မင်းကို အဆိပ်ခတ်ထားတာ
Vol. 1 Ch. 12
“အင်း.. မင်းမှာ ကျောထောက်နောက်ခံတော့ ရှိသားပဲ” ပေထင်းဟွမ် သည် လက်ကောက်ဝတ်ကိုလှန်လိုက်ရာ လက်ပေါ်တွင် ဆေးတစ်လုံးပေါ်လာ သည်။ သူမသည် မုဝမ့်ယွဲ့ရှေ့တွင် လက်ကိုဝှေ့ယမ်းကာ “ဒီမှာ အဆင့်မြင့် သကြားလုံးဆေးရှိတယ်.. ငါတို့ တစ်လုံးစီသောက်ကြရင်ရော”
ထိုဆေးသည် ညှီနံ့စို့စို့ထွက်သည့် အနက်ရောင်ဆေးဖြစ်သည်။ မုဝမ့်ယွဲ့ သည် သူဉာဏ်များသည်ကို ကြောက်သဖြင့် တတ်နိုင်သလောက် ရုန်းကန်လေ သည်။ သို့သော် ပေထင်းဟွမ်သည် သူမ၏ အပ်စိုက်အဓိကအမှတ်နေရာကို လက်တစ်ဖက်ဖြင့်ကိုင်ပြီး ကောင်းမွန်စွာချော့မော့လေသည် “မလှုပ်နဲ့ အချစ် ကလေး ငါက သည်းမခံတတ်တာ မင်းသိပါတယ်.. မင်းရဲ့ သွေးကြောကို မတော်တဆ ဖျက်ဆီးမိသွားရင် ဒုက္ခရောက်ကုန်လိမ့်မယ်”
ဒါက လူတွေကို နှစ်သိမ့်တဲ့ပုံလား။ မုဝမ့်ယွဲ့သည် မလှုပ်ရဲပေ။ သူမ၏ ကြီးမားပြီး လှပသောမျက်လုံးများတွင် မျက်ရည်များ ဝဲလာသည်။ သူမသည် တောင်းပန်ဖို့ပင် မတတ်နိုင်ပေ။
ပေထင်းဟွမ်သည် လက်ချောင်းနှစ်ချောင်းဖြင့် ဆေးကိုကောက်ယူကာ ပြုံးလိုက်သည် “လိမ္မာလိုက်တဲ့ကောင်မလေးပဲ လာခဲ့ ပါးစပ်ဟလိုက် မင်းကို ခွံ့ကျွေးမယ်”
မုဝမ့်ယွဲ့က ဘယ်လိုလုပ် သဘောတူရမှာလဲ။ သူမသည် သနားစဖွယ် ခေါင်းကိုခါယမ်းပြီး သူမ၏ မျက်လုံးများဖြင့် အသနားခံနေသည်။ မုချင်းလင် သည် ပေထင်းဟွမ်နောက်တွင် ရပ်နေသည်။ သူမသည် ဤလူငယ်ကို နားမလည်နိုင်တော့ပေ။ သူ ပြောင်းလဲသွားလေပြီ။ သူသည် ပြောတိုင်း ခေါင်းညိတ်တတ်သည့်လူမဟုတ်တော့ပေ။ သူ ပိုထူးချွန်လာသဖြင့် သူမသည် သူ့ကို ပို၍ပင်နှစ်သက်လာသည်။
“သခင်လေး ၉” မုချင်းလင်သည် ပေထင်းဟွမ်၏ အင်္ကျီလက်ကို ညင်သာ စွာဆွဲလိုက်သည်။
ပေထင်းဟွမ်သည် ခေါင်းလှည့်ပြီး သူမကိုကြည့်လေသည် “လင်အာ သူမ နဲ့ သူမအမေက မင်းကိုအဆိပ်ခတ်ထားတာပဲ.. အဲဒါက သက်ရောက်မှုနှေးတဲ့ အဆိပ်ပဲ.. ညီအစ်မတွေဆိုတာ အခက်အခဲတွေမျှဝေရမှာပေါ့.. မင်း တစ်ယောက်တည်း အဆိပ်သောက်စရာ အကြောင်းအရင်းမရှိဘူးလေ ဟုတ်တယ်မလား”
ပေထင်းဟွမ်သည် ပြောပြီးသည်နှင့် ခြံဝင်းထဲရှိ ယွဲ့သုန်ဝင်ပေါက်ကို ကြည့်လိုက်သည်။ ပန်းထိုးအင်္ကျီများဝတ်ဆင်ထားသည့် သတ်လတ်ပိုင်းအရွယ် လူသည် ရှေ့မှဦးဆောင်ဝင်လာသည်။ သူ့အနောက်တွင် လှပသော အမျိုးသမီး တစ်ယောက်လိုက်လာကာ သူမ၏အနောက်တွင် အစေခံများစွာပါလာသည်။ သူတို့သည် မုချင်းလင်၏ဖခင် မုလီဖန်းနှင့် သူ၏ဇနီးနန်ကုန်းကျိယင်ဖြစ်သည်။
