← Chapters

ဟန်ဆောင်ခြင်းမှ လက်တွေ့သို့

Vol. 74 Ch. 1028

ဟန်ဆောင်ခြင်းမှ လက်တွေ့သို့

Vol. 74 Ch. 1028

အပြင်ဘက်မှ အခြေအနေက ဆိုးဝါးစွာ ရှုပ်ထွေးနေသည်။ မီးနဂါးမျိုးနွယ်က ချောင်တွမ်ထျန်းကို တိုက်ခိုက်ခဲ့သည်။ ချောင်တွမ်ထျန်း၏စစ်တပ် တစ်ဝက်ခန့် ကျဆုံးသွားသည်။ အကယ်၍ မီးနဂါးမျိုးနွယ်ခေါင်းဆောင်ကသာ မတားခဲ့လျှင် ယခုဆိုလျှင် ချောင်တွမ်ထျန်း အသတ်ခံလိုက်ရပြီဖြစ်သည်။

မီးနဂါးမျိုးနွယ်ခေါင်းဆောင်က ဖြစ်ပျက်ခဲ့သည့်ကိစ္စကို နားလည်၏။ ထို့ကြောင့် သူ အလွန်ဒေါသထွက်နေသည်။ ဟော်ကူးက သူအချစ်ဆုံးမြေးဖြစ်သည်။ ဟော်ကူး၏သေဆုံးသတင်းကပင် သူ့အတွက် လုံလောက်သော သတင်းဆိုး ဖြစ်နေပေပြီ။ ယခုတွင် ‌ရေခဲသားရဲဘုရင်၏ အမြုတေပင် အခိုးခံလိုက်ရပြီဖြစ်သည်။ မီးနဂါးမျိုးနွယ်ခေါင်းဆောင်သည် သူတို့သုံးယောက်က ဓားခုတ်ကောင်ဂိုဏ်းကို အနိုင်ယူနိုင်ခဲ့သဖြင့် ယုံကြည်မှု တိုးလာသည်။ သူတို့သုံးယောက်သာ ပူးပေါင်းထားလျှင် ချောင်ဖေးဝမ်ပင် သူတို့ကို အနိုင်ယူနိုင်ရန် ခက်ခဲလိမ့်မည်ဟု သူ တွေးခဲ့သည်။

ထို့ကြောင့် မီးနဂါးမျိုးနွယ်ခေါင်းဆောင်သည် ချောင်ဖေးဝမ်ကို အနိုင်ယူဖို့ ပြင်ဆင်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော် ချောင်ဖေးဝမ်က ရုတ်တရက် ထွက်ပေါ်လာသောအခါ မီးနဂါးမျိုးနွယ်ခေါင်းဆောင် လိပ်ပြာလွင့်မတတ် ကြောက်ရွံ့သွားခဲ့သည်။ ချိုးရှန်နှင့် အမွေးရှည်ဆင်မျိုးနွယ်ခေါင်းဆောင်တို့သည်လည်း ကြောက်ရွံ့သွားခဲ့သည်။ သူတို့သည် ဓားခုတ်ကောင်ဂိုဏ်းနောက်သို့ ဆက်မလိုက်တော့ဘဲ ကြောက်ရွံ့တကြီးဖြင့် ထွက်ပြေးကြသည်။

နှင်းဒေသတစ်ခွင်လုံးသည် ချောင်ဖေးဝမ်၏ဒေါသအောက်တွင် သိမ့်သိမ့်တုန်ခဲ့သည်။ တိုက်ပွဲပြင်သို့ လာနေသော မျိုးနွယ်များစွာသည်လည်း ထိုသတင်းကို ကြားသောအခါ ချက်ချင်း ရပ်တန့်လိုက်ကြသည်။ သူတို့သည် တိုက်ပွဲပြင်အနားသို့ မကပ်ဝံ့ကြတော့ပေ။ ယခုတွင် ရေခဲသားရဲဘုရင်က အသတ်ခံလိုက်ရပြီဖြစ်၍ သူတို့ ဆက်သွားလျှင်လည်း အကျိုးရှိမည် မဟုတ်ချေ။

