ဖားပြုတ်ကြီးရှင်း
Vol. 3 Ch. 25
အခန်း (၂၅)
ဖားပြုတ်ကြီး ရှင်း
လပ် သေဆုံးသွားသော ညီနောင်နှစ်ယောက်၏အလောင်းကို စစ်ဆေးကြည့်လိုက်ရာတွင် ငါးပေခန့်ရှည်သော ဓားတစ်ချောင်းနှင့် ပစ္စည်းများထည့်၍ သိမ်းနိုင်သော သိုလှောင်လက်ပတ်တစ်ခုကို တွေ့ရလေသည်။
သိုလှောင် လက်ပတ်မှာ ပစ္စည်းများထည့်သွင်းသိမ်းဆည်းနိုင်သော ပေနှစ်ဆယ်ပတ်လည်ခန့်ရှိသော နေရာလွတ်တစ်ခုဖြစ် နေလေသည်။ လပ် သဘောကျစွာ ရယ်မောလိုက်သည်။
“ ဟား ပွတာပဲ သိုလှောင်လက်ပတ်တွေက UM လေးသိန်းကျော် တန်ဖိုးရှိတယ် ”
ရုတ်တရက် ထိုသေဆုံးသူများ၏ ကိုယ်ပေါ်မှ လေဆာအလင်းတချို့ လပ်၏ ကိုယ်ပေါ် ကူးပြောင်းလာလေသည်။ လပ်၏ ဘယ်ဘက်ရင်ဘတ်တွင် အမှတ် သုံးထောင်ကျော်ဖြစ်သွားလေ၏။
“ အိုး တစ်ယောက်သတ်ရင် တစ်ရာမှတ်ပဲရမှာ ဒီကောင်တွေ က လူဘယ်နှစ်ယောက် သတ်ထား တာလဲ ” လပ် ရေရွတ်လိုက်သည်။
“ ငါ နာရီဝက်ပဲတောင့်ခံနိုင်တာနဲ့ နောက်တစ်ဆင့် ရောက်ပြီ ”
“ အင်း ဟုတ်တယ် လူတွေမမြင်အောင် ပုန်းနေမှပဲ ”
“ အများကြီးနဲ့ တစ်ချိန်ထဲ တိုက်ခိုက်ရရင် အခြေအနေမကောင်းဘူး ”
လပ် စဉ်းစားလိုက်ပြီးနောက် တရုတ်ညီနောင်ပုန်းခဲ့သော ချုံပုတ်အတွင်း ဝင်၍ ထိုင်နေလိုက်လေသည်။
ရုတ်တရက် ဘေးနားရှိ ရေကန်အတွင်းမှ ရေပူပေါင်းများ ထလာသည်ကို လပ် တွေ့လိုက်ရသည်။
ကြည့်နေရင်း ပြန်လည်ငြိမ်သက်သွားသည်။
ရုတ်တရက် လူလေးဦး ရောက်လာလေသည်။ ကြမ်းတမ်းသောသွင်ပြင်ရှိသည့် ထိုလူများမှာ ရုရှားများ ဖြစ်ပုံရလေသည်။ ဆံပင်အထောင်ကေကို အနီရောင်ဆေးဆိုးထားသော လူထွားကြီးမှာ ခေါင်းဆောင်ဖြစ်ဟန်တူ လေသည်။ သူက နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်။
“ ဒီအနားမှာ တိုက်ပွဲ ဖြစ်သွားတယ် အားလုံးသတိထားကြ ”
လပ်လည်း သူ ပုန်းအောင်းနေရာသို့ ရောက်ရှိလာလျှင် တိုက်ခိုက်ရန် အဆင်သင့် ပြင်ထားလေသည်။
ထိုလူများ မှာ ချုံပုတ်ရှိရာဘက်သို့ မလာဘဲ လပ်ကြောင့် သေသွားသော တရုတ်အလောင်းမှ ပစ္စည်းများကို ရှာဖွေနေလေ သည်။
“ ဟေး ပွတာပဲဟာ ဒီဓားက S1 အဆင့် ဓားပဲ ဒီကျောက်ပြားကလည်း S1 အဆင့် အစီအရင်ပဲ ”
“ ငါတို့ ဓားနဲ့ ဒီကျောက်ပြားကို ရေကန်ထဲမှာ ဆေးကြောရမယ် ပြီးရင် နည်းနည်း ပြန်မွမ်းမံလိုက်ရင် UM တစ်သိန်းကျော် ရမှာကွ ဟဲ ဟဲ ဟဲ ”
