ဝန်းရံခြင်းနှင့် ဖိနှိပ်ခြင်း
Vol. 1 Ch. 16
ပေထင်းဟွမ်သည် ပြောပြီးသည်နှင့် တလက်လက်တောက်နေသည့် ဒင်္ဂါး လက်တစ်ဆုပ်ကို ဆုပ်ကိုင်ပြီး မုချင်းလင်၏လက်ထဲသို့ ထည့်ပေးလိုက်သည်။ ထို့နောက် လက်စွပ်လေးတစ်ကွင်းထုတ်ကာ မုချင်းလင်း၏ လက်ချောင်းအား ဝတ်ပေးလိုက်ကာ လက်ချောင်းထိပ်ဖောက်ပြီး လက်စွပ်ပေါ်ချလိုက်သည်။ “ဒါက သိုလှောင်လက်စွပ်ပဲ.. ပြီးတော့ ဒီမှာပတ္တမြား ၂၀ အစေခံနည်းနည်း ဝယ် ပြီး အခန်းကိုပြန်ပြင်ဆင်လိုက်”
ဤအခန်းမှာ အစကတည်းက ပျက်စီးနေရာ သူမ ကိုယ်ခံပညာအနည်း ငယ်သုံးလိုက်သဖြင့် ထပ်ကျိုးစရာမရှိတော့ပေ။
မုချင်းလင်သည် မှင်တက်နေသည်။ သိုလှောင်လက်စွပ်၊ ပတ္တမြား… ဒီပစ္စည်းတွေက သူမနဲ့ဝေးကွာလွန်းတယ်။ သိုလှောင်လက်စွပ်များသည် ပင်မ တိုက်ကြီးတွင် ရှားပါးလှသည်။ သိုလှောင်လက်စွပ်သည် ဈေးတစ်ခုရှိကာ ဈေး ကွက်တွင်မရှိပေ။ ထို့အပြင် ပတ္တမြား ၂၀.. ဒီလောက်များတဲ့ပိုက်ဆံကို သခင်လေး ၉ က ဘယ်ကနေရလာတာလဲ။
သူမ ပြန်မဖြေရဲပေ။
ပင်မတိုက်ကြီး၏ ငွေကြေးသုံးစွဲမှုမှာ ရွှေနှင့်ငွေဒင်္ဂါးများသာဖြစ်သည်။ ရွှေဒင်္ဂါး ၁ ပြားသည် ငွေဒင်္ဂါး ၁၀၀ နှင့်ညီပြီး ကျောက် ၁ တုံးသည် ရွှေဒင်္ဂါး ၁၀၀ ပြားနှင့်ညီကာ ပတ္တမြား ၁ တုံးသည် ကျောက် ၁၀၀ တုံးနှင့်ညီမျှသည်။
မြို့စားအိမ်တော် တစ်ခုလုံးပေါင်းတောင် ပတ္တမြား ၂၀ ရှိလောက်အောင် ချမ်းသာပါ့မလား။ သူမက လူချမ်းသာဖြစ်လာတာလား။
“တောင်းပန်ပါတယ် ငါ့မှာ ရွှေဒင်္ဂါးမရှိဘူး.. ဒါပဲရှိတယ် မင်းအကုန်သုံးလို့ ရပါတယ်” ပေထင်းဟွမ်သည် ပြောပြီးနောက် သူမ၏ပခုံးကိုပုတ်ကာ နှစ်သိမ့် နေလေ၏။ ပြီးနောက် ဝတ်ရုံကိုမ,ကာ ထွက်သွားလေသည်။
ပေထင်းဟွမ်၏ ကျောပြင်ကိုကြည့်ပြီး မုချင်းလင်သည် စိတ်ထဲတွင် ရေရွတ်မိသည် “စိတ်မပူပါနဲ့ ကျွန်မ သေချာပေါက် သန်မာလာမှာပါ” ပေထင်း ဟွမ်သည် လက်ရှိတွင် အသုံးမဝင်သည့်ခန္ဓာကိုယ် ဖြစ်နေသော်ငြား မုချင်းလင် ပြောသည့်စကားများသည် ခိုင်မာလှသည်။
သူမသည် ချစ်ခြင်းမေတ္တာနှင့် ဖြောင့်မတ်ခြင်းကို တန်ဖိုးထားသူဖြစ်ပြီး သန်မာသူဖြစ်ရန် လမ်းကြောင်းပေါ်စတင်နေပြီဖြစ်သည်။
ပေထင်းဟွမ်သည် မြောက်ပိုင်းမြို့တစ်ဝက်ကို သိမ်းထားသည့် ပေထင်း မိသားစုအခွဲဆီသို့ပြန်သည်။ ထိုအိမ်တော်တွင် ပင်မအဆောင်တော်၊ ကိုယ်ခံ ပညာလေ့ကျင့်ရာကွင်း၊ အဆောင်များနှင့် စာကြည့်တိုက်ပါဝင်သည်။ ဤ အိမ်တော်၏ တည်ဆောက်ပုံမှာ မြို့တော်ရှိပေထင်းမိသားစု၏ ပင်မအိမ်တော် ကြီးနှင့် တူညီပြီး ထိုအိမ်တော်ထက်အနည်းငယ်သေးသည်ဟု ဦးလေးဖြစ်သူ ဆီမှ ကြားထားသည်။
ထိုအချိန်တွင် ညဉ့်နက်နေပြီဖြစ်ရာ တံခါးမှာမပွင့်တပွင့်နှင့် တံခါးတွင် မီးအိမ်နှစ်လုံးချိတ်ဆွဲထားသည်မှလွဲပြီး မိသားစုတစ်ခုလုံး တိတ်ဆိတ်နေသည်။
