← Chapters

လက်ပတ်လေဟာနယ်

Vol. 1 Ch. 13

လက်ပတ်လေဟာနယ်

Vol. 1 Ch. 13

“တူလေး ဘာလို့ ဒီလိုတွေလုပ်နေတာလဲ” မုလီဖန်းသည် ဒေါသထွက်နေ သဖြင့် တစ်ကိုယ်လုံးတုန်ယင်နေသည်။ ထို့အပြင် သူမသည် သူ၏ဇနီးဖြစ်သူ နှင့် သမီးဖြစ်သည်။ မုဝမ့်ယွဲ့သည် ထူးချွန်လှရာ သူသည် သူမကို တန်ဖိုးထား သည်။

ပေထင်းဟွမ်သည် မုလီဖန်းကို လျစ်လျူရှုပြီး အနောက်မှ မုချင်းလင်၏ လက်ကိုဆွဲလိုက်သည် “သခင်မလေးမု ကျွန်တော် အရင်က အသုံးမကျခဲ့လို့ မင်း အများကြီးခံစားခဲ့ရပြီးပြီ… အခုကစပြီး အနာဂတ်မှာ ဘာပဲဖြစ်လာပါစေ မင်းကို ဘယ်သူမှ အနိုင်မကျင့်စေရဘူး”

ပေထင်းဟွမ်သည် မုလီဖန်းကို ကြည့်လိုက်သည် “မင်းမိသားစုတောင်မှ ပေါ့”

မုချင်းလင်သည် အဆိပ်မိနေကြောင်း ပေထင်းဟွမ်ပြောလိုက်သည်ကို တွေးပြီး မုလီဖန်းသည် ရှက်သွားမိသည်။ “တူလေး ချင်းလင်က အဆိပ်မိတယ် လို့ မင်းပြောသွားတယ်နော် တကယ်လား”

“အမှန်ဟုတ်မဟုတ်ကိုတော့ ခင်ဗျားရဲ့ဇနီးကို မေးကြည့်ရင်သိမှာပဲ မဟုတ်ဘူးလား” ပေထင်းဟွမ်သည် နှာရှုတ်ကာ ရှေ့သို့ခြေတစ်လှမ်းတိုးလိုက် သည်။ နန်ကုန်းကျိယင်သည် မုဝမ့်ယွဲ့ကို ပြန်ဆွဲထားလိုက်သည် “ငါ့ကို ဘာ မေးမှာလဲ ငါက ဘယ်လိုလုပ်သိမှာလဲ”

“ကျွတ်” ပေထင်းဟွမ် ခေါင်းညိတ်လိုက်သည် “အရမ်းကောင်းတယ် ခင်ဗျား မသိဘူးဆိုလည်း အနှေးနဲ့အမြန်သိလာလိမ့်မယ်” သူမသည် လက်ထဲမှ ကျောက်စိမ်းပုလင်းကို မြှောက်လိုက်သည် “ကျွန်တော် သိသလောက်ဆိုရင် အဆင့် ၅ ဝိညာဉ်နက်ဆေးက ရှာရခက်တယ်တဲ့… ဆေးနည်းမသိရင် အဆိပ် ဖြေဆေးကိုဖော်မရဘူး.. ကံကောင်းလို့ ဝိညာဉ်နက်ဆေးက မင်းရဲ့ ကျင့်ကြံမှု တွေကို နောက်ပြန်ဆုတ်သွားစေတာပဲရှိတယ် မင်းခန္ဓာကိုယ်ကို ထိခိုက်စေမှာ မဟုတ်ဘူး.. အဲဒါကြောင့် ဖြည်းဖြည်းချင်းစဉ်းစားလို့ရတာပေါ့”

သူမသည် လက်ထဲမှကျောက်စိမ်းပုလင်းကိုဖွင့်ပြီး ကျောက်စိမ်းကဲ့သို့ အရောက်လက်နေသည့် အဖြူရောင်ဆေးပြားကို လောင်းချလိုက်သည်။ လေ ထဲတွင် လန်းဆန်းသော ရနံ့များထွက်လာသည်။ ထိုဆေးကိုမြင်သောအခါ နန်ကုန်းကျိယင်၏ မျက်လုံးများ အရောင်လက်လာသည်။ သူမ အောင်ပွဲခံတော့ မည့်ဆဲဆဲတွင် ပေထင်းဟွမ်သည် ထိုဆေးကို မုချင်းလင်၏လက်ထဲသို့ထည့် လိုက်သည်ကိုမြင်လိုက်ရသည် “စားလိုက်”

ထိုအဖြူရောင်ဆေးတွင် ဝိညာဉ်စွမ်းအင်များ ထူထပ်စွာပါဝင်နေကာ ဆေးအနံ့လည်း ပြင်းသည်။ မုချင်းလင်သည် ထိုဆေးအမျိုးအစားကိုမသိပေ။ သို့သော် မစဉ်းစားဘဲနှင့် ပါးစပ်ထဲသို့ ထည့်လိုက်သည်။

“အနာဂတ်မှာ ဘာပဲဖြစ်လာခဲ့ ဖြစ်လာခဲ့” ဆိုသည့် ထိုလူငယ်ပြောခဲ့ သည့်စကားအဓိပ္ပာယ်ကို သူမ နားမလည်ပေ။ သို့သော် သူသည် သူမကို ကာကွယ်ပေးလိမ့်မည်ဟု သူမ၏ အလိုလိုသိစိတ်မှ ပြောနေသည်။

