သခင်လေး ၉ ချမ်းသာပေးပါ
Vol. 1 Ch. 3
“မင်း မင်း မင်း မလာနဲ့ မလာနဲ့” အရပ်ရှည်သောလူသည် အကြောက်ဆုံး ဖြစ်နေကာ လူများဝန်းရံလျက် နောက်ဆုတ်လေသည်။ သူ့အနောက်တွင် ကျယ်ပြန့်ပြီး အဆုံးမရှိသည့် နေဝင်တောရှိသည်။ ထိုတောထဲတွင် မှော်သားရဲ များ ဟိန်းသံပေးနေသည်။ သူတို့သာ ရောက်လာပြီး အဆင့် ၁၊ အဆင့် ၂ ရှိသော သားရဲများ ခုန်အုပ်ပြီး သူတို့ကိုစားလျှင် ဘာမှကျန်တော့မည်မဟုတ်ပေ။ “ဒီကို လာခဲ့ရင် ငါတို့ မင်းနဲ့တိုက်ခိုက်မှာနော်”
“ဟင်း” ပေထင်းဟွမ်သည် နူးညံ့စွာနှာမှုတ်ပြီး ခြေဖျားနှင့်မြေကြီးကို ထောက်ကာ တည့်တည့်ပျံသွားပြီး အရပ်ရှည်သောလူ၏ လည်ပင်းကိုကန် လိုက်သည်နှင့် မားမားကြီးရပ်နေသော ထိုလူသည် မျက်လုံးပြူးကြီးဖြင့် နောက်လှန်ကြလေသည်။
“အား အား အား သူမကိုတိုက်ခိုက်ကြ”
ထိုမြင်ကွင်းသည် ထိုလူများအတွက် စိန်ခေါ်မှုတစ်ရပ်ပင်။ တဖြည်းဖြည်း နီးကပ်လာသော သေဆုံးမှု၏ဖိအားကို မည်သူမှ မခံနိုင်ကြပေ။ ကျန် လေးယောက်တို့သည် အဖွဲ့လိုက် ပေထင်းဟွမ်ဆီသို့ ပြေးလာကြလေသည်။ ထို အဆင့် ၂၊ အဆင့် ၃ ရှိကြသော ဝိညာဉ်ကျင့်ကြံသူများသည် ဝိညာဉ်စွမ်းအင်ရှိ ကြကာ သူတို့၏တိုက်ပွဲစွမ်ရည်မှာလည်း သာမန်လူများထက် ၁၀ ဆပိုမြင့် သည်။
ဒါပေမဲ့ ဘာဖြစ်လဲ…
ပေထင်းဟွမ်သည် ထူးဆန်းသည့် ခြေသိုင်းကွက်ဖြင့် လျှောက်သွားပြီး သူမ၏ပုံရိပ်သည် လေသဖွယ်မြန်ဆန်ကာ သူတို့လေးယောက်၏ ရှေ့သို့ လျှပ် တပြက်ရောက်လာကာ အနောက်သို့ဆင်းသက်လိုက်လေသည်။ သူတို့ မတုံ့ပြန် ခင်မှာပင် ခြေထောက်တစ်ဖက်ရောက်လာပြီး နောက်ကျောပြင်မှ နာကျင်မှုကို နှစ်ယောက်သား ခံစားလိုက်ရသည်။ သူသည် လေးလံသောဝန်တစ်ခု၏ ရိုက်နှက်ခြင်းကိုခံလိုက်ရသကဲ့သို့ ကျောရိုးသည် အားကောင်းသည့်ရိုက်ချက်ကို မခံနိုင်တော့ဘဲ ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေသွားကာ ရှေ့သို့လဲကျသွားလေ သည်။ ပြီးနောက် ပါးစပ်မှအမြှုပ်များထွက်ကာ သေဆုံးသွားလေ၏။
“သခင်.. သခင်.. သခင် ၉ ချမ်းသာပေးပါ ချမ်းသာပေးပါ”
ကျန်လူနှစ်ယောက်သည် အမြင်ရှိသည်။ သူတို့က အဆင့် ၂ ဝိညာဉ် ကျင့်ကြံသူဖြစ်နေလည်း ဘာလုပ်ရမှာလဲ။ သူတို့ရှေ့က အမှိုက်က ဘယ်ရောက် သွားတာလဲ။ သူတို့အားလုံးသည် သခင်လေး ၉ ၏လှည့်စားခြင်းကိုခံလိုက်ရ လေပြီ။ သူမသည် အရင်က ဟန်ဆောင်နေခြင်းဖြစ်မည်။ သူမက လော့ပေမြို့ တစ်ခုလုံးကို လိမ်ထားတာပဲ။
“မင်းရဲ့အသက်ကို ဘယ်သူလိုချင်လဲဆိုတာ ငါတို့.. ငါတို့သိတယ်.. ငါတို့ မဟုတ်ဘူး ငါတို့က သူများအတွက် လုပ်ပေးတာပါ”
သူတို့နှစ်ယောက်သည် အလုအယက်ပြောကြလေ၏ “သခင်ဟန့်ပါ မင်း ကို သတ်ပေးဖို့ ရွှေဒင်္ဂါး ၅၀ ပေးပါတယ်”
