← Chapters

သစ်ခုတ်သမား၏သင်ကြားနည်း

Vol. 12 Ch. 166

သစ်ခုတ်သမား၏သင်ကြားနည်း

Vol. 12 Ch. 166

နန်းစိုက်မြို့တော်၊ ဧကရာဇ်အတိုင်ပင်ခံ၏ စံအိမ်…။

မှတ်တမ်းထိန်း အရာရှိ တစ်ယောက်က ကသောကမျော ပြေးဝင်လာပြီး သတင်းပို့လိုက်သည်။ “ဧကရာဇ်အတိုင်ပင်ခံ၊ သဟဇာတပြည်နယ်မှာ ထူးခြားတဲ့ ပြောင်းလဲမှုတွေ ဖြစ်နေပါတယ်… ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ အဆင့်မြင့်ဂိုဏ်းသားတွေအားလုံး သဟဇာတပြည်နယ် မြို့တော်မှာ စုဝေးလာပါတယ်၊ သူခိုးဓားပြတွေက မရေမတွက်နိုင်အောင်ပါပဲ… သဟဇာတပြည်နယ် မြို့စားစံအိမ်ကလည်း ရုတ်တရက် ပျောက်ကွယ်သွားပြီး မြေကွက်လပ်ကြီးပဲ ကျန်ခဲ့ပါတယ်…”

ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ဧကရာဇ် ပေးပို့လိုက်သော မှတ်တမ်းများကို ဖတ်ရှုနေရင်းမှ ခေါင်းမော့မကြည့်ဘဲ ပြန်တုံ့ပြန်လိုက်သည်။ “သိပြီ…”

မှတ်တမ်းထိန်း အရာရှိက ချီတုံချတုံ ဖြစ်နေပြီးမှ ပြောလိုက်၏။ “ဧကရာဇ်အတိုင်ပင်ခံ၊ ဒါက မိစ္ဆာလမ်းစဉ်ရဲ့ နံပါတ်တစ်ဂိုဏ်း ဖြစ်တဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းပါ… ကျွန်တော်တို့ မျက်စိအောက်မှာတင် ဒါမျိုး ဖြစ်ပျက်သွားတာ ဆိုတော့ သတိမလွတ်သင့်ဘူး မဟုတ်လား…”

ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ခေါင်းမော့ကြည့်၍ မေးလိုက်သည်။ “ယွင်ယန်၊ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ဘယ်သူလဲ မင်း သိလား…”

မှတ်တမ်းထိန်း အရာရှိ ယွင်ယန်က ခေါင်းခါယမ်းလိုက်သည်။

ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက သူ့ကို တည်ငြိမ်စွာ ပြောလိုက်၏။ “ဘယ်သူလဲဆိုတာ မင်း သိရင် ဒီလို ပျာယာခတ်နေမှာ မဟုတ်ဘူး… ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်က တခြားသူ မဟုတ်ဘူး၊ ငါတို့ နန်းတွင်းကောလိပ်ရဲ့ ပါမောက္ခချုပ်ပဲ…”

မှတ်တမ်းထိန်း အရာရှိ ယွင်ယန်၏ ရင်ထဲတွင် ပြင်းထန်စွာ တုန်လှုပ်သွားပြီး လွှတ်ခနဲ အော်ဟစ်လိုက်မိသည်။ “ပါမောက္ခချုပ်လား… ဧကရာဇ်အတိုင်ပင်ခံ၊ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်က နှစ်တွေ ဒီလောက် အကြာကြီး နန်းတွင်းကောလိပ်ရဲ့ ပါမောက္ခချုပ် လုပ်ခဲ့တာလား၊ ဒါ ပုန်ကန်တာပဲ… ဒီလောက် နှစ်တွေ အများကြီးအတွင်းမှာ သူ့လက်အောက်က ထွက်သွားတဲ့ နန်းတွင်းအရာရှိတွေ၊ တပ်မှူးတွေ ဘယ်လောက် များလိုက်သလဲ… သူ့ရဲ့ ဩဇာအာဏာက နန်းတွင်းနဲ့ နန်းတွင်းတပ်ဖွဲ့ထဲကိုတောင် စိမ့်ဝင်ပျံ့နှံ့နေနိုင်တယ်… ဧကရာဇ်အတိုင်ပင်ခံ၊ ဒီကိစ္စကို မစုံစမ်း မစစ်ဆေးဘဲ လွှတ်ထားလို့ မဖြစ်ဘူး၊ ကျွန်တော်တို့ နန်းတွင်းတပ်ဖွဲ့ထဲမှာ သူ့လူတွေနဲ့ ပြည့်နေလောက်ပြီ…”

ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံမှာ ပြောစရာစကား ရှာမရ ဖြစ်သွားပြီး ခေါင်းခါယမ်းလိုက်သည်။ “မင့်အတွေးတွေ လွန်နေပြီ… ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ကျောင်းတော်သားတွေကို ပညာသင်ပေးတာနဲ့ပဲ အဲဒီကျောင်းတော်သားတွေက ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ လူတွေ ဖြစ်ရောလား… အဲဒီလိုသာဆို မင်းက ငါ့ကိုလည်း ဖမ်းပြီး ခေါင်းဖြတ်သတ်တော့မှာလား…”

သူက စူးရှသော အကြည့်များဖြင့် ထရပ်ပြီး ခြေလှမ်းကြဲကြဲ လှမ်း၍ ခပ်ဖြည်းဖြည်း လျှောက်သွားလိုက်သည်။ “ငါ သိုင်းလောကအနှံ့ ခြေဆန့်ပြီး ပညာမျိုးစုံ သင်ယူခဲ့တုန်းက သိုင်းဂိုဏ်းတိုင်းဟာ ကိုယ့်လမ်းကိုယ်လျှောက်ပြီး ကိုယ့်ပညာရပ်ကိုယ်ပဲ တန်ဖိုးထားကြတယ်… အဲဒီလို အမူအကျင့်မျိုးက ကောင်းကင်နတ်သိုင်းတွေ၊ တာအိုသဘောတရားတွေနဲ့ ကျင့်စဉ်သိုင်းကွက်တွေ  ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဟန့်အတားပဲ… အဲဒီ အတားအဆီးတွေကို ဖြိုခွင်းနိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ထင်ရှားတဲ့ သိုင်းဂိုဏ်းကြီးတွေကို ငါ သွားရောက်လည်ပတ်ခဲ့တယ်… အရင်ဆုံး ငါ တွေ့ဆုံခဲ့တာ ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်၊ ဂိုဏ်းဂဏကွဲပြားမှုတွေ လျစ်လျူရှုပြီး ငါ့ကို စိတ်ရောကိုယ်ပါ သင်ကြားပေးခဲ့တာ သူ ပထမဆုံးပဲ… ငါ့အတွက် ရှင်းလင်းတဲ့ လမ်းကြောင်းကို ညွှန်ပြပေးခဲ့တာလည်း သူပဲ…”

သူ့မျက်ဝန်းများ၌ လွန်စွာ ကျေနပ်နှစ်သိမ့်သည့် အမူအရာ ပေါ်ထွက်လာပြီး ဆက်ပြောလိုက်သည်။ “အဲဒီနောက်မှာ တာအိုဂိုဏ်းက တာအိုသခင်ဆီ သူကိုယ်တိုင် ထောက်ခံစာ ရေးပေးခဲ့တယ်… သူ့စာကြောင့် တာအိုသခင်က ငါ့အပေါ် အကောင်းမြင်ပြီး တာအိုဓားဆယ့်လေးကွက်ကို လေ့လာခွင့်ပေးခဲ့တယ်… မဟာမိုးခြိမ်းသံကျောင်းတော်ကို သွားပြီး တထာဂတရဲ့ သင်ကြားမှု ခံယူခွင့်ရအောင် ထောက်ခံပေးခဲ့တာလည်း သူပဲ… သူ့ရဲ့ ဇာတိရုပ်အမှန်ကို ထုတ်မပြောခဲ့ပေမဲ့ ငါ မသိအောင် မဖုံးကွယ်နိုင်သလို သူကလည်း ဖုံးကွယ်ဖို့ မကြိုးစားခဲ့ဘူး…”

မှတ်တမ်းထိန်း အရာရှိ ယွင်ယန်မှာ အံ့ဩမှင်တက်၍မဆုံး ဖြစ်သွားသည်။

ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ပြောလိုက်၏။ “နန်းတွင်းကောလိပ်ကို တာဝန်ယူပေးဖို့ သူ့ကို ငါ ဖိတ်ခေါ်ခဲ့တာ၊ ဘာလို့လဲ သိလား… သူရဲ့ အရည်အချင်းကြောင့်၊ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဆိုတဲ့ ဂုဏ်ပုဒ်ကြောင့် မဟုတ်ဘူး… ဒီလို စိတ်သဘောထားကြီးမြတ်တဲ့ အတွက်ပဲ… ဒီလို သဘောထားကြီးတဲ့ သူမျိုး၊ ဒီလို သန့်စင်တဲ့ သူမျိုးကို အဲဒီမှာ ပထမဆုံး မြင်ဖူးတာပဲ… နန်းတွင်းကောလိပ်ကို တာဝန်ယူနိုင်မဲ့သူက သူပဲ ရှိတယ်… အခု သူ နုတ်ထွက်သွားပြီဆိုတော့ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းသခင်အသစ်နဲ့ အလုပ်ရှုပ်နေလောက်ရောပေါ့…”

“ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းသခင်အသစ် ဟုတ်လား…”

မှတ်တမ်းထိန်း အရာရှိ ယွင်ယန်မှာ သူ့ကိုယ်သူ တည်ငြိမ်အောင် ပြန်ထိန်း၍ ပြောလိုက်သည်။ “ကောင်းကင်နတ်ဆိုးဂိုဏ်းမှာ ဂိုဏ်းသခင် မရှိတာ နှစ်ပေါင်း လေးဆယ်ကျော်ပြီ၊ အခု သူတို့က ဂိုဏ်းသခင် အသစ်တစ်ယောက် တင်မြှောက်တော့မှာတဲ့လား… ဧကရာဇ်အတိုင်ပင်ခံ၊ ဒီကိစ္စက အတော်လေး အရေးကြီးတယ်၊ ဧကရာဇ်ကို သတင်းပို့ရမလား…”

ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ပြောလိုက်၏။ “ဒီကိစ္စကို အစီအရင်ခံစာ တစ်စောင်ရေးပြီး ဧကရာဇ်ဆီ တင်သွင်းလိုက်၊ ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်ရဲ့ နောက်ခံကိုတော့ ထည့်ရေးစရာ မလိုဘူး…”

မှတ်တမ်းထိန်း အရာရှိက ခေါင်းညိတ်၍ ထပ်မံ တင်ပြလိုက်သည်။ “နန်းတွင်းကောလိပ်က သတင်းတစ်ခုလည်း ရှိပါသေးတယ်၊ ဧကရာဇ်က ကူလင်းနွမ်ကို ပါမောက္ခချုပ်ရာထူး ခန့်အပ်တဲ့ အမိန့်စာလွှာ ထုတ်ပြန်လိုက်ပါတယ်…”

“သိပြီ…”

ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက လက်ဟန်ပြ၍ ပြောလိုက်သည်။ “ငါ့ဩဇာအာဏာက ကြီးလွန်းတော့ ဧကရာဇ်အနေနဲ့ စိုးရိမ်တာ သဘာဝကျပါတယ်၊ မဟုတ်ရင် ငါ စိတ်အေးနိုင်မှာ မဟုတ်ဘူး… ကူလင်းနွမ်ရဲ့ အရည်အချင်းနဲ့ အကျင့်သိက္ခာကသာ နန်းတွင်းကောလိပ်ရဲ့ ပါမောက္ခချုပ် ရာထူးကို ရယူဖို့ မသင့်လျော်တာ… အိမ်ရှေ့မင်းသားရဲ့ အငယ်တန်း ကိုယ်ရံတော်အနေနဲ့ ပြဿနာ မရှိပေမဲ့ ပါမောက္ခချုပ် တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ဖို့ကတော့ အတော်လေး မကိုက်ညီသေးဘူး… ဒါပေမဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါ အများကြီး ပြောလို့မရဘူး…”

မှတ်တမ်းထိန်း အရာရှိက တစ်ခဏမျှ စဉ်းစားပြီး ပြောလိုက်သည်။ “ကောင်းကင်နတ်ဆိုးဂိုဏ်းက ရွေးချယ်လိုက်တဲ့ ဂိုဏ်းသခင်အသစ်ကို ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ…”

ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက မတုန်မလှုပ် ပြောလိုက်၏။ “မဆန့်ကျင်ရင် ကြီးထွားခွင့်ရမယ်၊ ဆန့်ကျင်ရင် သေရမယ်… ဒီကိစ္စနဲ့ ပတ်သက်ပြီး မင်း စဉ်းစားနေစရာ မလိုဘူး… ဒီဂိုဏ်းသခင်အသစ်ကို ငါကိုယ်တိုင် သွားတွေ့ဦးမှာပါ…”

မှတ်တမ်းထိန်း အရာရှိ ယွင်ယန်က အခန်းထဲမှ ထွက်ခွာသွားသည်။

တာအိုဂိုဏ်း၊ တာအိုတောင်…။

တန်းယန်ကျစ်က တောင်ပေါ်သို့ ခြေလှမ်း ခပ်သွက်သွက် လှမ်းတက်၍ တာအိုသူတော်စင်ခန်းမသို့ ဝင်လာ၏။ ဆံဖြူ၊ မျက်ခုံးမွေးဖြူ အဘိုးကြီးတစ်ယောက်က မြေပြင်ပေါ်တွင် ထိုင်၍ ရှေ့တူရူမှ စိမ်းပြာရောင် ရေကန်ကို ကသိုဏ်းရှုနေသည်။