ရေကန်နားရောက်နေသော လူလေးဦးအနက်မှ သုံးဦးမှာ ရေကန်အတွင်းဆင်းကာ သူတို့ တိုက်ခိုက်လုယူထား သော ပစ္စည်းများကို ဆေးကြောနေသကဲ့သို့ ရေပါ ဆင်းချိုးနေလေသည်။
လပ်လည်း ခုနကတည်းက ရေထဲတွင် တစ်ခုခုရှိမှန်း ရိပ်မိထားသည်။ ထို့ကြောင့် သတိထားပြီး စောင့်ကြည့်နေလေသည်။ ထိုမှသာ တစ်ခုခုဖြစ်လျှင် ပြေးနိုင်မည်ဖြစ်သည်။
ဆံနီနှင့်အပေါင်းအပါ လေးယောက်တို့ ဆေးကြောတိုက်ချွတ်နေစဉ် ရုတ်တရက် ရေကန်အတွင်း လှိုင်းများထလာပြီး
“ ဝှီ ဝှီ တင် တင် ” ထူးခြားသည့် အသံလှိုင်းကြီးပေါ်ထွက်လာကာ ထိုလူလေးယောက်မှာ နားများကို အုပ်၍ တောင့်တောင့်ကြီး ဖြစ်သွားကာ လှုပ်ရှားမရကြတော့ပေ။
ထို့နောက် “ ဝုန်း ရှလွတ် စွပ် အား ” ကြီးမားသောလျှာကြီးတစ်ခု ရေအောက်ထဲမှ ထွက်လာပြီး ဆံနီနှင့် နောက်တစ်ဦးကို ဆွဲပတ်ကာ တရစပ် ရေထဲဆွဲချသွား လေသည်။
“ အား ကယ်ကြပါအုံး ”
ရေစပ်နားတွင် ရပ်နေသောတစ်ဦးသာ လွတ်မြောက်သွားပြီး သွေးရူးသွေးတန်းဖြင့် ထွက်ပြေးလေတော့သည်။
ထိုလူမှာ လပ်ရှိရာ ချုံပုတ်အတွင်းသို့ ပြေးဝင်လာမိရာမှာတော့ လည်ပင်းသို့ အပြင်းထိုးလိုက်သည့် လပ်၏ ဝိုက်လက်သီးကြောင့် ဦးခေါင်းတစ်ဝက်ပဲ့ထွက်သွားပြီး လဲကျသွားလေ၏။
“ ဝှစ် ဝုန်း ”
“ အား ”
လပ် ရင်ဘတ်ပေါ်တွင် အမှတ်သုံးရာ ထပ်ပေါင်းလာလေသည်။
လပ်လည်း ပျော်ရွှင်သွားလေသည်။
“ ဟေး ဟေး အမှတ်တွေက အလကား လာပေးနေသလိုပဲ ” ဟု သူ တွေးလိုက်သေးသည်။
S1 အဆင့်များသည် တစ်ဦးနှင့်တစ်ဦး၏ လှုပ်ရှားမှုများကို သိနိုင်ပြီး မိုင်ဝက်ခန့်အကွာရှိ ပုန်းကွယ်မနေသော လူများကို အချင်းချင်း တွေ့မြင်နိုင်လေသည်။
“ S1 အဆင့်က လူတွေကို အသံလှိုင်းနဲ့ တိုက်ခိုက်ပြီး တစ်ချက်ထဲနှင့် ပွဲသိမ်းနိုင်တယ်ဆိုတော့ ဒီရေအောက်ထဲက မွန်းစတားကောင်က ကြောက်စရာပဲ၊ အနည်းဆုံး S2 အဆင့်လောက်ရှိမယ် ” လပ် တွေးလိုက်သည်။
မကြာခင် ညှီစို့စို့အနံ့ရလိုက်သဖြင့် လပ်ကြည့်လိုက်ရာ ရေကန်အတွင်းမှ ကြီးမားသော မျက်လုံးကြီးနှစ်လုံး ထွက် ပေါ်လာလေသည်။ ထိုမျက်လုံးကြီးမှာ ပေနှစ်ဆယ်ခန့် ကြီးမားလေသည်။ ထိုမျက်လုံးကြီးမှာ လပ်ကို သေချာ စိုက်ကြည့်နေလေရာ လပ်မှာ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး ကြောက်လန့်တုန်လှုပ်သွားလေသည်။
တိုက်ရိုက် Live ကြည့်ရှုနေကြသော လူများမှာလည်း ထို သတ္တဝါကြီး၏ ရုရှားများကို လျှာဖြင့်ဖမ်းယူစားသောက် လိုက်ပုံအားလုံးကို တွေ့မြင်လိုကက်ရလေသည်။
