S1 အဆင့်ရောက်ပြီ
Vol. 3 Ch. 23
အခန်း (၂၃)
S1 အဆင့် ရောက်ပြီ
လပ်တစ်ယောက် အသည်းအသန် ကြိုးစားနေလေသည်။ ဆယ့်ငါးရက်ခန့် ကြာပြီးနောက် လပ် နေထိုင်ရာ အိမ်ဝင်းပတ်ဝန်းကျင်တွင် အေးစက်သော ရေခဲများ ဖြစ်ပေါ်လာပြီး ဝန်းကျင်တစ်ခုလုံး အေးစိမ့်လာလေသည်။
အိမ်အတွင်းမှာတော့ လပ်မှာ ခြေချိတ်ထိုင်လျှင်ရှိပြီး ရေခဲစွမ်းအားများက ရေစီးကြောင်းသဖွယ် တစ်ကိုယ်လုံး လှည့်ပတ်စီးဆင်းနေကာ စမ်းချောင်းသဖွယ် အမှတ်(၇)နေရာကို ဖြတ်သန်းစီးဆင်းနေလေသည်။
ရုတ်တရက် “ ဂျွတ် ဖောင်း ဖောင်း ” အသံနှစ်ချက် ထွက်သွားပြီး လပ်၏ တစ်ကိုယ်လုံး အရေပြားများမှာ မြွေအရေခွံကဲ့သို့ ကွာကျလေသည်။
ထို့နောက် အရိုးများအားလုံး အသံထွက်လာပြီး ခန္ဓာကိုယ် ပြောင်းလဲသွား လေတော့သည်။
လပ်၏ကိုယ်မှာ မွေးကင်းစကလေးကဲ့သို့ နူးညံ့ချောမွေ့နေပြီး ခန္ဓာကိုယ်မှာလည်း ပိုမိုတောင့်တင်း ကြည့်ကောင်းလာခဲ့လေသည်။
ပြာလဲ့လဲ့ရောင်ဝါတစ်ခု ခန္ဓာကိုယ်မှ ဖြာထွက်နေပြီး မျက်လုံးများမှာလည်း မဟူရာပုလဲကဲ့သို့ တောက်ပနေလေသည်။
လပ် လေထဲသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။
“ ဝှစ် ဖုန်း ”
လေထုမှာ ပေါက်ကွဲသံထွက်လာပြီး လေဟာနယ်အတွင်း ရေခဲများ အပိုင်းအစများဖြစ်သွားပြီး အဖျက်စွမ်းအားကြီးတစ်ခု ထွက်ပေါ်လာလေသည်။
“ ဝုန်း ”
အိမ်အတွင်းရှိ ပရိဘောဂများမှာ တစ်စစီ ကျိုးပဲ့ပျက်စီးသွားလေသည်။
“ ဒုက္ခပဲ အားလွန်သွားပြီ နောက်ကို ထိန်းနိုင်အောင် လေ့ကျင့်မှပဲ ”
“ ဟား ဟား ဟား ငါ S1 အဆင့် ရောက်သွားပြီကွ ”
“ အင်း ထင်တာထက်ကို နှစ်ပါတ်လောက် စောတာပဲ ” လပ် ရေရွတ်လိုက်သည်။
[ အုပ်ချုပ်မှုဆိုင်ရာစာရင်းတွေ လွှဲပေးပြီးရင် ငါ နိုရာဆီကို သွားရမယ် ] လပ် တွေးလိုက်သည်။
လပ် ခုနစ်ရက်ခန့်ကြာပြီးနောက် ဂျပန်ဒေသကို ထွက်လာခဲ့လိုက်သည်။ ယာဉ်ပျံမှာ ဖြေးညှင်းစွာ မောင်းနှင်လာ ပြီးနောက် တစ်နာရီခန့်အကြာတွင် ဂျပန်ဆာကူရာဒေသကို လပ် ရောက်ရှိလာခဲ့လေသည်။