တန်းယန်ကျစ်က အဆောတလျင် ပြောလိုက်၏။ “တာအိုသခင်၊ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ အသိုက်မှာ ထူးခြားတဲ့ ပြောင်းလဲမှုတွေ ဖြစ်သွားပါတယ်… ကောင်းကင်နတ်ဆိုးဂိုဏ်းက အဆင့်မြင့် ပညာရှင်တွေ အကုန်လုံး သဟဇာတပြည်နယ်မှာ စုဝေးရင်း သူတို့ရဲ့ အလံတွေ ဖြန့်ပြီး မြို့စားနန်းဆောင် တစ်ခုလုံးနဲ့ အတူတူ ပျောက်ကွယ်သွားပါတယ်…”

ဆံဖြူ၊ မျက်ခုံးမွေးဖြူ အဘိုးကြီးက မျက်လုံးများ ပွင့်လာပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။ “ကြည့်ရတာ ကောင်းကင်နတ်ဆိုးဂိုဏ်းမှာ ဂိုဏ်းသခင်အသစ် ရှိလာပြီနဲ့ တူတယ်… ကောင်းကင်နတ်ဆိုးဂိုဏ်းက သမိုင်းကြောင်း ပြုပြင်ပြီး အယောင်ဆောင် သူတော်စင်တန်ခိုးရှင်ကို ဗန်းပြ၊ လမ်းမှား ပို့ချလို့ လူတွေ ကပ်ဆိုက်အောင် လုပ်ခဲ့တယ်… သူတို့ဂိုဏ်းထဲမှာ ဂိုဏ်းတွင်း ပဋိပက္ခတွေလည်း ဖြစ်ခဲ့တယ်… ကောင်းကင်နတ်မယ်က ဂိုဏ်းသခင်ကို သွေးအေးအေးနဲ့ သတ်တယ်၊ ဒါဟာ အခြေခံ ကျင့်ဝတ်တွေကို ဖောက်ဖျက်တာပဲ… ပြီးတော့ ဂိုဏ်းသခင်က သူ့တပည့်ကို ပြန်လက်ထပ်တယ်၊ ဒါဟာ လူမှုဆက်ဆံရေး ကျင့်ဝတ်ကို ဖောက်ဖျက်တာပဲ… ဂိုဏ်းတစ်ဂိုဏ်းလုံးက မိစ္ဆာကျင့်စဉ်တွေကို လေ့ကျင့်တယ်၊ အများစုက လူ့အသက်တွေကို အသုံးပြုပြီး ကျင့်ကြံကြတယ်… သူတို့မှာ ပြီးခဲ့တဲ့ နှစ်ပေါင်းလေးဆယ်လုံး ဂိုဏ်းသခင် မရှိခဲ့ဘူး၊ အခု ဂိုဏ်းသခင်အသစ် တင်မြှောက်လိုက်ပြီ… သာမန်အရပ်သားတွေအတွက် ကောင်းတဲ့ကိစ္စ ဖြစ်မလာမှာ ငါ စိုးရိမ်မိတယ်…”

တန်းယန်ကျစ်က မေးမြန်းလိုက်၏။ “ကျွန်တော်တို့ တာအိုဂိုဏ်းအနေနဲ့ ဘာလုပ်သင့်ပါသလဲ…”

“အဲဒီမိစ္ဆာဂိုဏ်းသခင် ဘယ်သူလဲဆိုတာ စုံစမ်းပြီး သုတ်သင်ရှင်းလင်းနိုင်မဲ့ အခွင့်အရေးကို စောင့်…”

“အမိန့်အတိုင်းပါ…”

တန်းယန်ကျစ်က ထပ်မေးလိုက်၏။ “ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ အယူဝါဒအတိုင်း ရည်မှန်းချက်ထားပြီး အားလုံးကို သင်ကြားပေးနေတဲ့အတွက် ထာဝရငြိမ်းချမ်းရေး အင်ပါယာဆိုတာ လက်တွေ့မှာ ကောင်းကင်နတ်ဆိုးဂိုဏ်း အကြီးစားပါပဲ… ကျွန်တော်တို့ တာအိုဂိုဏ်းအနေနဲ့ ဘာများ လုပ်သင့်ပါသလဲ…”