မျိုးနွယ်သုံးခုက ဒေါသဖြင့် ပြန်ဆုတ်ခွာသွားစဉ်တွင် လမ်းတစ်လျှောက်ရှိ သူတို့နှင့်ကြုံသော ဂိုဏ်းအသေးလေးတိုင်းကို သတ်ဖြတ်ခဲ့သည်။ ကံဆိုးသူများ ရှင်းပစ်ခံခဲ့ရသည်။ အတန်ငယ် ကံပိုကောင်းသူများက သူတို့၏ စစ်တပ်အင်အား အများစုကို ဆုံးရှုံးခဲ့သည်။ မျိုးနွယ်သုံးခုမှ လူများသည် သူတို့၏ မျိုးနွယ်ခေါင်းဆောင်ငယ်များ၏ သေဆုံးမှု၊ ဓားခုတ်ကောင်ဂိုဏ်းနှင့် တိုက်ခိုက်ခဲ့ရမှုနှင့် ရေခဲသားရဲဘုရင်၏ အမြုတေကို ဆုံးရှုံးခဲ့ရမှုတို့အတွက် ဒေါသထွက်နေဆဲဖြစ်သည်။

ဓားခုတ်ကောင်ဂိုဏ်းနှင့် ကျားနိုင်ဂိုဏ်းတို့ကလည်း ဒေါသထွက်နေကြသည်။ ဓားခုတ်ကောင်ဂိုဏ်းက ထိုနေ့တွင် လူသောင်းချီ ဆုံးရှုံးခဲ့သည်။ နောက်ဆုံးတွင် လူသုံးထောင်မပြည့်တပြည့်သာ တိုက်ပွဲပြင်မှ လွတ်မြောက်နိုင်ခဲ့သည်။ ဓားခုတ်ကောင်သည်ပင် အပြင်းအထန် ဒဏ်ရာရခဲ့သည်။ ကျားနိုင်ဂိုဏ်းကလည်း လူများစွာ ဆုံးရှုံးခဲ့သည်။ အရေးအကြီးဆုံးမှာ ချောင်ဖေးဝမ်က အစတွင် မျက်နှာထွက်မပြခဲ့သော်လည်း နောက်ဆုံးတွင် ရွေးချယ်စရာမရှိတော့ဘဲ ထွက်လာခဲ့ပြီး မျိုးနွယ်သုံးခုကို တိုက်ခိုက်ခဲ့ခြင်းပင်။

ချောင်ဖေးဝမ်သည် စုံစမ်းစစ်ဆေးပြီးနောက် ရေခဲသားရဲဘုရင်၏ အမြုတေကို ခိုးယူသွားသူမှာ သူတို့ဂိုဏ်းသား မဟုတ်ကြောင်း သိခဲ့ရသည်။ ချောင်ဖေးဝမ်းနှင့် ကျားနိုင်ဂိုဏ်းမှ အကြီးအကဲများသည် မည်သူ့ကိုမှ ထိုသို့လုပ်ရန် မခိုင်းခဲ့ပေ။ အမြုတေကို ခိုးယူသွားသူက ခြေရာလက်ရာပင် မကျန်ခဲ့ဘဲ ပျောက်ကွယ်သွားလေသည်။

ချောင်ဖေးဝမ်းသည် ဒေါသူပုန်ထနေဆဲဖြစ်၍ ထိုဒေါသကို ဖွင့်ထုတ်ရန် နည်းလမ်းတစ်ခု ရှာရပေမည်။ ဤတစ်ကြိမ်တွင် ရေခဲသားရဲဘုရင်ကြောင့် တိုက်ပွဲပြင်သို့ ရောက်လာခဲ့သော မျိုးနွယ်အသေးလေးများနှင့် ဂိုဏ်းအသေးလေးများက ခံခဲ့ရသည်။ ရလဒ်အနေဖြင့် ဂိုဏ်းသေးလေးများပင် ဒေါသထွက်လာခဲ့သည်။ ထို့ကြောင့် နှင်းဒေသတစ်ခွင်လုံးက ဒေါသထွက်နေသည်ဟု ဆိုနိုင်ပေသည်။ နေရာအနှံ့တွင် စစ်ပွဲများ စတင်နေပေပြီ။ စက္ကန့်တိုင်းတွင် မရေမတွက်နိုင်သော လူများ သေဆုံးနေသည်။

