← Chapters

ပထမဆုံးဒဏ်ရာ

Vol. 3 Ch. 21

ပထမဆုံးဒဏ်ရာ

Vol. 3 Ch. 21

အခန်း (၂၁)

ပထမဆုံး ဒဏ်ရာ

လပ် တစ်ယောက် မိန်းမပျိုလေးများ၏ ဖျော်ဖြေမှုကို အကင်စား အရက်သောက်ရင်း ကြည့်နေသည်။ မည်သည့် မိန်းကလေးကိုမှ သူ စိတ်ဝင်စားဟန် မပြခဲ့ပေ။

ညနက်ပိုင်းရောက်လာတော့ ခပ်တောင့်တောင့် မျက်နှာဝိုင်းဝိုင်း မိန်းကလေးတစ်ဦး လပ် အနားရောက် လာပြီး လပ် ၏ အရက်ခွက်ကို လာတိုက်လာလေသည်။

“ အစ်ကိုကြီး အကြောတွေ တောင့်နေရင် နှိပ်ပေးမယ် ” ဟု ပြောလာသည်။

“ ရပါတယ် ကျနော် ဘာမှမဖြစ်ပါဘူး ”

“ ခနနေ ပြန်အိပ်တော့မှာ ” လပ် ပြောလိုက်သည်။

ဆယ့်နာရီခွဲကျော်တွင် စားသောက်ပွဲပြီးဆုံးသွားလေသည်။ လပ် တစ်ယောက်လည်း ရီဝေေ၀ဖြင့် မိမိအိပ်ခန်း ရှိရာကို ပြန်ခဲ့လေသည်။ စောစောအိပ်ပြီး မနက်ကျရင် သူ လေ့ကျင့်ရဦးမည်မဟုတ်လား။

လပ် နိုးလာတော့ မနက်ငါးနာရီခန့် ရှိလေပြီ။ လေ့ကျင့်ခန်းဝတ်စုံ ဝတ်ပြီးနောက် မြို့ကလေး၏ အနောက်ဖက် တောစပ်သို့ သူ ပြေးလာခဲ့လေသည်။ ထို့နောက် သူ စတင်လေ့ကျင့်လေသည်။

“ ဝှစ် ဝူး ဝူး ”

ရေခဲစွမ်းအား လက်ဟန်သုံးမျိုးကို လေ့ကျင့်ပြီးနောက် ဒေါသလက်သီးကို စတင်လေ့ကျင့်လေ၏။ ထိုလက်သီးမှာ သူ့ဦးခေါင်းတွင်းရှိ မှတ်ညာဏ်ထဲက ဒုတိယအဆင့် သိုင်းအကွက် ဖြစ်လေသည်။

နှစ်ပေခန့်ရှိသည့် ဧရာမ လက်သီးသဏ္ဍာန်များ လေထုထဲတွင် ဖြစ်တည်လာပြီး နှင်းခဲကြီးများသဖွယ် ကျဆင်းလိုသည့်နေရာကို ချိန်ရွယ် တိုက်ခိုက်ရခြင်း ဖြစ်လေသည်။ လပ် သစ်ပင်ကြီးရှိရာ တစ်နေရာကို ဦးတည်လိုက်သည်။

“ ဝှစ် ဝှီး ဝုန်း ဝုန်း ”

ထိုသစ်ပင်ကြီး၏ ဆယ့်ငါးပေပတ်လည်အတွင်း လက်သီးမိုးများ ရွာကျသွားပြီး သစ်ပင်များလည်း အပိုင်းပိုင်း အစစ ဖြစ်သွားကာ မြေပြင်၌ပြားကပ်သွားလေသည်။

“ အင်း မကြာခင် ငါ့စွမ်းအားကို မြှင့်နိုင်ပြီး S1 အဆင့်ကို ရောက်နိုင်တော့မှာပဲ ” လပ် ရေရွတ်လိုက် သည်။

