သူရဲကောင်းတို့ဆုံရာမြေ
Vol. 3 Ch. 24
အခန်း (၂၄)
သူရဲကောင်းတို့ ဆုံရာမြေ
“ နိုရာက ဘယ်ဒေသကိုယ်စားပြု ပြိုင်မှာလဲ ” လပ်က မေးလိုက်သည်။
“ အင်း ကျမက ဂျပန်တရုတ်သွေးစပ်ဆိုပေမယ့် ကျမအဖေလိုပဲ ဂျပန်ကိုယ်စားပြု ပြိုင်မှာပေါ့ ”
လပ်က ပြောလိုက်သည်။
“ အင်း ကျနော်က ထိုင်းဒေသကြီး ကိုယ်စား ဝင်ပြိုင်မယ် ”
“ ကဲ ကဲ ပြီးရင် ဒင်နာစားရအောင် ”
လပ်တစ်ယောက် အဝတ်အစားများ ပြန်ဝတ်လိုက်ပြီး နိုရာနှင့်အတူ ဒင်နာစားရန် အပေါ်ထပ်သို့ တက်လာခဲ့ လေသည်။
အဆောက်အဦး၏ အပေါ်ထပ်တွင် စားသောက်ခန်းမတစ်ခုရှိပြီး တန်ဖိုးကြီး ပရိဘောဂများ၊ ထိုင်ခုံ များနှင့် အလှဆင်ထားလေသည်။
ဂျပန်ရိုးရာ ရောင်စုံမီးပုံးလေးများကို အနုပညာမြောက်စွာ ချိတ်ဆွဲထားလေ သည်။ အစားအသောက်များမှာလည်း လွန်စွာ ကောင်းမွန်လှသည်။
သြစတေးလျ ပုဇွန် မက်ရော့နီစ်၊ ဝက်သားကို ကိုက်လံဖြင့် သေချာပေါင်းထားလေသည်။ ငါးအသားလွှာ အရွက်စုံသုပ် စသည်ဖြင့် အမျိုးစုံလင် လှသည်။
လပ်တစ်ယောက် စပါယ်ရှယ် တီးလေပြီ။ အခုလို တန်ဖိုးကြီး စွမ်းအင်ဟင်းလျာများကို သူ မစားဖူးပေ။ ဝိုင်တစ်ခွက်သောက်လိုက် ဟင်းလျာများ ကိုမြည်းလိုက်ဖြင့် အရသာတွေ့နေသည်။
နောက်တစ်နေ့ မနက်ကိုးနာရီခန့်တွင် လပ်နှင့်နိုရာတို့နှစ်ယောက် စိမ်းပြာဂြိုလ်ကို သွားရောက်မည့် ယာဉ်ပျံပေါ်သို့ ရောက်ရှိနေလေပြီ။
ယာဉ်ပျံအတွင်း လပ်နှင့်နိုရာတို့ တွဲဝင်လာသောအခါ လူအများက တော်တော်လိုက်တဲ့စုံတွဲပဲဟု မှတ်ချက်ပြုကြလေသည်။
လမ်းတစ်လျှောက် လပ်နှင့်နိုရာတို့ သူရဲကောင်း တိုက်ပွဲ ကွင်းပြင်အကြောင်း ပြောဆိုလာကြလေသည်။
စိမ်းပြာဂြိုလ်တွင် ၂ နှစ်တစ်ကြိမ် ကျင်းပသည့် အဆိုပါ သူရဲကောင်းတိုက်ပွဲသည် ကမ္ဘာနှင့် ဂြိုလ်အသီးသီးမှ S1 အဆင့် သူရဲကောင်းများ လာရောက်ယှဉ်ပြိုင်ကြသော ပြိုင်ပွဲကြီးဖြစ်ပြီး ပြိုင်ဆိုင်မှု ပြင်းထန် လေသည်။
ပြိုင်ပွဲဝင်အားလုံးမှာ ပြိုင်ပွဲအတွင်း သေဆုံးပါက မိမိတာဝန်သာဖြစ်ကြောင်း လက်မှတ်ထိုးထားရ လေသည်။
ထို့အပြင် လူအချင်းချင်း အပြင်တွင် အမှန်တကယ်တိုက်ခိုက်ရတာဖြစ်သောကြောင့် နှစ်စဉ် အသေ အပျောက်များပေသည်။
ကမ္ဘာနှင့်ဂြိုလ်ငါးလုံးမှ ဘီလီယံချီသော ပရိသတ်များမှာလည်း ကွင်းအတွင်းနှင့် Online မှ တဆင့် အားပေးကြလေသည်။
အထူးသဖြင့် အနိုင်အရှုံး လောင်းကြေးများပင် ဖြစ်သည်။
လပ်မှာ S1 အဆင့်ရောက်နေကြာင်း ထိုင်းဒေသရှိ လူများ မသိကြသေးပေ။
