဖိုကို နှိုးနိုင်မည်ဆိုလျှင် သူ၏ နတ်ဘုရားတစ်ပိုင်းအဆင့်သို့ ခရီးလမ်းကို စတင်ရန် အခြေခိုင်သွားပေလိမ့်မည်။

“နားထောင်ကြ... ငါ ဒဏ်ရာကုသဖို့ ဆယ်ရက် တရားထိုင်မယ်။ အဲ့ရက်အတွင်း ငါ ဘယ်သူ့ကိုမှ မတွေ့ချင်ဘူး... တော်ဝင်သခင်မလေးကိုတောင် မတွေ့ချင်ဘူး”

ကျန်းရီသည် ရဲတိုက်အပြင်သို့ လျှောက်သွားလိုက်ပြီး အစောင့်တပ်သားလေးယောက်ကို မှာလိုက်သည်။ အမြုတေကို သန့်စင်ရန် ဆယ်ရက်ဆိုသောအချိန်က လုံလောက်လောက်သည်။ အစောင့်တပ်သားလေးယောက်က အလွန်ရိုကျိုးပေသည်။ သူတို့သည် ကျန်းရီ၏ ညွှန်ကြားချက်ကို ကြားသည်နှင့် ရဲတိုက်ဂိတ်တံခါးများကို ချက်ချင်း ပိတ်လိုက်ကြသည်။ ထို့နောက်မှ ကျန်းရီသည် သူ့အခန်းထဲသို့ ပြန်သွားလိုက်ပြီး အမြုတေကို အသာအယာ ထုတ်ယူလိုက်သည်။

‘ငါ ဒါကို ဘယ်လို သန့်စင်ရမလဲ’

ကျန်းရီသည် လက်တစ်ဘက်က ပွင့်ဖတ်သုံးဖတ်ကြာပန်းကို ကိုင်ထားပြီး ကျန်တစ်ဘက်က ရေခဲသားရဲဘုရင်၏ အမြုတေကို ကိုင်ထားသည်။ သူသည် ပွင့်ဖတ်သုံးဖတ်ကြာပန်းကိုရော အမြုတေကိုပါ မည်သို့ သန့်စင်ရမည်မသိ ဖြစ်နေ၍ အလွန်စိတ်ရှုပ်နေလေသည်။

‘အဲ့ဒါတွေကို အတူတူ သန့်စင်ကြည့်ရမယ်’

ခေတ္တကြာပြီး‌နောက် ကျန်းရီသည် စိတ်ဆုံးဖြတ်လိုက်ပြီး အတွင်းအားလုံးနှစ်လုံးကို ထုတ်၍ ပွင့်ဖတ်သုံးဖတ်ကြာပန်းနှင့် အမြုတေတို့ကို လွှမ်းခြုံလိုက်လေသည်။ ထို့နောက် သူ ရေခဲလုံးနှင့် မီးလုံးတို့ကို တစ်ချိန်တည်း စတင် သန့်စင်လိုက်၏။ ကျန်းရီသည် တစ်ခုစီ သန့်စင်လျှင် သူ၏ခန္ဓာကိုယ်က ဒဏ်မခံနိုင်လောက်ဟု မှန်းဆကာ ရေခဲဓာတ်နှင့် မီးဓာတ်တို့ အချင်းချင်း အားပျော့အောင် လုပ်စေရန် နှစ်ခုစလုံးကို တစ်ချိန်တည်း သန့်စင်လိုက်ခြင်းဖြစ်သည်။

“အာ...”

ကျန်းရီ၏ အတွင်းအားလုံးများက ပွင့်ဖတ်သုံးဖတ်ကြာပန်းနှင့် အမြုတေတို့ကို ထိတွေ့သွားသောအခါ ကျန်းရီ၏ တစ်ကိုယ်လုံး အပြင်းအထန် တုန်ခါသွားလေသည်။ သူ၏ဝိညာဉ်သည်ပင် စတင် တုန်ခါလာသည်။ ကြောက်မက်ဖွယ်ကောင်းလောက်သော စွမ်းအားပမာဏတစ်ခုကလည်း သူ၏လက်ဝါးများမှတဆင့် သူ့ကိုယ်အတွင်းသို့ ဝင်လာသည်။

ကျန်းရီ၏ ကိုယ်တွင်းသို့ ဝင်လာသော စွမ်းအားများမှာ ရင်းမြစ်နှစ်ခုမှ ဖြစ်သည်။ ရင်းမြစ်တစ်ခုတွင် အားကောင်းသော ယန်ဓာတ်ရှိသည်။ ယင်းက မာကြောကာ ပူးပြင်းသည်။ ထို့ကြောင့် သူ၏သွေးကြောများအတွင်းသို့ ချောရည်ပူများ စီးဝင်လာနေသလိုပင် သူ ခံစားနေရသည်။ သူ၏ဘယ်လက်ကလည်း ပူလောင်နေသည်။ သူ၏လက်က ပို၍ တုန်ခါလာသောအခါ ပွင့်ဖတ်သုံးဖတ်ကြာပန်း လွတ်ကျသွားမလိုပင် ဖြစ်သွားသည်။