မိုရှန်းသည် နှင်းဒေသတစ်ခွင်လုံးကို တစ်ကြိမ်လှည့်ပတ်ခဲ့ပြီး ရှစ်ရက်မြောက်နေ့၌ ကောင်းကင်နတ်ဆိုးတောင်သို့ ပြန်ရောက်လာလေသည်။ သူသည် ကျန်းရီ ပြန်ရောက်နေပြီဖြစ်ကြောင်း သိလိုက်သောအခါ စိတ်အေးသွားပြီး မေးခွန်းများစွာ မမေးတော့ပေ။ သူသည် မိုယောင်အာကိုခေါ်၍သာ အပြင်ထွက်ခွင့် ပိတ်လိုက်လေသည်။ ကောင်းကင်နတ်ဆိုးတောင်မှ အခြားလူများသည်လည်း တောင်ပြင်သို့ ထွက်ခွင့်မရှိတော့ချေ။

မိုရှန်းသည် ချိုးပိုင်နှင့် အခြားသူများက မိုယောင်အာကို တိုက်ခိုက်ခဲ့သည့် ကိစ္စအတွက် ဒေါသထွက်နေဆဲပင်။ သို့သော် မိုယောင်အာနှင့် မိုရှင်းတို့က ဘေးကင်းကင်ဖြင့် ပြန်ရောက်နေပြီဖြစ်ပြီး ချိုးပိုင်တို့က သေသွားခဲ့ပြီဖြစ်သည်။ မျိုးနွယ်သုံးခုကလည်း အဆုံးအရှုံး ကြီးမားခဲ့သည်။ မိုရှန်းသည် လက်ရှိ မျိုးနွယ်သုံးခု ပရမ်းပတာ ဖြစ်နေစဉ်တွင် သူတို့ထံ စစ်ချီရန် ဆုံးဖြတ်လိုက်သည်။ ထို့ပြင် သူသည် ဤရက်ပိုင်းတွင် စွမ်းအားကြီး တာအိုပုံသဏ္ဌာန်တစ်ခုကိုလည်း ‌လေ့လာနေရာ အခြားကိစ္စများကို အရေးစိုက်ရန် အချိန်မရှိချေ။

နှင်းဒေသတွင် ပရမ်းပတာဖြစ်စေခဲ့သော ကျန်းရီသည် တစ်လကြာ အခန်းအောင်းကျင့်ကြံခဲ့သည်။ သူ ထွက်လာသောအခါ အပြင်ဘက်မှ အခြေအနေများကို မေးမြန်းလိုက်သည်။ သူသည် မချင့်မရဲဖြစ်သွားပြီး ဆက်၍ အခန်းအောင်းကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။ မိုရှန်းသည် တောင်တစ်တောင်လုံးကို ပိတ်ထားရန် အမိန့်ပေးထားသည်။ မည်သူမှ တောင်ပေါ်သို့ တက်ခွင့်မရှိသလို တောင်ပေါ်ကလည်း ဆင်းခွင့်မရှိပေ။ မိုယောင်အာလည်း ထွက်မလာခဲ့ပေ။ မိုးရှန်းရှိနေချိန်တွင် သူ သူမနှင့်သွားရှုပ်မိပါက ကောင်းကင်နတ်ဆိုးတောင်မှ မောင်းထုတ်ခံရနိုင်သည်။ အပြင်ဘက်တွင် စစ်ပွဲများစွာ ဖြစ်နေ၍ သူ့ဘာသာ အပြင်သို့ ထွက်သွားလျှင် အလွန်အန္တရာယ်များပေလိမ့်မည်။

‘ကျင့်ကြံရမယ်’

