← Chapters

ညအရှင်

Vol. 1 Ch. 4

ညအရှင်

Vol. 1 Ch. 4

ပေထင်းဟွမ်၏ မျက်လုံးများ ပိုပိုကြမ်းတမ်းလာသည်ကို ကြည့်ပြီး ယနေ့ မလွတ်မြောက်နိုင်တော့ဘဲ တောင်းပန်လျှင်လည်း အသုံးမဝင်တော့သည်ကို သိသည်နှင့် သူတို့နှစ်ယောက်သည် စတင်ခြိမ်းခြောက်တော့သည် “ပေထင်းဟွမ် မင်းနဲ့ငါတို့က ပေထင်းမိသားစုဝင်တွေပဲ.. မင်းက တိုက်ရိုက် အမွေဆက်ခံသူဖြစ်ရင်တောင် မိသားစုဂိုဏ်းခွဲက ငါတို့ကို မသတ်နိုင်ပါဘူး”

“အဲလိုလား” ပေထင်းဟွမ်သည် ဒဏ်ရာရနေသော သူမ၏ညာဘက် လက်ကောက်ဝတ်ကို‌ မြှောက်ကြည့်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်တစ်စိတ် တစ်ပိုင်းကို ကြည့်နေခြင်း မဟုတ်သည့်အလား သူမ၏ အကြည့်များမှာ အေးစက်လှသည်။ သူမ ခေါင်းမော့ပြီး နေဝင်တော့ကို စောင်းကြည့်လိုက်သည်။ မိုးချုပ်လာပြီဖြစ်ရာ မြို့သို့အမြန်ပြန်ရမည် “ဒီနေဝင်တောမှာက နေ့တိုင်း လူ ထောင်ချီသေနေတာပဲ”

ထိုအကြောင်းအရင်းကြောင့်ပင် သူတို့သည် ပေထင်းဟွမ်ကို ဤတောဆီ သို့ရောက်လာရန် လှည့်ဖျားခဲ့ခြင်းဖြစ်သည်။

သူမ လက်မြှောက်ကာ သူတို့၏ဦးခေါင်းထိပ်ကို ရိုက်လိုက်သည်။ အရင် ဘဝ အမှောင်ကမ္ဘာကြေးစားဘုရင် တစ်ဘောက်အနေနှင့် သူမတွင် သတ်ဖြတ် ရန် နည်းလမ်းများစွာရှိသည်။ သူတို့နှစ်ယောက်သည် သူမ၏ ရှေ့၌ပင် ပျော့ခွေ သွားပြီး မျက်တောင်ပင်မခတ်ဘဲ မြေကြီးပေါ်သို့ တဖြည်းဖြည်း လဲကျသွား လေသည်။

ထိုလူသတ်သည့်နည်းလမ်းမှာ ရှင်းလင်းသပ်ရပ်ပြီး ကြည့်ရသည်မှာ မျက်စိအရသာရှိလှသည်။

“ထွက်လာခဲ့”

ပြတ်သားစွာအော်သံနှင့်အတူ ပေထင်းဟွမ်သည် နေရာ၌ပင်ရပ်ပြီး လှည့် မကြည့်ဘဲ လက်ခုပ်ခပ်ဖွဖွတီးလိုက်ကာ အနောက်မှလူများ ထွက်လာမည်ကို စောင့်နေလေ၏။

ထိုလူများသည် ဘေးမှ ပြောင်တင်းစွာကြည့်နေခဲ့သည်။ သူတို့ရဲ့ ရည်ရွယ်ချက်ကဘာလဲ။ သူမသည် မတုန်မလှုပ်လုပ်ရသည်ကို မကြိုက်ပေ။ တိုက်ခိုက်ခြင်းသည် အကောင်းဆုံး ကာကွယ်မှုပင်ဖြစ်သည်။

သူမ ဒီလောက်မောက်မာအောင် ဘယ်ဟာတွေကများ ထောက်ပံ့ပေးနေ တာလဲ။

ယန်ယဲ့နားမလည်ပေ။ သူသည် ပိန်ပါးပြီး အားနည်းသည့် လူငယ်၏ ကျောပြင်ကိုကြည့်ပြီး သူမအနောက်ဆီသို့ ပတ်လျှောက်သွားလိုက်သည်။ သူ၏ ရှည်လျားသောဝတ်ရုံသည် မြေပြင်ပေါ်တွင်တိုက်နေသည်။ သို့သော် ဖုန်ပေကျံ ခြင်းမရှိပေ။ သူ၏အနက်ရောင်ဘရိုကိတ်ဝတ်ရုံပေါ်တွင် အနီရောင်နှင်းပန်း အလွှာများကို ရွှေရောင်ခြည်ဖြင့် အနားသပ်ထားသည်။ ထိုပန်းများသည် လုံးဝ ပင် ပွင့်လန်းနေကြသဖြင့် လူများသည် စိုက်ပင်မကြည့်ရဲပေ။