“ တွီ တွီ ” သူ့ကို အချက်ပေးသံ ထွက်လာသည်။

လူဝကြီး၏ စကားသံ ထွက်လာသည်။

“ ဆရာ ခဏလောက် ပြန်လာခဲ့လို့ ရမလား၊ ဒီမှာ ကိစ္စတစ်ခု ဖြစ်လာလို့ ”

“ အေး အေး ငါ လာပြီ ငါးမိနစ်ပဲစောင့် ”

အုပ်ချုပ်ရေးမှူးရုံးဝင်းအတွင်း လပ် ပြန်လာခဲ့လိုက်သည်။ ရုံးရှေ့ကွင်းပြင်တွင် လူအများ ရပ်နေကြသည်။

ထိုသူများမှာ နေသာမြို့၏ အရှေ့ဘက်မှမြို့ဖြစ်သော ချမ်းသာမြို့မှ ဖြစ်သည်။

ကတုံးနှင့်လူထွားကြီးတစ်ဦးက အော်ဟစ်နေသည်။

“ မင်းတို့မြို့က မြွေဟောက် ဘယ်ရောက်သွားလဲ ”

“ သွားခေါ်လိုက်စမ်း ”

“ ငါတို့မြို့က အရက်ဆိုင်တွေကို ဖျက်ဆီးပြီး ထွက်သွားတယ်၊ ဒါ ငါ့ကို စော်ကားတာပဲ ”

ရုတ်တရက် ဘေးနားမှ လူအချို့က ပြောလိုက်သည်။ “ မြွေဟောက်က မနေ့က သေသွားပြီဟ ” “ ဟုတ်တယ် ဟုတ်တယ် ”

“ ဘာလဲ မဖြစ်နိုင်ဘူး ”

“ မင်း မယုံရင် စုံစမ်းကြည့်လိုက် ”

“ ဒါဆို မြွေဟောက်ကိစ္စ ဘယ်သူတာဝန်ယူမှာလဲ ” ကတုံးက အော်ဟစ်လိုက်သည်။

လပ် က ဝင်ပြောလိုက်သည်။ “ ငါ တာဝန်ယူမယ်၊ မင်းက ဘယ်လိုလုပ်ချင်လဲ ”

ကတုံးက တစ်ချက် လပ် ကို ကြည့်လိုက်ပြီး “ မင်းက ဘယ်သူလဲ ”

“ ငါက ဒီမြို့ရဲ့ ဒုတိယအုပ်ချုပ်ရေးမှူးပဲ ”

“ မင်းက တာဝန်ယူရင် ငါ့လက်သီးသုံးချက်ကို တောင့်ခံနိုင်ရင် ဒီကိစ္စကို ကျေအေးပေးလိုက်မယ် ”

“ ရတယ်လေ မြို့ကွင်းပြင်ကို သွားကြမယ် ” လပ်က ပြောလိုက်လေသည်။

နေသာမြို့မှ လပ်နှင့် ချမ်းသာမြို့မှ ဒေးဗစ်(ကတုံး)တို့ ယှဉ်ပြိုင်ကြမည်ဟူသော သတင်းကြောင့် မြို့နေ ပြည်သူများက ကြည့်ရှုရန် ဝိုင်းလာကြသည်။

“ ငါတို့ဆရာလေး နိုင်ပါ့မလား၊ ကတုံးက အတော်အစွမ်းထက်တယ်ကြားတယ် ”

“ အမ် မင်းတို့မသိလို့ ငါတို့ရဲ့ ရေခဲမင်းသားက နာမည်ကြီးကွ၊ ပါရှန်းမှာ ဖွတ်ကြီးကို သတ်ခဲ့တာ မင်း TV မှာ မမြင်လိုက်ဘူးလား ”

လူအချို့က ငြင်းခုံနေကြလေသည်။ မြို့ရှိ တိုက်ပွဲကွင်းပြင်သည် သိပ်မကျယ်ဘဲ ပေခြောက်ဆယ်ခန့်ပတ်လည်သာ ရှိသည်။

နှစ်ဦးစလုံး ကွင်းပြင်တွင်း ဝင်ရောက်လာခဲ့ပြီး မျက်နှာချင်းဆိုင်လိုက်ကြသည့်။ ကတုံးက ပြောလိုက် သည်။