ချယ်ရီပန်းများ ဟိုတစ်စ ဒီတစ်စ ပွင့်နေပြီး နှင်းတောင်များ၏အလှကို လပ် ငေးမောကြည့်နေမိသည်။
“ ဟယ်လို မစ္စတာလပ်ပါလားရှင့် ကျမက ချင်းချင်းပါ ”
မျက်လုံးလေးများ ဝိုင်းစက်နေသော အရပ် ငါးပေ ဆယ်လက်မခန့်ရှိ စကပ်တိုဖြင့် ခပ်တောင့်တောင့် အမျိုးသမီး တစ်ယောက် လပ်ကို နှုတ်ဆက်လေသည်။
လပ် သေချာကြည့်လိုက်တော့ အသက် ၂၄ နှစ်ခန့်ရှိသော အမျိုးသမီးဖြစ်ပြီး ဖွံ့ထွားနေသော ရင်အစုံမှာ ရုံးယူနီဖောင်းကို အတင်းတိုးထွက်ချင်ဟန်ဖြစ်နေကာ အသားအရည်မှာလည်း နို့နှစ်ရောင် အယ်ထွက်နေသည်။
လပ် အမြန်ပြောလိုက်သည်။ “ ဟုတ်ကဲ့ ကျနော်က လပ်ပါ ”
“ မစ္စတာလပ် ကျမနဲ့လိုက်ခဲ့ပါရှင့် ”
“ အမ နိုရာက ရှင့်ကို ကြိုခိုင်းလိုက်တာပါ ”
လပ်တစ်ယောက် လေဆိပ်မှ ထွက်လိုက်လာခဲ့ပြီးနောက် နောက်ဆုံးပေါ် ဇိမ်ခံကားတစ်စီး ရှေ့ကို ထိုးရပ်လာ သည်။
“ ကဲ ကားပေါ်တက်ပါအုံး ” ချင်းချင်းက ပြောလိုက်သည်။
မောင်းသူကို ကြည့်လိုက်တော့လည်း ချစ်စရာ ဂျပန်မလေးတစ်ဦးဖြစ်နေသည်။ ရုံးဝန်ထမ်းဝတ်စုံကို ဝတ်ဆင် ထားလေသည်။
လပ် ကားပေါ်တက်ပြီး နောက်ခန်းတွင် မှေးပြီးလိုက်ပါလာသည်။
[ အင်း နိုရာတို့က ချမ်းသာတဲ့မိသားစုက ဖြစ်လိမ့်မယ် ] လပ် စိတ်ထဲက တွေးလိုက်သည်။
မကြာမီ ခေတ်မီလေးထပ်အဆောက်အဦးတစ်ခုရှေ့ကို လပ် ရောက်သွားသည်။
“ မစ္စတာလပ် ရှေ့ကအခန်းထဲမှာ ရေချိုးရင်း အပန်းဖြေလိုက်ပါအုံး ”
အဆောက်အဦး၏ အောက်ခြေတွင် ရေကူးကန်ငယ်လေးတစ်ခုရှိပြီး နားနေခန်းအချို့လည်း မှန်များဖြင့် ကာရံ ထားလေသည်။
လပ် လည်း အဝတ်အစားတွေကို ချွတ်လိုက်ပြီး တန်းပေါ်တွင် အသင့်တင်ထားသော ရေကူး အတွင်းခံဘောင်းဘီတိုကို ယူဝတ်လိုက်သည်။
ထို့နောက် ရေထဲ ဆင်းလိုက်သည်။ ရေက နွေးနွေးလေးဖြစ်နေသည်။
