← Chapters

သူမမှာ စေ့စပ်ထားတဲ့သူရှိတယ်

Vol. 1 Ch. 7

သူမမှာ စေ့စပ်ထားတဲ့သူရှိတယ်

Vol. 1 Ch. 7

ထိုမိန်းကလေးကို ကြည့်ပြီး ပေထင်းဟွမ်သည် လက်မြှောက်ပြီး နဖူးကို ရိုက်မိတော့သည်။ ထိုမိန်းကလေးမှာ သူမနှင့် စေ့စပ်ထားသည့်သူ မုချင်းလင်မှ လွဲပြီး တခြားသူမဖြစ်နိုင်ပေ။

သူမ၏ဤခန္ဓာကိုယ်သည် လျှို့ဝှက်ချက်များစွာ သွယ်ဝှက်ထားသည်။ သူမ၏ လိင်ကိုဖုံးကွယ်ထားရုံသာမက ငယ်စဉ်ကတည်းက စေ့စပ်ထားသည့် မိန်းကလေးလည်းရှိနေသည်။

သို့သော် ထိုမိန်းကလေးသည် သူမအပေါ် အလွန်ကောင်းပေးသည်။ သူမ သည် လော့ပေမြို့တွင် ကျော်ကြားသော အလှပဂေးဖြစ်သည်။ သူမ၏ ပါးပြင် များသည် ချောမွေ့လှပြီး မျက်ခုံးများသည် ပန်းချီဆွဲထားသကဲ့သို့ပင်။ တစ်ဖက် တွင် ပေထင်းဟွမ်သည် အသုံးမကျသည့်နေရာ၌ ကျော်ကြားသည်။ လော့ပေ မြို့မှလူတိုင်း သူမကိုအနိုင်ကျင့်ခဲ့သည်။ သို့သော် သူမ၏ဇနီးလောင်း တစ် ယောက်သာ အနိုင်မကျင့်ဘဲ အဘက်ဘက်မှ ကာကွယ်ပေးခဲ့သည်။

“ချင်လင်း ညဒီလောက်မိုးချုပ်နေမှ ဘာလို့ထွက်လာတာလဲ” ပေထင်း ဟွမ်သည် ချင်လင်းကို ဆွဲထားလိုက်သည်။ သို့သော် ထိုမိန်းကလေးသည် ထိတ်လန့်တကြား ခြေတစ်လှမ်းဆုတ်သွားကာ ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့သွားလေ သည်။

ပေထင်းဟွမ်သည် မည်သို့ပြောရမည်ကို မသိတော့ပေ။ သူမသည် အမြန် ပင် လက်ပြန်ရုတ်ကာ ချောင်းနှစ်ချက်ဟန့်လိုက်သည်။ နောက်ဆိုလျှင် သူမ၏ သရုပ်မှန်ကို မှတ်မိအောင် လုပ်ရမည်။ သူမသည် ပေထင်းမိသားစု၏ သခင် လေးဖြစ်သည်။ သူမက ယောက်ျားလေးပဲ.. ယောက်ျားလေး..

“ကျွန်မ… သခင်လေးက ရှင့်ကိုရှာဖို့ လူတွေခေါ်ပြီး မြို့အပြင်ကိုသွား တယ်လို့ ကြားတယ် အဲဒါကြောင့် လာကြည့်တာပါ” ပေထမ်းဟွမ် သူမ၏ လက်ကောက်ဝတ်ကို ကိုင်လိုက်ချိန်တွင် မုချင်းလင်၏ မျက်နှာသည် ကောင်းကင်ထက်မှ တိမ်တိုက်များကဲ့သို့ နီရဲနေသည်။

ပေထင်းဟွမ် ပြုံးလိုက်သည်။ သူမသည် လမ်းတစ်ဖက်မှ လူများကို မြင် ပြီးနေပြီဖြစ်သည်။ သူမသည် မတတ်သာတော့ဘဲ မုချင်းလင်၏ အင်္ကျီလက်ကို ဆွဲပြီး သူမအနောက်သို့ ပို့လိုက်သည်။

ပေထင်းမင်သည် လူ ၅ ယောက် ၆ ယောက်ခန့်နှင့် ရောက်နှင့်နေပြီဖြစ် သည်။ သူတို့အားလုံးသည် ပေထင်းမိသားစု၏ တပ်သားများဖြစ်ကြသည်။ သူတို့သည် ကျူးကျူးကျော်ကျော်နှင့် ရောက်လာကြသည်။ သူသည် ပေထင်းဟွမ် သေသလား၊ ရှင်သလားကိုကြည့်ရန် မြို့အပြင်သို့ ဦးတည်နေခြင်း ဖြစ်သည်။ လမ်းအလယ်တွင် ပေထင်းဟွမ်ကိုမြင်လိုက်ရချိန်တွင် သူ မှင်တက်မိ ၏။

ဒီအမှိုက်က ဘာလို့မသေသေးတာလဲ။

ပေထင်းဟွမ်သည် ခေါင်းမော့ရင်ကော့ကာ သူရောက်လာသည်ကို ကြည့် နေခဲ့သည်။ သူမကို ဒီလောက်အားကောင်းတဲ့ နောက်ခံကို ဘယ်သူပေးတာလဲ။ သူမအနောက်မှ တိတ်တိတ်လေးခိုးကြည့်နေသော မုချင်းလင်ကို မြင်သောအခါ ပေထမင်းမင်သည် ဒေါသထွက်သွားလေသည် “အိုး ဘာတွေဖြစ်နေတာလဲလို့ သိချင်နေတာ.. သခင်မလေးမုက မင်းကိုကာကွယ်ထားတာပဲ.. ငါပြောမယ် သခင်လေး ၉ မင်းက တကယ့်အသုံးမကျတဲ့ကောင်ပဲ.. မင်းက ယောက်ျားတွေ ကိုအရှက်ခွဲနေတာ.. မိန်းမတစ်ယောက်နောက်မှာ ပုန်းနေလည်း ဘာအသုံးဝင် မှာလဲ”