လပ်တို့ ပြိုင်ပွဲအကြောင်း လေ့လာလိုက်တော့ ယခုနှစ်တွင် ပြိုင်ပွဲဝင်ပေါင်း S1 သူရဲကောင်း တစ်သိန်းခန့်ရှိလေသည်။
ပထမဆုံး လပ်တို့သည် ထုတ်ပယ်ခြင်းပြိုင်ပွဲများကို အရင်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ထိုအထဲမှ အယောက်တစ်ထောင် ကိုသာ အချင်းချင်း မဲစနစ်ဖြင့် ယှဉ်ပြိုင်စေမှာဖြစ်သည်။
ထိုကဲ့သို့ ဝင်ရောက်ပြိုင်ဆိုင်သူများမှာလည်း ဒေသအသီးအသီးမှ ကျွမ်းကျင်သူရဲကောင်းများဖြစ်သည်။ ပြိုင်ပွဲအတွင်း တစ်ချက်မှားသည်နှင့် သေသွားနိုင် ပေသည်။
လပ်နှင့်နိုရာတို့ကတော့ လွန်ခဲ့တဲ့ရက်ကပင် စာရင်းသွင်းပြီးကြလေပြီ။ ညနေ လေးနာရီတွင် ထုတ်ပယ် ခြင်းပြိုင်ပွဲများက စတင်လေပြီ။
ဘီလီယံ ကိုးရာကျော်လောက်ရှိသော လူအများမှာ မိမိဒေသ သူရဲကောင်းများကို အော်ဟစ်အားပေးနေကြ သည်။
ထုတ်ပယ်ခြင်းပြိုင်ပွဲများကို နေရာလွတ်တစ်ခုအတွင်း ကျင်းပမည်ဖြစ်ပြီး နံပါတ်(၁)ဒေသမှ နံပါတ်(၁၀၀၀)ဒေသဟူ၍ ကွင်းပြင်ခွဲထားလေသည်။
ဒေသတစ်ခုကို မိုင်ငါးရာခန့် ကျယ်ဝန်းပြီး ပွဲမပြီးမချင်း မည်သူမျှ ထွက်မသွားနိုင်ပေ။ သို့သော် ပွဲပြီးချိန် တစ်နာရီပြည့်လျှင်တော့ သုံးစက္ကန့်အတွင်း အပြင်ကမ္ဘာသို့ ပြန် ရောက်လာမည်ဖြစ်သည်။
ဒေသတစ်ခုတွင် မဲကျသည့် လူတစ်ရာကို စုစည်းပြီး နေရာလွတ်အတွင်းသို့ တယ်လီပို့စနစ်ဖြင့် ထည့် သွင်းလိုက်မှာဖြစ်ပြီး လူအယောက်တစ်ရာမှ နောက်ဆုံးရှင်သန်နိုင်သူနှင့် အမှတ်အများဆုံးရရှိသူ ဆယ်ဦးကို ရွေးချယ်မှာ ဖြစ်သည်။ S1 အဆင့် သူရဲကောင်း အယောက်တစ်သောင်းဟာ နောက်အဆင့်ကို တက်သွားမှာ ဖြစ်ပေသည်။
“ တီ တီ ” လပ်က လက်ဗွေနှိပ်ပြီး မဲနှိုက်လိုက်သည်။
“ ဟား ဟား ဟား နိုရာရေ ငါတော့ နံပါတ်(၇)မှာ ကျတယ် ”
“ အိုး ကျမက (၁၈)မှာ ”
“ တော်သေးတယ် ဒေသမတူလို့ ”
“ ရှင် ကျမနဲ့ကျရင် မလွယ်ဘူး ဟင်း ဟင်း ”
“ အိုကေ တို့နှစ်ယောက် ယှဉ်ပြိုင်ဖို့ တွေ့ဆုံခဲ့ရင် ဘယ်သူမှ အလျော့မပေးကြေးပဲ ”
“ အိုကေ လေ ” လပ်က ရယ်မော၍ ပြောလိုက်သည်။
မကြာမီ ကွန်ပျူတာသံကို ကြားရလေ၏။
[ နံပါတ် (၁) ဒေသကျသူများ အနီရောင်စည်း အရှေ့ဘက်ကို ဝင်ပြီး မတ်တပ်ရပ်ပေးကြပါ ]
နံပါတ် (၂)
နံပါတ် (၃)
နံပါတ် (၄) စသည်ဖြင့် လူများ လေဆာစက်ကွင်းအတွင်း ဝင်ရောက်ပြီးနောက် တစ်မိနစ်အကြာတွင် အားလုံးပျောက်ကွယ်သွားကြလေပြီ။ ထိုယှဉ်ပြိုင်သူများမှာ အစီအရင်၏ ပို့ဆောင်မှုဖြင့် မဲကျရာ ဒေသကွင်းပြင် များကို ရောက်ရှိသွားလေတော့သည်။