“ ဝှစ် ဗွမ်း ” ရေထဲတွင် ငါးမိနစ်ခန့် ကူးခတ်ပြီးနောက် ရုတ်တရက် အတွင်းခံများသာ ဝတ်ဆင်ထားသော ဂျပန်မိန်းမပျိုလေးနှစ်ဦးက ရေကန်ထဲ ဆင်းချလာသည်။
လပ်က အော်ဟစ်လိုက်သည်။
“ ဟေ့ ဟေ့ ဒီမှာ လူရှိတယ်ဟ ”
“ သိတယ်လေ အကိုကြီးကို ကူညီဖို့လာတာ ” ဟု ပြောပြီး လက်ထဲမှ ဘရက်တစ်ခုနှင့် ရေချိုးဆပ်ပြား ရည်တစ်ဘူးကို ထောင်ပြလိုက်လေသည်။
အခြားမိန်းကလေးတစ်ဦးက
“ အကိုကြီး ငြိမ်ငြိမ်နေ ဂျီးတွေ ချွတ်ပေးမလို့ ” ဟု ဆိုကာ လပ်၏ နောက်ကျောတွင်ရပ်ကာ ဂျီးတွန်းပေး လေ၏။
လပ် ငြင်းပယ်ရန်ပြင်ပြီးမှ နောက်ဆုံး လက်ခံလိုက်လေသည်။ ဆယ်မိနစ်ခန့် လပ်ကို တိုက်ချွတ် ဆေးကြောပြီးနောက် လပ် အနားယူခန်းအတွင်း ရောက်ရှိသွားလေသည်။
ထို့နောက် လပ်အား ကုတင်စောင်း တစ်ခုပေါ်တွင် အိပ်ခိုင်းပြီး အမျိုးသမီးနှစ်ဦးက ခန္ဓာကိုယ်ကြံ့ခိုင်ဆေးရည်ပါသော အဆီအနှစ်တစ်မျိုးဖြင့် ဝိုင်း၍ လိမ်းပေးကြလေသည်။
ထို့နောက် ရှေ့မှ တစ်ယောက်က ဦးခေါင်းနှင့်ဇက်ကြောကို နှိပ်ကာ ခြေရင်းမှ တစ်ယောက်က ခြေဖဝါးနှင့် ခြေသလုံးများကို နှိပ်နယ်ပေးလေ၏။
လပ်တစ်ယောက် ဇိမ်ကျနေ၏။
“ အား ကောင်းလိုက်တာ အခုမှ အကြောတွေ ပြေလျော့သွားတာပဲ ” လပ် အော်ဟစ်လိုက်သည်။
မကြာမီ ဂျပန်ကီမိုနိုဝတ်စုံဝတ်ဆင်ထားသော နိုရာ ရောက်လာသည်။
ထူးထူးခြားခြား လှပနေ၏။ လပ်၏ ခန္ဓာကိုယ်ကို တစ်ချက်ကြည့်လိုက်ပြီး
“ ဟိုင်း လပ် ဘယ်လိုလဲ သက်တောင့်သက်သာဖြစ်ရဲ့လား ”
“ ဟား ဟား ဟား တကယ်ကို ဇိမ်ကျတာပဲ နိုရာရေ ”
အိုး ရှင့်အရောင်အဝါကြည့်ရတာ S1 ကို ရောက်သွားပြီပဲ ”
“ ဟုတ်တယ် နိုရာရေ ငါလည်း မင်းနဲ့အတူ ပြိုင်ပွဲ လိုက်ပြိုင်မယ် ဟား ဟား ဟား ”
လပ် ပျော်ရွှင်စွာ ပြောလိုက်သည်။
နိုရာ၏မျက်နှာတည်ကြည်သွားပြီး လပ်ကို ပြောလိုက်သည်။
“ ပြိုင်ပွဲက လွယ်တော့မလွယ်ဘူး ဂြိုလ်အသီးသီးက သူရဲကောင်းတွေ လာကြမှာဆိုတော့ ပြိုင်ဆိုင်မှုက ပြင်းထန်လိမ့်မယ် ”
ဆက်ရန်