← Chapters

ငါ မင်းကိုကာကွယ်မယ်

Vol. 1 Ch. 9

ငါ မင်းကိုကာကွယ်မယ်

Vol. 1 Ch. 9

မြို့စားအိမ်တော်နှင့် ပေထင်းမိသားစု၏ အိမ်တော်အခွဲများသည် မြို့ အလယ်၏ တစ်ဖက်တစ်ချက်တွင် တည်ရှိသည်။ ညမိုးချုပ်နေပြီဖြစ်ရာ မြို့စား အိမ်တော်၏တံခါးဝတွင် မီးအိမ်များကို ထွန်းညှိထားသည်။ တံခါးကိုစောင့်ကြပ် နေသော အစေခံတချို့မှာ ငိုက်မြည်းနေကြသည်။ ခြေသံများကိုကြားသောအခါ အစေခံများသည် သူတို့နှစ်ယောက်ကို ခေါင်းမော့ကြည့်လေသည်။ သူတို့သည် မျက်တောင်ပင်မခတ်ဘဲ ပြန်ငိုက်မြည်းနေလိုက်သည်။

သူတို့သည် တံခါးဖွင့်ပေးရန် ရည်ရွယ်ချက်မရှိပုံပင်။

“သခင်လေး ၉ အဲဒီတံခါးကနေ သွားရအောင်” မုချင်းလင်သည် နှုတ်ခမ်း များကိုတွန့်လိုက်သည်။ သူမသည် ဤအပြုအမူများကို အသားကျနေပြီဖြစ် သော်လည်း ထိုအစေခံများ ပေထင်းဟွမ်ကို အထင်သေးသည်ကိုတော့ အလွန် အမင်း မသက်မသာဖြစ်မိသည်။

ပေထင်းဟွမ် ခေါင်းညိတ်လိုက်၏။ သူမသည် ဤမိန်းကလေး အခက် တွေ့အောင် လုပ်ရန် စိတ်ကူးမရှိပေ။

ထောင့်ဘက်ရှိတံခါးတွင် အဘွားကြီးနှစ်ယောက် စောင့်ကြပ်နေကြ၏။ သူတို့နှစ်ယောက်သည် ဖရုံစေ့များကို စားလျက်ရှိသည်။ မုချင်းလင်နှင့် ပေထင်း ဟွမ်တို့ အတူတကွလာနေကြသည်ကို ထိုအမျိုးသမီးများမှ မြင်သောအခါ သူတို့နှစ်ယောက်မှာ အရှက်မဲ့သည့် လုပ်ရပ်ကို လုပ်ထားသည့်အလား စေ့စေ့ ကြည့်ကြလေသည်။

သူတို့နှစ်ယောက်သည် တံခါးကိုမဖွင့်ဘဲ စောင့်ကြည့်နေသည် “သခင်မလေး အချိန်နောက်ကျနေပြီ.. တံခါးလည်းပိတ်သွားပြီ ဒီနေ့ ဝင်လို့မရ တော့ဘူး”

“ကျွန်မ.. ကျွန်မ.. ဒါပေမဲ့ ဒီနေ့ဝင်မရရင် ဒီနေ့ညဘယ်လိုလုပ်ရတော့မှာ လဲ” မုချင်းလင်သည် မိသားစုစည်းမျဉ်းများကို သိသည်။ သူမ၏ မိထွေးသည် သူမကောင်းဖို့ရန်အတွက်ဟုဆိုကာ သူမအပေါ်တွင် တင်းကြပ်ခဲ့သည်။ သူမ သည် ပူပန်လာကာ မြေပေါ်တွင် နှစ်ကြိမ်မျှခုန်ပေါက်ကာ ငိုတော့မလိုဖြစ်နေ သည်။

“သော့ပိတ်ထားရင်တောင် သော့တံမရှိဘူးလား.. မင်းတို့က အသက်မရှင် ချင်ကြတော့ဘူးလား” ပေထင်းဟွမ်၏ အကြည့်တစ်ချက်နှင့်တင် အမျိုးသမီး ကြီးနှစ်ယောက်သည် အေးစက်မှုကိုခံစားလိုက်ရ၏။

သူတို့နှစ်ယောက်သည် ညဉ့်နက်နေပြီဟုသာတွေးကာ တခြားဘာမှ မတွေးဘဲပြောလိုက်ခြင်းပင်။ သို့သော် ပေထင်းဟွမ်ကဲ့သို့ အသုံးမကျသောလူ သည် တစ်ချက်ကြည့်လိုက်သည်နှင့် ဤမျှအားကောင်းနေလိမ့်မည်ဟု ထင် မထားပေ။ သူမသည် နှုတ်ခမ်းတွန့်ကာ မခန့်လေးစားပြောလေသည် “အိုး သခင်လေးရယ် ကျွန်မတို့သခင်မလေးက လက်မထပ်ရသေးတဲ့သူပါ… သူမ တံခါးကိုဖြတ်နိုင်ရင်လည်း မိသားစုကိစ္စနဲ့ ရှင်နဲ့ဘာမှ မပတ်သက်ပါဘူး”

