သူမက နတ်ဆိုးပဲ
Vol. 1 Ch. 11
ပေထင်းဟွမ်မှ ‘လိမ္မာတဲ့ကောင်မလေး’ ဆိုသည့် ခေါ်သံကြားလိုက်ရာ မုချင်းလင်သည် ရှက်သွားသဖြင့် ခြေထောက်ဆောင့်ကာ ဘေးသို့ထွက်သွားပြီး ပေထင်းဟွမ်အတွက် လက်ဖက်ရည်ငှဲ့ပေးနေလိုက်သည်။
တစ်ဖက်တွင် မုဝမ့်ယွဲ့သည် မနာလိုနေသည်လား အားကျနေသည်လား ဆိုသည်ကို ပြောရခက်သည်။ သူမသည် အရှက်မရှိဟု အပြောခံလိုက်ရသဖြင့် သူမ၏အနောက်မှ ပါလာသော အစေခံများကို ပြောလိုက်သည် “သခင်လေး ၉ က ငါ့အသက်ကိုလိုချင်နေတယ် တိုက်ခိုက်လိုက်ကြ”
ထိုအစေခံအများစုသည် သာမန်လူများဖြစ်ကြသည်။ အဆင့် ၁ မှ အဆင့် ၂ ရှိသော မုဝမ့်ယွဲ့၏ ကိုယ်ပိုင်အစေခံတချို့လည်းပါတယ်။ သူတို့သည် အရှေ့မှ တာဝန်ယူကြသည်။
သခင်လေး ၉ သည် အမှိုက်တစ်စပင်ဖြစ်သည်။ သူ လက်ဖက်ရည် ပန်းကန်လုံးနှင့် ရွှေအာကို သတ်လိုက်နိုင်သည်မှာ တိုက်ဆိုင်မှုတစ်ခုသာဖြစ် သည်။ ယခု သူတို့ပြင်ဆင်ထားရာ သခင်လေး၉ ထပ်မံအောင်မြင်ရန် မဖြစ်နိုင် ပေ။
လူတစ်စုသည် ဓားရှည်များကို သွေးနေကြသည်။ သူတို့သည် မာန်ပါပါ ဖြင့် ပေထင်းဟွမ်ကို ဝိုင်းလိုက်ကြသည်။
မုချင်းလင်သည် စိတ်ထဲမထားဘဲ လက်ဖက်ရည်ငှဲ့နေသည်။ သူမသည် ပေထင်းဟွမ်၏ အနောက်တွင် ရပ်လိုက်သည်။ သူတို့သာ သခင်လေး ၉ ကို တိုက်ခိုက်ရဲပါက သူမသည် ညီမ ၂ နှင့် သေဆုံးသည်အထိ တိုက်ခိုက်သွားမည် ဖြစ်သည်။
ဝှီး
ပေထင်းဟွမ်၏ ခြေဖျားထိပ်သည် သူ့ရှေ့မှ ကျိုးနေသောစားပွဲအား ချိတ်လိုက်သည်။ အစကယိုင်နဲ့နဲ့ဖြစ်နေသော စားပွဲသည် အားအပြည့်ဖြင့် လူအိုကြီးများအုပ်စုဆီသို့ လက်နက်တစ်ခုသဖွယ် အရှိန်ဖြင့် ပြေးဝင်သွားသည်။
အာ..
နာကျင်နေသောအသံများ တစ်သံပြီးတစ်သံထွက်လာသည်။
ဘုန်း ဘုန်း ဘုန်း
တပ်သားများ လဲကျသံသည် အဆုံးမရှိပေ။
ပေထင်းဟွမ်သည် မတ်တတ်ရပ်ကာ အနောက်မှ ခုံကို ခြေဖျားနှင့် တော့ လိုက်သည်။ တော့ပြီးကန်လိုက်သည်နှင့် ခုံသည် မုဝမ့်ယွဲ့၏မျက်နှာဆီသို့ လျှပ်စီးသဖွယ် ပြေးဝင်လေသည်။
“ပေထင်းဟွမ် နတ်ဆိုးကောင်”
ဘယ်နေရာအမှိုက်လဲ။ ပေထင်းဟွမ်က သူမ ထိလို့မရတဲ့လူလား။
မုဝမ့်ယွဲ့သည် အချိန်မှီမရှောင်လိုက်နိုင်သဖြင့် ရုတ်တရက် နောက်ဆုတ် လိုက်သည်။ သို့သော် ခုံတွင် မျက်စိများရှိသည့်အလား သူမနောက်သို့ လိုက် လေသည်။ မုဝမ့်ယွဲ့သည် ရွေးချယ်စရာမရှိတော့ဘဲ လက်မှ ဝိညာဉ်စွမ်းအင် ထုတ်ပြီး ခုံကိုထိုးလိုက်သည်။
ဘန်း..
