← Chapters

ဇာမဏီပြန်လည်မွေးဖွားလာခြင်း

Vol. 1 Ch. 2

ဇာမဏီပြန်လည်မွေးဖွားလာခြင်း

Vol. 1 Ch. 2

အရပ်ရှည်သည့်လူသည် ဓားယူကာ ပိုင်ထင်းဟွမ်၏ လက်ကောက်ဝတ် ကို လှီးဖြတ်လိုက်၏။ ဓားမှာအလွန်ထက်ရှလှသည်။ တစ်ချက်လှီးလိုက်သည် နှင့် ပိုင်ထင်းဟွမ်၏ လက်ကောက်ဝတ်တွင် ဒဏ်ရာကြီးကျန်ခဲ့လေသည်။ သို့သော်ငြား အရိုးကိုတော့ လှီးဖြတ်နိုင်ခြင်းမရှိပေ “သေစမ်း မြက်ပင်ကို ဖြတ် လိုက်ရသလိုပဲ”

သူမ၏လက်ကောက်ဝတ်မှ သွေးများပန်းထွက်လာပြီး စီးကျလာသည်။ သို့သော် ထိုမထင်မရှားလက်ပတ်သည် သွေးများကို စုပ်ယူနေသည်ကို မည်သူ မှ သတိမထားမိကြပေ။  လက်ပတ်သည် တစီစီထွက်နေသောသွေးများကို စုပ်ယူနေသည်။

နောက်တစ်ချက်…

ထိုအခိုက်တွင် ပေထင်းဟွမ်၏ ပိတ်ထားသောမျက်လုံးများ ရုတ်တရက် ပွင့်လာသည်။ သူမ၏မျက်လုံးထဲတွင် လက်ကနဲဖြစ်သွားကာ ဓားသည် သူမ၏ အကြည့်အောက်၊ လေပေါ်တွင် အေးခဲနေ၏ “မင်းတို့က သေချင်နေကြတာပဲ”

သူမ၏ လက်ကောက်ဝတ် မည်သို့ဖြစ်သွားသည်ကို သူမ မသိပေ။ သို့သော် ရုတ်တရက်ရောက်လာသော အန္တရာယ်သည် သူမ၏ ခါးကို အလိုလို မတ်သွားစေပြီး ကန်လိုက်ရာ အရပ်ရှည်ရှည်နှင့်လူ၏ လက်ထဲမှ ဓားချော်ထွက် သွားလေသည်။ ပေထင်းဟွမ် လှုပ်ရှားလိုက်သည်နှင့် ဓားသည် လေထဲတွင် လည်ပြီး အရပ်ရှည်ရှည်နှင့်လူ၏ အနောက်မှလူ၏ လည်ပင်းကို ဖြတ်ဖောက် ထိုးစိုက်သွားသည်။ ဘုန်းဆိုသည့်အသံနှင့်အတူ ဓားသည် သူ့အနောက်မှ သစ်ပင်တွင် သွားစိုက်လေသည်။

“ပေထင်းဟွမ်”

ဒါက ပေထင်းဟွမ်ဟုတ်ရဲ့လား။ အဲဒီအမှိုက်လား။ အမှိုက်မှာ ဘယ်လို လုပ် ဒီလိုအရည်အချင်းတွေရှိနေတာလဲ။

ထိုအလှည့်အပြောင်း အဖြစ်အပျက်သည် အားလုံးကို ထိတ်လန့်သွားစေ ကာ သူတို့၏ မျက်လုံးအိမ်များပင် ထွက်ကျလုနီးပါးဖြစ်နေသည်။ လူ တစ်ယောက်သည် ခေါင်းထောင်ပြီး အော်လေတော့သည် “ဖုတ်ကောင်ကြီး အသက်ပြန်ရှင်လာပြီ”

ပေထင်းဟွမ်၏ လက်ကောက်ဝတ်ကို ကိုင်ထားသည့် အရပ်ပုပုနှင့်လူ သည် ကြောက်လန့်တကြား ချက်ချင်းပင် နောက်ပြန်ဆုတ်လေသည်။ သူ့ ခြေထောက်အောက်မှ သစ်ပင်အမြစ်နှင့် ခလုတ်တိုက်ကာ ဟန်ချက်ပျက်ပြီး လဲကျလေ၏။ ပေထင်းဟွမ်သည် မြေပြင်ပေါ်မှထလိုက်သည်။ သူမသည် လှီးဖြတ်ခံထားရသော သူမ၏လက်ကောက်ဝတ်မှာ သွေးများ အလွန်အမင်း ထွက်နေသည်ကို မြင်လိုက်ရသည်။ သူမသည် အင်္ကျီကိုဆွဲဖြဲကာ ဒဏ်ရာ ပတ်ပတ်လည်ကို ဖြည်းဖြည်းချင်း စည်းပတ်လိုက်သည်။

သူမ၏ မျက်နှာထားမှာ အေးစက်လှသည်။ ဒဏ်ရာကြောင့် အသားများ ဖွာထွက်နေပြီး အရိုးများကိုပင် မြင်နေရသည်။ မည်မျှနာကျင်လှသည်ကို မသိ နိုင်သော်လည်း သူမသည် မျက်မှောင်ပင်မကြုတ်ပေ။

