← Chapters

အမှိုက်သခင်လေး ၉

Vol. 1 Ch. 1

အမှိုက်သခင်လေး ၉

Vol. 1 Ch. 1

လော့ပေမြို့တော်၏ နယ်နိမိတ်အနီး၊ အဆုံးမရှိသောနေဝင်တောထဲတွင် ပိန်ပါးပြီး အားနည်းသောလူတစ်ဦးသည် သစ်ပင်ကြီးကိုကျောပေးကာ ဖင်တရွတ်တိုက်သွားနေ၏။ သူမသည် အနားကပ်လာသောလူများကို ကြည့် လိုက်သည် “မင်းတို့.. ဘာလုပ်ချင်တာလဲ မနေ့က မင်းတို့ကို ကာကွယ်ရေး အခကြေးငွေပေးပြီးပြီလေ”

သူမသည် မနေ့ကပင် ရှိစုမဲ့စု ရွှေဒင်္ဂါးသုံးပြားကို ပေးခဲ့ပြီးပြီဖြစ်၏။ ဤမနက်တွင် ထိုလူများသည် သူမ၏အစ်ကိုကို တွေ့လိုက်သည်ဟုဆိုကာ သူမ ကိုလှည့်စားခေါ်လိုက်ခြင်းဖြစ်သည်။

သူမ၏အစ်ကိုသည် မိသားစု၏ဆင့်ခေါ်မှုကြောင့် မြို့တော်ကိုရောက်လာ ခြင်းဖြစ်သည်။ သူမသည် သူ့ကိုမတွေ့ရသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ် ၏။ ပြီးခဲ့သည့်နှစ်များတွင် သူမသည် နေ့တိုင်းနီးပါးပင်အရိုက်ခံခဲ့ရသည်။

“ကာကွယ်ရေးအခကြေးငွေဟုတ်လား.. သခင်လေး ၉ ပိုက်ဆံကတောင် မင်းကို မကာကွယ်နိုင်တော့ဘူး.. ဘယ်သူက မင်းမှာ ပါရမီရှင်အစ်ကိုရှိခိုင်းလို့လဲ.. သူပြန်လာပြီး ငါတို့မင်းကို အနိုင်ကျင့်တာကိုသိ သွားရင် ငါတို့တွေ ကောင်းကောင်းနေရပါဦးမလား”

“ဟုတ်တယ်.. ပြီးတော့ မင်းက ဒီအတိုင်းအမှိုက်သာသာပဲ.. မင်းက ပေထင်းမိသားစုရဲ့ တိုက်ရိုက်အမွေဆက်ခံသူ ဖြစ်ခွင့်ဘယ်မှာရှိလဲ.. ရှက်ဖို့ မကောင်းလွန်းဘူးလား”

“ငါသာမင်းဆိုရင် ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်တာကြာပြီ.. ဘယ်လို မျက်နှာနဲ့ အသက်ရှင်နေသေးတာလဲ”

“ဒီဖွတ်ကျားကို မြန်မြန်သာရှင်းလိုက်တော့ ဘယ်သူ့ကိုမှအမြင်မခံနဲ့”

အဖွဲ့ခေါင်းဆောင်ဖြစ်သော အရပ်ရှည်ရှည်နှင့်လူသည် ပေထင်းဟွမ်၏ ကျောပြင်ကို ကန်လိုက်သည်။ ထိုနာကျင်မှုကြောင့် ပေထင်းဟွမ်ငိုမိသည်။ သူတို့သည် အဆင့် ၂ အဆင့် ၃ မျှရှိသော ဝိညာဉ်ကျင့်ကြံသူများဖြစ်ကြကာ သူမမှာတော့ အမှိုက်တစ်စသာဖြစ်သည်။ သူမသည် ပြန်၍ပင်မတိုက်ခိုက်နိုင် ပေ။

“ဘယ်သူလဲ ငါ့ကိုသတ်ခိုင်းတာဘယ်သူလဲ” ပေထင်းဟွမ်သည် ကြောက်ရွံ့စွာဖြင့် မေးလေသည်။ သူမသည် သူမ၏ခေါင်းကိုကိုင်ထားကာ ကြမ်းတမ်းသည့်လူငယ်အုပ်စုကို ကြည့်ပင်မကြည့်ရဲပေ။

“မင်းကိုပြောပြလည်း ထူးမှာမဟုတ်ဘူး” အရပ်ရှည်ရှည်နှင့်လူ ရယ်မော လေသည်။ သူတို့သည် ပေထင်းမိသားစုဂိုဏ်းခွဲဖြစ်သည်။ သူတို့သည် မျိုးဆက် ၃ ဆက်မြောက်၊ တိုက်ရိုက်ဆက်ခံသူဖြစ်သော ပေထင်းဟွမ်ကို သူတို့ရှေ့၌ ကြွက်တစ်ကောင်လို ကြောက်ရွံ့ပြေးလွှားသည်ကို နှစ်ခြိုက်ကြသည်။ သူတို့ သည် ဝိညာဉ်စွမ်းအားပင် စုစည်းရန်မလိုပေ‌။ “မြို့တော်ကို ဂုဏ်သရေရှိ ဧည့်သည်တော်လာမယ်လို့ သခင်လေးဟန်ပြောတယ်.. မင်းလို အသုံးမကျတဲ့ လူက ဂုဏ်သရေရှိဧည့်သည်တော်ရှေ့မှာ မိသားစုကို အရှက်ခွဲမှာ သူက ကြောက်နေတာ.. အဲဒါကြောင့် မင်းကို အပြစ်ပေးခိုင်းလိုက်တာပဲ”

