လွှမ်းမိုးနိုင်သောအလှတရား
Vol. 1 Ch. 5
ထိုစကားပြောသူမှာ ညမီးတောက်၏ ကိုယ်ရံတော်ကြီးလေးပါးထဲမှ တစ် ယောက်ဖြစ်သည့် ချုံချီဖြစ်သည်။
ချုံချီသည် ဤကဲ့သို့လူမျိုးကို မမြင်ဖူးပေ။ ဤပင်မတိုက်ကြီးတွင် သူ၏ ညဘုရင်အရှင်ကို ခါးမတ်ပြီးကြည့်နေသူကို မမြင်ဖူးပေ။ ဤကောင်လေးသည် ၁၄၊ ၁၅ နှစ်အရွယ်ရှိကာ ခန္ဓာကိုယ်တွင် ရောင်ဝါအတက်အကျမရှိပေ။ ကြည့် လိုက်သည်နှင့် သူသည် အမှိုက်တစ်စဖြစ်သည်မှာ သိသာနေသည်။ သူ့ရဲ့ လူသတ်နည်းတွေက ထူးခြားနေတာကြောင့်သာမဟုတ်ရင် ညအရှင်က ဒီလို အမှိုက်ကို ဘယ်လိုလုပ်စိတ်ဝင်စားမှာလဲ။
သူမကို မျက်စိထောင့်နဲ့တောင် ကြည့်မှာမဟုတ်ဘူး။
သူသည် သူမ စိုက်ကြည့်နေသည်ကို ကြင်နာစွာသတိပေးလိုက်သည်။
ချုံချီသည် သူ့ကိုအော်လိုက်ချင်သော်လည်း အရှင်ယဲ့ဝမ်သည် လက်ကို အသာမြှောက်ကာ ဆိုလိုက်၏ “မလိုဘူး”
ထိုအသံမှာ တိုးညင်းသော်လည်း အရည်အသွေးမှာ အလွန်ခမ်းနားလှပြီး သာယာလှသည်။ သို့သော် ကြားလိုက်ရသူအဖို့ အလွန်အေးစက်သွားစေကာ အေးခဲနေသည့် နဝမနွေဦးကဲ့သို့ဖြစ်နေသည့်အပြင် မရဏလောကမှ အရိုးဖြူ ဖြူလက်ကြီး ထွက်လာပြီး လည်ချောင်းကိုညှစ်ထားသကဲ့သို့ ဝိညာဉ်ကို ပိတ်လှောင်ထားသလိုဖြစ်နေသည်။
သို့သော် သူ စကားပြောလိုက်သည်နှင့် ဖိအားများလျော့ကျသွားပြီး ခန္ဓာ ကိုယ်ထဲမှ သွေးများ ပြန်စီးဆင်းသွားလေသည်။
ပေထင်းဟွမ်သည် ရုတ်တရက် ခေါင်းမော့ကာ ထိုလူအားကြည့်လိုက်၏။ ထိုလူသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်ကို သူမ သိသည်။ သို့သော် သူမသည် မည်မျှပင် ကြောက်ရွံ့နေစေကာမူ ထိုလူများလက်ထဲ၌ဆိုလျှင် သေချာပေါက်သေသွားနိုင်သည်။
အဓိပ္ပာယ်ဖော်၍မရသော မျက်နှာမျိုးဖြစ်သည်။ သူ၏ ခါးအထိကျနေ သော ဆံနွယ်ရှည်များသည် လေအတိုက်တွင် လှုပ်ခတ်နေကာ သူ၏ သိမ်မွေ့ သော မျက်နှာအသွင်အပြင်သည် ယောက်ျားလား မိန်းမလား ခွဲခြားရန် ခက်ခဲလှသည်။ တိမ်တိုက်များဆီသို့ ပျံသန်းနေသည့် တောင်ကြီးတစ်တောင် ကဲ့သို့ တင်းမာသော မျက်ခုံးကြောင့် သူ၏မျက်နှာမှာ ခမ်းနားပြီး ထူးဆန်းသည့် ခံစားချက်ကို ပေးစွမ်းသည်။ သူ၏မျက်နှာမှာ သူရဲကောင်းဆန်ပြီး ရှည်လျား ကျဉ်းမြောင်းသည့် အနီရောင်ဇာမဏီကဲ့သို့ စူးရှသည့်မျက်လုံးတစ်စုံ၊ မျက်လုံး အိမ်မှာလည်း ခရမ်းရောင်တောက်ပနေကာ မျက်လုံးထောင့်များသည် မှင်ကို စုတ်တံဖြင့် ကွပ်ထားသကဲ့သို့ဖြစ်နေရာ အလွန်ပင် လိုက်လျောညီထွေရှိလှ၏။