“အဓိပ္ပာယ်မရှိတာ” မုချင်းလင်သည် မျက်နှာမှသွေးများကျသွားသကဲ့သို့ အလွန်ရှက်ရွံ့သွားသည်။ သူမသည် ရှေ့တိုးကာ ထိုအမျိုးသမီးနှစ်ယောက်ကို ရန်ထောင်မည်အပြုတွင် ပေထင်းဟွမ်သည် သူမ၏လက်ကောက်ဝတ်ကိုဆွဲပြီး အနောက်မှတားလိုက်သည်။

“သခင်မလေး ဒီအစေခံတွေက ဘယ်မှာမဟုတ်တာတွေ ပြောနေလို့လဲ သခင်မလေးက သခင်လေး ၉ နဲ့အတူရှိချင်လို့ အိမ်ပြန်မလာတာမလား” အမျိုးသမီးတစ်ဦးသည် ပါးစပ်ထဲမှ ဖရုံစေ့အခွံကိုထွေးထုတ်လိုက်ကာ ပြော လေသည် “လော့ပိုင်မြို့တစ်မြို့လုံးမှာ သခင်မလေးလိုမျိုး အိမ်ပြန်နောက်ကျ တဲ့ မိန်းမပျိုဆိုတာရှိကိုမရှိဖူးဘူး.. မုမိသားစုရဲ့ ဂုဏ်သိက္ခာထိခိုက်မှာ မကြောက်ဘူးလား”

ဒါက အစေခံလား။ ပေထင်းဟွမ်သည် အသစ်များကို သင်ယူလိုက်ရလေ ပြီ။

မုချင်းလင်သည် ဒေါသထွက်လွန်းသဖြင့် မျက်ရည်များကျလာသည်။ ပေထင်းဟွမ်သည် သူမ၏ပခုံးကိုအသာပုတ်ပေးလိုက်သည်။ နောက်လက်တစ် ဖက်ကို မြှောက်ပြီး ထိုအမျိုးသမီး၏မျက်နှာကို ရိုက်ချလိုက်သည်။ သူမသည် ကမ္ဘာပေါ်တွင် အနူးညံ့ဆုံးဖြစ်သလို တစ်ဖက်တွင်လည်း သူမတွင် အရက်စက် ဆုံး နည်းလမ်းများရှိသည်။ သူမသည် ဘယ်ပြန်ညာပြန်ရိုက်လိုက်ရာ ထိုအမျိုး သမီးသည် နောက်လန်လဲကျသွားလေသည်။

“အာ…” မုချင်းလင်သည် ကြောက်လန့်တကြား ခုန်ကာ မြေပေါ်မှ အမျိုးသမီးကိုညွှန်ပြလိုက်သည် “သူမ မဖြစ်ဘူး..”

“စိတ်မပူပါနဲ့ သူမ မသေဘူး” ပေထင်းဟွမ်သည် သူမကို ပြုံးပြီးနှစ်သိမ့် ပေးလိုက်သည်။ သို့သော် ယခုချိန်မှစပြီး သူမ နားကြားရတော့မည်မဟုတ်ပေ။

သူမ၏ ရိုက်ချက်သည် မျက်နှာကို ဒဏ်ရာရစေမည်မဟုတ်ပေ။ လက်ထဲ တွင် အားတချို့ထည့်လိုက်ရာ ထိုလူ၏ နားစည်မှာတော့ ပေါက်သွားနိုင်သည်။

သူ့ဘေးတွင်ရပ်နေသော တခြားအမျိုးသမီးတစ်ယောက်သည် ခြေထောက်များတုန်ယင်လာသည်။ ပေထင်းဟွမ် သူမကို မျက်စိထောင့်နှင့် ကြည့်လိုက်သည်နှင့် ကြောက်လန့်တကြားပြောလေသည် “ကျွန်မ.. ကျွန်မ ဖွင့်ပါမယ်”

သူမသည် ကျိုးနွံစွာပင် တံခါးဖွင့်ပြီး ပေထင်းဟွမ်နှင့် မုချင်းလင်တို့ မဝင်ခင်မှာပင် ခြံအနောက်ထဲသို့ ပြေးသွားလေသည်။ သူမသည် မြေပေါ်လဲ သွားသော အမျိုးသမီးသည် သခင်မလေး ၂ ၏အမိန့်ကြောင့် မုချင်းလင်ကို အနောက်တံခါးမှစောင့်နေခြင်းဖြစ်သည်။ သူတို့သည် သူမကိုဝင်ခွင့်မပေးရမည့် အပြင် တတ်နိုင်သလောက် အရှက်ခွဲရမည်ဖြစ်သည်။

ထိုအရာကိုကြည့်ပြီး မုချင်းလင်သည် စိတ်ပူပန်လာသည်။ ပေထင်းဟွမ် သည် သူမ၏ပခုံးကိုအသာပုတ်ပေးလိုက်သည်။ “မကြောက်နဲ့ ငါ မင်းကို ကာကွယ်မယ်”

All Chapters