“ဟား ဟား ဟား” မောက်မာသောရယ်သံသည် တောအစပ်မှထွက်လာ ကာ ပေထင်းဟွမ်သည် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူမ ပြန်မွေးဖွား လာပြီးနောက် ဤကဲ့သို့ ဟာသတစ်ပုဒ်ကို ကြားလိုက်ရလိမ့်မည်ဟု ထင်မထား ပေ။ သူမအသက်အတွက် ရွှေဒင်္ဂါး ၅၀ ပေးတယ်ပေါ့။ အဲလောက်တောင် ဈေးပေါတာလား။
ထိုယောက်ျားနှစ်ယောက်သည် ဒူးထောက်ထားကာ မျက်လွှာချထားပြီး တုန်ယင်နေရင်းနှင့် တောင်းပန်ကြလေသည် “ကျေးဇူးပြုပြီးခွင့်လွှတ်ပေးပါ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”
“ခွင့်လွှတ်ရမယ်ဟုတ်လား” သူမ၏ နှစ်မြို့ဖွယ်ကောင်းသည့် မျက်ခုံးနှင့် မျက်လုံးများကို သစ်ကိုင်းများ၏ အရိပ်ကျနေရာ အတားအဆီးကို ချိုးဖျက်လာ သည့် နတ်မိစ္ဆာတစ်ကောင်နှင့် တူနေလေသည်။
သူမ၏ မျက်နှာမှာ တည်ငြိမ်လှသော်လည်း ရင်များမှာတော့ ကဆုန်ပေါက်လျက်ရှိသည်။ အစောလေးကတင် ဤခန္ဓာကိုယ်၏ မှတ်ဉာဏ် များလှိမ့်တက်လာခဲ့ပြီး သူမ၏သရုပ်မှန်ကို သိခဲ့ရသည်။ သူမသည် အမှိုက်တစ် စအဖြစ် ပြန်လည်မွေးဖွားခဲ့ရသည်။ ဤအမှိုက်သည် တိုက်ကိုလှုပ်ခတ်နိုင်သည့် အင်အားကြီးသည့် ပေထင်းမိသားစု၏ မျိုးဆက်သုံးဆက်မြောက်ဖြစ်သည်။ သူမ၏ နာမည်မှာ ပေထင်းဟွမ်ဖြစ်သည်။ သူမသည် မိန်းကလေးတစ်ဦးဖြစ် သော်လည်း အကြောင်းအရင်းတချို့ကြောင့် ယောက်ျားလေးတစ်ယောက် သဖွယ်ဝတ်စားနေရသည်။
ထိုလူများ ဖြတ်ယူချင်နေသည့် လက်ပတ်သည် တကယ်တော့ အဆင့်မြင့် ဝိညာဉ်ပစ္စည်းဖြစ်ကာ သူမ၏လိင်ကို ဖုံးကွယ်ရန်ဖြစ်သည်။
ထိုလူများသည် မျိုးနွယ်တစ်ခုထဲမှ သူမ၏အစ်ကိုများဖြစ်သည်။
အစ်ကိုများသည် တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်နေကြသလို မိသားစုဝင်အချင်းချင်းလည်း တိုက်ခိုက်နေကြသည်။ သူမသည်လည်း အဖမ်းခံ နေရသည်။
သက်ညှာပေးရမယ်ဟုတ်လား။ ဒီခန္ဓာကိုယ်ပိုင်ရှင် မသေခင်ကလည်း တောင်းပန်ခဲ့တာပဲမလား။ သူမကိုရော သက်ညှာပေးလို့လား။
သူမ၏ခန္ဓာကိုယ်အတွင်းတွင် သူမအပိုင်မဟုတ်သည့် ခံစားချက်များ အတက်အကျရှိလာသည်။ ထိုခံစားချက်သည် မူလပိုင်ရှင်၏ ခံစားချက်များ ဖြစ်ကြောင်းကို ပေထင်းဟွမ်သိသည်။ သူမသည် ခံပြင်းဒေါသထွက်နေသည်။
ပေထင်းဟွမ်သည် စိတ်ထဲမှ တိုးညင်းစွာနှစ်သိမ့်ပေးလိုက်သည် “စိတ်မပူ ပါနဲ့ ငါက မင်းအဖြစ် ပြန်မွေးဖွားလာမှတော့ မင်းအတွက် လက်စားချေပေးမယ် မင်းကို အလဟဿ မသေစေရဘူး”
သူမ ထိုသို့ပြောပြီးနောက် ထိုခံစားချက်မှာ ပျောက်ကွယ်သွားလေသည်။ ဤအခိုက်အတန့်မှစပြီး သူမသည် ပေထင်းဟွမ်အစစ်အမှန်ဖြစ်သွားသလိုပင်။