အခြားစွမ်းအားရင်းမြစ်မှာမူ အားကောင်းသော ယင်ဓာတ်စွမ်းအားကို ပိုင်ဆိုင်ထားသည်။ ထိုစွမ်းအားက ပျော့ပြောင်းကာ အေးစက်သည်။ ထို့ကြောင့် သူ၏ညာဘက်လက်က အေးစက်မှုကြောင့် ထုံ၍ပင်လာသည်။ အအေးဓာတ်စွမ်းအားက သူ၏သွေးကြောများအတွင်းသို့ ဝင်လာသောအခါ သူ့ခန္ဓာကိုယ်ညာဘက်တစ်ခြမ်းလုံး အေးခဲသွားသည်။ သူသည် ခန္ဓာကိုယ်ညာဘက်ခြမ်းကို လှုပ်ရန်မဆိုထားနှင့် ခံပင်မခံစားမိတော့ချေ။

‘ကြောက်စရာကောင်းလှပါလား’

ကျန်းရီသည် ချက်ချင်းပင် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်လိုက်၏။ ထို့နောက် သူသည် သူ့ခန္ဓာကိုယ်တွင် ဖြစ်ပျက်နေသည်များကို များစွာအရေးမစိုက်ရန် ကြိုးစားလိုက်သည်။ ဖိအားဓာတ်ကို မခံနိုင်၍ သတိလစ်သွားမည်ကို သူ စိုးရိမ်နေသည်။

‘ငါ ဘာလုပ်သင့်လဲ။ ဒီစွမ်းအားတွေကို ငါ ဘယ်မှာ သိုလှောင်ရမလဲ’

ကျန်းရီ၏ ခန္ဓာကိုယ်တစ်ခြမ်းက ပူကျစ်နေပြီး ကျန်တစ်ခြမ်းက အေးခဲနေသည်။ ကျန်းရီ စတင် တုန်လှုပ်လာသည်။ စွမ်းအားများက သူ့ကိုယ်အတွင်းသို့ ဆက်စီးဝင်နေဆဲဖြစ်၍ သူ့ခန္ဓာကိုယ် ဘယ်ဘက်ခြမ်းက ပိုပူလာပြီး ညာဘက်ခြမ်းက ပိုအေးလာသည်။

ပွင့်ဖတ်သုံးဖတ်ကြာပန်းက အားကောင်းသော ယန်ဓာတ်ကို ပိုင်ဆိုင်သော်လည်း မီးတောက်များ မထုတ်နိုင်ပေ။ အပူဓာတ်က စွမ်းအားသက်သက်ဖြစ်သည်။ ထို့ကြောင့် မီးဝိညာဉ်ပုလဲသည်ပင် ကျန်းရီကို ထိုကြာပန်း၏ အပူဒဏ်မှနေ၍ မကာကွယ်ပေးနိုင်ပေ။ ထိုကဲ့သို့ ပြင်းထန်သောစွမ်းအားက သူ၏သွေးကြောများအတွင်းသို့ ဝင်လာနေသဖြင့် သူ၏သွေးကြောများ ပေါက်ကွဲထွက်လုမတတ်ဖြစ်နေလေသည်။

‘အဲ့စွမ်းအားတွေကို ဒန်တျန်ဆီ ပို့ကြည့်ရမှာပဲ... ကြယ်စက်လုံးတွေက အဲ့စွမ်းအားတွေကို စုပ်ယူနိုင်မလားဆိုတာ ကြည့်ကြတာပေါ့’

ကျန်းရီ အကြံတစ်ခုရလိုက်သည်။ အကယ်၍ ကြယ်စက်လုံးတစ်လုံးက စွမ်းအားအမျိုးအစားနှစ်မျိုးကို စုပ်ယူနိုင်ပါက ထိုစွမ်းအားနှစ်ခုသည် ပေါင်းစည်းသွားမည်ဖြစ်သည်။

ထိုအကြံက မဆိုးလှပေ။

ထို့ကြောင့် ကျန်းရီသည် အမည်မဲ့ကျင့်စဉ်ကို သုံးလိုက်ပြီး စွမ်းအားအမျိုးအစားနှစ်မျိုးစလုံးကို ဒန်တျန်သို့ ပို့လိုက်သည်။ မည်သည့်ကြယ်စက်လုံးကမှ လှုပ်ရှားမလာပေ။ မည်သည့်ကြယ်စက်လုံးကမှလည်း စွမ်းအားများကို မစုပ်ယူလိုက်ချေ။

‘ငါတော့သွားပြီ... ငါ့ခန္ဓာကိုယ်က တကယ်ပဲ အဲ့စွမ်းအားတွေကို မစုပ်ယူနိုင်ဘူးလား’