တာအိုသခင်က လေးနက်သော အကြည့်ဖြင့် သူ့ရှေ့မှ စိမ်းပြာရောင် ရေအိုင်ကို ဆိတ်ငြိမ်စွာ ကြည့်နေရင်းမှ မနှေးမမြန် ပြောလိုက်သည်။ “ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ကြီးမားတဲ့ ရည်မှန်းချက် ရှိပေမဲ့ သူ့ရဲ့ စွမ်းဆောင်ရည်က သူ့စိတ်ဆန္ဒနောက် လိုက်နိုင်မှာ မဟုတ်ဘူး… သမိုင်းတစ်လျှောက်မှာ ထာဝရငြိမ်းချမ်းရေး အင်ပါယာထက် ပိုကြီးတဲ့ အင်ပါယာတွေနဲ့ ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံထက် ပိုထူးချွန်တဲ့ ပါရမီရှင်တွေ ရှိခဲ့တာတောင် အပျက်အစီးပုံဘဝ ရောက်ခဲ့ရတာပဲ… ဒီကမ္ဘာလောကကြီးက သူ ထင်တာထက် အများကြီး ပိုရှုပ်ထွေးတယ်… ကျောက်နံရံတစ်ခုကို ဝင်ဆောင့်ပြီး မရှုမလှ ထိခိုက်သွားမှ သူ သိလိမ့်မယ်…”

တန်းယန်ကျစ်မှာ အခြား မည်သည်ကိုမျှ ပြောဆိုရဲခြင်း မရှိတော့ဘဲ ဦးညွှတ် အရိုအသေပြု၍ နောက်ဆုတ်ထွက်ခွာသွားသည်။

“တထာဂတကို သတင်းပို့ပါတယ်ဘုရား၊ သဟဇာတပြည်နယ်မှာ ကောင်းကင်နတ်ဆိုးဂိုဏ်းသားတွေ မြို့စားနန်းဆောင်နဲ့အတူ ရုတ်တရက် ပျောက်ကွယ်သွားပါတယ်…”

မဟာမိုးခြိမ်းသံကျောင်းတော်တွင် ဘုန်းကြီးအိုတစ်ပါးက ပလ္လင်ခန်းမသို့ ဝင်ရောက်၍ တထာဂတကို သတင်းပို့လိုက်၏။ “သဟဇာတပြည်နယ် အကြီးအကဲက ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ထင်ရှားတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ယွီလင်းအကြီးအကဲနဲ့ ပတ်သက်နေပါတယ်… သဟဇာတပြည်နယ်က ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်ရဲ့ ဌာနချုပ် ဖြစ်နေပါပြီ… ဖိုကျစ်ကို အနိုင်ယူသွားတဲ့ မိန်းကလေးကိုလည်း သဟဇာတပြည်နယ်မှာ မြင်လိုက်ရတဲ့သူတွေ ရှိပါတယ်… သူက ကောင်းကင်နတ်ဆိုးဂိုဏ်းက ဖြစ်မယ်လို့ ယူဆရပါတယ်ဘုရား…”

တထာဂတက မျက်လွှာဖွင့်၍ တအံ့တဩ မေးမြန်းလိုက်သည်။ “အဲဒီ မိန်းကလေးက နန်းတွင်းကောလိပ်ရဲ့ ကျောင်းတော်သား မဟုတ်ဘူးလား… ဘယ်လိုလုပ် ကောင်းကင်နတ်ဆိုးဂိုဏ်းက ဖြစ်သွားတာလဲ…”

ဘုန်းကြီးအိုကြီးက လျှောက်တင်လိုက်သည်။ “အဲဒီ မိန်းကလေးက စစ်ယွင်ရှန်းလို့ ခေါ်ပါတယ်၊ နန်းတွင်းကောလိပ်ကို ဒီနှစ်မှ စဝင်တာပါ… နန်းတွင်းကောလိပ်အနေနဲ့ သူ့ကို ဘာမှ သင်ပေးချိန် မရှိသေးပါဘူး၊ ဘယ်လိုလုပ် ဖိုကျစ်ကို အနိုင်ယူနိုင်စရာ အကြောင်းရှိမှာပါလဲဘုရား… ဒီမိန်းကလေးက စစ်မိသားစုကပါ၊ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းသခင်မ စစ်ယိုယိုနဲ့ မိသားစု တစ်ခုတည်းပါပဲ… စစ်မိသားစုက ထာဝရငြိမ်းချမ်းရေး အင်ပါယာမှာ ထင်ရှားကျော်ကြားတဲ့ မိသားစု တစ်ခုလည်း ဖြစ်ပါတယ်ဘုရား…”