ပေထင်းဟွမ်သာ သေသွားလျှင် ရွှေဒင်္ဂါး ၅၀ ပြားရမည်ဖြစ်သည်။

ထိုးနှက်ချက်များနှင့် ကန်ချက်များသည် ပိုပို၍ပြင်းထန်လာသည်မှာ ခံရသူသည် ဓားနှင့်တစ်ခါတည်း ထိုးစေချင်လောက်သည်အထိဖြစ်သည်။

ပေထင်းဟွမ်သည် ခန္ဓာကိုယ်ကိုကွေးထားပြီး ခေါင်းနှင့်ရင်ဘတ်ကို ကာထားသည်။ သူမသည် အော်ပင်မအော်နိုင်တော့ပေ။ သူမ၏ စိတ်ထဲတွင် အမုန်းတရားများ ကိန်းအောင်းနေသည်။ ညှာတာပေးရန် တောင်းဆိုမည့်အစား သေသာသေလိုက်ချင်သည်။

တစ်ယောက်သည် သူမ၏လည်တိုင်ကို ကန်လိုက်ရာ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရပြီး မေ့လဲသွားတော့သည်။

“ဒီကလေးက ဒီအတိုင်းသေသွားပြီလား” အရပ်ပုပုနှင့်လူသည် ပေထင်းဟွမ်၏ တံတောင်ကို ခြေထောက်ဖြင့်ကန်ကာ တံတွေးဖြင့်ထွေးလိုက် သည် “သူက တကယ်ကို အရိုက်မခံနိုင်ဘူးပဲ”

“သူ့ကိုယ်ပေါ်မှာ တန်ဖိုးရှိတာ တစ်ခုခုရှိမလားလို့ ကြည့်လိုက်” အရပ် ရှည်ရှည်နှင့်လူသည် ပေထင်းဟွမ်၏ ကံဆိုးမှုကြောင့် သူ့ကိုပါလာညစ်ပတ် သွားစေမည်ကို ကြောက်သဖြင့် လက်ခုပ်တီးကာ မြေပြင်တွင် နှစ်ချက်ခါလိုက် ၏။

မည်သို့ပင်ဖြစ်စေကာမူ ဤကလေးသည် မိသားစု၏ ၉ ယောက်မြောက် သခင်လေးဖြစ်သည်။ သူ၏အင်္ကျီများသည် မဆိုးလှပေ။ သို့သော် သူ၏အင်္ကျီ များကို မည်သူဝတ်ရဲမည်နည်း။ အရပ်ပုပုနှင့်လူသည် သူမ၏ခန္ဓာကိုယ်ကို နင်းကြည့်ရာ မည်သည့်အရာကိုမှမတွေ့ရပေ။ သူ ပြောလိုက်၏ “ကံဆိုးလိုက် တာ” သူသည် သူမ၏ အင်္ကျီလက်ဘယ်ဘက်၊ ညာဘက်ကိုကြည့်သည်။ မထင်မှတ်စွာပင် သူမ၏လက်ကောက်ဝတ်တွင် လက်ပတ်တစ်ခုရှိနေသည်။

လက်ပတ်သည် ခရမ်းရောင်ဖြစ်ပြီး ထုထည်မှာ ထင်ပေါ်ခြင်းမရှိပေ။ လက်ပတ်မှာ ဟောင်းနွမ်းပြီး ရှုပ်ထွေးသောပုံစံများထွင်းထုထားရာ မျက်စိကို ဖမ်းစားနိုင်လောက်သည်အထိမဟုတ်ပေ။ သို့သော် ပေထင်းဟွမ်တွင် ထိုပစ္စည်းတစ်ခုသာ ကျန်ခဲ့သည်။ သူတို့သည် ပေထင်းဟွမ်ကိုသတ်ရန် များစွာ အားထုတ်ခဲ့ရသည်။ သူတို့တွေ ဒီအတိုင်း လက်ဗလာနဲ့ပြန်ရမှာလား။

“ဟွန်း ဒီကောင်လေးက ဒီလောက်ကောင်းတဲ့ပစ္စည်းကို ဖွက်ထားသေး တယ်” အရပ်ရှည်ရှည်နှင့်လူသည် ရှေ့တိုးလာသည်။ အရပ်ပုသည့်လူသည် ပေထင်းဟွမ်၏ လက်ကောက်ဝတ်ကိုဆုပ်ကိုင်ပြီး အရပ်ရှည်သည့်လူသည် လက်ပတ်ကို ချွတ်လိုက်သည်။

လက်ပတ်သည် သူမ၏လက်ကောက်ဝတ်တွင် ကပ်နေပြီး ချွတ်မရပေ “ဓားပါလား သူ့လက်ကိုဖြတ်လိုက်”

ဒီလောက်ကောင်းတဲ့လက်ပတ်ဆိုရင် ရွှေဒင်္ဂါးနည်းနည်းနဲ့ လဲလို့ရမှာပဲ။

ဓားတစ်ချောင်း သူ့ဆီရောက်လာသည်။ အစက ပေထင်းဟွမ်ကို ဓားတစ် ချောင်းဖြင့်သာ သတ်ရန်ဖြစ်သည်။ သို့သော် ထိုးနှက်ကန်ကျောက်ရသည်ထက် ခုတ်ထစ်ရသည်က အဘယ့်ကြောင့် ပို၍စိတ်လှုပ်ရှားရန်ပိုကောင်းနေသည် နည်း။

All Chapters