ကျန်းရီသည် အလွန်စိတ်လှုပ်ရှားနေပြီး နေ့ရက်တိုင်းက ငရဲကဲ့သို့ ခံစားနေရသော်လည်း မဆင်မခြင် မလုပ်ခဲ့ပေ။ သူသည် အပြင်သို့ ထွက်ကာ ကိုယ့်သေတွင်းကိုယ်တူးမည် မဟုတ်ပေ။ ထို့ကြောင့်  သူ့အတွက် ကျင့်ကြံခြင်းအပေါ်တွင် အာရုံစိုက်နေရန်သာ ရှိတော့သည်။ အခြားအရာများကို ဘေးဖယ်ထားလျှင်ပင် အနည်းဆုံးတော့ သူ၏အတွင်းအားအဆင့်ကို ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်သိုရောက်အောင် လုပ်ရမည်ဖြစ်သည်။

ကောင်းကင်နတ်ဆိုးတောင်ထက်တွင် မိုးမြေအတွင်းအားက အဆ(၂၅၀) ပိုသိပ်သည်းသည်။ ထို့ပြင် ကျန်းရီ၏ ခန္ဓာကိုယ်က နဂါးညှိုးရော်မြက်ပင်ကြောင့် တိုးတက်ခဲ့သည်။ ထို့ကြောင့် သူ၏ ကျင့်ကြံနှုန်းက အဆ(၂၅၀၀) ပိုမြန်နေပေသည်။ ထိုကဲ့သို့ အခွင့်အရေးကောင်းတစ်ခုကို တွေ့ကြုံရန် ခဲယဉ်းသည်။ လက်ရှိကျင့်ကြံနှုန်းက ထန်မျိုးနွယ်ပိုင်သော ကောင်းကင်ကံကြမ္မာသင်္ဘောပေါ်မှ ကျင့်ကြံနှုန်းထက် အဆ(၂၀၀)လောက်ပိုမြန်သည်။

ကျန်းရီသည် သူ၏အတွင်းအားအဆင့်ကို ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်သို့ရောက်အောင် လုပ်နိုင်ပြီး ကြယ်သုံးပွင့်နှင့်အထက် တာအိုပုံသဏ္ဌာန်သုံးခုကို သိမြင်နားလည်သွားကာ နတ်ဘုရားဝိညာဉ်ကို ဖန်တီးနိုင်လျှင် နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက် ဖြစ်လာမည်ဖြစ်သည်။

ကျန်းရီသည် ကြယ်သုံးပွင့် တာအိုပုံသဏ္ဌာန်များဖြစ်သော မိုင်တစ်ထောင် ရေခဲလွှမ်းနှင့် မိုးကြိုးအမျက်တို့ကို သိမြင်နားလည်ထားပြီဖြစ်သည်။ သူ မိုကြိုးအမျက်ကို သိမြင်နားလည်ခဲ့စဉ်က ကောင်းကင်နှင့် မြေကြီးတွင် မည်သည့်မူမမှန်သောကိစ္စမှ ဖြစ်မာလာခဲ့ပေ။ သို့သော် ၎င်း၏ စွမ်းအားကြောင့် ၎င်းက အနည်းဆုံး ကြယ်သုံးပွင့်အဆင့်ရှိလိမ့်မည်ဟု ကျန်းရီ ယုံကြည်ပေသည်။

အခြားအတတ်များဖြစ်သော နတ်ဘုရားအသံ ကောင်းကင်အတတ်၊ မိုးကြိုးမီးနတ်ဘုရားဒိုင်း၊ ဝိညာဉ်လေဓားများနှင့် သက်တန့်ဝိညာဉ်ဓားတို့က ဆန်းကြယ်သော စွမ်းရည်များသာ ဖြစ်သည်။ သို့မဟုတ် ယင်းတို့က တာအိုပုံသဏ္ဌာန်များမှ ထွက်ပေါ်လာသော အတတ်များသာဖြစ်မည်။ ထိုအတတ်များကို တာအိုပုံသဏ္ဌာန်များဟု မသတ်မှတ်နိုင်ပေ။

