သူမက ငါ့အပိုင်ပဲ
Vol. 1 Ch. 10
မုဝမ့်ယွဲ့သည် အမြန်ရောက်လာသည်။ သူမသည် မြို့စားအိမ်တော်၏ ဒုတိယသခင်မလေးဖြစ်ကာ မုချင်းလင်၏ ဖအေတူမအေကွဲ ညီမဖြစ်ပြီး ပန်းနှင့် ကျောက်စိမ်းကဲ့သို့အဆင်းရှိကာ လော့ပေမြို့၏ အလယ်အလတ်အဆင့် အဂ္ဂိရတ်ပညာရှင်၏တပည့်တဖြစ်လဲ အဆင့် ၄ ရှိသည့် ဝိညာဉ်ကျင့်ကြံသူ ဖြစ်သည်။ သူမသည် ကောင်းကင်ဘုံ၏ ဂုဏ်ယူရသောသမီးဖြစ်သည်ဟုပင် ဆို၍ရသည်။
ပေထင်းဟွမ်သည် မုချင်းလင်၏ သိမ်နုတ်သောခြံဝင်းငယ်တွင် ဝင်ထိုင် လိုက်သည်။ နံရံများမှာ ဟင်းလင်းဖြစ်နေပြီး အိပ်ရာတစ်လုံး၊ စားပွဲတစ်လုံးနှင့် ကုလားထိုင်တစ်လုံးသားရှိသည်။ သူမသည် ကုလားထိုင်တွင်ထိုင်ပြီး စားပွဲပေါ် တွင် တံတောင်ဆစ်တင်ကာ လက်ချောင်းများဖြင့် စားပွဲကို ညင်သာစွာ ခေါက် နေသည်။
သူမ၏ လှပပြီး ချစ်စဖွယ်ကောင်းသော ဇနီးလောင်းသည် မြို့စားအိမ် တော်၏ ပြည့်တန်ဆာလောက်ပင် နေရာမရပေ။ တခြားကိုယ်လုပ်တော်များ ပင် သူမထက် ကောင်းမွန်သောဘဝရှိနိုင်သည်။
မုဝမ့်ယွဲ့သည် တရားဝင်ဇနီး၏ တရားဝင်သမီးဖြစ်သည်။ သူမသည် ပန်း ပုံများ ထိုးထားသည့် အပေါ်ဝတ်နှင့် ပန်းပေါင်းရာချီအလှဆင်ထားသော စတ်ကိုဝတ်ဆင်ထားသည်။ အစေခံမိန်းကလေးများနှင့် အစေခံအမျိုးသမီးကြီး များသည် သူမနောက်မှ အုပ်စုလိုက်ကြီးလိုက်လာသည်။ သူမသည် ဒေါသ တကြီးပြေးလာရာ နန်းတော်ထဲမှ နဂါးတစ်ကောင်ကဲ့သို့ ကျိုးနေသည့်စားပွဲ ဘေးတွင်ထိုင်နေသည့် ပေထင်းဟွမ်ကို မြင်သောအခါ ခြေလှမ်းများရပ်တန့် သွားလေသည်။
“၉.. သခင်လေး ၉ ဒီကိုဘာလို့ ရောက်လာတာလဲ”
မုဝမ့်ယွဲ့၏ မျက်နှာသည် ဟန်လုပ်ထားကာ သူမ၏ စကားများသည် လည်းအတုအယောင်များပင်ဖြစ်သည်။ ပေထင်းဟွမ်သည် မယုံလှပေ။ သူမ ဤနေရာသို့ရောက်နေသည်ကို မုဝမ့်ယွဲ့မသိစရာအကြောင်းမရှိပေ။