မုဝမ့်ယွဲ့သည် လက်များထုံကျဉ်သွားသည်ကိုသာ ခံစားလိုက်ရသည်။ ခုံ၏ သက်ရောက်မှုမှာ ရိုးရှင်းပြီး ကောင်းလှသည်။ သူမသည် အားကုန်သုံး လိုက်ရာ အနောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်သွားပြီး မြေပေါ်ထိုင်ကျမိလေ သည်။
အမှိုက်လား။ ပေထင်းဟွမ်က အမှိုက်လား။ အမှိုက်မှာ ဒီလို အစွမ်းအစ တွေရှိလို့လား။
မုဝမ့်ယွဲ့သည် ခုံကြောင့်ကျိုးသွားသည့် လက်ကိုနောက်လက်တစ်ဖက် ဖြင့် ဆုပ်ကိုင်ထားသည်။ သူမသာ အဆင့် ၄ ဝိညာဉ်ကျင့်ကြံသူမဟုတ်လျှင် သူမ၏ လက်သည် သုံးရတော့မည်မဟုတ်ပေ။
ထိုအခိုက်အတန့်တွင် သူမ အလွန်ကြောက်မိသွားသည်။
သူမ ပိုထိတ်လန့်မိသည်မှာ သူမခေါ်လာသည့် အစေခံ ၁၀ ယောက်၊ အယောက် ၂၀ ကိုလိပ်ပြာသဖွယ် တိုက်ခိုက်လိုက်ခြင်းပင်ဖြစ်သည်။ သူမသည် သေဆံးခြင်းနတ်ဘုရားအတိုင်းပင်။ သူမ ဖြတ်သွားသည့်နေရာတိုင်းတွင် နာကျင်သည့် အော်သံများထွက်လာသည်။ အစေခံများသည် ခြေထောက်များ သို့မဟုတ် လက်များဆုံးရှုံးလိုက်ရသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူမ သည် မုဝမ့်ယွဲ့၏ရှေ့သို့ရောက်လာသည်။
“ရှင် ဘာလုပ်မလို့လဲ” မုဝမ့်ယွဲ့သည် ကြောက်လန့်တကြား နောက်သို့ ဆုတ်လေသည် “ဒါက ကျွန်မအိမ်ပဲ အမေရောအဖေရော ဒီမှာရှိတယ် ရှင် ဘာလုပ်မလို့လဲ”
“ငါ ဘာလုပ်မလို့လဲ ဟုတ်လား” ပေထင်းဟွမ်သည် ပြုံးပြီး ခေါင်းခါလိုက် သည်။ သူမ၏ စူးရှသည့်မျက်လုံးများနှင့် မုဝမ့်ယွဲ့ကို ကြည့်ပြီးနောက် မုချင်းလင်ကိုကြည့်လိုက်သည်။ သူမ ပြုံးပြီးပြောလိုက်သည် “ကြောက်မနေပါ နဲ့ ငါ့ရဲ့ချင်းလင်နဲ့ ယှဉ်ရင် မင်းက သူမရဲ့ဖိနပ်ကို သယ်ပေးဖို့တောင် မတန်ဘူး မင်းငါ့ကို ခစားချင်ရင် ငါ မင်းကို အထင်သေးမှာတောင် ကြောက်သေးတယ်”
“ရှင်”
မုချင်းလင်ရှက်လေလေ သူမစိတ်များ ချိုမြိန်လေဖြစ်ပြီး မုဝမ့်ယွဲ့ အရှက် ကွဲလေဖြစ်သည်။ ထိုအခိုက်တွင် သူမသည် ပေထင်းဟွမ်ကို ကိုက်စားချင်နေ သည်။
ပေထင်းဟွမ်သည် လက်ချောင်းဖြင့် သူမ၏မေးစေ့ကို ပင့်မ,လိုက်သည်။ သူမ၏ မျက်လုံးများသည်အထင်သေးမှုများဖြင့် ပြည့်နှက်နေသည် “ကျွတ် ကျွတ် ကျွတ် ဒီလိုမိန်းကလေးကတော့ အိပ်ရာနွေးနွေးလေးက မင်းကိုစောင့်နေ ပြီ”
မုဝမ့်ယွဲ့သည် ဒေါသထွက်လွန်းသဖြင့် မျက်ရည်များကျလာသည်။ အစေခံအမျိုးသမီးတစ်ယောက် တိတ်တိတ်လေးထွက်သွားပြီး ပင်မခြံဝင်းဆီ သတင်းသွားပို့သည်ကို သူမ၏ မျက်လုံးထောင့်မှမြင်လိုက်ရသဖြင့် တောင့်ခံ ထားကာ ခေါင်းကိုလှည့်လိုက်သည် “ပေထင်းဟွမ် ဒီနေ့အရှက်ကွဲခဲ့တာကို မနက်ဖြန် ကျွန်မ ဆယ်ဆပြန်ယူမယ်”