← Chapters

အလောင်းအစား

Vol. 3 Ch. 26

အလောင်းအစား

Vol. 3 Ch. 26

အခန်း (၂၆)

အလောင်းအစား

ဒစ်ဂျစ်တယ်ဘုတ်ပြားကြီးပေါ်တွင် ပထမအဆင့် အောင်မြင်သူများကို ရေးသားဖော်ပြထားလေသည်။

လပ်တစ်ယောက် ဒေသ(၇)တွင် အဆင့်ခြောက်ရရှိသဖြင့် ပထမအဆင့် ထုတ်ပယ်ခြင်းမှ အောင်မြင်သွားပြီ ဖြစ်လေသည်။

“ တွင် တွင် ”

ဘုတ်ပြားများမှနေ၍ နောက်တစ်ဆင့် ယှဉ်ပြိုင်ရမည့် ထုတ်ပယ်ခြင်းပွဲများကို ရှင်းပြထားလေသည်။

ပထမ အဆင့် အောင်မြင်သော လူအယောက်တစ်သောင်းမှာ ဒုတိယအဆင့် ထုတ်ပယ်ခြင်းပွဲစဉ်အဖြစ် သတ်ဖြတ်ခြင်း ခန်းမတွင် စက်ရုပ်ဝံပုလွေများကို သတ်ဖြတ်ရမှာ ဖြစ်ပြီး အများဆုံးသတ်ဖြတ်နိုင်သူများထဲမှ ဆယ်ယောက်ကို ရွေးချယ်သွားမှာ ဖြစ်လေသည်။

ယခုအခေါက်တွင် ခန်းမဆယ်ခု ထားရှိပြီး လူတစ်ယောက်လျှင် တစ်ခန်း ဝင်ရောက်ရမှာဖြစ်လေသည်။ ဆယ်မိနစ်အတွင်း အကောင်အရေအတွက် မည်မျှ သတ်နိုင်သည်ကို ဆုံးဖြတ်ပေး သွားမှာ ဖြစ်လေသည်။

သတ်ဖြတ်ခြင်းခန်းမများကို အထူးပြုလုပ်ထားသော S3 အဆင့် ပစ္စည်းများဖြင့် ပြုလုပ်ထားပြီး အထဲတွင် စက်ရုပ်ဝံပုလွေများကို အစီအရင်စနစ်ဖြင့် ပြုလုပ်ထားခြင်း ဖြစ်လေသည်။

ထို့ကြောင့် လွန်စွာမှ ခိုင်ခံ့ပြီး အမှား အယွင်း မဖြစ်စေနိုင်ပေ။ မတိုက်ခိုက်နိုင်သူများကို အစီအရင်မှ ချက်ချင်း အပြင်သို့ ကန်ထုတ်လိုက်မှာ ဖြစ်လေ သည်။

ဝံပုလွေတစ်ကောင်သတ်နိုင်ပါက နည်းပညာစနစ်ဖြင့် ယှဉ်ပြိုင်သူများ၏ နာမည်ဘေးတွင် အမှတ်များ တက်လာမှာဖြစ်ပြီး S အဆင့်ကို သတ်နိုင်လျှင် တစ်မှတ်၊ S1 အဆင့်ကိုသတ်နိုင်လျှင် ဆယ်မှတ် ရရှိမှာဖြစ်သည်။

ဝင်ရောက်ယှဉ်ပြိုင်သူများအနေဖြင့် မိမိကိုယ်ပိုင် S1 အဆင့် လက်နက်တစ်ခုကိုသာ ယူသွားနိုင်ပြီး အခြား မည်သည့် မရိုးသားမှုများ မလုပ်ဆောင်နိုင်ရန် ကြီးကြပ်သူများက အခန်းအတွင်းသို့ ကင်မရာများ အစီအရင်များ မှတစ်ဆင့် စောင့်ကြည့်နေကြမှာ ဖြစ်ပါသည်။

လပ်မှာ ဒေသ(၇)၏ အဆင့်(၆)ဖြစ်သောကြောင့် ဒုတိယအသုတ်တွင် ဝင်ရမည်ဖြစ်လေသည်။

လပ်မှာ ရပ်၍ တွေးတောနေစဉ်အတွင်း လပ်ဘေးနားသို့ မိန်းမပျိုလေးတစ်ယောက် လှစ်ခနဲ ရောက်လာလေသည်။