မျက်နှာမှာ ကျောက်စိမ်းကဲ့သို့ ကြည်လင်ပြီး အသားအရေမှာ ကြွေထည် ကဲ့သို့ ချောမွေ့လှသည်။ သူကဲ့သို့ အသားအရေကောင်းသော မိန်းကလေးကို ဤကမ္ဘာ၌ပင် တွေ့ရန်လွယ်မည်မဟုတ်ပေ။ အလင်းရောင်အနည်းငယ် ကျရောက်သွားသည်နှင့် လရောင်ကဲ့သို့ တောက်ပနေနိုင်သည်။ သူ၏ နှာတံမှာ ရှည်လျားပြီးစင်းနေသည်။ သို့သော် နှုတ်ခမ်းများမှာ ချယ်ရီပွင့်ဖတ်များကဲ့သို့ နူးညံ့နေသည်မှာ လေအဝှေ့တွင် လွှင့်ပါနေသည့် နူးညံ့သည့်အမှုန့်များ အလင်း ရောင်အောက်တွင် တောက်ပနေသကဲ့သို့ ဖြစ်နေသည်။
သူသည် အလွန်ချောမောပြီး ခမ်းနားလှသည့်လူဖြစ်သည်။ သို့သော် သူ၏ အလှတရားကို မည်သူမှ မတပ်မက်ရဲပေ။
သူ ထိုနေရာတွင်ရပ်နေသည်မှာ ကမ္ဘာပေါ်မှ အလင်းသည် သူ့ကို မထိရဲ ပေ။
သူ၏ခမ်းနားသောရောင်ဝါကြောင့် လေဟာနယ်များပင် လှိုင်းတွန့်များ ထ,နေသည်။
ဤလူကိုကြည့်ရသည်မှာ စကြာဝဠာတစ်ခုလုံးရှိ အရာခပ်သိမ်းကို ဝါးမျို နေသော တွင်းနက်ကြီးကို မြင်နေရသလိုပင်။ သူသည် သက်ရှိအားလုံးရောနှော နေသည့် ဘုံသုံးပါး၏နောက်ကွယ်မှ ကြမ်းကြုတ်သည့် လက်စုံကဲ့သို့ပင်။ ကမ္ဘာ ပေါ်မှ သာမန်လူဆိုလျှင် သူ့ရှေ့တွင် ဒူးထောက်ရသည်။
သူသည် အလွန်ခမ်းနားလှသလို ကြောက်မက်ဖွယ်လည်း ကောင်းလှ သည်။
ထိုသို့ဆိုတောင် ပေထင်းဟွမ်သည် သူ့ကို ကြည့်ရုံမျှသာကြည့်ကာ ခေါင်း မာမာနှင့် ခေါင်းမော့လိုက်ပြီး သူ့ရှေ့တွင် ကြောက်ရွံ့မှုကိုမပြပေ။ သူက ကောင်းကင်ဘုံက နတ်ဆိုရင်တောင် ဘာဖြစ်လဲ။ သူမက အလျှော့ပေးလိုက်ရ မှာလား။ မဖြစ်နိုင်ဘူး။
ယန်ယဲ့သည် သူ့ရှေ့မှလူငယ်ကို စိတ်ဝင်တစားကြည့်နေမိသည်။ သူ့ရှေ့မှ ဝိညာဉ်စွမ်းအင်ပင် မစုနိုင်သော အသုံးမကျသည့် လူငယ်မဆိုထားနှင့် သူ၏ ဖိအားကို ခံနိုင်ရည်ရှိသူမှာ ရှားပါးလှသည်။
ထိုလူငယ်တွင် လူသတ်မည့်အရှိန်အဝါရှိနေသည်။ သူသည် သေရေးရှင် ရေးကို မကြုံခဲ့ရသကဲ့သို့ သေခြင်းတရားကိုလည်း မတိုက်ခိုက်ခဲ့ရပေ။
အဲဒါကြောင့် သူ့ကိုမကြောက်တာကိုး။
ဤကမ္ဘာတွင် သူ့ကိုမကြောက်သူမှာ မများလှပေ။ အတိတ်တွင် တစ် ယောက်ရှိခဲ့ကာ ယခုတစ်ယောက်ရှိနေသည်။ သူတို့သည် အလွန်တူညီလှ၏။
ယန်ယဲ့သည် သူမကို နက်ရှိုင်းသောမျက်လုံးများဖြင့်ကြည့်ပြီး သူမ၏ လက်ကောက်ဝတ်ဆီသို့ အကြည့်ရောက်သွားသည်။ သူချုံချီကို တစ်ချက်ကြည့် လိုက်သည်။ ပြီးသည်နှင့် နှင်းပန်းထိုးထားသည့် အနက်ရောင်ဝတ်ရုံသည် ကြွေကျနေသော သစ်ရွက်များအကြား၌ မျက်စိတစ်မှိတ်တွင်း ပျောက်ကွယ် သွားလေသည်။
“ဒီမှာ ဒါမင်းအတွက်” ချုံချီသည် လက်ဖဝါးဖြန့်လိုက်သည်နှင့် သူ့လက် ပေါ်တွင် ကျောက်စိမ်းပုလင်းတစ်ခုပေါ်လာသည်။ သူသည် ပေထင်းဟွမ်အား ပစ်ပေးလိုက်သည်။ မည်သို့ဖြစ်သွားသည်ကို ပေထင်းဟွမ် နားမလည်လိုက် သော်လည်း လက်မြှောက်ကာ ဖမ်းလိုက်သည်။ ဘာမှမမေးလိုက်ရခင်မှာပင် ချုံချီသည် ထိုလူ့နောက်သို့ လိုက်သွားပြီဖြစ်သည်။
တခြားသုံးယောက်သာ ကျန်ခဲ့လေသည်။