ပေထင်းဟွမ်သည် မုဝမ့်ယွဲ့ကို စောင်းငဲ့ကြည့်လိုက်သည်။ ဤ မိန်းကလေးသည် ချောမောသည်။ သို့သော် သူမ၏ ဇနီးလောင်းကိုတော့ မမှီ ပေ။ မုချင်းလင်သည် ပေထင်းဟွမ်၏ လက်ထဲသို့ လက်ဖက်ရည်ပူပူလေး တစ် ခွက်ထည့်ပေးလိုက်သည်။ သူမသည် လက်နှင့်ဆုပ်ကိုင်ထည့်ပေးပြီးနောက် နူးညံ့စွာပင် လှည့်ထွက်သွားသည်။ ထူထဲလှသည့် ကြွေထည်ပန်းကန်လုံး၏ အနားသားမှာ ပဲ့နေသည်။ သူမသည် အရင်ဘဝ၌ပင် ဤကဲ့သို့ စုတ်ပြတ်လှ သည့်ပစ္စည်းကို မသုံးခဲ့ဖူးပေ။
မုချင်းလင်၏ မျက်နှာမှာ အလိုလိုနီရဲလာသည်။ သူမသည် ပျာယာခတ် သွားကာ ဘာလုပ်ရမည်ကို မသိတော့ပေ။ သို့သော် ပေထင်းဟွမ်သည် ပါးစပ် နားသို့ကပ်ပြီး တွေဝေခြင်းမရှိ စုပ်သောက်လိုက်သည်ကို သူမ မြင်လိုက်ရ၏။
ပေထင်းဟွမ်၏ မျက်နှာမှာ ချောမောလှသည်။ သူမ၏ အသားအရေမှာ မိန်းကလေးတစ်ယောက်ထက်ပင် ပို၍နူးညံ့ကာ မျက်လုံးမျက်ခုံးများမှာ နုနယ် လှသည်။ အထူးသဖြင့် မျက်လုံးတစ်စုံသည် ဆောင်းတွင်းညပိုင်းတွင် ပေါ်လာ တတ်သည့် ကြယ်များကဲ့သို့ မည်းနက်ပြီးတောက်ပသည်။ သူမ၏ နှာခေါင်း သည် ထွင်းထုထားသည့် ကျောက်စိမ်းကဲ့သို့စင်းနေပြီး နှုတ်ခမ်းများမှာ ပန်းပွင့် ဖတ်များကဲ့သို့ပင်။ လော့ပေမြို့တွင် သူမထက်လှပသည့် အမျိုးသားဟူ၍မရှိ တော့ပေ။
မိန်းကလေးနှစ်ဦးသည် ပေထင်းဟွမ်ကို စိုက်ကြည့်နေကြသည်။
“အဟွတ် အဟွတ်” မုဝမ့်ယွဲ့၏ အနောက်မှ နို့ထိန်းအမျိုးသမီးကြီးသည် ချောင်းဟန့်ကာ မုဝမ့်ယွဲ့အား သတိပေးလိုက်သည် “သခင်မလေး ၂ သခင်မ လေး ၁ က အမေဟန်ကို ထိခိုက်အောင်လုပ်ခဲ့ပါတယ်”
ထိုအခါမှပင် မုဝမ်ယဲ့ သတိပြန်ဝင်လာသည်။ သူမရှေ့တွင်ထိုင်နေသော လူမှာ အသုံးမကျသောအမှိုက်ဖြစ်သည်ကိုမေ့ပြီး သူ၏ ရုပ်ရည်ကြောင့် ငေးမောမိသည်ကို အရှက်ရသွားကာ ရုတ်တရက် ဒေါသဖြင့် မုချင်းလင်ကို လက်ညှိုးထိုးပြီးပြောလေသည် “သခင်မကြီးရဲ့ အမိန့်ပဲ သူမကိုဖမ်းလိုက်”
ဘုန်း…
