← Chapters

ပြောင်းလဲခြင်း

Vol. 1 Ch. 6

ပြောင်းလဲခြင်း

Vol. 1 Ch. 6

ကျောက်စိမ်းပုလင်းတွင် ဆေးအနည်းငယ်ပါသည်။ သူမသည် ဆေးများ ကို နှာခေါင်းနားကပ်ပြီး အနံ့ခံကြည့်သည်။ လန်းဆန်းသောမွှေးရနံ့သည် သူမ ၏ နှာခေါင်းအတွင်း ပျံ့ဝင်လာသည်။ ဆေးများအကြောင်းကို သူမ မသိသော် လည်း ဆေးကောင်းများဖြစ်သည်ကိုတော့ သိသည်။

သူမသည် ထိုလူကို မတွေးဘဲမနေနိုင်ပေ။ သူသည် ညအရှင်ဖြစ်သည်ဟု သူ၏လက်အောက်ငယ်သားက ပြောသွားသည်။ သူမ မျက်လုံးများကို ကျဉ်းမြောင်းပြီး ခေတ္တမျှတွေးကြည့်မိသည်။ သူမသည် အရင်ပိုင်ရှင်၏ မှတ်ဉာဏ်များကို ရှာဖွေကြည့်သည်။ ညအရှင်သည် လက်ရှိ မင်းသား ၃ ဖြစ် သည်။ ဒီလူက မြို့တော်မှာ ဖြစ်ရမှာမဟုတ်ဘူးလား။ ဒီလိုနယ်စပ်မြို့သေးသေး လေးကို ဘာလို့လာတာလဲ။

ပေထင်းဟွမ်သည် ခေါင်းခါလိုက်သည်။ ဒီကိစ္စတွေက သူမနဲ့မှမဆိုင်တာ။ သူမသည် ဒဏ်ရာရနေသော လက်ကောက်ဝတ်ကိုမြှောက်ကြည့်လိုက်သည်။ ဒဏ်ရာမှာအလွန်နက်ကာ အရိုးမှာလည်း ပျက်စီးနေပြီဖြစ်သည်။ သို့သော် အရင်ကလည်း ဒဏ်ရာအပြင်းအထန်ရဖူးသဖြင့် ဤဒဏ်ရာလောက်သည် သူမ အတွက် ဘာမှမဟုတ်ပေ။

သို့သော် သူမ၏အသက်ကိုယူရန် ရွှေဒင်္ဂါး ၅၀ သုံးသည့် ဝမ်းကွဲအစ်ကိုကို တွေးပြီး ရေရွတ်လိုက်သည်။ “သခင်လေးဟန်” သူမသည် ဆေးတစ်လုံး သွန်မှောက်ကာ ပါးစပ်ထဲထည့်လိုက်သည်။

ထိုဆေးသည် ကောင်းလွန်းသည်။ ပါးစပ်ထဲတွင်ပျော်ဝင်သွားပြီး နွေးထွေးမှုနှင့် အေးစိမ့်မှုသည် သူမ၏ခြေလက်နှင့် အရိုးများဆီသို့ ပျံ့နှံ့သွား သည်။ သူမ လက်ကောက်ဝတ်ကို ကိုင်လိုက်ချိန်တွင် နာကျင်မှုရပ်တန့်သွားပြီး ထုံကျဉ်ကာ ယားကျိကျိခံစားချက်ရလာသည်။

ပေထင်းဟွမ်သည် လက်ကောက်ဝတ်မှာ ပတ်တီးကိုဖြည်ကာ လက်ကို မြှောက်ပြီး ကြည့်မိသည်။ ဒဏ်ရာမှာ မျက်စိရှေ့၌ပင် အမြန်ပြန်ကောင်းလာ သည်။

ဘယ်ခေတ်မှာမဆို ဒီလိုသက်စောင့်ဆေးက အရမ်းတန်ဖိုးကြီးတယ် မလား။

ပေထင်းဟွမ်သည် မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။ ညအရှင် သူမကို ဤဆေးဝါးကောင်းများ ပေးရခြင်း၏ရည်ရွယ်ချက်မှာ မည်သို့ပင်ဖြစ် စေကာမူ အနည်းဆုံးတော့ ဆေးတစ်ပုလင်းရလိုက်ခြင်းသည် ကောင်းသည်။

ပေထင်းဟွမ်သည် ကျောက်စိမ်းပုလင်းကို ခါးတွင်ချိတ်ပြီး ဝတ်ရုံကို ပြန်ခါကာ လော့ပေမြို့၏ ဂိတ်တံခါးဝဆီသို့ လျှောက်သွားခဲ့သည်။

မိုးကုတ်စက်ဝိုင်း၏ တိမ်တိုက်များသည် ရှည်လျားပြီး ခမ်းနားသည့် မြို့ တံခါးဝကို အလွန်ပင် ထူးခြားအောင် ပံ့ပိုးပေးနေသည်။ ပေထင်းဟွမ်သည် ထိုနေရာတွင်ရပ်ပြီး အပေါ်ရှိ မြို့တံခါးမျှော်စင်မှ “လော့ပိုင်မြို့” ဆိုသည့် စာလုံးကြီးသုံးလုံးကို မော့ကြည့်လိုက်သည်။ ဤမြို့သည် တိုက်တွင် တောင်ဘက်ကျသည့် မြို့ဖြစ်သည်။ ဆောင်းရာသီတွင် အေးနေဆဲဖြစ်သည်။ သို့သော် လေအေးများသည် သူမကို အေးစက်မသွားစေပေ။ ဆန့်ကျင်ဘက် အနေနှင့် သူမ၏သွေးများ ဆူပွက်နေသည်။

