အကြမ်းဖက်သမားများ
Vol. 3 Ch. 22
အခန်း (၂၂)
အကြမ်းဖက်သမားများ
လပ် ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက်တော့ ပုခုံးတွင် နှစ်လက်မခန့် ကွဲရာဒဏ်ရာကြီး နေရှိပြီး မီးစွမ်းအင် များကြောင့် တစစ်စစ် ကိုက်ခဲနေလေသည်။
“ အား ဒါ ငါ့ရဲ့ ပထမဦးဆုံ ဒဏ်ရာပဲ ”
လပ်တစ်ယောက် အမြန် အိတ်ထဲမှ ဆေးတစ်လုံး ထုတ်သောက်လိုက်သည်။
“ ဒီကတုံးက လက်မှာ အဆိပ်လူး ထားတာပဲ ” လပ် ရေရွတ်လိုက်သည်။
S1 အဆင့်သို့ ရောက်ပြီဆိုလျှင် ခန္ဓာကိုယ်အတွင်းရှိ အတွင်းစွမ်းအားများကို ရှစ်ဆယ်ရာခိုင်နှုန်း ထုတ်၍ အပြင်သို့လွှတ်ကာ တိုက်ခိုက်နိုင်ပြီဖြစ်သည်။ သို့သော် စွမ်းအားကုန်ဆုံးမှုက ပြဿနာတစ်ခု ဖြစ်လာသည်။
နာရီ ဝက်ခန့် တိုက်ခိုက်လိုက်သည်နှင့် စွမ်းအားများ ကိုးဆယ်ရာခိုင်နှုန်း ကျဆင်းသွားလေသည်။ ထို့ကြောင့် သက်စောင့်ဆေးများ၊ အားဖြည့်ဆေးများမှာ မရှိမဖြစ် လိုအပ်လာပေသည်။
လပ်ကတော့ ခန္ဓာကိုယ်တွင်းစွမ်းအားများကို ဖွင့်ထုတ်တိုက်ခိုက်နိုင်နေပြီဖြစ်ပြီး လေ့ကျင့်နေရင်းနှင့်ပင် သူ၏ ခန္ဓာကိုယ်အတွင်း ထူးဆန်းသောစွမ်းအားတစ်မျိုးကို သူ ခံစားမိလေသည်။
သို့ပေမယ့် ထိုအရာသည် လပ်၏ ရင်ညွှန့်တွင် တည်ရှိနေပြီး ထိုအရာသည် ဘာမှန်း သူ လုံးဝမသိပေ။
“ ဒါ ဆရာကြီး သွင်းပေးခဲ့တဲ့ စွမ်းအားများလား ” လပ်တစ်ယောက် ရေရွတ်လိုက်သည်။
လပ်တစ်ယောက် အုပ်ချုပ်ရေးမှူးဝင်းအတွင်း ပြန်ပြီး အနားယူနေလေသည်။
တစ်နာရီခန့် အနားယူပြီးနောက် လပ် ရုတ်တရက် စွမ်းအင်အတက်အကျများကို ခံစားရလေသည်။
ရုတ်တရက် သူ လေပေါ် ခုန်တက်လိုက်ပြီး ဘေးနားရှိ အိမ်ခေါင်းမိုးများကို နင်းကာ စွမ်းအင်ထွက်ပေါ်လာရာဆီကို အမြန် ပြေးသွားလေသည်။
“ ဝုန်း ဒိုင်း ဒိုင်း ရွှီး ”
နေသာမြို့၏ အဓိကနေရာဖြစ်သော မြို့တော်ဈေးတန်းနားတွင် တိုက်ခိုက်မှု ဖြစ်နေသည်ကို လပ် မြင်လိုက်ရ လေသည်။
အကြမ်းဖက်သမားလေးဦးမှာ S1 လောင်ချာတစ်လက်နှင့် လေဆာစတင်းဂန်းသုံးလက်ဖြင့် ဈေးတန်းရှိ လူအုပ်ထဲကို တရစပ် ပစ်ခတ်နေလေသည်။