တထာဂတက မေးလိုက်၏။ “အဲဒါဆို ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းသခင်အသစ်က စစ်မိသားစုကလား…”

“မသိသေးပါဘူးဘုရား… ဘာသတင်းမှ မကြားရသေးပါဘူး…”

တထာဂတက ခေါင်းညိတ်လိုက်၏။ “နန်းတွင်းကောလိပ်က ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ကောင်းကင်နတ်မယ်ကို အသုံးပြုပြီး ငါတို့ မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ ဖိုကျစ်ကို အနိုင်ယူခဲ့တာပဲ… ဒီကိစ္စကို ဒီအတိုင်း ထားလို့ မဖြစ်ဘူး… မင်း တောင်အောက်ဆင်းသွားပြီး သတင်းရသမျှ စုဆောင်းဖို့ စီမံလိုက်…”

ဘုန်းကြီးအိုကြီးက အမိန့်နာခံ၍ လျှောက်တင်လိုက်သည်။ “လျှောက်တင်စရာ တစ်ခု ကျန်ပါသေးတယ်ဘုရား… မာဝမ်ရှန်း မဟာမြို့ပျက်က ထွက်လာပါပြီ…” သူက ထိုစကား ဆုံးသည်နှင့် နောက်လှည့်ထွက်၍ တောင်အောက်ဆင်းသွားတော့သည်။

တထာဂတမှာ မှင်တက်၍ ကျန်ရစ်ခဲ့၏။

တန်ခိုးရှင်သက်ဆင်းတောင်တွင်…။ ချင်မူ၏ နားထဲ၌ လျှို့ဝှက်နက်နဲသော အသံမျိုးစုံ မြည်ဟည်းနေပြီး လွန်စွာ ထူးခြားဆန်းကြယ်လှ၏။ ရုတ်တရက် သူ့မြင်ကွင်းများ မှုန်ဝါးသွားပြီး အဝေးဆီမှ သစ်ခုတ်သံသဲ့သဲ့ ကြားရသော တောင်တန်းများအကြားတွင် ဖြတ်လျှောက်သွားနေမိကြောင်း သူ့ကိုယ်သူ ပြန်တွေ့လိုက်ရသည်။

အသံလာရာသို့ လျှောက်သွားပြီး အမြဲစိမ်းထင်းရှူးပင်အောက်၌ သစ်ခုတ်သမားတစ်ဦး ထင်းခွေနေသည်ကို မြင်ရ၏။ သစ်ခုတ်သမား၏ ပုဆိန်က နက်နဲဆန်းကြယ်စွာ လွှဲရမ်း၍ ထင်းရှူးပင်ပေါ်သို့ ထပ်ခါထပ်ခါ ကျရောက်နေပြီး ထိုမြင်ကွင်းမှ တစ်စုံတစ်ခုကို နားလည်သဘောပေါက်မိသလို ခံစားရလာသည်။

သစ်ခုတ်သမား၏ ပုဆိန်ကို သူ ကြောင်ငေးငေး စိုက်ကြည့်နေမိ၏။ ထိုပုဆိန်ချက် ကျရောက်သွားတိုင်း အမြဲစိမ်းထင်းရှူးပင်ပေါ်တွင် ခပ်နက်နက် ပြတ်ရာတစ်ခု ပေါ်လာပြီး ပုဆိန်ကို ပြန်မလိုက်သည်နှင့် ထင်းရှူးပင်က နဂိုအတိုင်း ပြန်ဖြစ်၍ မည်သည့် အရာမျှ ထင်ကျန်ခဲ့ခြင်း မရှိချေ။

သစ်ခုတ်သမား၏ ပုဆိန်ချက် တစ်ချက်ချင်းစီတိုင်းက မတူညီသည့် သဘောတရားများ ကိန်းဝပ်နေ၏။

“ခရီးသွား၊ ဒီလောက် အကြာကြီး ရပ်ကြည့်နေပြီး ဘာများ တွေ့ရသလဲ…”

သစ်ခုတ်သမားက ပုဆိန်ကို ဆွဲနုတ်၍ သူ့ဘက် လှည့်ကြည့်လာသည်။ “မင့်ရဲ့ မိသားစုက အရိုးကျပြီး မြေကြီးအောက် ရောက်သွားပြီ၊ မင်းရဲ့ သားသမီးတွေက မင်းထက် အိုမင်းသွားပြီ၊ မင်းရဲ့ မြေးမြစ်တွေက အိမ်ထောင်ကျလို့ သားသမီးတွေ ရကုန်ပြီ… ခရီးသွား၊ မင်း ဒီနေရာမှာ ရပ်ကြည့်နေခဲ့တာ နှစ်တစ်ရာတိတိ ရှိသွားပြီ…”