ထို့ကြောင့် ကျန်းရီသည် ကြယ်သုံးပွင့် တာအိုပုံသဏ္ဌာန်နောက်တစ်ခုကို သိမြင်နားလည်ရန် လိုပေသေးသည်။ ထို့ပြင် သူ၏အတွင်းအားကိုလည်း ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်သို့ရောက်အောင် မြှင့်တင်ရဦးမည်ဖြစ်သည်။ နောက်ဆုံးတွင် သူ နတ်ဘုရားဝိညာဉ်ကို ဖန်တီးရပေမည်။ ထိုမှ သူက တရားဝင် နတ်ဘုရားတစ်ပိုင်း ဖြစ်သွားမည်ဖြစ်သည်။

‘ငါ နတ်ဘုရားတစ်ပိုင်း ဖြစ်သွားရင် ငါ့ရဲ့အတွင်းအားက နတ်စွမ်းအား ဖြစ်သွားမှာလား။ ငါ့မှာသာ နတ်စွမ်းအားရှိလာရင် အရည်ကျိုနတ်ဘုရားမီးဖိုကို နှိုးပြီး နိဗ္ဗာန်မီးတောက်ထုတ်ဖို့က အသာလေးဖြစ်သွားမှာပဲ။ ငါ အရည်ကျို နတ်ဘုရားမိစ္ဆာမီးတောက်ကို ထုတ်နိုင်ရန် အရမ်းကောင်းမှာ။ အရည်ကျို နတ်ဘုရားမိစ္ဆာမီးတောက်က ကြယ်ရှစ်ပွင့်၊ ကြယ်ကိုးပွင့် သိုင်းသမားတွေကိုတောင် လောင်ကျွမ်းပစ်နိုင်တယ်’

ကျန်းရီ ပို၍ ရင်ခုန်မြန်လာ၏။ ကြယ်ရှစ်ပွင့်၊ ကြယ်ကိုးပွင့် ပညာရှင်များကိုပင် လောင်ကျွမ်းနိုင်သော မီးတောက်က မည်မျှ ကြောက်စရာကောင်းမည်နည်း။ သို့သော် ယင်းက ကျန်းရီ၏ အတွေးသာ။ သူသည် အရည်ကျို နတ်ဘုရားမိစ္ဆာမီးတောက်ကို ထုတ်နိုင်ရန် မဆိုထားနှင့် နိဗ္ဗာန်မီးတောက်ကိုပင် မထုတ်နိုင်ချေ။

နိဗ္ဗာန်မီးတောက်များက ကြယ်ခုနှစ်ပွင့်နှင့်အောက် နတ်ဘုရားတစ်ပိုင်းများကို လောင်ကျွမ်းနိုင်သည်။ လူပုမျိုးနွယ်မှ ချိုးရှန်က မိုရှန်းထက် အဆင့်နိမ့်ရာ သေချာပေါက် ကြယ်ရှစ်ပွင့် ပညာရှင်ဖြစ်မည် မဟုတ်ပေ။ ထို့ကြောင့် ကျန်းရီသည် သူသာ နိဗ္ဗာန်မီးတောက်ကို ထုတ်နိုင်လျှင် လူပုမျိုးနွယ်ကို ရှင်းပစ်နိုင်လိမ့်မည်ဟု ယုံကြည်မှုရှိပေသည်။

‘အင်း... အများကြီးမတွေးနဲ့။ ရေခဲစွမ်းအားမရှိရင် ငါက အဲ့မီးဖိုကို ဘာနဲ့နှိုးရမှာလဲ။ အရင်ဆုံး ငါ့အတွင်းအားအဆင့်ကို မြှင့်တင်တာပဲ ကောင်းပါတယ်။ ငါ့ရဲ့ ဝိညာဉ်ကို ပိုတိုးတက်လာအောင်လုပ်ပြီး သက်တန့်ဝိညာဉ်လှံကို ပိုကြာကြာထိန်းချုပ်နိုင်လာအောင် မျှော်လင့်တာက ငါ့အတွက် ပိုလက်တွေ့ကျတယ်’