“ ဟေး ” ပရိသတ်များလည်း မိမိအားပေးသူများကို ကြည့်ရင်း အော်ဟစ်အားပေးနေကြလေသည်။
ထိုင်းနိုင်ငံရှိ ကြည့်ရှုသူများမှာ လပ်ကို မြင်တွေ့လိုက်ရသဖြင့် အံ့အားသင့်ကာ အော်ဟစ်လိုက်ကြသည်။
“ ဟေး ဟိုမှာ ကြည့်စမ်း ဒါ ငါတို့နယ်မြေက ရေခဲမင်းသား မဟုတ်လား ”
“ ဟား ဟုတ်တယ်ဟေ့ ”
ဒါက လပ်ပဲ သူူ S1 အဆင့် ရောက်သွားပြီဟ မြန်လိုက်တာ ”
ပရိသတ်တစ်ယောက်မှ အလျင်စလို ပြောလိုက်သည်။
“ ရေခဲမင်းသားကို အားပေးရမယ်ကွ သူက ငါတို့ ထိုင်းကကွ ”
“ ရေခဲမင်းသား ရေခဲမင်းသား ”
ထိုင်းမှ ကြည့်ရှုနေသူများ အားတက်သရော အော်ဟစ်လိုက်ကြသည်။
“ တွင် ဝှီး ရွှန် ” လပ် မူးနောက်နောက် ဖြစ်သွားသည်။
နယ်မြေဒေသ(၇)ကို ပို့ဆောင်ခံလိုက်ရပြီး တောင်တန်းကြီးနှင့် ရေအိုင်ကြီးတစ်ခုရှိသောနေရာတွင် ရုတ်တရက် ပေါ်လာလေသည်။
“ အင်း တစ်နာရီပဲ ငါတောင့်ခံရမယ် ” လပ် ရေရွတ်လိုက်သည်။
ယှဉ်ပြိုင်သူများသည် S1 အဆင့် ချပ်ဝတ်နှင့် လက်နက်များကိုသာ အသုံးပြုနိုင်သည်။
ဆေးဝါးများမှာလည်း S အဆင့်သာ ယူဆောင်သွားခွင့် ပြုထားလေသည်။
လပ် ရုတ်တရက် အသံတစ်ချက်ကြားလိုက်သည်။
“ ဝှစ် ဝှီး ”
ဘေးနားရှိ ချုံတစ်ခုအတွင်းမှ တရုတ်ဝတ်စုံ ဝတ်ထားသော လူနှစ်ယောက် ထွက်လာပြီး လပ်ကို ဘယ်ညာ နှစ်ဖက် ဓားဖြင့် ခုတ်၍ တိုက်ခိုက်လိုက်သည်။
လပ်ကလည်း မြန်ပေသည်။ ဘယ်တစ်ယောက်ကို ဘယ်ခြေဖြင့် လှမ်းထောက်လိုက်ပြီး ညာဘက်မှ လူကို ဝိုက်လက်သီး ကျွေးလိုက်သည်။
“ ဝှီး ဖောင်း ”
S1 အဆင့်၏ အထူးစွမ်းအားကို ဖော်ထုတ်ထားသောကြောင့် ဘယ်လူမှာ ရင်ဝကို အကန်ခံလိုက်ရပြီး နောက်သို့ ပေနှစ်ဆယ်ခန့် လွင့်သွားပြီး လဲကျသွားလေသည်။
ညာဘက်မှလူမှာ လပ်၏ ရုတ်တရက် တန်ပြန်မှုကို ရှောင်ကာ လပ်၏ ဝိုက်လက်သီးကို ဓားဖြင့် ခုတ်လိုက်လေသည်။
“ ဝှီး ဝှစ် ဒိန်း ”
သို့သော် နောက်ဆက်တွဲရောက်လာသည့် အေးခဲလက်သီးအရိပ်ခုနစ်ခုကို သူ မရှောင်နိုင်တော့ပေ။
“ ဖုန်း ဂျွတ် အား ”
ထိုလူ၏ ခေါင်းမှာ ပြတ်ထွက်သွားပြီး အနီးရှိ ရေကန်အတွင်း ကျဆင်းသွားလေသည်။
“ ဝုန်း ဗွမ်း ”
လပ်၏ အလျင်အမြန်တိုက်ခိုက်မှုကြောင့် တရုတ်သိုင်းညီနောင်နှစ်ယောက် သေဆုံးသွားကြလေပြီ။ ကြည့်ရှုသူ များကလည်း အော်ဟစ်ကြလေသည်။
“ ဟေး လပ်ကွ ဟား ဟား ဟား ”
“ သတ်ပစ် အဲ့ကောင်တွေ
မအိမ်လုံး ခိုးတိုက်တဲ့ကောင်တွေ ”