ညအရှင်နာမည်က တော်တော်အသုံးဝင်တာပဲ
Vol. 1 Ch. 14
အဆင့် ၆ လေးပဲဟုတ်လား။ မုလီဖန်းသည် မေ့လဲလုမတတ်ပင်။ သူသည် နဖူးကိုကိုင်ပြီး အသက်ပြင်းပြင်း ရှူလိုက်ရသည်။ သို့သော် သူ ဘာလုပ်နိုင်မည် နည်း။ ပေထင်းဟွမ်သည် ထောင်လွှားပိုင်ခွင့်ရှိသည်။ သူ့လက်ထဲတွင် ဆေး အနည်းငယ်ရှိသည်ကို မြင်ခဲ့ရသည်မဟုတ်ပါလား။ အဆင့် ၆… သူ့ကိုသာ တစ်လုံးလောက် ပေးမယ့်သူရှိရင်တော့လား။
“ပေထင်းဟွမ် မင်းက ငါ့သမီးကို ထိခိုက်အောင်လုပ်သွားတယ် ဒီဆေး ပုလင်းကို ချန်မထားခဲ့ရင်တော့ ဒီနေ့ ဒီနေရာကနေ ထွက်သွားနိုင်မယ်လို့ မထင် လိုက်နဲ့”
ရှေးယခင်ကတည်းကပင် ပိုက်ဆံသည် လူအများ၏စိတ်ကို လှုပ်ရှားစေ သည်။ အဆင့် ၆ ခြင်ဆီသန့်ရှင်းဆေးဆို ပြောရန်ပင်မလိုတော့ပေ။ လော့ပေ ချန်းမဆိုထားနှင့် ပင်မတိုက်ကြီးတွင် အဆင့် ၆ ဆေးရှိသူမှာ များများစားစား မရှိပေ။ ပင်မတိုက်ကြီးတွင် နှစ်ပေါင်းသောင်းချီကြာပြီးနောက် ကျင့်ကြံသူများ မှာ သိပ်မရှိတော့ပေ။ ထို့အပြင် အဂ္ဂိရတ်ပညာရှင်ဖြစ်ရန်မှာ သစ်နှင့်မီးအရည် အချင်းနှစ်မျိုးလုံးရှိသည့် ပူးတွဲဝိညာဉ်ခန္ဓာကိုယ်ဖြစ်ရန်လိုသည်။
ထိုလူမှာလည်း တစ်သန်းမှတစ်ယောက်သာဖြစ်သည်။
ဆေးပင်များသည် အလွန်အဖိုးတန်သည်။ လူဆင်းရဲများသည် စာလေ့လာကြပြီး လူချန်းသာများသည် ကိုယ်ခံပညာသိုင်းများလေးကျင့်ကြ သည်။ မျိုးဆက်အဆက်ဆက် အမွေဆက်ခံလာသည့် မျိုးနွယ်ကြီးများသာ မဟုတ်လျှင် အဂ္ဂိရတ်ဆရာဖြစ်ရန် မလွယ်ပေ။
ပေထင်းဟွမ်သည် သဲ့သဲ့ပြုံးပြီး နန်ကုန်းကျိယင်ကို ချစ်မိနေသည့်အလား နက်နက်ရှိုင်းရှိုင်းကြည့်နေလိုက်သည်။ သူ့မျက်လုံးထဲမှ လူသတ်နိုင်သည့် အရိပ်အယောင်ကို နန်ကုန်းကျိယင်တစ်ယောက်တည်းသာ မြင်နေရသည်။
“ဟုတ်လား ကျွန်တော့်ကိုနေစေချင်တာလား ဟုတ်ပြီလေ” ပေထင်းဟွမ် သည် လက်ထဲမှကျောက်စိမ်းပုလင်းကို ပစ်မြှောက်နေသည်။ သူမ မြှောက်ပြီး နောက် မုလီဖန်းကို မေးလေသည် “ဦးလေးမု ကျွန်တော့်ကို ဒီဆေးဘယ်သူပေး တယ်ထင်လဲ.. ကျွန်တော်က အသုံးမကျတာကို ဦးလေးတို့လည်းသိနေတာပဲ.. အဆင့် ၆ ခြင်ဆီသန့်ရှင်းဆေးကို သန့်စင်ဖို့ဆိုတာ အိပ်မက်သက်သက်ပဲလေ”
ပေထင်းဟွမ် ပြောပြီးနောက် ကျောက်စိမ်းပုလင်းကို မုလီဖန်းဆီသို့ ပစ် ပေးလိုက်သည်။ မုလီဖန်းသည် စိတ်ပူသဖြင့် ချွေးများပင်ထွက်လာသည်။ သူ သည် ကျောက်စိမ်းပုလင်း ကြမ်းပြင်ပေါ်ကျသွားမည်ကို ကြောက်နေခြင်းဖြစ် သည်။ သူသည် ဖမ်းပြီးကြည့်လိုက်သည်။ ခြေထောက်များမှာလည်း ကြောက်ရွံ့ မှုကြောင့် တုန်ယင်နေသည်။ သူသည် လက်နှစ်ဖက်ဖြင့် ဖမ်းပြီးနောက် ပေထင်းဟွမ်းအား ပေးလုက်သည် “တူလေးပဲ ယူလိုက်ပါ ကျုပ်တို့ကဒီလို အဖိုးတန်ပစ္စည်းတွေကို ဂရုမစိုက်ပါဘူး ဂရုမစိုက်ဘူးရယ်”
ပေထင်းဟွမ်သည် နန်ကုန်းကျိယင်ဘက်သို့ မျက်ခုံးပင့်ပြီး ယုတ်ညံ့စွာ ပြုံးလိုက်သည် “အဒေါ်နန်ကုန်း တောင်းပန်ပါတယ် ကျွန်မ ရှင့်ကို မပေးချင်လို့ မဟုတ်ပါဘူး ရှင်တို့က လက်မခံရဲတာပါ”