“အခန်းကိုပြန်လိုက်တော့ ခြေထောင်တင်ပျဉ်ခွေထိုင်ပြီး ကျင့်စဉ်တွေ သွားလေ့ကျင့်လိုက်” ပေထင်းဟွမ်သည် မေးငေါ့လိုက်သည် “ငါ ဒီမှာမင်းကို ကာကွယ်ပေးမယ်”

“ဒါဆို အဲဒီဆေးကဘာလဲ” နန်ကုန်းကျိယင်သည် မနေနိုင်တော့ဘဲ မေး လိုက်၏။ ထိုဆေးသည် ဝိညာဉ်နက်ဆေးကို ကုသနိုင်လိမ့်မည်ဟု သူမ၏ မသိ စိတ်မှပြောနေသည်။

“အဆင့် ၆ ရိုးတွင်းခြင်ဆီသန့်ရှင်းဆေးပဲ” ပေထင်းဟွမ်သည် အမှုမထား သလိုပြောလေသည်။ သူမ “အဆင့် ၆ ရိုးတွင်းခြင်ဆီသန့်ရှင်းဆေး” ဟုပြော လိုက်ချိန်တွင် ပဲစေ့အကြောင်းပြောနေသလိုပင်။ ဤတိုက်တွင် အဆင့် ၆ ဆေး သည် ဘေးဒုက္ခကိုယူဆောင်လာစေကာ မရေမတွက်နိုင်သော လူများ ထိုဆေး ကြောင့် တိုက်ခိုက်နိုင်သည်ကို သူမ မသိပေ။

“အဆင့် ၆ ဟုတ်လား” မုလီဖန်းသည် မြို့စားတစ်ယောက်အနေနှင့် မတည်ငြိမ်နိုင်တော့ပေ “တူလေး ဒါက အဆင့် ၆ ရိုးတွင်းခြင်ဆီသန့်ရှင်းဆေး ဆိုတာသေချာလား”

ဒါပေါ့ ပေထင်းဟွမ် မသေချာပေ။ အဆင့် ၅ ဝိညာဉ်နက်ဆေးဖြစ်စေ၊ အဆင့် ၆ ခြင်ဆီသန့်ရှင်းဆေးဖြစ်စေ ထိုနှစ်မျိုးလုံးကို သူမလက်ကောက်ဝတ်မှ လက်ကောက်ဆီမှ ရလာခြင်းဖြစ်သည်။ လက်ကောက်ဝတ်တွင် ဝတ်ထားသည့် ခရမ်းရောင်ကျောက်စိမ်းလက်ပတ်ထဲမှ ထိုဆေးများကို တွေ့ခြင်းဖြစ်သည်။ ထို လက်ပတ်ကြောင့် ပိုင်ရှင်၏လက်ကောက်ဝတ်သည် အလှီးခံခဲ့ရသည်။ ထို ပစ္စည်းသည် လိင်ပြောင်းရန်အတွက် သုံးသည့် အဆင့်မြင့်ဝိညာဉ်ပစ္စည်းဖြစ် သည်။

အကြောင်းအရင်းတချို့ကြောင့် သူမ ကူးပြောင်းပြီးနောက်တွင် လက်ပတ်ထဲ၌ နေရာလွတ်တစ်ခုရှိနေသည်ကို တွေ့ခဲ့ရသည်။ နေရာမှာ ကြီးမားလှသည်မဟုတ်ပေ။ အဝင်ပေါက်တွင် ဘောလံးကွင်းတစ်ကွင်းစာ မြက်ခင်းတစ်ခင်းရှိသည်။ ခြေလှမ်းဒါဇင်ကျော်မျှလျှော်ကလိုက်သည်နှင့် သစ်သားခြံစည်းရိုးဖြင့် ခတ်ထားသည့် ဝင်းတစ်ခုရှိသည်။ ထိုနေရာမှစပြီး အိပ်ခန်း၊ ဧည့်ခန်းများပါသည့် ပျဉ်ထောင်အိမ်များ အတန်းလိုက်ရှိသည်။

အခန်းထဲတွင် ပစ္စည်းများများစားစားမရှိပေ။ အရာအားလုံးကို သပ်ရပ်စွာ သိမ်းဆည်းထားသည်။ အထဲတွင် ဆေးပုလင်းတချို့ရှိသည်။ နှစ်ပေါင်းများစွာ ကြာသွားခဲ့သည်ကို မသိသော်လည်း အထဲမှ စိတ်အတွင်းဝိညာဉ်ချီမှာ မြင့်မား ပြိး ကျောက်စိမ်းပုလင်းများကို စည်းပိတ်ထားသဖြင့် ဆေးအာနိသင်ကို ထိန်းသိမ်းထားနိုင်ခဲ့သည်။

ပေထင်းဟွမ်သည် ပုလင်းများကို ဝေ့ဝဲကြည့်ခဲ့သည်။ ပုလင်းများပေါ်တွင် မည်သူ တံဆိပ်ကပ်ထားခဲ့သည်ကိုတော့ မသိပေ။ ပုလင်း၏အနောက်ဘက် တွင်ရေးထားသည့် “အဆင့် ၆ ခြင်ဆီသန့်ရှင်းဆေး” ဆိုသည့်စာလုံးများမှာ အလွန်ပင် လွှမ်းမိုးနိုင်သည်။ သူမ ခေါင်းညိတ်လိုက်သည် “မဆိုးပါဘူး အဲဒါက အဆင့် ၆ ခြင်ဆီသန့်ရှင်းဆေးပဲ.. အဆင့် ၆ ဆေးလေးပဲကို ဘာတွေ အဲလောက် အံ့ဩနေတာလဲ ဦးလေးမု”

All Chapters