…။

“ဆရာသခင်အနေနဲ့ ကျွန်တော့်ကို သင်ပြပေးနိုင်မလား…”

…။

သစ်ခုတ်သမားက အမြဲစိမ်းထင်းရှူးပင်အောက်ရှိ ကျောက်တုံးပေါ်တွင် ထိုင်၍ သူ့ကို စတင်သင်ကြား ပို့ချပေးလာ၏။

သူ နှစ်ထောင်းအားရစွာ မိန်းမောနားထောင်နေမိသည်။ ထောင်ပေါင်းများစွာသော ကျိုးကြောင်းဆင်ခြင်မှု သဘောတရားများက သူ့ခေါင်းထဲ စီးဝင်လာ၏။ ကျောက်တုံးကြီး၏ ဘေး၌ ထိုင်၍ နှစ်ပေါင်းဒါဇင်ချီအောင် နားထောင်ရင်း မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာ၏ ပေါင်းစည်းကျင့်စဉ်ကို သူ သင်ယူခဲ့ရသည်။

သစ်ခုတ်သမားက လက်ဆန့်၍ သူ့ငယ်ထိပ်ကို ထိကိုင်လိုက်၏။ ချင်မူ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ အဘွားစစ် နောက်ပြန်ဆုတ်သွားသည်ကို တွေ့လိုက်ရသည်။

သူက ပစ္စုပ္ပန်ကာလ တန်ခိုးရှင်သက်ဆင်းတောင်ပေါ်တွင်သာ ရှိနေသေးပြီး အတိတ်ကာလသို့ ပြန်ရောက်သွားခြင်း မရှိပေ။

ဤသည်က ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ဂိုဏ်းသခင်ဟောင်းများ၏ သင်ကြားမှုပုံစံ ဖြစ်ပြီး တည်ထောင်သူ ဂိုဏ်းသခင် ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းခြင်း ဖြစ်သည်။ ဤနည်းဖြင့် မီးတောက်က ငြိမ်းသေခြင်းမရှိတော့။

ချင်မူမှာ ကျောက်တုံးပေါ်တွင် ငူငူကြီး ထိုင်နေမိ၏။ သူတော်စင်တန်ခိုးရှင်က သူ့ခေါင်းကို ထိကိုင်၍ သူ့ဆံပင်ကို ထုံးနှောင်ကာ ထာဝရရှင်သန်ခြင်းကို လက်ဆင့်ကမ်းသွားသည်။ မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာ၏ ပေါင်းစည်းကျင့်စဉ်က စာသားဖြင့် မဟုတ်သကဲ့သို့ သရုပ်ဖော်ပုံဖြင့်လည်း မဟုတ်ချေ။ ဂိုဏ်းသခင်တစ်ယောက်မှ နောက်တစ်ယောက်သို့သာ လက်ဆင့်ကမ်းနိုင်၏။

မရေမတွက်နိုင်သော အချက်အလက် အပိုင်းအစများစွာ သူ့ခေါင်းထဲတွင် ပေါ်ထွက်လာသော်လည်း အစီအစဉ်တကျ စုစည်းနိုင်ခြင်း မရှိသေးချေ။

ဤအတွေ့အကြုံ လက်ဆင့်ကမ်းခြင်းက သူ၏ ကျင့်စဉ်စွမ်းအင်ကို မြင့်တက်စေခြင်း မရှိခဲ့သော်လည်း အရာများစွာ ဆောင်ကြဉ်းလာပြီး သူ့အနေဖြင့် ထိုအရာများကို နားလည် သဘောပေါက်အောင် လေ့လာရဦးမည် ဖြစ်၏။

တည်ထောင်သူ ဂိုဏ်းသခင်က အဘယ်ကြောင့် ပေါင်းစည်းကျင့်စဉ်ကို ဂိုဏ်းသခင်တစ်ယောက်မှ နောက်တစ်ယောက်သို့သာ လက်ဆင့်ကမ်းနိုင်သည်ဟု ပြောဆိုခဲ့မှန်း ယခု သူ သဘောပေါက်သွားချေပြီ။

အဘယ်ကြောင့်ဆိုသော် မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာတွင် ပေါင်းစည်းကျင့်စဉ် မရှိ …။