ဈေးတန်းရှိလူများမှာ အများဆုံးထိမှန်သေဆုံးကာ လူအနည်းငယ် သာ မြေပြင်၌ ဝပ်နေရလေသည်။
ဘေးပတ်ဝန်းကျင်တစ်ခုလုံး မီးတောက်များ၊ ပျက်စီးပြိုကျမှုများကို လပ် မြင် တွေ့လိုက်ရသည်။
“ အားလုံး အကာအကွယ်ယူပြီး ဝပ်နေကြ ” လပ် အော်ဟစ်လိုက်သည်။
လပ် ကြည့်လိုက်တော့ ကားတစ်စီးနောက်တွင် တရစပ် ပစ်ခတ်နေသော စတင်းဂန်းကိုင် လူတစ်ဦးကို တွေ့ရ လေသည်။
လပ် ရဲတပ်ဖွဲ့ထံမှ ဒိုင်းကာတစ်ခုကို ဆွဲယူလိုက်လေသည်။
[ ငါ ငါးစက္ကန့်ပဲ အချိန်ရမယ် အဲဒီသုံးယောက်ကို သေအောင်သတ်နိုင်မှ ရမယ် ] လပ် တွေးလိုက်သည်။
လပ် အချက်ပြလိုက်သည်။ ဈေးတန်းတွင် ပိတ်မိနေသော လူများမှ ကားနောက်တွင်ရှိသော အကြမ်းဖက် သုံးယောက်ကို ပစ်ခတ်လိုက်လေသည်။
“ ရွှီး ဒိန်း ဒိန်း ဒိုင်း ”
ထိုလူများမှာ တစ်ဖက်ကို ပြန်လည်ပစ်ခတ်စဉ် လပ်မှာ ဒိုင်းကာကိုကိုင်၍ စတင်းဂန်းသမားဆီ ပြေးဝင်သွားလေ ပြီ။
ရေခဲစွမ်းအားကို ထုတ်ကာ စတင်းဂန်းသမား
ဆီအရောက် လပ် လေထဲခုန်တက်၍ ဘေးတစ်စောင်းအနေ အထားဖြင့် လှည့်ကာ ပစ္စတိုထုတ်၍ ပစ်ထည့်လိုက်လေသည်။
“ ဒိုင်း ဒိုင်း အား ”
စတင်းဂန်းသမား၏ ဦးခေါင်းနှင့် လည်ပင်းတွင် အတိအကျထိသွားပြီး ကားယားကြီး ပြုတ်ကျသွားလေသည်။
ထို့ နောက် အနားရှိ ကားတစ်စီးပေါ်ကို ခြေတစ်ဖက်ထောက်ကာ ဘေးနှစ်ဖက်တွင်ရှိသော လူနှစ်ဦးပေါ်ကို ခုန်အုပ် လိုက်လေသည်။
လူတစ်ဦး၏လည်ပင်းအား ဘယ်ဘက်လက်ဖြင့် ဆက်ခနဲ ချိုးလိုက်ပြီး ကျန်တစ်ဦး၏ရင်ဝကို ဓားမြောင် ဖြင့် ထိုးစိုက်ကာ အဆုံးသတ်ပေးလိုက်လေသည်။
ကိုက်နှစ်ဆယ်ခန့်ရှိ ကျန်လူတစ်ဦးမှာမူ အုပ်ချုပ်ရေးမှူး အဲလက်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားလေသည်။
တိုက်ပွဲကား ပြီးသွားလေပြီ။
ရုတ်တရက် တိုက်ခိုက်ခံရမှုကြောင့် မြို့နေပြည်သူ ၂၇ ဦး သေဆုံးသွားပြီး ရဲတပ်ဖွဲ့ဝင် နှစ်ဦးနှင့် ကျန် ကိုးဦးမှာ ဒဏ်ရာရရှိသွားကြလေသည်။
လပ်လည်း လူများကို အမြန် အမိန့်ပေးလိုက်သည်။
“ မြန်မြန် ဒဏ်ရာရသူတွေကို ဆေးရုံခေါ်သွားကြ ”
“ တပ်ဖွဲ့ဝင်တွေက မီးလောင်ပြင်က လူတွေကို ကယ်ကြ ”