“ ကောင်လေး မင်းလက်နက်ထုတ်လိုက် ”

“ ငါ ခုချိန်ထိ လက်နက်မလိုသေးဘူး ”

“ ဒါဆိုလည်း နောင်တမရဖို့ ငါပြောချင်တယ် ”

ကတုံးက ဧရာမတူကြီးတစ်လက်ကို သူ့ပုခုံးပေါ်တွင် ထမ်းထားလေသည်။ ပရိသတ်များကလည်း ရင်တမမနှင့် ကြည့်နေကြလေသည်။

ပွဲစပြီဆိုတာနဲ့ ကတုံးက သူ၏တူကြီးကို ယမ်းပြီး လပ်ဆီသို့ ပစ်လွှတ်လိုက်သည်။ တူကြီးမှာ ချာချာလည် နေပြီး လပ် ရင်ဘတ်ဆီကို ဝင်ရောက်လာသည်။ S အဆင့် တူဖြစ်သောကြောင့် လပ်တစ်ယောက် သတိထားနေ ရလေသည်။

လပ် ညာဘက်ကို အသာရှောင်တိမ်းလိုက်ပြီး ကတုံးနားကို ပြေးကပ်သွားသည်။ သို့ပေမဲ့ ကတုံးအနား ရောက်ခါနီးတွင် ကတုံးက လက်တစ်ချက်လှုပ်လိုက်ရာ ဓားမြောင်တစ်လက် လပ်၏ နံရိုးအောက်ကို ဝင်ရောက် လာသည်။

“ ဝှီး ဝှစ် ဒိန်း ”

လပ်က ထိုဓားမြောင်အား အလိုက်သင့် ပင့်လက်သီးဖြင့် လမ်းကြောင်းလွှဲလိုက်လေသည်။

“ ယား ဝှစ် ”

ထို့နောက် လစ်ဟာသွားသော ကတုံး၏ရင်ဘတ်ကို ဒူးဖြင့် တိုက်ချလိုက်သည်။ ကတုံး၏ လက်သီးတစ်ချက် ကလည်း လပ်၏ ပုခုံးစွန်းကို ထိသွားလေသည်။

“ အား ဝှစ် ဝုန်း ”

နှစ်ဦးသား နောက်ကို ပြန်ကန်သွားကြပြီး အခြေအနေကို အကဲခတ်နေကြလေသည်။

“ ကောင်လေး မဆိုးပါလား ”

“ S1 အဆင့်ကို ရောက်ခါနီးပြီပဲ ”

“ ဟား ဟား ဟား ဒါပေမယ့် ငါနဲ့တွေ့တာ ကံဆိုးတာပဲ ” ကတုံးက ပြောလိုက်သည်။

“ မင်း မင်း လက်မှာ အဆိပ်ပါတယ် “ ဟု လပ် အော်ဟစ်လိုက်သည်။

“ အေးလေ မင်းကို သေအောင်သတ်ဖို့ င့ါတာဝန်ပဲ ”

လပ်က

“ လာစမ်း မင်းစွမ်းသလောက် ထုတ်လိုက်စမ်းပါ “”

“ ယား ဝှစ် ရွှန်း ”

ကတုံး၏ ဘေးပတ်လည်တွင် အနီရောင်မီးတောက်များ ဖုံးလွှမ်းလာပြီး မီးလုံးကြီးသဖွယ် ဖြစ်သွားလေသည်။

ထို မီးလုံးကြီးမှာ ဒလိမ့်တုံးသဖွယ် လည်နေပြီး လေတွင် ဝဲပျံကာ လပ်ဆီ တိုးဝင်လာလေပြီဖြစ်သည်။ လပ်၏ ကိုယ်ထဲမှ အေးစိမ့်သော ရေခဲစွမ်းအား ထွက်ပေါ်လာပြီး ပြာလဲ့လဲ့ အရောင်တောက်နေလေသည်။