ကျန်းရီသာ သူ၏အတွင်းအားကို ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်အထိ မြှင့်တင်နိုင်လျှင် သူ၏ဝိညာဉ်ကလည်း သေချာပေါက် တိုးတက်လာမည်ဖြစ်သည်။ ယခုတွင် သူသည် သက်တန့်ဝိညာဉ်ဓားကို ထိန်းချုပ်ကာ တစ်ကြိမ်သာ တိုက်ခိုက်နိုင်သည်။ သို့သော် ထိုတိုက်ခိုက်မှုတစ်ကြိမ်ဖြင့် သူ ချိုးရှန်ကို မသတ်နိုင်လိုက်လျှင် သူ သေချာပေါက် အသက်ဆုံးရှုံးရပေလိမ့်မည်။ ထို့ကြောင့် သူသည် အခြားကိစ္စများကို မတွေးခင် အချိန်တစ်ခုအထိ အခန်းအောင်းကျင့်ကြံ၍ ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်သို့ရောက်အောင် လုပ်ရပေမည်။

‘ကျင့်ကြံမယ်’

မိုယောင်အာက အခန်းပိတ်ခံထားရပြီး မိုရှန်းကလည်း အခန်းအောင်းကျင့်ကြံနေပုံရသည်။ ကျန်းရီကို နှောင့်ယှက်မည့်သူ မရှိပေ။ ထို့ကြောင့် သူ အေးအေးဆေးဆေး ကျင့်ကြံနိုင်နေသည်။

လများစွာ ကြာပြီးနောက် ကောင်းကင်နတ်ဆိုးတောင်က အလွန်အေးချမ်းလာသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ခြောက်လကုန်ဆုံးသွားခဲ့ပေပြီ။

ယခင်တစ်ခေါက်တွင် မိုရှန်းက အမှန်ပင် ဒေါသထွက်ခဲ့သည်။ မိုယောင်အာကလည်း ထိုခြောက်လအတွင်း ထွက်ပေါ်မလာခဲ့ပေ။ ကျန်းရီသည် ခြောက်လကြာကျင့်ကြံပြီးနောက် ကောင်းကင်ဧကရာဇ် အဋ္ဌမအဆင့်သို့ ရောက်သွားခဲ့သည်။ ဆဋ္ဌမမြောက် ကြယ်စက်လုံး အတွင်းအားပြည့်ရန်  တစ်ဝက်သာ လိုတော့သည်။ အကယ်၍ အပြင်ဘက်တွင် အခြားအပြောင်းအလဲများ မရှိလျှင် သူ နောက်ထက်ခြောက်လ ဆက်ကျင့်ကြံမည်ဖြစ်သည်။

ဝှစ်...

ကျန်းရီ ကျင့်ကြံခြင်းကို ရပ်တန့်လိုက်၏။ သူသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ဝင်၍ ပတ်ဝန်းကျင်ကို အာရုံခံကြည့်လိုက်၏။ မည်သူမှ သူ့ကို ထောက်လှမ်းမနေကြောင်း အတည်ပြုပြီးနောက်တွင် သူ သက်တန့်ဝိညာဉ်လှံကို ထပ်မံထုတ်လိုက်သည်။ လှံသည် ပုံရိပ်များစွာအဖြစ် ပြောင်းလဲသွားပြီး အခန်းထဲတွင် လှည့်ပတ်ပျံသန်းသွားလေသည်။

ဤတစ်ကြိမ်တွင်မူ လှံအပတ်သုံးဆယ် ပျံသန်းပြီးမှ ကျန်းရီ အားနည်းလာသည်။  သူ သက်တန့်ဝိညာဉ်လှံကို ပြန်သိမ်းလိုက်ပြီး မျက်လုံးများမှိတ်ကာ အနားယူလိုက်သည်။ ထို့နောက် သူ သက်ပြင်းသဲ့သဲ့ချကာ ရေရွတ်လိုက်သည်။