မီးများသည် တဖြည်းဖြည်း လောင်ကျွမ်းခြင်းမဟုတ်ဘဲ ပေါက်ကွဲကာ လောင်ကျွမ်းသောကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး ပျံ့နှံ့မှု မြန်လေသည်။
ပေါက်ကွဲသောနေရာများကို လပ် အမြန်ဆုံး သွားလိုက်သည်။ လပ်၏ စွမ်းအား ဖြင့် မီးဒဏ်ကို လပ် ခံနိုင်ရည်ရှိလေသည်။ လပ် လူသုံးဦး ခြေပြတ်များအဖြစ်လဲနေသည်ကို တွေ့မြင်လိုက်ရပြီး အခြားလေးဦးမှာ တစ်ကိုယ်လုံး မဲတူးကာ မီးသွေးတုံးများကဲ့သို့ လောင်ကျွမ်းခံထားရတာ ဖြစ်သည်။
လပ်က အသက်ကယ်ဆေးကို ထိုလူများပါးစပ်အတွင်း အမြန်ထိုးထည့်လိုက်ပြီး အခြေအနေကို စမ်းသပ်ကြည့်လိုက် သည်။
တစ်ဦးမှာ အသက်ငွေ့ငွေ့ ပြန်ရလာပြီး ကျန်လေးဦးမှာတော့ အသက်စွမ်းအင်မရှိတော့ပေ။
“ လပ် ဒါ မင်းအမှားမဟုတ်ပါဘူး မင်း အကောင်းဆုံးလုပ်ခဲ့တာပဲလေ ”
လူအိုကြီး အဲလက်မှ လပ်အား လက်မောင်းကိုပုတ်ရင်း ပြောလိုက်လေသည်။
ထို့နောက် လပ်နှင့် အဲလက်တို့ ဖြစ်ပွားရာနေရာကို ရှင်းလင်းကယ်ဆယ်ကြပြီး ပြန်လည်တည်ဆောက်ရေးနှင့် လုံခြုံရေးအတွက် တိုးမြှင့်ရန် ဆွေးနွေးခဲ့ကြလေသည်။
လပ်ကတော့ စိတ်ထဲတွင် ကြုံးဝါးလိုက်သည်။
“ မအေနိုး အကြမ်းဖက်တွေ မင်းတို့ ထမင်းဝအောင် စားထား ”
[ အင်း သေချာတာတစ်ခုက အကြမ်းဖက်တွေ မြို့တွေဆီ စိမ့်ဝင်လာတယ်ဆိုတာပဲ ]
မကြာမီ လပ်တို့ သတင်းတစ်ခု ကြားရလေသည်။
နေသာမြို့၏ အနီးရှိ ချမ်းသာမြို့နှင့် အခြားမြို့များလည်း အကြမ်းဖက်တိုက်ခိုက်ခံရကြောင်းပင် ဖြစ်လေသည်။
အကြမ်းဖက်သမားအားလုံးကို နှိမ်နင်းသုတ်သင်နိုင်သော်လည်း ဆုံးရှုံးမှုများကြောင့် လူအများ ဝမ်းနည်းပူဆွေးရ လေပြီ။
မြို့များအားလုံးလည်း ထိုနေ့ကို ဝမ်းနည်းပူဆွေးဖွယ်နေ့တစ်နေ့အဖြစ် သတ်မှတ်လိုက်ကြလေသည်။
လပ်တစ်ယောက် တိုက်ပွဲပြီးနောက် အိမ်တွင်းအောင်းနေခဲ့သည်။
သူ အချိန်ရှိတိုင်း ကျင့်ကြံနေလေသည်။ စွမ်းအင်စီးကြောင်းများကို ရေစီးချောင်းဖွယ် ခန္ဓာကိုယ်အတွင်း လှည့်ပတ်၍ ခန္ဓာကိုယ်ရှိ ဆုံမှတ်(၇)နေရာကို ဖြတ်သန်းစီးဆင်းရလေသည်။