“ ဟေး လပ် ဘယ်လိုလဲ ဒုတိယအသုတ်ပဲလား ”

လပ် ကြည့်လိုက်တော့ နိုရာဖြစ်နေလေသည်။ ဂါဝန်ဝမ်းဆက်အစိမ်းလေးနှင့် နိုရာက လှပနေသည်။

လပ်က “ အမ် နင်က ဘယ်အချိန် အင်္ကျီသွားလဲလိုက်တာတုန်း ”

“ အံမယ် အင်္ကျီလဲဖို့က တစ်မိနစ်လောက်ပဲ ကြာတာလေ ” နိုရာက ပြန်ပြောလေသည်။

“ မိန်းကလေးဆိုတာ အဝတ်အစား ဂရုစိုက်ရတယ်ဟဲ့ ”

နိုရာက ဆက်လက်ပြီး “ နင်နဲ့ငါ ဘယ်သူ အများဆုံး သတ်နိုင်လဲ ပြိုင်ကြမလား ”

လပ်က “ စိန်လိုက်လေ ”

ထို့နောက် နိုရာကို သေချာကြည့်ရင်း လပ် ဆက်ပြောလိုက်သည်။

“ ငါ နိုင်ရင် ငါကြိုက်တာတစ်ခု တောင်းဆိုမယ် နင် လိုက်လျောရမယ် ”

“ နင်နိုင်ရင် နင်ကြိုက်တာ တောင်းဆို ”

နိုရာက လပ်ကို ပြုံးကြည့်ကာ “ အေးလေ ဒါဆို ပြိုင်မယ် မဟုတ်တာတွေ မတောင်းရဘူးနော် ”

လပ်က “ အမ် ငါတောင်းဆိုတာ နင်ပေးနိုင်ပါတယ် ဟား ဟား ဟား ”

လပ်နှင့် နိုရာတို့ သဘောတူညီမှု ရသွားကြလေသည်။

မကြာမီ နိုရာ ဝင်ရမယ့်အလှည့်ရောက်လာသည်။ နိုရာမှာ ဝါးစိမ်းတုတ်တစ်ချောင်းကို ကျော၌ လွယ်ပိုးထားလေ သည်။ ထိုဝါးစိမ်းတုတ်မှာ S1 အဆင့် ပစ္စည်းတစ်ခုဖြစ်သော နှစ်တစ်ထောင်ဝါးမှ ထုတ်လုပ်ထားခြင်း ဖြစ်ပြီး ရိုက် ချက်အမှတ်မထင်ထိမိသူများမှာ အပိုင်းအစများ ဖြစ်သွားနိုင်ပေသည်။

နိုရာက ဓားအစား ဝါးစိမ်းတုတ်ကိုသာ စွဲလမ်းအသုံးပြုသူ ဖြစ်လေသည်။

ယှဉ်ပြိုင်သူများ၏ အမှတ်များကို အပြင်ဘက်ခြမ်းရှိ ဘုတ်ပြားများတွင် ဖော်ပြထားလေသည်။

သို့သော် အတွင်းမှ တိုက်ခိုက်မှုများကို အခြားသူများ မမြင်ရပေ။ ကမ္ဘာအနှံ့မှ ကြည့်ရှုသူများမှာလည်း အမှတ်များကိုသာ စိတ်လှုပ်ရှားစွာ ကြည့်နေကြရလေသည်။

နိုရာဝင်သွားပြီးနောက် တစ်မိနစ်အကြာတွင်ပင် အမှတ် ၁၅၀ ဖြစ်သွားလေသည်။

အမှန်တကယ်ပင် နိုရာ၏ ဝါးစိမ်းတုတ်ရိုက်ချက်ကြောင့် စက်ရုပ်ဝံပုလွေများမှာ S1 အဆင့် ဆယ်ကောင်နှင့် S အဆင့် ငါးကောင် တစ်စစီ ဖြစ်သွားခဲ့လေပြီ။

“ နိုရာ နိုရာ ”

ဂျပန်ဒေသမျာ လူအများမှာလည်း နိုရာကို အော်ဟစ်အားပေးနေကြလေသည်။ ဆယ်မိနစ်ကြာပြီးနောက် နိုရာ၏ ရမှတ်မှာ ၇၉၀ ဖြင့် ပြီးဆုံးသွားလေသည်။