ငွေရောင်ဆံပင်ရှည်သည် လေမတိုက်ဘဲ လွင့်နေကာ ပုံရိပ်တစ်ခုနှင့်ပင် အားကောင်းသည့် ဖိနှိပ်မှုကို ပေထင်းဟွမ်ခံစားမိလိုက်သည်။ သူမသည် အကျင့်ဖြစ်နေရာ ခါးမှသေနတ်ကို ဆွဲထုတ်ရန် ဟန်ပြင်လိုက်သော်လည်း လက်ချောင်းများသာ လှုပ်နိုင်ပြီး ထိုလူကြည့်လိုက်သည်နှင့် လှုပ်မရတော့ပေ။

သူမသည် မကြုံဖူးသည့် အန္တရာယ်ကို ခံစားလိုက်ရသည်။ ဒီလူက အရမ်း ကြောက်ဖို့ကောင်းတာပဲ။ မဟုတ်ဘူး သူမကိုယ်တိုင်က အားနည်းနေတာပဲ။ သူမသည် ဤကဲ့သို့ တစ်ခါမှမဖြစ်ဘူးပေ။ သူမသည် သန်မာပြီး မည်သူမှ ခြိမ်းခြောက်လို့မရသည့် အရင်ဘဝကကဲ့သို့ ခွန်အားနှင့် စွမ်းအားကိုတောင့်တ သည်။

သူမ၏ပတ်ပတ်လည်ကို လူများဝိုင်းလာသည်။ အစောက လူငယ်ကဲ့သို့ ပင် ဖိအားသည်ပိုက်ကွန်သဖွယ်ဖြစ်နေကာ ပေထင်းဟွမ်ကို ချုပ်ထားလေ သည်။ သူမသည် ဘေးဘီကိုကြည့်လိုက်သည်။ သူမ၏ဘေးတွင် ဘယ်၊ညာ ကိုယ်ရံတော်နှစ်ယောက်ရှိနေကာ သူတို့၏မျက်နှာမှာ တင်းမာနေပြီး အနက် ရောင်ဘရိုကိတ်ဝတ်ရုံဝတ်ထားသည်။ သူတို့၏ အင်္ကျီပေါ်တွင် ရွှေရောင်ပန်း များကို ချည်ထိုးထားရာ ပို၍ပင်ထူးဆန်းနေသည်။

ထိုလူများသည် လက်ဗလာနှင့်ဖြစ်သော်လည်း ပေထင်းဟွမ်သည် သူတို့ ကို အထင်မသေးရဲပေ။

ဤတိုင်းပြည်တွင် ထိုလူများသည် သူမ မတွေးတတ်လောက်အောင် အားကောင်းသည်ကို သူမ ကောင်းစွာသိသည်။

ဒါပေမဲ့ အဲတော့ ဘာဖြစ်လဲ။ အဲလူတွေ သူမကိုသတ်ချင်တယ်ဆို.. သူမ သေသွားရင်တောင် အလွယ်တကူသတ်ခွင့်ပေးမှာမဟုတ်ဘူး။

သူမ မျက်လုံးများကို မှိတ်လိုက်သည်။ ဤကမ္ဘာတွင် သူမသည် အလွန် အားနည်းသည်။ သူမသည် ခြိမ်းခြောက်ခံရသည့်ခံစားချက်ကို မုန်းသည်။ ထို ခံစားချက်သည် သူမကို မလုံမခြုံဖြစ်စေသည်။ သူမသည် တခြားသူများကို အထင်သေးရန်မွေးဖွားလာခြင်းဖြစ်ပြီး အထင်သေးမခံနိုင်ပေ။ ယနေ့ အသက် ရှင် နိုင်သရွေ့ ဤကမ္ဘာကြီး မည်မျှပင် ထူးခြားနေစေကာမူ သူမ.. ပေထင်းဟွမ် သည် ဤကမ္ဘာ၏ထိပ်ဆုံးတွင် နေထိုင်ပြီး အားလုံး၏ လေးစားမှုကိုရယူမည်။ နေရာတိုင်းတွင် အန္တရာယ်များပြည့်နေပြီး အသက်ရှင်ရန် ရုန်းကန်နေရသည့် ယခုလိုအခက်အတန့်တွင် သူမသည် အရင်ကလိုမဟုတ်တော့ပေ။

“အတင့်ရဲလိုက်တာ.. ညဘုရင်ရှေ့မှာ ဒူးထောက်လေ”

ဒူးထောက်ရမယ်ဟုတ်လား.. သူမက ကောင်းကင်နဲ့ မြေကြီးရှေ့မှာ တောင် ဒူးမထောက်ဖူးတာ။ သူမ အဲဒီအနေအထားကို မလုပ်တတ်ဘူး။

ပေထင်းဟွမ်သည် မျက်စိထောင့်မှ အသံလာရာကိုကြည့်လိုက်သည်။ သူမ၏ ညာဘက်မှ သွယ်လျသောမျက်လုံးနှင့် လူငယ်တစ်ယောက်သည် သူမ ဒူးမထောက်လျှင် သတ်တော့မည့်အတိုင်း ကြမ်းတမ်းစွာ ကြည့်လေသည်။

All Chapters