ထိုမှသာ တစ်ကိုယ်လုံး လှည့်ပတ်၍(၁၀၈)ခါ လှည့်ပတ်ပြီးပါက S1 အဆင့်ကို ရောက်နိုင်ပေမည်။
လေးလကြာပြီးနောက် လပ်တစ်ယောက် ကိုးဆယ့်ကိုးကြိမ်မြောက် လှည့်ပတ်စီးဆင်းနိုင်ခဲ့ပြီ ဖြစ်သည်။
မကြာမီ S1 အဆင့်ကို သူ ရောက်နိုင်တော့မည်ဖြစ်လေ၏။
လပ် သက်ပြင်းတစ်ချက် ချလိုက်သည်။
“ ဟူး ” “ လိုသေးတယ် ငါ ကြိုးစားဖို့ လိုသေးတယ် ”
ယခုအခါ မြို့လေးမှာလည်း ပြန်လည်အေးချမ်း တည်ငြိမ်လာပြီ ဖြစ်လေသည်။
“ တွီ တွီ ” စက်မှ စကားပြောလာသည်။
[ သင့်ကို သင့်သူငယ်ချင်း နိုရာမှ ဆက်သွယ်လာသည်၊ ဖြေကြားမည်လား ငြင်းမည်လား ]
“ ဆက်ပြောမယ် ”
မကြာမီ လှပသော ပုံရိပ်လေးတစ်ခု လပ်ရှေ့ ပေါ်လာသည်။ နိုရာဖြစ်ပြီး ပန်းရောင်ဂါဝန်တိုလေးကို ဝတ်ဆင် ထားလေသည်။ စွဲမက်ဖွယ် ကိုယ်လုံးလေးကို လှစ်ဟပြထားပြီး လပ်ကို ပြုံးကြည့်နေသည်
။ ပြီးနောက် နှုတ်ဆက် လိုက်သည်။
“ ဟေ့ လပ် မတွေ့တာကြာပြီ နေကောင်းလား ”
“ အေး ကောင်းပါတယ် အေးဆေးနေတာ သုံးလလောက်ရှိပြီ ”
လပ်က နိုရာကိုကြည့်လိုက်တော့ စွမ်းအင်အော်ရာများ တစ်ကိုယ်လုံး ဖြာထွက်နေပြီး မျက်လုံးမှာလည်း ကြည် လင်တောက်ပနေလေသည်။
လပ်က အမြန်ပြောလိုက်သည်။ “ ဟေး နိုရာ မဟုတ်မှလွဲရော နင် S1 ဖြစ်သွားပြီမလား ”
“ ဟီး ဟီး ဟုတ်တယ် ငါ S1 အဆင့်ရောက်သွားတာ နှစ်ရက်ပဲ ရှိသေးတယ် ”
လပ် မျက်လုံးများ အရောင်လက်သွားပြီး “ အေးဟ ငါလည်း S1 အဆင့်ရောက်ဖို့ပဲ နောက်တစ်လဆိုရင် ဖြစ်နိုင် နေပြီ ”
နိုရာက “ အေးလေ နင့်ကို ပြောချင်လို့ နောက်နှစ်လနေရင် စိမ်းပြာဂြိုလ်မှာ S1 အဆင့် စကြာဝဠာသူရဲ ကောင်းပြိုင်ပွဲရှိတယ် ”
“ ကမ္ဘာအသီးသီးက သူရဲကောင်းတွေ ဝင်ပြိုင်ကြမှာ ”
“ ငါတော့ မစောင့်နိုင်တော့ဘူး ”
“ အေးဟ ငါလည်း S1 ဖြစ်ရင် ဝင်ပြိုင်မယ် ဟ ဟ ” လပ်က ပြောလိုက်သည်။
“ အေး နင်သွားမယ်ဆို ငါ့ဆီ အရင်ဝင်လာ ပြီးရင် ငါနဲ့အတူတူသွားမယ် ”
“ အိုကေ ကောင်းပြီ ဒီတစ်လအတွင်း လုပ်ရမယ့်ဟာတွေ အပြီးကုန်အောင်လုပ်လိုက်မယ် ”
“ အိုကေ တာ့တာ လပ် ” နိုရာ နှုတ်ဆက်ကာ ပုံရိပ်လည်းပျောက်သွားသည်။