ပေထင်းဟွမ်သည် နှုတ်ခမ်းတွန့်ကာ အေးစက်စွာပြုံးလိုက်သည်။ သူမ သာ လွယ်လွယ်နဲ့ လှည့်စားခံရမယ်ဆိုရင်အရင်ဘဝတုန်းက အမှောင်ကမ္ဘာ ဘုရင်ဆိုတဲ့နာမည်ကို ဘယ်လိုရလာမှာလဲ။ သူမကို ဝိုင်းပြီး ရှင်းပစ်ချင်တာ လား။ သူမဆီကနေ ဘာမှရလာမှာမဟုတ်ဘူး။
တံခါးအနောက်တွင် ပုန်းနေကြသည်မှာ အနည်းဆုံး ဆယ်ဦးရှိကာ အားလုံးမှာ အတော်အတန်အစွမ်းအစရှိသူများဖြစ်ကြသည်။ ထိုလူများအားလုံး သည် သူမကိုစောင့်နေခြင်းဖြစ်သည်။ တိုက်ဆိုင်စွာပင် ညတာမှာရှည်လှကာ သူမတွင်လည်း လုပ်စရာရှိမနေပေ။
မှောင်မိုက်သောညသည် ပေထင်းဟွမ်ကို ကာကွယ်ရန်အတွက် အကောင်းဆုံးအရောင်ဖြစ်သည်။
သူမသည် အမှောင်ထဲတွင် လမ်းလျှောက်ရသည်ကို ကျင့်သားရနေပြီဖြစ် သည်။
သူမသာ ညနှင့်ရောပြီး ကိုယ်ယောင်ဖျောက်လိုက်လျှင် မည်သူမှ ခွဲမရ တော့ပေ။
သူမသည် ဘေးဘက်တံခါးဆီသို့ တဖြည်းဖြည်းလျှောက်သွားပြီး ဝင် လိုက်သည်။ ထိုနေရာတွင် သစ်ပင်တစ်ပင်ရှိသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ပင် သူမသည် သစ်ပင်ပေါ်ရောက်နေပြီဖြစ်သည်။ သူမသည် သစ်ကိုင်းပေါ်၌ ရပ်လိုက်သော်လည်း သစ်ရွက်ပင်မလှုပ်ပေ။ သူမသည် သစ်ကိုင်းပေါ်မှ တံတိုင်းကို ခြေဖျားထောက်ကာ တံတိုင်းကိုကျော်တက်လိုက်သည်။ လုပ်ငန်း စဉ်တစ်ခုလုံးတွင် လေပင်ဝေ့တိုက်မသွားပေ။
ပေထင်းမင်သည် သူ့လူများကို ကိုယ်တိုင်ဦးဆောင်ကာ တံခါးအနောက် တွင် စောင့်နေသည်။ တံခါးသုံးပေါက်အားလုံးကို စောင့်ကြပ်ပြီးသားဖြစ်သည်။ ပေထင်းဟွမ်၏ ဖြတ်ရိုက်ခြင်းကိုခံလိုက်ရပြီးနောက် သွေးကြောထဲမှ ဝိညာဉ်ချီ ကို စုစည်း၍မရတော့ပေ။ သူသာ ကိုယ်တိုင်လက်စားမချေရလျှင် သူသည် ပေထင်းမိသားစု၏ ဆက်ခံသူမဖြစ်နိုင်တော့ပေ။
ပေထင်းဟွမ်သည် မျက်လုံးများကို မှိလိုက်သည်။ ထောင့်ဘက်တံခါး ဘေးတွင် လူ ၄ ယောက်ရှိကာ တံခါးတွင် ၆ ယောက်ရှိသည်။ တံခါးမှာ မပွင့် တပွင့်ဟ,လျက်ရှိသည်။ တံခါးဖွင့်ထားတာကို ဝင်လာရအောင် သူမ မိုက်မဲမယ် လို့များ သူတို့ထင်နေကြလား။
ပေထင်းဟွမ်သည် လက်ပတ်ထဲမှ ဓားမြှောင်ထုတ်လိုက်သည်။ ဓားမြှောင်သည် အကောင်းဆုံး လက်နက်ဖြစ်သည်။ လက်ထဲတွင် ဓားမြှောင်ရှိ သရွေ့ သူမသည် မိုင်ပေါင်းထောင်ချီ ခရီးသွားနိုင်သည်။
ညသည် သူမ၏ပုံရပ်ကို ဖုံးကွယ်ထားပေးသည်။ သူမသည် လူ ၄ ယောက် ရှိသည့် ထောင့်ဘက်တံခါးဆီသို့ သွားလိုက်သည်။ မည်သူမှ သူမကို မမြင်ကြ ပေ။
လူ ၄ ယောက်သည် လက်နှစ်ဖက်ကို ဆုပ်ကိုင်ထားပြီး စိတ်မရှည်တော့ ပေ။ သူတို့ရှေ့သို့ သရဲတစ်ကောင်လိုပေါ်လာသော ပေထင်းဟွမ်ကိုမြင်သော အခါ တဒင်္ဂမျှမှင်တက်သွားကြလေသည် “မင်း” သူတို့ထဲမှ တစ်ယောက်သည် ပေထင်းဟွမ်ကို လက်ညှိုးထိုးပြီး စကားမပြောနိုင်ခင်မှာပင် ပေထင်းဟွမ်၏ လက်ထဲမှ ဓားမြှောင်သည် လေထဲတွင် လှပစွာမြောက်သွားကာ ထိုလေး ယောက်သည် မျက်လုံးအပြူးသားဖြင့် နောက်ပြန်လဲကျသွားလေသည်။
ဓားတစ်ချောင်းနှင့် လည်ချောင်းပေါင်းများစွာ…