ချစ်စရာကောင်းတဲ့ ဇနီးလောင်း
Vol. 1 Ch. 15
“ဟား” ပေထင်းဟွမ်သည် ကျယ်လောင်စွာ ရယ်မောမိသည်။ သူက ပျင်း နေလို့ ဒီအထိလာပြီး ဥလာရှာတာလား။
မုဝမ့်ယွဲ့သည် ဒေါသထွက်လွန်းသဖြင့် မျက်နှာများ ဖြူဖျော့လာသည်။ သို့သော် ပေထင်းဟွမ်ကို ဒေါသမထွက်ရဲပေ။ သူမသည် ပေထင်းဟွမ်၏ နည်းလမ်းများကို မြင်ပြီးရာ အောက်နှုတ်ခမ်းကိုက်ပြီး သူမ၏အမေကို ဒေါသ တကြီးဆွဲခေါ်လာလိုက်သည်။
သူမသည် ပေထင်းဟွမ်ကို တစ်မိနစ်ပင် မမြင်ချင်ပေ။
ဒီအမှိုက်ကောင်။
ခြံဝင်းထဲတွင် ခြေလက်ကျိုးနေသည့် အစေခံများ ပြည့်နေသည်ကို မုလီဖန်းသည် ကြည့်နေမိသည်။ သူ သည်းခံရန်ကြိုးစားနေရသည်။ သို့သော် သူ ဘာမှမပြောခင်မှာပင် ပေထင်းဟွမ်သည် သူ့ကို အထင်သေးစွာကြည့်လေသည် “ဦဂလေးမု ချင်းလင်ကလည်း ဦးလေးသမီးပဲ.. သူမ မုမိသားစုမှာ အနိုင်ကျင့်ခံရ တာကို ကျွန်တော် နောက်တစ်ခါမတွေ့ချင်ဘူး.. မဟုတ်ရင် နောက်တစ်ခါဆို ဝိညာဉ်နက်ဆေးလောက်နဲ့ ပြီးသွားမှာမဟုတ်ဘူး”
“မင်း” မုလီဖန်းသည် ပေထင်းဟွမ်ကို အပြစ်တင်ချင်သော်လည်း ပေထင်းဟွမ်၏ မျက်လုံးထဲမှ လူသတ်တော့မည့်အကြည့်ကိုမြင်သောအခါ ထိတ်လန့်သွားလေ၏။ သူသာ ပေထင်းဟွမ်ကို အမှိုက်လို့ဆက်မြင်နေသေး လျှင် သူ ကန်နေးလို့ဖြစ်မည်။
ပေထင်းဟွမ်သည် ထိုလူနှစ်ယောက်၏ သားဖြစ်သည်။ အဲလူနှစ်ယောက် ရဲ့ သားကဘယ်လိုလုပ် အသုံးမဝင်တဲ့လူဖြစ်ရမှာလဲ။
“ချင်းလင်ကို နောက်တစ်ခါ အနိုင်မကျင့်ကြနဲ့” မုလီဖန်းသည် အင်္ကျီ လက်ကို ဝေ့ယမ်းကာ ဒဏ်ရာရထားသော အစေခံများကို သယ်သွားခိုင်း ပြီးနောက် သူလည်းထွက်သွားသည်။
အခန်းထဲတွင် မုချင်းလင်သည် နောက်ဆုံးအဆင့်သို့ ရောက်နေပြီဖြစ် သည်။ အဆင့် ၆ ထိပ်တန်းခြင်ဆီသန့်ရှင်းဆေးသည် အားကောင်းသည့် အာနိသင်ရှိကာ သူမ၏အရိုးများ၊ အကြောမျှင်များနှင့် သွေးကြောများအားလုံး ကို ကွဲသွားစေသည်။ အလွန်နာကျင်လှသော်လည်း သူမ တောင့်ခရသည်။ ထို အခိုက်တွင် သူမတစ်ကိုယ်လုံးသည် ထုံကျဉ်ပြီးယားယံသည်။ သူမ၏ အရိုးများ၊ အကြောမျှင်များနှင့် သွေးကြောများသည် ပြန်လည်တည်ဆောက်နေပုံပင်။ တကယ် မခံနိုင်စရာပင်။
အချိန်မည်မျှကြာသွားသည်မသိ.. သူမ၏ သွေးကြောထဲတွင် နွေးထွေး သည့်စွမ်းအင်တစ်ခု စုဝေးလာပြီး တဖြည်းဖြည်းနှင့် ချီအလုံးဖြစ်လာသည်။ နောက်ဆုံးဝိညာဉ်စွမ်းအင်ကို သူမ၏ သွေးကြောမှစုပ်ယူပြီးနောက် အောင်မြင် သွားသည်ဟု ပြော၍ရသည်။
“ဘာအနံ့လဲ… ဘာလို့ ဒီလောက် အနံ့ထွက်နေတာလဲ”