သို့တည်းမဟုတ် ပေါင်းစည်းကျင့်စဉ်က ယခုထိ ဖွဲ့စည်းရခြင်း မရှိသေးဟု ပြောနိုင်၏။

မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာ၏ ပေါင်းစည်းကျင့်စဉ်က သစ်ခုတ်သမား ကျောက်တုံးပေါ်မှ ပို့ချခဲ့သော သင်ခန်းစာတွင် ကိန်းအောင်းပါဝင်နေသည်။ သို့သော်လည်း ဂိုဏ်းသခင်များအနေဖြင့် ထိုသင်ခန်းစာကို သူတို့ဖာသာ နားလည်အောင် ဆင်ခြင်သုံးသပ်ရန် လိုအပ်၏။ သူတို့ မည်မျှ နားလည် သဘောပေါက်၍ မည်သည့်အရာကို နားလည် သဘောပေါက်သည် ဆိုခြင်းမှာ ဂိုဏ်းသခင်များ၏ နားလည် သဘောပေါက်နိုင်စွမ်းပေါ် မူတည်နေပေသည်။ သူတို့၏ လမ်းကြောင်း၊ သူတို့၏ ဉာဏ်ပညာနှင့် သူတို့၏ ကံကြမ္မာကို သူတို့ဖာသာ ရွေးချယ်ရပေလိမ့်မည်။

ဂိုဏ်းသခင် အယောက်စီတိုင်း နားလည် သဘောပေါက်ခဲ့သည့် ပေါင်းစည်းကျင့်စဉ်က ထပ်တူမကျဘဲ ကွဲပြားခြားနားနေသည်ဟု အခိုင်အမာ ပြောနိုင်၏။ သဘောတရားအရ တူကောင်းတူမည် ဖြစ်သော်လည်း ဂိုဏ်းသခင် တစ်ယောက်ချင်းစီ၏ ပေါင်းစည်းကျင့်စဉ်က တစ်ယောက်နှင့်တစ်ယောက် သေချာပေါက် ခြားနားနေသည်။

ဂိုဏ်းသခင် သုံးရာ့ခြောက်ဆယ် ရှိလျှင် ကျင့်စဉ် သုံးရာ့ခြောက်ဆယ် ရှိမည် ဖြစ်ပြီး ဂိုဏ်းသခင် တစ်သောင်း ရှိလျှင် ကျင့်စဉ်တစ်သောင်း ရှိမည် ဖြစ်သည်။

ချင်မူ ပထမဆုံး တွေးလိုက်မိသည်က အလိမ်ခံလိုက်ရပြီ ဟူ၏။

မည်မျှ ဆိုးရွားလိုက်ပါသနည်း။ ဒဏ္ဍာရီတစ်ပါး ဖြစ်သည့် ပေါင်းစည်းကျင့်စဉ်က ဤအတိုင်း အသုံးပြု၍ မရဘဲ သူ့ဖာသာ နားလည်သဘောပေါက်အောင် လေ့လာရဦးမည်။

ထပ်၍ တွေးလိုက်မိသည်က ဤသည်မှာ စစ်မှန်သော သင်ကြားမှု ဖြစ်၏။ အထွတ်အမြတ် ဆရာသခင် ဆိုသည်မှာ ဤသို့သာ ဖြစ်ရမည် မဟုတ်ပါလား။

ကိုယ်တိုင် သဘောပေါက်နားလည်အောင် လေ့လာယူရသည်က ကိုယ်ပိုင်သောအရာ ဖြစ်ပြီး သူတစ်ပါးထံမှ သင်ယူရသည်က သူတစ်ပါး ပိုင်ဆိုင်သော အရာသာ ဖြစ်သည်။ ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၏ လက်ဆင့်ကမ်းသင်ကြားမှုက နန်းတွင်းကောလိပ် အပါအဝင် အခြား မည်သည့်ဂိုဏ်းမျှ မယှဉ်သာသော အရာ ဖြစ်၏။

လူငယ်ဂိုဏ်းချုပ်က သက်ပြင်းတစ်ချက် ချ၍ အဘွားစစ်ကို ကြည့်လိုက်သည်။ ဂိုဏ်းသခင်လီ၏ အသံက အဘွားစစ်၏ နှုတ်ဖျားမှ ထွက်ကျလာ၏။ “ဆရာ၊ ကျွန်တော်က ဂိုဏ်းသခင် မဟုတ်တော့ဘူးနော်… ဒါ ကျွန်တော့်ရင်ထဲက မိစ္ဆာနတ်ဆိုးကို ဖျက်ဆီးဖို့ အခွင့်အရေးပဲ၊ ဆရာ့အနေနဲ့ ဝင်မနှောင့်ယှက်ဖို့ မျှော်လင့်ပါတယ်…”

All Chapters