ငါ့ကိုအမှိုက်လို့ ဘယ်သူခေါ်ရဲသေးလဲ
Vol. 1 Ch. 8
သူသည် “အမှိုက်” ဆိုသည့်စကားကို ထပ်မပြောရဲပေ။ သူမ မျက်လုံးများ ထဲမှ အကြည့်သည် ဓားတစ်လက်သဖွယ် ထက်လှသည်။ “အခုကစပြီး ငါ့ရှေ့ မှာ အမှိုက်လို့ခေါ်တဲ့လူ သေမယ်”
ပေထင်းဟွမ်လှည့်လိုက်ချိန်တွင် တောက်ပသည့် မျက်လုံးတစ်စုံနှင့် ကြည့်နေသော မုချင်းလင်ကိုမြင်လိုက်ရသည်။ သူတို့ အကြည့်ချင်းဆုံသော အခါ မုချင်းလင်၏ မျက်နှာသည် တိမ်တိုက်များသဖွယ် နီရဲသွားလေသည်။ သူမသည် ခေါင်းငုံ့သွားကာ လက်များကို လိမ်ယှက်မိသည်။
ဒါကဘာလဲ။ တိတ်တိတ်လေး ချစ်နေတာလား။
ပေထင်းဟွမ်သည် အကူအညီမဲ့သလို ခံစားလိုက်ရသည် “သွားရအောင် နောက်ကျနေပြီ ငါ မင်းကိုပြန်ပို့ပေးမယ်”
သူမ ပြောပြီးသည်နှင့် မုချင်းလင်၏လက်ကိုဆွဲကာ ထွက်သွားမည်ပြု သည်။ သို့သော် ပေထင်းမင်သည် တပ်သားများကို ဦးဆောင်က ပေထင်းဟွမ်၏ လမ်းကို အကြောက်အလန့်မဲ့စွာ လာပိတ်ပင်လေသည်။ “ပေထင်းဟွမ် မင်း ထွက်သွားလို့မရဘူး ပေထင်းရွှီတို့က မင်းနဲ့ နေဝင်တောကိုသွားကြတယ်မလား သူတို့က ဘယ်မှာလဲ”
ပေထင်းရွှီဟုတ်လား။ ထိုအခါမှပင် နေဝင်တောတွင် သေဆုံးခဲ့သည့် အရပ်ရှည်ရှည်နှင့် ခေါင်းဆောင်ဖြစ်သူမှာ ပေထင်းရွှီဖြစ်ကြောင်းကို ပေထင်းဟွမ် သတိရသွားသည်။ သူသည် ဓားထုတ်ပြီး သူမ၏လက်ကို ဖြတ်ချင် သူဖြစ်သည်။
“သူတို့အကုန်သေပြီ”
“သေပြီဟုတ်လား” ပေထင်းမင်သည် ဝိညာဉ်စွမ်းအင်မစုစည်းနိုင်သော် လည်း သူ၏သွေးကြောမှာ အသက်ဝင်နေသေးသဖြင့် ကြောက်ရွံ့ခြင်းမရှိပေ။ အရေးအကြီးဆုံးမှာ… ပေထင်းဟွမ်က ဘယ်လိုဖြစ်ပြီး အသက်ရှင်လျက် ပြန် လာနိုင်တာလဲ “သူ ဘယ်လိုသေသွားတာလဲ”
သူပဲ ပေထင်းဟွမ်ကို သတ်ဖို့သွားတာ မဟုတ်ဘူးလား။
“သူတို့တွေက ငါ့ကိုကယ်ဖို့ ကြိုးစားရင်းနဲ့ သေသွားတာ” ပေထင်းဟွမ် ပြောလေသည် “အဲဒီမှာ အဆင့် ၃ မှော်သားရဲတွေနဲ့တွေ့ခဲ့တယ်.. သူတို့တွေက မှော်သားရဲတွေကို ရှင်းပစ်ဖို့နေခဲ့တာ.. မင်းတို့သိတဲ့အတိုင်း ငါက အသုံးမဝင် ဘူးလေ၊ ငါနေခဲ့လည်းမကူညီနိုင်လို့ အရင်ထွက်လာခဲ့လိုက်တာ အဲဒီမှော်သားရဲ တွေက သန္ဓေပြောင်းမှော်သားရဲတွေ ဖြစ်နေလိမ့်မယ်လို့ ဘယ်သူထင်ထားမှာ လဲ.. အဆင့် ၃ ပဲရှိပေမဲ့ အရမ်းအားကောင်းတာ နောက်ဆုံးတော့ သူတို့တွေ သေသွားတာပဲ”
“မင်း မင်း…” ပေထင်းဟွမ်၏ လျှာထိပ်ဖျားမှ ‘အမှိုက်’ ဆိုသည့် စကား ထွက်လာသည်။ သို့သော် သူ မျိုချလိုက်သည်။ ခံရခက်လိုက်တဲ့ ခံစားချက်ပဲ။ “မင်းက အလောင်းတွေမကောက်ဘဲ တစ်ယောက်တည်းပြန်လာတာလား”
ဒီကောင်က အားနည်းရုံတင်မကဘူး သေမှာကိုလည်း ကြောက်တတ်တာ ပဲ။
