ပြန်လမ်းမရှိ
Vol. 1 Ch. 17
သူတို့အားလုံးသည် သူမ၏မျိုးနွယ်ဝင်များဖြစ်ကြသည်။ သူတို့အသက်ကို ယူရန် သူမတွင်အစီအစဉ်မရှိပေ။ သို့သော် တစ်ဖက်မှာ သူမ၏အသက်ကိုယူရန် ကြံစည်ခဲ့သည်။ သူမသာ သက်ညှာပေးလိုက်လျှင် သူတော်စင်ဖြစ်နေလိမ့်မည်။
သို့သော် သူမ၏အရင်ဘဝ၌ကပင် ဤကဲ့သို့မြင့်မြတ်သူဖြစ်ရန် ရည်ရွယ် ချက်မရှိပေ။ လူတစ်ယောက်အနေနှင့် သူမသည် အရှက်အကြောက်မရှိပေ။ သူမကိုသာ အနိုင်လာမကျင့်လျှင် သူမလည်း တခြားလူကို အနိုင်မကျင့်တတ် ပေ။ သည်လောက်ဆို လုံလောက်ပြီဖြစ်သည်။
ယခု တခြားလူမှ သူမကိုသေစေချင်နေရာ သူမ၏ အသုံးမကျသည့်ခန္ဓာ ကိုယ်နှင့်ဆိုလျှင် အရင်လက်ဦးမှုယူမှဖြစ်မည်။
လော့ပေမြို့၏ မျိုးနွယ်အခွဲခေါင်းဆောင်သည် ပေထင်းမင်နှင့် ပေထင်းဟန်တို့၏ ဖခင် ပေထင်းသယ့်ဖြစ်သည်။ သူမ၏လက်ရှိအားနှင့်ဆိုလျှင် သူတို့နှင့် ထိပ်တိုက်တွေ့ရန် မသင့်တော်ပေ။
ပေထင်းဟွမ်သည် ဓားမြှောင်ကိုင်ကာ အရှေ့တံခါးသို့ ချောင်းကြည့်လိုက် သည်။
“ထူးဆန်းလိုက်တာ အဲအမှိုက်က ပြန်မလာသေးဘူးလား” ပေထင်းမင် သည် အနည်းငယ် စိတ်မရှည်သလို တိုးညင်းစွာပြောလေသည်။
သူသည် ပေထင်းဟွမ်လက်ထဲရောက်ရုံရှိသေးသည်၊ သူ၏အကြောများ မှာ ရောင်ဝါကိုပင် ထိန်းမရတော့ပေ။ သူသည် ပေထင်းဟွမ်ကဲ့သို့ “အမှိုက်” ဖြစ် သွားကာ ပေထင်းဟွမ်ကို အမှိုက်ဟုခေါ်ရန်ပင် စိတ်လှုပ်ရှားနေရသည်။
“သခင်မင် သူက မုအိမ်တော်ကိုသွားတာဆိုတော့ မကြာခင် ပြန်လာသင့် နေပြီ စိတ်ရှည်ရှည်နဲ့စောင့်ရအောင်ပါ” သူ့ဘေးမှလူတစ်ယောက်သည် တိုးညင်းသောအသံဖြင့် အကြံပေးလေသည်။
“သွားတော့ မင်း သွား အဲအမှိုက် ပြန်လာပြီလားဆိုတာ သူ့အခန်းထဲကို သွားကြည့်လိုက်” ပေထင်းမင်သည် လူတစ်ယောက်ကိုလွှတ်လိုက်သည်။
ပေထင်းမင်သည် ပန်းပင်နောက်တွင်ရပ်နေသည်။ သူမသည် တိတ်ဆိတ် စွာပင် အမှောင်ထဲတွင်ရောနေသည်။ ဖြတ်သွားသောထိုလူသည် သူမကို သတိ မထားမိပေ။ သို့သော် လည်ဂုတ်ဘက်မှ နာကျင်မှုကိုခံစားလိုက်ရပြီး မြေပေါ်သို့ လဲကျသွားလေသည်။ သူ အားလုံးကို သတိပေးရန် နောက်ကျသွားခဲ့လေပြီ။ ညအမှာင်ထဲတွင် သူ့ရှေ့မှလူသည် သူတို့အကြာကြီးစောင့်ဆိုင်းခဲ့ရသည့် ပေထင်းဟွမ်ဖြစ်ကြောင်းကို ခပ်ရေးရေးသာမြင်လိုက်ရသည်။
“မြောက်..”