လက်ဖက်ရည်ပန်းကန်လုံးသည် စားပွဲပေါ်သို့ ပြင်းထန်စွာကျသွားသည်။ ပေထင်းဟွမ် ခေါင်းမော့လိုက်ချိန်တွင် သူမဆီသို့ ဓားရှည်တစ်ချောင်း ထိုးစိုက် လာသကဲ့သို့ မုဝမ့်ယွဲ့ခံစားလိုက်ရသည်။ ဒါက အဲဒီအမှိုက်လား။ သူမ အစ်မကြီး ရဲ့ ခင်ပွန်းလောင်း။ ဘာရောင်ဝါမှမစုမိဘဲ တစ်နေကုန် ခွေးလိုအရိုက်ခံနေရတဲ့ လူလား။
“သူမကို ဘယ်သူထိရဲလဲ ကြည့်ဦးမယ်” ပေထင်းဟွမ်သည် မုချင်းလင် ကိုညွှန်ပြလေသည် “သူမက ငါ့အပိုင်ပဲ သူမကို ဘယ်သူထိရဲလဲကြည့်တာပေါ့”
“သခင်လေး ၉ ရှင်ပြောတာ ချဲ့ကားလွန်းနေပါပြီ” မုဝမ့်ယွဲ့သည် နှာမှုတ် လေသည်။ “ငါတို့က ဘာကြောက်ရမှာလဲ ငါလုပ်မယ်”
ဝှီး
မုဝမ့်ယွဲ့၏ အသံဆုံးသည်နှင့် ပေထင်းဟွမ်၏ရှေ့မှ လက်ဖက်ရည် ပန်းကန်လုံးသည် မုဝမ့်ယွဲ့၏အောက်ဘက်ဝမ်းဗိုက်ဆီသို့ မြားတစ်စင်းအသွင် ပျံသွားလေသည်။ မုဝမ့်ယွဲ့သည် အဆင့် ၄ ရှိသည့် ဝိညာဉ်ကျင့်ကြံသူဖြစ်သည်။ သူမသည် သတိလက်လွတ်ဖြစ်သွားသော်လည်း အလွန်ပင် အာရုံခံပါးသည်။ တံခါးမှနေ၍ သူမ ရှောင်ရန်အချိန်မရှိလိုက်သဖြင့် ဘေးမှ အစေခံတစ်ဦးကို ဆွဲပြီးကာလိုက်သည်။ ထိုအချိန်တွင် “ဒုန်း” ဆိုသည့်အသံထွက်လာပြီး အစေခံ မလေး၏ ရင်ဘတ်သို့ ပြင်းထန်စွာ မှန်သွးလေ၏။
အစေခံမိန်းကလေးသည် ဘာမှလုပ်ချိန်မရလိုက်ဘဲ ကြမ်းပေါ်သို့ အရုပ် ကြိုးပြတ်လဲကျသွားလေသည်။
သူမ သေသွားချေပြီ။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
မုဝမ့်ယွဲ့သည် မယုံနိုင်ပေ။ သူမသည် ဆောင့်ကြောင့်ထိုင်ပြီး အစေခံ မိန်းကလေး၏ အသက်ရှူနှုန်းအား စမ်းကြည့်ရာ အမှန်တကယ်ပင် အသက် မရှူတော့သည်ကို တွေ့လိုက်ရသည်။ သူမ မတ်တတ်ထပြီး ဒေါသတကြီးဖြင့် ပြောလေသည် “ပေထင်းဟွမ် ရှင်က ကျွန်မ အစေခံကိုသတ်တယ်ပေါ့”
“ငါသတ်ချင်တဲ့လူက မင်းပဲ မင်းရဲ့အစေခံမဟုတ်ဘူး” ပေထင်းဟွမ်သည် တစ်လုံးချင်းပြောပြီးနောက် ခေါင်းလှည့်ကာ မုချင်းလင်ကို နူးညံ့စွာပြောလိုက် သည် “လိမ္မာတဲ့ကောင်မလေး ငါ့ကို ရေတစ်ခွက်လောက် ထည့်ပေးဦး”