“ ဒေါသလက်သီး ရေခဲတောင်စွမ်းအား ” လပ် အော်ဟစ်ကာ ပင့်လက်သီးဖြင့် မီးလုံးဖွယ် ကတုံးကို မိုးပေါ် ပင့်တင်လိုက်သည်။

“ ယား ဝှစ် ဒိန်း ”

ထို့နောက် ထိုအလုံးကြီးကို မှီရန် လပ် လေပေါ်ခုန်တက်လိုက်လေသည်။ ကတုံးကို မှီသွားသည့်အချိန်တွင် လေးကွက်မြောက် မိုးပြိုလက်သီးကွ ဟု အော်ဟစ်ကာ လပ် အစွမ်းကုန် ထိုးချလိုက်သည်။ ရေခဲစွမ်းအားဖြင့် ဖြစ်တည်လာသော လက်သီး

သဏ္ဍာန်အရိပ်များ ကတုံးအပေါ် မိုးရွာသလို ကျလာလေသည်။

လေပေါ်တွင် ရေခဲစွမ်းအားနှင့် မီးစွမ်းအားနှစ်ခု အပြိုင်ဆုံတွေ့ပြီး ပေါက်ကွဲသွားလေသည်။

“ ဝုန်း ဝုန်း ဒိန်း အား ”

အနားရှိ ကြည့်ရှုသူများမှာ စွမ်းအားရိုက်ခတ်မှုကြောင့် အဝေးသို့ လွင့်ထွက်သွားကြလေသည်။

လပ်၏ ရေခဲထုသဖွယ်ဖြစ်နေသော ရေခဲစွမ်းအား ခန္ဓာကိုယ်မှာ မီးလုံး၏ရိုက်ခတ်မှုကြောင့် တဖြည်းဖြည်း အရည်ပျော် ကျလာလေသည်။ ထို့အတူ မီးလုံးသဖွယ် လိမ့်နေသော ကတုံးမှာ ရေခဲများကြောင့် အေးခဲလာပြီး

“ အား ဝှစ် ဝုန်း ”

အဆက်မပြတ် ကျဆင်းလာသော လက်သီးများကြောင့် အပိုင်းပိုင်း အစစ ဖြစ်သွားလေတော့သည်။

“ ဟေး ” နေသာမြို့မှ လူများက ပျော်ရွှင်စွာ အော်ဟစ်လိုက်ကြလေသည်။

လပ်မှာ ကတုံး၏ ခန္ဓာကိုယ်အပိုင်းအစများကို ကြည့်လိုက်တော့ ရင်ဘတ်တွင် ဖားတစ်ကောင်က နဂါးတစ်ကောင်ကို မြိုနေသော တက်တူးနှစ်ခုကို မြင်လိုက်ရလေသည်။

“ အင်း ငါထင်ထားတဲ့အတိုင်းပဲ ဒီကောင်က ကမ္ဘာဖျက် ဖားအကြမ်းဖက်အဖွဲ့က ဖြစ်နေတာပဲ ”

“ အင်း အကြမ်းဖက်သမားတွေက ချမ်းသာမြို့မှာ ရှိနေတာလား ” စိတ်ထဲ၌ တွေးလိုက်သည်။

လပ်က အနီးရှိလူများကို အော်ပြောလိုက်သည်။

“ အားလုံးမြင်တဲ့အတိုင်းပဲ ”

“ သူ ကျနော့်ကို သတ်ဖို့ကြိုးစားလို့ သူ သေဆုံးရတာ ဖြစ်တယ် ”

“ ဒီအတွက် နေသာမြို့ရဲ့ တာဝန်မဟုတ်ဘူး ဒါပေမယ့် မြွေဟောက်ဖျက်ဆီးခဲ့တဲ့ ဆိုင်တွေအတွက် UM 1000 မင်းတို့ ရုံးအဖွဲ့ကနေ ထုတ်ယူလိုက် ခနနေရမယ် ”

လပ်က အားလုံးကြားစေရန် စွမ်းအားသုံး၍ ပြောလိုက် လေသည်။

All Chapters