သူမသည် သေမလိုဖြစ်ခဲ့သည်။ သို့သော် ယခုအခါ အသက်ပြန်ရှင်လာ သည်။

ဒီလူထူးဆန်းတဲ့ ကမ္ဘာမှာ အသက်ပြန်ရှင်လာတာ စိတ်မလှုပ်ရှားဘဲ ဘယ်နေပါ့မလဲ။

အသုံးမကျတဲ့ခန္ဓာကိုယ်ပင် သူမကို ကျေနပ်စေသည်။ သူမ၏ အဘိဓာန် တွင် “အမှိုက်” ဆိုသည့် စကားလုံးမရှိပေ။ သူမ၏ဘဝသည် အမြဲတစေ စိတ်လှုပ်ရှားဖွယ် ကောင်းခဲ့သည်။

သူမ ခြေလှမ်းကာ မြို့ထဲသို့ လျှောက်ဝင်ခဲ့သည်။ မြို့တံခါးပေါက်ကို စောင့်ကြပ်နေသည့် တပ်သားများသည် အဝေးမှ လူတစ်ယောက်လာနေသည် ကို မြင်သည်နှင့် ခေါင်းမော့ရင်ကော့နေလေသည်။ သူတို့သည် သူတို့၏ မျက်လုံးများကို ဖိပြီးမပွတ်ဘဲမနေနိုင်တော့ပေ။ သူတို့သည် အနီးကပ်ကြည့် ပြီးရင်း ကြည့်နေမိသည်။ သူတို့ မမှားနိုင်ပေ။ အဲဒါက အဲဒီအမှိုက်ပဲ။ ပေထင်း မိသားစုရဲ့ သခင်လေး ၉ ပဲ.. ဒါပေမဲ့ တစ်ခုခုတော့ ကွာခြားနေတယ်။

“ကြည့်လိုက် အဲဒါ ပေထင်းမိသားစုရဲ့ သခင်လေး ၉ မဟုတ်ဘူးလား.. ငါပဲ အမြင်မှားနေတာလား”

“အာ.. ဟုတ်တယ် ဒါပေမဲ့ သူနဲ့မတူဘူး”

ပေထင်းမိသားစုရဲ့ သခင်လေး ၉ က ဘယ်တုန်းက သူမလိုမျိုး ခေါင်းမော့ ပြီး လမ်းလျှောက်ဖူးလို့လဲ။ သို့သော် သည်တစ်ကြိမ်တွင် သူမသည် အနက် ရောင်ဝတ်ရုံဝတ်ထားသည်။ ခြေလှမ်းတစ်လှမ်းစီမှာ ခိုင်မာနေပြီး လမ်းမကျယ် ကြီးတွင် လျှောက်လာသည်။ သူမ၏ရောင်ဝါမှာ ဖိနှိပ်နိုင်ပြီး သူမကို ပိုချောမော ကာ ကျက်သရေရှိပြီး ထူးခြားစေသည်။

“ဟုတ်တယ် သခင်လေး ၉ ပဲ.. ငါ အမြင်မမှားပါဘူး.. သခင်လေး ၉ က ဒီလောက်ချောလိမ့်မယ်လို့ ထင်မထားဘူး.. ငါအရင်က အနီးကပ်တောင် မကြည့်ဖူးဘူး”

“ဟုတ်တယ် ယောက်ျားတစ်ယောက်အနေနဲ့ သူက စွမ်းအားအပြည့်နဲ့ ကြီးပြင်းလာတာပဲ.. သူ နည်းနည်းတော့ ပြောင်းလဲသွားသလိုပဲ”

အသုံးမကျသည့် သခင်လေး ၉ ကို လော့ပေမြို့မှ လူတိုင်းနီးပါးသိကြ သည်။ လော့ပေမြို့သည် နယ်နိမိတ်ကျဉ်းမြောင်းကာ ပေထင်းမိသားစုနှင့် နှီးနွှယ်နေရသည်။ သို့သော် ကြီးကျယ်ခမ်းနားနေတုန်းပင်။ လက်ဖက်ရည်ဆိုင် များ၊ ကျယ်ပြန့်သောလမ်းများနှင့် ကျောက်စိမ်းအဖြူများခင်းထားသည့် လမ်း များသည် ရထားလုံး ဆယ်စင်းလုံး တစ်ပြိုင်နက် ဘေးချင်းယှဉ်လျက်သွား၍ ရ သည်။ နေရာတိုင်းတွင် ခမ်းနားသည့်ရောင်ဝါရှိသည်။

ပေထင်းဟွမ် လျှောက်လာရင်းနှင့် မြို့ကို စပ်စုစွာဖြင့် လှည့်ပတ်ကြည့်နေ မိသည်။ ပေထင်းမိသားစုသည် မြို့၏အလယ်တွင် နေထိုင်သည်။ သွားရန် လမ်း တစ်လမ်းသာရှိသည်။

“သခင်လေး ၉ သခင်လေး ၉ မြန်မြန်ပုန်းတော့ ပြန်မသွားနဲ့ သခင်လေး မင်က လူတွေခေါ်ပြီး သခင်လေးကိုရှာနေတယ်” မိန်းကလေးတစ်ဦးသည် သူမဆီသို့ အလောတကြီးပြေးလာသည်။

All Chapters