မုချင်းလင် မျက်မှောင်ကြုတ်လိုက်သည်။ သူမကိုယ်သူမပင် မမြင်ရပေ။ သူမ၏ မျက်နှာနှင့် မျက်ခုံး၊နဖူးများကို ရွံ့ဖြင့်ဖုံးအုပ်ထားသည်။ သူမသည် အလွန်ပင် အကျည်းတန်နေလေ၏။
ကြည်လင်သောမျက်လုံးတစ်စုံသည် ပေထင်းဟွမ်ကို ကြည့်လိုက်သည်။ ပေထင်းဟွမ်သည် တံခါးဘောင်တွင်ထိုင်နေသည်။ သူမသည် ခြေထောက်များ ကိုကွေးညွှတ်ထားကာ ကျောက်စိမ်းပုလင်းနှင့် ကစားနေသည်။ သူမသည် မုချင်းလင်အား သဲ့သဲ့ပြုံးပြီးကြည့်နေသည်။ မုချင်းလင်သည် သူမကိုယ်သူမ ငုံ့ကြည့်မိသည်။ သူမ၏ မျက်နှာကိုမြင်သောအခါ အလန့်တကြား ထခုန်မိ သည်။
“ညစ်ပတ်လိုက်တာ”
ပေထင်းဟွမ်သည် မရယ်ဘဲမနေနိုင်တော့ပေ။ ဤမိန်းကလေးသည် အလွန်ပင် ချစ်စရာကောင်းလွန်းသည်။
မုချင်းလင်သည် ပေထင်းဟွမ်၏ရှေ့၌ ပေါ်မလာရဲတော့ပေ။ သူမသည် ပြေးသွားပြီး ရေချိုးအဝတ်အစားလဲရတော့သည်။ သူမသည် တံခါးဝတွင် တွေဝေနေပြီး ထွက်မလာရဲပေ။
“ဒီကိုလာ” ပေထင်းဟွမ်သည် သူမကို လက်ယက်ခေါ်သည်။ မုချင်းလင် သည် မျက်ရည်များဝဲကာ လျှောက်သွားသည်။ ပေထင်းဟွမ် သူမကိုမေးလာ သည် “အဆင့် ဘယ်လောက်လဲ”
သူမ၏ ကြည်လင်နေသော မျက်လုံးထဲမှ မျက်ရည်များကျလာသည်။ ပေထင်းဟွမ်သည် သူမ၏ အင်္ကျီလက်ဖြင့်သုတ်ပေးပြီး ပြုံးကာ ပြောလိုက် သည် “ဘာလို့ငိုနေတာလဲ မင်းရဲ့အားတိုးလာပြီမဟုတ်ဘူးလား.. ဘာတွေ ကြောက်နေတာလဲ.. နောက်ဆိုရင် မင်းရဲ့အရည်အချင်းကို ဖြည်းဖြည်းချင်း ကျင့်ကြံသွားလို့ရတာပဲ”
“မဟုတ်ဘူး အဲလိုမဟုတ်ဘူး” မုချင်းလင်သည် ခေါင်းခါရင်းနှင့် မျက်ရည် များကျလာသည်။ သူမ အဆင့်မတက်၍မဟုတ်ဘဲ တစ်ခါတည်း အဆင့်အများ ကြီးတက်သွား၍ဖြစ်သည်။ “အဆင့် ၉.. အဆင့် ၉ ဝိညာဉ်ကျင့်ကြံသူဖြစ်သွားပြီ”
“အဲလောက်တောင် အားကောင်းတာလား” ပေထင်းဟွမ် ရေရွတ်လိုက် သည်။ လက်ပတ်ထဲမှ ဆေးသည် ဤမျှအားကောင်းလိမ့်မည်ဟု ထင်မထား ပေ။ “အဲဒါကောင်းတာပဲမဟုတ်ဘူးလား ဘာလို့ငိုနေတာလဲ.. အခုကစပြီး မင်း ဒီအိမ်ထဲမှာနေရင် ဘယ်သူမှ အနိုင်ကျင့်တော့မှာမဟုတ်ဘူး”
ပေထင်းဟွမ် ထိုသို့ပြောသည်နှင့် မုချင်းလင်သည် ပို၍ငိုတော့သည်။ သူမ ရှိုက်ကာပြောလေသည် “သခင်လေးကရော သခင်လေး ၉ ရှင်ကရော”
“ငါလား” ပေထင်းဟွမ်သည် တဒင်္ဂမျှ မှင်တက်ပြီးနောက် သတိပြန်ဝင် လာသည်။ ထိုမိန်းကလေးသည် သူမကိုစိတ်ပူပန်နေသည်။ သူမသည် ယုံကြည် ချက်ရှိရှိပြုံးပြီး ပြောလိုက်သည် “စိတ်မပူနဲ့ ငါ သေချာပေါက် သန်မာလာမှာပါ”
သူမသည် ဘယ်သောအခါမှ အားမနည်းခဲ့ပေ။