“ဘာအသံလဲ” ပေထင်းမင်သည် အသံခပ်သဲ့သဲ့ကြားလိုက်ရာ ပေထင်းဟွမ်၏ နည်းလမ်းကို မတွေးဘဲမနေနိုင်တော့ဘဲ ခန္ဓာကိုယ်မှ မွေးညှင်း များပင် ထောင်လာသည် “သွားကြည့်လိုက်”
ပေထင်းဟွမ်စောင့်နေသည်မှာ ထိုစကားပင်ဖြစ်သည်။ သူတို့သည် လူ အရေအတွက်များကာ သူမသည် ဤတိုက်ရှိ ဝိညာဉ်စွမ်းအင်ဟုခေါ်သည့်အရာ နှင့် မရင်းနှီးသေးပေ။
ထိုလူသည် စူးစိုက်သောအကြည့်ဖြင့် လျှောက်လာရာ နူးညံ့သော တစ်စုံ တစ်ရာဖြင့် ခလုတ်တိုက်မိသွားသဖြင့် ထိတ်လန့်သွားလေသည်။ သို့သော် သူ မအော်လိုက်နိုင်ခင်မှာပင် လည်ပင်းကို စတီးသံနှုတ်ကဲ့သို့ ကိရိယာဖြင့် ဖမ်းဆုပ်ခံလိုက်ရသည်။ သူ ရုန်းထွက်ပြီး အော်လိုက်ချင်သော်လည်း မအော်နိုင် ပေ။ အမှောင်ထဲတွင် သရဲတစ်ကောင်လို ပုန်းနေသော လက်ပိုင်ရှင်ကိုကြည့် လိုက်ရာ ကြောက်လွန်းသဖြင့် သေးများပင် ထွက်ကျမတတ်ပေ။
“ဒီကောင်တော့ သူ့ကိုသွားကြည့်ခိုင်းတာ ကွယ်ပြီးသေးပေါက်နေသေး တယ်”
ဆီးအနံ့သည် တံခါးပေါက်အထိ လွှင့်ပျံ့လာရာ ပေထင်းမင်သည် သူ့ဘေး မှ လူကိုဒေါသတကြီးကန်လိုက်သည် “မြန်မြန်လုပ် အဲအမှိုက်ပြန်လာပြီလားလို့ သွားကြည့်လိုက် ငါစောင့်ရတာ ပင်ပန်းနေပြီ”
ပေထင်းဟွမ် ကိုင်မြှောက်ထားသောလူသည် ပေထင်းမင်ရှိရာဘက်သို့ ကြည့်ပြီး သတိပေးချင်သော်လည်း သူ၏အားထုတ်မှုမှာ အလဟဿပင်။
နောင်တမရနဲ့နော်…
ပေထင်းဟွမ်သည် နှာမှုတ်ကာ လက်ကိုအားထည့်လိုက်သည်နှင့် “ချွတ်” ဆိုသည့်အသံသဲ့သဲ့ထွက်လာသည်။ ညပိုင်းတွင် အလွန်တိတ်ဆိတ်နေရာ သူမ လက်လွှတ်လိုက်သည်နှင့် မြေပြင်ပေါ်သို့ လေးလံသောအရာဝတ္တုတစ်ခု ပြုတ်ကျသည့် “ဘုန်း” ဆိုသည့်အသံထွက်လာသည်။
“ဘယ်သူလဲ”
ဤအခြေအနေသို့ရောက်လာရာ ဘာဖြစ်မှန်းကို မသိလျှင် ပေထင်းမင်တို့ နေလာခဲ့သည်မှာ အချည်းအနှီးပင်။
သို့သော် နောက်ကျသွားလေပြီ။ သွေးများစီးကျလာသည်။ ပေထင်းမင် နှင့် တစ်ချိန်လုံးစောင့်ကြပ်နေသော တခြားနှစ်ယောက်၏ မျက်နှာကို ပူနွေး သောအရည်များလာစင်ပြီး ညှီစို့စို့အနံ့များရလိုက်၏။ ထိုလှုပ်ရှားမှုသည် သူတို့ သုံးဦးကို အမှန်တကယ်ပင် ကြောက်လန့်စေသည်။
“ပေထင်းဟွမ် ထွက်ခဲ့” ပေထင်းမင်သည် ပေထင်းဟွမ်၏ ကိုယ်ယောင် မပေါ်သည့် အရည်အချင်းများကို သွားသတိရမိပြန်သည်။ ဒီအမှိုက်က ဘယ်တုန်းက ဒီလောက် အားကောင်းသွားတာလဲ။
ပေထင်းဟွမ်ပင် ဖြစ်လိမ့်မည်ဟု သူ၏ အသိစိတ်မှပြောနေသည်။
အရိပ်မည်းတစ်ခုသည် သူတို့ရှေ့သို့ တိုးတိတ်စွာ ပေါ်လာသည်။ သူ၏ လက်ထဲတွင် လူတစ်ယောက်ကို ဆွဲလာသည်။ သူ လက်လွှတ်လိုက်သည်နှင့် ထိုလူသည် မြေပေါ်ကျသွားသည်။ ထိုလူ၏ မျက်နှာကို ရှင်းရှင်းလင်းလင်းမမြင် ရပေ။ ပုံပန်းသဏ္ဍာန်ကိုကြည့်ရသလောက် ထိုလူသည် ပေထင်းဟွမ် ပြန်လာ မလာကို သွားစစ်ကြည့်ခိုင်းသည့် ပေထင်းမင်လွှတ်လိုက်သည့်သူဖြစ်သည်။
သူ သေသွားပြီ။ ဒီလောက် မြန်မြန်သေသွားတာပဲ။