“ ဟား အဲဒါ ဘာအကောင်ကြီးလဲ ”
“ စမ်းသပ်နယ်မြေမှာ ဘာလို့ အဲဒါကြီး ရှိနေတာလဲ ”
တာဝန်ခံအရာရှိအချို့မှာ ထိတ်လန့်သွားပြီး “ အဲဒီနယ်မြေကို စစ်ဆေးတုန်းက ဘာမှ မရှိပါဘူး အခုမှ
S3 အဆင့် အကောင်က ဘယ်ကပေါ်လာတာလဲ ” ကြည့်ရှုနေသည့်အရာရှိက ရေရွတ်လိုက်သည်။
“ ဘာပဲဖြစ်ဖြစ် ငါးမိနစ်ပဲ ကျန်တော့တယ် ”
“ မွန်းစတားကြီး အပေါ်တက်မလာဖို့ပဲ ဆုတောင်းရမှာပဲ ”
တိုက်ပွဲတာဝန်ခံနှင့် အဖွဲ့မှာ ငါးမိနစ်ပြည့်သည်နှင့် ထိုဒေသရှိလူများကို အပြင်သို့ ဆွဲထုတ်နိုင်ရန် ကြိုတင်ပြင်ဆင် ကာ စောင့်နေကြလေတော့သည်။
လပ်တစ်ယောက် မျက်လုံးကြီးကို ပြန်လည်ကြည့်ရှုပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေလေ၏။
လပ် စိတ်ထဲတွင်
“ ငါ အခုနေ ထွက်ပြေးရင် ဒီကောင်ကြီး ငါ့နောက် လိုက်လာမှာလား ”
လပ်နားထဲသို့ ရုတ်တရက် ကလေးငယ်တစ်ယောက်ကဲ့သို့အော်ပြောသံတစ်ခု ကြားလိုက်လေသည်။
[ ကောင်လေး မင်းဘယ်သူလဲ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်ကျော်က ငါ့မိတ်ဆွေတစ်ယောက်ရဲ့ စွမ်းအင်အနံ့ကို မင်းဆီက ငါရနေတယ် ]
လပ်လည်း ကြောက်ကြောက်လန့်လန့်နှင့်ပင် ပြန်မေးလိုက်သည်။
[ ခင်ဗျား ဘယ်သူလဲ ]
[ ငါက ဟား ဟား ဟား ငါ့ကိုယ်ငါတောင် မေ့နေပြီ ]
[ ဝမ်းနည်းစရာ အဖြစ်အပျက်ကြောင့် ငါ အရက်သောက်ပြီး အိပ်ပျော်နေခဲ့တာ ]
ကလေးသံလေးဖြင့် ထို သတ္တဝါကြီးက ပြန်ဖြေလိုက်လေသည်။
[ မင်းက သူ့ရဲ့ ဆက်ခံသူဖြစ်နိုင်တယ် ]
[ ဒါကြောင့် မင်းသွားတော့ သူနဲ့များ တွေ့ခဲ့ရင် ဖားပြုတ်ကြီး ရှင်းက နှုတ်ဆက်တယ်လို့ ပြောပေးကွာ ]
လပ်လည်း အခုမှ သဘောပေါက်သွားလေသည်။ ဖားပြုတ်ကြီးမှာ သူ့ဆရာ၏ စွမ်းအားကို သူ့ထံ၌ ရရှိနေခြင်း ဖြစ်သည်။ လပ်လည်း အမြန်နှုတ်ဆက်လိုက်လေသည်။
[ တွေ့ရတာ ဝမ်းသာပါတယ် ]
“ တွီ တွီ ” မကြာမီ တစ်နာရီအချိန်ပြည့်သွားကာ လပ် ကိုယ်ပေါ်တွင် တယ်လီပို့ အလင်းတန်းပေါ်လာပြီး ထိုနယ်မြေဒေသမှ ကန်ထုတ်လေပြီ။
“ တွီ ရွှမ် ”
လပ်တစ်ယောက် ပြိုင်ပွဲဝင်စုရပ်သို့ ပြန်လည်ပေါ်ထွက်လာခဲ့လေပြီ။ လပ်တစ်ယောက် အမှတ် သုံးထောင့်
သုံးရာ ဖြင့် အဆင့် ခြောက် ရခဲ့လေသည်။ ထို့ကြောင့် ပထမအဆင့် ထုတ်ပယ်ပွဲကို လပ် အောင်မြင်သွားပြီ ဖြစ်တော့သည်။