ပေထင်းမင်သည် မုချင်းလင်ကို စိုက်ကြည့်နေသည်။ လော့ပေမြို့တော် တွင် မုချင်းလင်ကို မနှစ်သက်သည့် ယောက်ျားငယ်ဟူ၍မရှိပေ။ ဤ မိန်းကလေးသည် အလွန်လှလွန်းနေသည်။

မုချင်းလင်သည် ပေထင်းမင် သူမဆီသို့ ရောက်နေသော အကြည့်များကို အလွန်မုန်းတီးသည်။ သူမသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားနေမ ၏။ သခင်လေး ၉ နောက်တွင် ပုန်းနေသူမှာ သူမဖြစ်သည်။ ထိုလူများသည် သခင်လေး ၉ ကို အမြဲတစေ အနိုင်ကျင့်ခဲ့ကြသည်။ “သခင်လေး မင် ဒါဘာ အဓိပ္ပာယ်လဲ.. ရှင်တို့ ကျွန်မအကြောင်းလည်းသိတာပဲ.. ကျွန်မက ဝိညာဉ် ကျင့်ကြံသူမဟုတ်ဘူး”

ပေထင်းဟွမ်တွင် ဝိညာဉ်ချီမရှိသောကြောင့် မကျင့်ကြံနိုင်သည်ကို သူမ ငယ်စဉ်ကတည်းက သိခဲ့သည်။ ပေထင်းဟွမ်ကို တခြားသူများ လှောင်ပြောင် ကြမည်ကို သူမ ကြောက်သည်။

ပေထင်းဟွမ်သည် နှာမှုတ်ကာ ရှေ့တစ်လှမ်းတိုးလိုက်သည်။ ခြေတစ် လှမ်းနှင့်ပင် သူမ၏ဖြတ်လပ်လှသေ ပုံရိပ်သည် ခြေလှမ်းဆယ်လှမ်းခန့်တွင် ရှိနေသော ပေထင်းမင်၏ရှေ့သို့ ရောက်သွားသည်။ သူမသည် ပေထင်းမင်၏ ကော်လာကို ဆွဲကိုင်ကာ “အမှိုက်ဟုတ်လား အမှိုက်ဖြစ်နေတာ ဘာဖြစ်လို့လဲ.. မင်းတို့ မနာလိုနေတဲ့ အမှိုက်ကဘာဖြစ်နေလို့လဲ ဘယ်လိုပဲဖြစ်ဖြစ် မင်းက ငါ့လူတွေကို တပ်မက်နေတာလား.. မင်းတို့ အသက်မရှင်ချင်တော့ဘူးထင် တယ်”

သူမသည် အံကြိတ်ကာ သူ၏ရင်ဘတ်ကိုတွန်းပြီး လည်ပင်းညှစ်ထား လိုက်သည်။ ကျိုးကြေသည့်အသံနှင့်အတူ ပေထင်းမင်သည် နာကျင်စွာဖြင့် အော်ဟစ်လေသည်။ သူ၏သွေးကြောထဲမှ ရှိသည့်စွမ်းအားများကို စုစည်းရန် ကြိုးစားလိုက်သော်လည်း ဗလာကျင်းနေသည်။ အထဲတွင် ဝိညာဉ်စွမ်းအင် ရှိမနေပေ။ ပေထင်းဟွမ်သည် သူ့ကိုဆွဲကိုင်ကာ အနောက်ဘက်သို့ပစ်လိုက်ရာ အနောက်မှလိုက်လာသော အစေခံပေါ်သို့ ကျသွားလေသည်။

သူတို့ လူအများအကြားရောက်နေခြင်းကြောင့်သာမဟုတ်လျှင် သူ့ကို မသန်စွမ်းဖြစ်အောင် လုပ်ရုံတင်မကဘဲ သတ်ပစ်မည်ဖြစ်သည်။

ပေထင်းမင်ခေါ်လာသည့် လက်အောက်ငယ်သားများသည် သူတို့၏ ဆုံးရှုံးမှုကို စောဒကမတက်ရဲဘဲ ပေထင်းဟွမ်အား ဆန့်ကျင်မိသည်ကို ဝန်ခံကြ သည်။ ပေထင်းဟန်၏ ဝမ်းကွဲဆွေမျိုးဖြစ်သည့် ပေထင်းမင်သည် မိသားစု တိုက်ရိုက်အမွေခံဖြစ်သည့် ပေထင်းဟွမ်နှင့် ဝေးကွာလွန်းသည်။

“ပေထင်းဟွမ် မင်း မင်း…” ပေထင်းမင်သည် အားများကို စုစည်းရန် ထပ်မံကြိုးစားသည်။ သို့သော် သွေးကြောများမှာ လစ်ဟာနေတုန်းပင်။ သူသည် ထိတ်လန့်သွားကာ ချွေးအေးများပြန်လာသည် “ပေထင်းဟွမ် မင်း..”

All Chapters