“ငါ့ရဲ့ စိတ်ဝိညာဉ်က နည်းနည်းတော့ တိုးတက်လာတယ်... ဒါပေမဲ့ မလုံလောက်သေးဘူး။ အခန်းထဲမှာ အပတ်သုံးဆယ် လှည့်ပတ်ပျံသန်းနိုင်တယ်ဆိုတော့ အကွာအဝေးအနေနဲ့ဆို မီတာ(၃၀၀၀)လောက်ပဲ ပျံသန်းနိုင်ဦးမှာ။ တကယ်လို့ ရန်သူက ငါနဲ့ မီတာ(၃၀၀၀)ကျော်အကွာမှာ ရှိနေတယ်ဆိုရင် တစ်ကြိမ်တိုက်ခိုက်ပြီးတာနဲ့ ငါ အားနည်းသွားမှာပဲ။ အဲ့လိုဆို ကိုယ်သေတွင်းကိုယ်တူးသလို ဖြစ်သွားလိမ့်မယ်”

ကျန်းရီသည် ခေတ္တမျှ ထိုင်နေပြီးနောက် ကောင်းကင်နှင့်လူသား ‌ပေါင်းစည်းခြင်း အခြေအနေသို့ ထပ်ဝင်ကာ အပြင်ဘက်မှ အခြေအနေကို စူးစမ်းလိုက်သည်။ သူသည် တပ်မှူးများပြောနေသော စကားများကို ခိုးနားထောင်လိုက်ပြီး သူလိုချင်သော သတင်းအချက်အလက်ကို ရလိုက်လေသည်။ မိုယောင်အာက အခန်းပိတ်ခံထားရဆဲဖြစ်သည်။ မည်သူမှလည်း တောင်ပေါ်က မဆင်းကျသေးပေ။ ထို့ကြောင့် သူ အပြင်သို့ထွက်ရန် ဆုံးဖြတ်လိုက်လျှင်လည်း မည်သည့်အကျိုးမှ ရှိမည်မဟုတ်ချေ။

“ငါ ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်ကို ရောက်တဲ့အထိ ဆက်ကျင့်ကြံတာပေါ့”

ကျန်းရီ မျက်လုံးများမှိတ်လိုက်ပြီး ဆက်ကျင့်ကြံလိုက်၏။ သို့သော် ဤတစ်ခေါက်တွင် သူ လေးလကြာ ကျင့်ကြံပြီးနောက် မိုယောင်အာ၏ နှောင့်ယှက်မှုကို ခံလိုက်ရလေသည်။ မိုယောင်အာ အပြင်ထွက်ခွင့် ရပေပြီ။

“မိုရှင်း... ရှင့်ရဲ့ အရှိန်အဝါက သိသိသာသာ တိုးတက်လာသလိုပဲ။ ရှင် ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်ကို ရောက်သွားပြီလား။ ကျွန်မရဲ့ အတွင်းအားကလည်း ကောင်းကင်ဧကရာဇ် အဋ္ဌမအဆင့်ကို ရောက်သွားပြီ”

မိုယောင်အာသည် အခန်းထဲသို့ ဝင်လာလျှင်ဝင်လာချင်း ကျန်းရီကို ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံ၍ ပြုံးလိုက်၏။ ထို့နောက် သူမ ရှက်ရွံ့ဟန်ဖြင့် ခေါင်းငုံ့ကာ နူးနူးညံ့ညံ့ပြောလိုက်သည်။

“မိုရှင်း... အခု ရှင်က ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်ကို ရောက်သွားပြီဆိုတော့ အဖေ့ကို ကျွန်မနဲ့ လက်ထပ်ပေးဖို့ တောင်းဆိုနိုင်ပြီးပေါ့။ အဖေက သေချာပေါက် သဘောတူမှာပါ။ ကျွန်မတို့ လက်ထပ်ပွဲကြီး ကျင်းပကြမယ်။ အဖေက ရှင့်ကို မျိုးနွယ်ခေါင်းဆောင်ငယ်ရာထူး လက်ဖွဲ့မှာ သေချာတယ်...”

“လက်ထပ်ပွဲလား...”

ကျန်းရီ ခေါင်းကိုက်သွား၏။ သူသည် အမှန်ပင် ထိုသို့ဆက်ဟန်ဆောင်ရမည်လော။ သူ သူမကို လက်ထပ်နိုင်သလော။ သေချာပေါက် လက်မထပ်နိုင်ပေ။

***

All Chapters