သူမ ဒဏ်ရာများ ပတ်တီးစည်းနေချိန်တွင် ထိုလူများသည် ထွက်ပြေးချင် နေကြသည်။ ပေထင်းဟွမ်သည် နှာမှုတ်ကာ အားလုံး၏မျက်နှာများကို အေးစက်သောအကြည့်များဖြင့် ကြည့်လိုက်သည်။ ထိုလူများ၏ ခန္ဓာကိုယ်ထဲမှ သွေးများသည် အေးခဲသွားသလိုပင်။ သူတို့သည် လူစုမခွဲရဲဘဲ တစ်ယောက်နှင့် တစ်ယောက် ပူးကပ်နေကြသည်။

သူတို့သည် ဤလူ၏လက်ထဲမှ မလွတ်မြောက်နိုင်သလို ခံစားရသည်။

ပေထင်းဟွမ်သည် ခြေထောက်မြှောက်ပြီး အရပ်ပုပုနှင့်လူ၏ ရင်ဘတ် ပေါ်သို့နင်းလိုက်သည်။ သူမသည် ခေါင်းကိုမော့ထားပြီး အထင်သေးစွာဖြင့် ပြန် ငုံ့ကြည့်လိုက်သည် “မင်းတို့က ငါ့ကိုသေစေချင်တာလား”

သူမ ပြောင်းလဲသွားချေပြီ။ ရုပ်ချောရုံသာရှိပြီး အသုံးမကျသည့် သခင်လေး ၉ ပြောင်းလဲသွားလေ၏။ အစောကပင် သူမ မည်သို့သေဆုံးသွား ကြောင်းကို ရှင်းလင်းစွာ မြင်လိုက်ရသော်လည်း ရုတ်တရက် အသက်ပြန်ရှင် လာသည်။ သူမ အသက်ပြန်ရှင်လာပြီးနောက် လုံးဝမတူညီသည့်လူတစ် ယောက်ကဲ့သို့ဖြစ်သွားသည်။ အတိတ်ကဆိုလျှင် သခင်လေး ၉ သည် ကြောက်တတ်ပြီး စကားကိုကျယ်ကျယ်ပင်မပြောရဲပေ။ သူမ အရိုက်ခံရသည် ကိုပင် စောဒကမတက်ရဲပေ။ ယခုအခါ သူမသည် ကြောက်စရာကောင်းနေ သည်။

“မင်းတို့ လုပ်နိုင်မယ်ထင်လို့လား” သူမ၏ မျက်ခုံးများသည် ရှည်လျားပြီး မျက်လုံးများသည် အေးစက်လှသည်။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ကြောက် မက်ဖွယ်ရောင်ဝါများထွက်နေသည်။ သူမသည် ထိုလူများကို ပုရွက်ဆိတ်များ ကဲ့သို့ ကြည့်လေသည်။

သူမသည် မူလအစက ၂၁ ရာစု၏ အမှောင်ကမ္ဘာကြေးစားလောက၏ ဘုရင်တစ်ပါးဖြစ်ခဲ့သည်။ သူမ၏ အမည်ဝှက်မှာ “ဇာမဏီ” ဖြစ်ကာ သူမသည် ကမ္ဘာတစ်ခုလုံးကို လွှမ်းမိုးခဲ့သည်။ သည်တစ်ကြိမ် သူမ၏ လုပ်ဖော်ကိုင်ဖက် များကို ကယ်ရန် မစွန့်စားလိုက်လျှင် သူမ၏အသက်ကို မည်သူမှ နှုတ်ယူနိုင် မည်မဟုတ်ပေ။ သူမ သေဆုံးသွားသည်နှင့် မွေးကတည်းကပင် သူမနှင့် အတူရှိ လာသည့် ခရမ်းရောင်ကျောက်စိမ်းသည် သူမပတ်ပတ်လည်ကို ဝန်းပတ်လိုက် သည်။ သူမ နိုးလာချိန်တွင် ဓားတစ်ချောင်းသည် သူမ၏လက်ကောက်ဝတ်ကို လှီးဖြတ်နေသည်ကို မြင်လိုက်ရသည်။

ဒါက သူမရဲ့ခန္ဓာကိုယ် မဟုတ်ခဲ့ဘူး။ ဒါပေမဲ့ အခုကစပြီး သူမအပိုင်ဖြစ် သွားပြီ။

မည်သူမှ သူမကိုမထိရဲတော့ပေ။

သူမ၏ ခြေဖျားထိပ်သည် အရပ်ပုပုနှင့်လူ၏ နှလုံးအား ဖိထားသည်။ ဂျွတ်… အရပ်ပုပုနှင့်လူ၏ ခန္ဓာကိုယ်သည် တုန်ယင်သွားပြီး သူ့ခေါင်းသည် မြေကြီးနှင့် ကြမ်းတမ်းစွာရိုက်မိသွားလေသည်။ သူ သေသွားပြီ။

ကြောက်ဖို့ကောင်းလိုက်တာ။

အားလုံးသည် အရပ်ရှည်ရှည်နှင့်လူဆီသို့ ကပ်သွားသည်။ သူတို့သည် အစပိုင်းတွင် အဘက်ဘက်ကို ထွက်ပြေးရန်ဖြစ်သည်။ သူတို့ရှေ့မှလူသည် ခန္ဓာကိုယ်တွင် ချီဝိညာဉ်အတက်အကျမရှိသော်လည်း သူမ၏အကြည့် တစ်ချက်သည် လူတစ်ယောက်ကို သတ်နိုင်လေသည်။

All Chapters