ဒါပေမဲ့ သူ ဘာလုပ်ရမှာလဲ။ ပေထင်းဟွမ်သည် ပြောင်းလဲသွားပုံပေါ်၏။ ပေထင်းမင်သည် သူမ၏အကြည့်နှင့်ဆုံသွားသောအခါ သူ့မျက်လုံးထဲမှ လူသတ်ချင်သည့် အရှိန်အဝါများမှာ ပိုပြင်းထန်သွားသည်။ ပေထင်းမင်သည် ခေါင်းလှည့်ကာ သူ့အနောက်မှ တပ်သားများကို ဒေါသတကြီးပြောလေသည် “နေဝင်တောအစပ်ကိုသွားကြည့်လိုက် ငါ ဒီကိစ္စကို သတင်းသွားပို့လိုက်ဦးမယ်”
မည်သို့ပင်ဖြစ်စေကာမူ လူအများအပြားသေဆုံးခဲ့သည်။ သူတို့အားလုံး သည် မိသားစု၏ မျိုးဆက်များဖြစ်ကြသည်။
သူသည် ပေထင်းဟွမ်ကို လုံးဝမယုံကြည်ပေ။ ဤအမှိုက်သည် ပြောင်းလဲ သွားခဲ့သည်။ သူသည် ဝိညာဉ်စွမ်းအင်စုစည်းမရသော်လည်း သွက်လက်ပေါ့ပါး သည်။ သူ ပြန်ပြီး သခင်လေးဟန်ကို တင်ပြရမည်။
ပေထင်းဟွမ် နှာမှုတ်လိုက်သည်။ သူမသည် မုချင်းလင်၏လက်ကိုဆွဲပြီး မုအိမ်တော်ဆီသို့ လျှောက်သွားလိုက်သည်။
မုချင်းလင်၏ဖခင်သည် လော့ပေမြို့တော်၏ မြို့စားဖြစ်သည်။ သူသည် တော်ဝင်မြို့တော်တွင် အရေးထားမခံရသည့် အမတ်တစ်ဦးဖြစ်ခဲ့သည်။ ပေထင်းမိသားစုနှင့် စေ့စပ်မင်္ဂလာပွဲကြောင့်သာ သူသည် လော့ပေမြို့၏ မြို့စား ဖြစ်လာခြင်းဖြစ်သည်။
“သခင်လေး ၉”
ပေထင်းဟွမ်သည် ခြေလှမ်းကြီးများဖြင့်သွားနေရာ မုချင်းလင်သည် သူနှင့်အတူ အမှီလိုက်နေရသည်။ လမ်းတစ်လျှောက် ပေထင်းဟွမ် ဘာမှမပြော သည်ကိုကြည့်ပြီး မုချင်းလင်သည် သူစိတ်ခံစားချက် မကောင်းဟု ထင်လိုက် သည်။ “နောက်ဆိုရင် ရှင့်အကြောင်းကို ဘယ်သူမှ ပြောကြတော့မှာမဟုတ်ဘူး ဒီနေ့ ရှင်အရမ်းမိုက်တာပဲ”
မိန်းကလေးသည် စကားပြောပြီးနောက် ရှက်နေသဖြင့် ခေါင်းပင်မမော့ လာနိုင်ပေ။
ယောကျ်ားလေးမဆိုထားနှင့် ပေထင်းဟွမ်ကဲ့သို့ သာမန်မိန်းကလေး တစ် ယောက်ပင်လျှင် သူမအတွက် စိတ်မကောင်းဖြစ်မိသည်။
“ဟုတ်တယ် နောက်ငါ သန်မာလာရင် မင်းကိုကာကွယ်ပေးမယ်” ပေထင်းဟွမ် ပြောလိုက်သည်။ သူမ အနာဂတ်တွင် သေချာပေါက် ထိုသို့လုပ် မည်ဖြစ်သည်။ သူမသည် မုချင်းလင်၏ လက်ကောက်ဝတ်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်ရာ သူမ၏လက်ကောက်ဝတ်ပေါ်သို့ မတော်တဆ လက်ချောင်း များဖြင့် ဖိကိုင်မိသည်။ သူမ မျက်မှောင်မကြုတ်ဘဲမနေနိုင်ပေ။ အဲဒါကြောင့် ဒီကောင်မလေးက မသန်မာလာတာပဲ။ သူမက အဆိပ်မိနေတာကိုး။
သူမကို ဘယ်သူအဆိပ်ခတ်ရဲတာလဲ။ ပေထင်းဟွမ်၏ စိတ်ထဲတွင် အတွေးတစ်ခုဝင်လာသဖြင့် နှာမှုတ်လိုက်သည်။ မုချင်းလင်၏ မိခင်အရင်း သည် စောစီးစွာဆုံးပါးသွားခဲ့ပြီး သူမ၏ ဖခင်သည် နန်ကုန်းမိသားစု၏ တရားဝင်သမီးနှင့် အိမ်ထောင်ပြုကာ သားတစ်ယောက် သမီးတစ်ယောက်မွေး ထား၏။ သူက ပထမဇနီးနဲ့မွေးထားတဲ့ တရားဝင်သမီးကို သည်းမခံနိုင်တော့ တာတော့ မဟုတ်လောက်ပါဘူးနော်။
သို့သော် ပေထင်းဟွမ်၏ မျက်လုံးများသည် အေးစက်သွားသည်။ သူမရဲ့ လူကို ဘယ်လိုများ တိုက်ခိုက်ရဲတာလဲ။