ပေထင်းဟွမ် သူ၏သမီးဖြစ်သူ၏ ပါးစပ်ထဲသို့ ဆေးထည့်လိုက်မည်ကို မုလီဖန်းသည် ကြောက်ရွံ့ကာ ပူပန်လျက်ရှိသည်။ မုချင်းလင်၏ ခန္ဓာကိုယ် သည် နန်ကုန်းကျိယင်ကြောင့် အဆိပ်မိနေသည်ဟု ကြားလိုက်သည်နှင့် သူ၏ နောက်ဇနီးကို စူးစိုက်စွာ စိုက်ကြည့်လေသည်။ သူအကြည့်လွှဲလိုက်ရာ ပေထင်းဟွမ်သည် မုဝမ့်ယွဲ့၏ ပါးစပ်ထဲသို့ ဆေးကိုတဖြည်းဖြည်းထည့်နေ သည်ကို မြင်လိုက်ရသည်။
ပေထင်းဟွမ်သည် မုဝမ့်ယွဲ့၏ မေးစေ့ကို သူမ၏သွယ်လျသော လက် ချောင်းများဖြင့် ပင့်မ,လိုက်ရာ မုဝမ့်ယွဲ့၏ ဖြူစွတ်နေသည့်လည်တိုင်ကိုမြင်နေ ရသည်။ မုဝမ့်ယွဲ့သည် ဆေးကို ဝါးမျိုချလိုက်သည်။
“တူလေး”
မုလီဖန်းနှင့် နန်ကုန်းကျိယင်တို့သည် အနောက်မှအော်ကြလေသည်။ သို့သော် နောက်ကျသွားလေပြီ။
ပေထင်းဟွမ်သည် ဤအရာကိုလိုချင်နေခြင်းဖြစ်သည်။
“အာ.. မင်းကိုငါ သတ်မယ်” နန်ကုန်းကျိယင်သည် အမြန်ပြေးလာသည်။ သူမသည် အဆင့် ၈ ဝိညာဉ်ကျင့်ကြံသူဖြစ်ရာ ပေထင်းဟွမ်ကဲ့သို့ အမှိုက်ကို မကြောက်ရွံ့ပေ။
“ဒီကိုလာပြီး စမ်းကြည့်လေ” ပေထင်းဟွမ်သည် မလှုပ်မယှက်နှင့် နေရာ မရွေ့ပေ။ သူမ၏ လှုပ်ရှားမှုများသည် လျှပ်စီးသဖွယ် မြန်ဆန်လှ၏။ မုဝမ့်ယွဲ့ သည် သူမ၏လည်ချောင်းကို ထိုးနှိုက်ရန်ကိုသာ အာရုံစိုက်ထားသည်။ ပေထင်း ဟွမ်သည် မုဝမ့်ယွဲ့၏လည်ချောင်းကို ဆုပ်ကိုင်လိုက်ရာ နန်ကုန်းကျိယင်မှာ ဝမ်းမသာနိုင်တော့ဘဲ အပြုံးများပင် ပျောက်သွားလေသည်။
“အဆင့် ၅ ဝိညာဉ်နက်ဆေး” ပေထင်းဟွမ်သည် ပြုံးပြီးပြောလေသည် “အာနိသင်အတိအကျကိုတော့ မသိဘူး.. သခင်မလေး ၂ က လော့ပေမြို့က အဂ္ဂိရတ်ပညာရှင် အဆင့် ၃ သခင်လော့ယင်ရဲ့တပည့်လို့ ကြားတယ်.. သူမရဲ့ အဖြေကို သူ ကူရှာပေးရင် ပေးနိုင်မှာပါ”
“အဆင့် ၅ ဝိညာဉ်နက်ဆေးဟုတ်လား” နန်ကုန်းကျိယင်၏ ခြေထောက် များသည် အားပျော့သွားကာ မျက်နှာသည် ဖြူဖျော့လာသည်။ သူမ နောက်ပြန် လဲကျလေသည်။
ကံကောင်းစွာပင် သူမအနောက်တွင် အစေခံတစ်ယောက်ရှိနေသည်။ မဟုတ်လျှင် မြေပေါ်သို့ အရှိန်ဖြင့် လဲကျမည်ဖြစ်သည်။
“နတ်ဆိုးကောင်” ထိုအခိုက်တွင် မုဝမ့်ယွဲ့သည် သေခြင်းတရားကိုပင် ဂရုမစိုက်နိုင်ပေ။ သူမသည် ပေထင်းဟွမ်ဆီသို့ အရှိန်ဖြင့် ပြေးဝင်လိုက်သည်။ ပေထင်းဟွမ်သည် သဲ့သဲ့ပြုံးပြီး ကန်ထုတ်လိုက်ရာ သူမသည် ဆွဲငင်အားနှင့် လွတ်သွားပြီး ပျံတက်သွားကာ သူမ၏မိခင်ကို ကန်မိလေသည်။
နန်ကုန်းကျိယင်သည် အစကပင် မူးနောက်နေရာ မုဝမ့်ယွဲ့ခေါင်းကို လာမှန်သဖြင့် သားအမိနှစ်ယောက်သည် မြေပေါ်သို့ကျသွားကာ နန်ကုန်းကျိ ယင်သည် မထနိုင်တော့ပေ။