အချိန်ကြာလေ ပိုမိုခက်လာလေဖြစ်သောကြောင့် နိုရာ၏သတ်ဖြတ်မှုမှာ ထိပ်တန်းစာရင်း ဝင်နိုင်ပေသည်။

သို့သော် ရုရှားမှ ကတုံးနှင့် ဗလတောင့်တောင့် လူတစ်ယောက်မှာ အဆင့်(၁)ဖြစ်ကာ ၂၅၀၀ မှတ် ရရှိထားလေ သည်။

လပ်တစ်ယောက် သက်ပြင်းချလိုက်သည်။

“ ဟူး ငါအစွမ်းကုန်တော့ ကြိုးစားရမှာပဲ ”

“ တီ တီ ”

မကြာမီ နိုရာတစ်ယေက် မြူးတူးပျော်ရွှင်စွာဖြင့် လပ်ရှိရာသို့ ရောက်လာလေသည်။ ထို့နောက် လပ်အား ပြော လိုက်သည်။

“ ဟင်း ဟင်း ငါကတော့ ၇၉၀ မှတ်ရထားပြီ ”

“ တင်း တိန် ”

“ ဒုတိယအသုတ်များ ၁ ကနေ စဝင်နိုင်ပြီ ”

မကြာမီ အခန်းတံခါးများ ပွင့်လာလေသည်။ လပ် အလှည့်သို့ ရောက်ရှိလာပေပြီ။

လပ်တစ်ယောက် အသက်ပြင်း ပြင်းတစ်ချက်ရှုရှိုက်လိုက်ပြီး အခန်းနံပါတ် (၅)တံခါးကို တွန်းဖွင့် ဝင်သွားလေသည်။

အခန်းအတွင်းမှာ ပေရှစ်ဆယ်ပတ်လည်ခန့်ရှိပြီး အေးစက်ကာ ပုပ်သိုးသိုးအနံ့ ရနေလေသည်။ စက်ရုပ်ဝံပုလွေ များမှာ အနီးရှိ ကျင်းတစ်ခုတွင် ဝပ်နေကြလေသည်။

လပ်ကြည့်လိုက်ရာ အကောင် နှစ်ဆယ်ခန့် ရှိလေသည်။ အားလုံး S1 အဆင့်များ ဖြစ်နေလေသည်။ သုံးစက္ကန့်အကြာတွင် လပ်ဆီသို့ အုပ်စုလိုက်ကြီး ပါးစပ်များဖြဲကာ ဝိုင်းအုံ၍ ပြေးလာကြလေသည်။

လပ်မှာ အခုထိ သူ၏ကိုယ်ပိုင်လက်နက်မရှိသေးပေ။ သူ၏လက်သီးသိုင်းကိုသာ အားကိုးနေရလေသည်။

ရေခဲစွမ်းအား လက်သီး “ ဝှီး ဝုန်း အိမ့် အိမ့် ”

ပထမဆုံးလက်သီးတစ်ချက်ဖြင့် ဝံပုလွေငါးကောင် ပေါက်ကွဲသွားကြလေသည်။

“ ဒေါသလက်သီး ” လပ်က အော်၍ ခြေတစ်လှမ်းတိုးကာ ရေခဲစွမ်းအားကိုထုတ်၍ အပြင်းအထန် လက်သီးခြောက်ချက်နှင့် ခြေကန်ချက် သုံးချက် ထုတ်လိုက်လေသည်။

အနားရှိ ဝံပုလွေများ ကျိုးပဲ့ပျက်စီးသွားကြလေ၏။ သုံးစက္ကန့်အကြာတွင် လပ်ဘေးသို့ ဝံပုလွေ တစ်ရာခန့် ဝိုင်းအုံလာလေပြီ။

ကြီးကြပ်ရေးမှူးများ ထိန်းချုပ်ခန်းတွင် ရွှေကိုင်းမျက်မှန်နှင့် လူကြီးတစ်ဦးနှင့် ထိပ်ပြောင်လူဝကြီး တစ်ဦး တို့မှာ လပ်၏ တိုက်ပွဲခန်းအတွင်းသို့ ကြည့်ရှုနေကြလေသည်။