ယခုတွင် ကျန်းရီ ကြောက်လာပေပြီ။ ထိုအခိုက်တွင် သူ့ခန္ဓာကိုယ်အတွင်း၌ စွမ်းအားအမျိုးအစားနှစ်မျိုးက ပမာဏများစွာ ရှိနေသည်။ ထို့ပြင် စွမ်းအားများက ပွင့်ဖတ်သုံးဖတ်ကြာပန်းနှင့် အမြုတွေတို့မှနေ၍ သူ့ကိုယ်တွင်းသို့ ဆက်စီးဝင်နေသေးသည်။ ယင်းကို ရပ်တန့်၍ မရပေ။ ထို့ကြောင့် စွမ်းအားများက သူ့ကိုယ်ထဲတွင် စုပုံနေပေသည်။ ကျန်းရီသည် သူ၏ခန္ဓာကိုယ်က လေထိုးလွန်သော ပူဖောင်းတစ်လုံးကဲ့သို့ ပေါက်ကွဲထွက်သွားမည်ကို စိုးရိမ်နေလေသည်။

‘ပြောကြတာကတော့... ရေခဲသားရဲဘုရင်ရဲ့ ရေခဲစွမ်းအားက ကောင်းကင်ဧကရာဇ်အဆင့် သိုင်းသမားတွေကို နတ်ဘုရားဝိညာဉ် ဖန်တီးနိုင်အောင် ကူညီပေးတယ်တဲ့’

ကျန်းရီသည် မိုယောင်အာပြောခဲ့သော စကားကို ပြန်အမှတ်ရသွား၏။ သူ ချက်ချင်း တွေးမိသွားသည်။

‘ရေခဲစွမ်းအားက ဝိညာဉ်အသိစိတ်နဲ့ စုပ်ယူရတဲ့ ဝိညာဉ်စွမ်းအားအမျိုးအစားတစ်မျိုးများ ဖြစ်နေမလား။ ငါ့ရဲ့ မူလဝိညာဉ်က အဲ့စွမ်းအားတွေအကုန်လုံးကို စုပ်ယူနိုင်ပါ့မလား’

ထိုစွမ်းအားအမျိုးအစားနှစ်မျိုးက အလွန်အားကောင်းပေသည်။ အကယ်၍ သူသာ ထိုစွမ်းအားများကို သူ၏ဝိညာဉ်ဆီသို့ ပို့ပေးလိုက်ပါက များပြားသော ပမာဏကြောင့် သူ့ဝိညာဉ် အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားနိုင်သည်။ သူ၏ဝိညာဉ်က အဖိုးတန်ပေသည်။ သူ ၎င်းကို အထိခိုက်မခံနိုင်ပေ။

‘ချကွာ... ဘာပဲဖြစ်ဖြစ် ငါက သေတော့မှာပဲ...’

ကျန်းရီသည် အတွေးလွန်နေခြင်းကို လျင်မြန်စွာ ရပ်လိုက်၏။ သူ့ခန္ဓာကိုယ်အတွင်း၌ စွမ်းအားများစွာ ရှိနေသည်။ ထို့ကြောင့် သူ့သွေးကြောများက အချိန်မရွေး ပေါက်ကွဲထွက်သွားတော့မည်ဟု သူ ခံစားနေရသည်။ သို့ဖြစ်ရာ သူ ရွေးချယ်စရာမရှိတော့ဘဲ ထိုစွမ်းအားအကုန်လုံးကို သူ့ဝိညာဉ်ဆီသို့ ပို့လိုက်လေသည်။

‘ချီးပဲ...’

ကျန်းရီသည် စွမ်းအားနှစ်မျိုးက သူ၏သွေးကြောများအတွင်းသို့ ရောက်ပြီးနောက် အချင်းချင်း အားပျော့သွားအောင် လုပ်လိမ့်မည်ဟု မျှော်လင့်ထားခဲ့၏။ သို့သော် ထိုစွမ်းအားနှစ်မျိုးက ဆန့်ကျင်ဘက်များဖြစ်သဖြင့် တစ်မျိုးနှင့်တစ်မျိုး အနားသို့ပင် မကပ်ကြဟု သူ ထင်မထားခဲ့ပေ။ ကြယ်စက်လုံးအတွင်းသို့ စွမ်းအားတစ်ခု ဝင်လာလျှင် ကျန်စွမ်းအားတစ်ခုက ပြန်ထွက်သွားသည်။ ၎င်းတို့ကို ‌ပေါင်းစည်းရန် မဆိုထားနှင့် အနားသို့ ကပ်စေဖို့ပင် မဖြစ်နိုင်ချေ။

‘ငါက လောလွန်းခဲ့တာ... ဒီတစ်ခေါက်တော့ ဒုက္ခများပြီပဲ’

ကျန်းရီ သက်ပြင်းချလိုက်သည်။ ယခုတွင် ထိုစွမ်းအားနှစ်ခုက သူ၏ဝိညာဉ်အတွင်းသို့ ဝင်သွားသည်ကိုသာ သူ ကြည့်နေနိုင်‌တော့သည်။

***

All Chapters