“သခင်” နန်ကုန်းကျိယင်သည် နားမလည်ပေ။ သူမသည် လက်မလျော့ ချင်ပေ။ ထိုပစ္စည်းသည် အဆင့် ၆ ခြင်ဆီသန့်ရှင်းဆေးဖြစ်သည်။ သမီးဖြစ်သူမှ တစ်လုံးစားလိုက်လျှင်ပင် ခြင်ဆီသန့်ရှင်းသွားပြီး အနာဂတ်တွင် သူမ၏ ကျင့်ကြံခြင်း အရည်အချင်းမှာ ပိုကောင်းလာနိုင်သည်။ အခန်းအလယ်တွင် တင်ပျဉ်ခွေထိုင်နေသည့် မုချင်းလင်ကို သူမကြည့်လိုက်သည်။ ထိုအခိုက်တွင် သူမသည် အမည်းရောင် ပုံရိပ်ဖြစ်နေပြီဖြစ်သည်။ ခန္ဓာကိုယ်ထဲမှ အဆိပ်များ အားလုံးကို ရှင်းလင်းပြီးနေပြီ။ ထိုဆေးအာနိသင်မှာ မည်မျှလွှမ်းမိုးနိုင်ကြောင်း ကို ကြည့်လိုက်သည်နှင့် တွေး၍ရနေသည်။
“အတင့်ရဲလိုက်တာ” မုလီဖန်းသည် ပေထင်းဟွမ်ရှိနေသည်ကိုပင် လျစ်လျူရှုပြီး နန်ကုန်းကျိယင်ကို ငေါက်ငမ်းလေသည် “ဒါက ညအရှင်ရဲ့ ပစ္စည်းပဲ ငါတို့တပ်မက်လို့ရတဲ့အရာလား”
ဒါပေါ့ အဆင့် ၆ ခြင်ဆီသန့်ရှင်းဆေးကို ညအရှင်မှ လက်ဆောင်ပေးထား ခြင်းမဟုတ်ပေ။ သို့သော် ပေထင်းဟွမ်တွင် ညအရှင်ပေးခဲ့သည့် အသက်စောင့် ဆေးလည်းရှိသည်။ ညအရှင်အိမ်တော်၏ သင်္ကေတတပ်ထားသည့် ကျောက်စိမ်းပုလင်းကို သုံးလိုက်ခြင်းမျှသာဖြစ်သည်။ တခြားသူများကို လိမ်လည်ရသည်မှာ သူမအတွက် လွယ်လွန်းသည်။
ညအရှင်ရဲ့နာမည်က တော်တော်အသုံးဝင်တာပဲ။
နန်ကုန်းကျိယင်သည် ချက်ချင်းပင် နှုတ်ဆိတ်သွားသည်။ သူမ ဆန္ဒမရှိ လည်းဘာလုပ်ရမှာလဲ။ ညအရှင်က ဒီကလေးကို ဘာလို့ဒီဆေးပေးခဲ့လဲ သူမက ဘယ်လိုလုပ်သိမှာလဲ။ အစေခံပေါ်တွင်လဲလျောင်းပြီး သေချင်ယောင်ဆောင် နေသည့် မုဝမ့်ယွဲ့သည် ရုတ်တရက် မျက်လုံးပွင့်လာသည် “ညအရှင်လား ညအရှင်က လော့ပေမြို့ကိုလာတာလား”
မုဝမ့်ယွဲ့သည် အပျော်လွန်ကာ နန်ကုန်းကျိယင်အား ဆွဲလေသည် “အမေ သမီး ညအရှင်သခင်ကို ဆေးသွားတောင်းမယ်.. သမီး ဆရာက ညအရှင်သခင် ကိုသိတယ်.. သူက သေချာပေါက် ကူညီမှာပါ”
နန်ကုန်းကျိယင်သည် စိတ်ပူပန်လာသည်။ ညအရှင်က တွေ့ဖို့လွယ်လို့ လား။ သို့သော် သူမ၏သမီးဖြစ်သူသည် လွန်ခဲ့သည့် သုံးနှစ်က ညအရှင်နှင့် တွေ့ပြီးကတည်းကပင် သူ့ကိုမမေ့နိုင်ခဲ့ပေ။ ထိုအကြောင်းအရင်းကြောင့်ပင် သမီးဖြစ်သူကို မြို့တော်တွင်ရှိသည့် နန်ကုန်းမိသားစုသို့ ပို့ပေးရန်စီစဉ်ခဲ့သည်။ ယခု အခွင့်အရေးကောင်းရှိလာသဖြင့် သမီးဖြစ်သူကို သေချာပေါက် ကူညီရ မည်.
“သခင် အခု ညအရှင်သခင်က ဘယ်မှာရှိလဲဆိုတာ ကူပြီးစုံစမ်းပေးလို့ရ မလား” နန်ကုန်းကျိယင်သည် မုဝမ့်ယွဲ့၏လက်ကိုကိုင်ပြီး မေးလေသည်။
“ဟူး” သားအမိနှစ်ယောက်၏ အတွေးကို မုလီဖန်း မည်သို့ မသိဘဲနေ မည်နည်း။ သူတို့သာ ညအရှင်သခင်နှင့် ဆက်သွယ်မိပါက မုမိသားစုသည် သူ့ အရိပ်ကိုခိုပြီး အောင်မြင်နိုင်သည်။ သူသည် ဤကဲ့သို အခွင့်အရေးကို လက် မလွတ်ချင်ပေ “ဒီအချိန်လောက်ဆို ညအရှင်သခင်က ဥလာရှာတတ်တယ်”