ထိပ်ပြောင်လူဝကြီးက

“ အိုး ဒါ မင်းပြောတဲ့ ရေခဲမင်းသားလား ”

“ အင်း ဟုတ်တယ် ဘယ်လိုသဘောရလဲ ”

ထိပ်ပြောင်က “ ဟား ဟား ဟား မဆိုးဘူး ဒီကောင်လေး တော်တယ် ”

“ ငါတောင် စီမံအုပ်ချုပ်ရေးဘက်ကို ခေါ်ထားချင်သကွာ ”

“ မင်း ဘယ်လိုလုပ်… ဟေ့ကောင် ငါ သူ့ကို တိုက်ခိုက်ရေးအဖွဲ့ကို သွင်းမလို့ ”

“ မင်း ငါနဲ့ ရန်ဖြစ်ချင်တာလား ” ရွှေကိုင်းမျက်မှန်နှင့်လူက အော်ဟစ်လိုက်သည်။

ဘေးနားမှ အသက်ငါးဆယ်ခန့် အမျိုးသမီးတစ်ဦးက “ နေစမ်းပါအုံး ကောင်လေးရဲ့ သဘောထားကို မေးကြည့် ရမယ်မလား ” ဟု ပြောလိုက်လေသည်။

ကိုးမိနစ်ခန့်အကြာတွင် လပ်၏ အမှတ်များမှာ ၉၅၀ သို့ ရောက်ရှိနေလေပြီ။

“ ဟား ဟား ဟား ရေခဲမင်းသားက အောင်ဖို့သေချာသွားပြီးကွ ”

“ ဟေး လပ် အောင်ပြီကွ ”

“ သူက ငါတို့ ထိုင်းကကွ ”

ထိုင်းဒေသကြီးမှ ကြည့်ရှုသူများမှာလည်း ဝေါကနဲဖြစ်သွားပြီး ဝမ်းမြောက်စွာ အော်ဟစ်နေကြလေသည်။

လပ်၏ အမှတ်မှာ တက်နေဆဲဖြစ်ပြီး ၁၅၀၀ သို့ပင် ရောက်ရှိလာခဲ့ပြီး အချိန်ပြည့်ခါနီး လေးစက္ကန့်အလိုတွင် လပ်၏ ခြေထောက်တစ်ဖက် ဒဏ်ရာပြင်းထန်စွာ ရသွားပြီး မလှုပ်ရှားနိုင်တော့ပေ။ လပ် နောက်ဆုံး နှင်းလက်သီးမိုး သိုင်းကွက်ကို ထုတ်သုံးလိုက်လေသည်။

“ ဝှစ် ဟူး ဝုန်း ဂျိန်း ” မိုးစက်မိုးပေါက်များသဖွယ် လက်သီးများ ပေငါးဆယ်ပတ်လည်အတွင်း ကျဆင်း လာပြီး စက်ရုပ်ဝံပုလွေများမှာ အေးခဲကျွတ်ဆတ်လာကြပြီး ကြီးမားသည့် ဖိအားအရှိန်ကြောင့် အားလုံး ကျိုးပဲကာ တစ်စစီ ဖြစ်သွားလေသည်။

“ 1 2 တွီ တွီ ဝှစ် ”

လပ်တစ်ယောက် လွန်စွာမောပန်းနေခဲ့လေပြီ။ အားအင်များလည်း ကုန်ခမ်းနေလေပြီ။

“ တွင် ”

လပ်၏ ခန္ဓာကိုယ်မှာ အချိန်စေ့သွားသောကြောင့် သတ်ဖြတ်ခြင်းခန်းမအတွင်းမှ ထွက်လာပြီး စောင့်ဆိုင်းခန်းမ အတွင်း ပြန်ပေါ်လာလေပြီ။

“ ဟူး ငါ အတတ်နိုင်ဆုံး လုပ်လိုက်တာပဲ ” လပ် ရေရွတ်လိုက်သည်။

ထို့နောက် ဒီဂျစ်တယ်ဘုတ်ပြားကို လပ်ကြည့်လိုက်ရာ သူအမှတ်မှာ ၁၇၆၀ ဖြင့် ပြီးဆုံးသွားလေပြီ။

All Chapters