ဘယ်သူမှ မကျန်ခဲ့ဘူး
Vol. 1 Ch. 18
သူတို့နှစ်ယောက်ကို ပေထင်းဟွမ် သတ်လိုက်သည်မှာ ထင်ရှားလွန်း သည်။
“ပေထင်းဟွမ် မင်း သူတို့ကိုသတ်လိုက်တာလား” ပေထင်းမင်သည် ပေထင်းဟွမ်အား တုန်ယင်သော လက်ချောင်းများဖြင့် လက်ညှိုးထိုးလေသည်။ ယနေ့သူ့ကိုသတ်ရန်တွက် တပ်သားနှင့်အစေခံများကို တံခါးတွင်စောင့်ကြပ် ခိုင်းခဲ့ရသည်။ ဤကဲ့သို့ ကြီးမားသော လှုပ်ရှားမှုဖြစ်သွားသော်လည်း မည်သူမှ ရောက်မလာခဲ့ပေ။
ဒီလို နတ်ဆိုးကောင်ကို အရှင်ထားလို့မဖြစ်ဘူး။
“ဟုတ်လို့လား ငါသတ်လိုက်တာလို့ ဘယ်သူမြင်လို့လဲ.. အဲတုန်းက ငါ ရောက်သေးလို့လား” ပေထင်းဟွမ်သည် နှာမှုတ်ကာ ပေထင်းမင်အား အကဲ ခတ်လေသည် “မင်းကိုလည်း အသက်ရှင်ဖို့ အခွင့်အရေးပေးမယ်.. အဲဒါကိုမှ တန်ဖိုးမထားရင် ဘယ်သူ့ကိုအပြစ်တင်မှာလဲ”
သူမသည် သူတို့သုံးယောက်အား သေလူသဖွယ်ကြည့်လေသည် “ကြည့်ရအောင် အမှိုက်တွေ ကောင်းကင်ဘုံအစား မင်းတို့ကို သင်ခန်းစာပေးရ မှာပေါ့”
သူမကို “အမှိုက်” ဟုခေါ်သည့်သူကို သတ်ပစ်မည်ဟု ပြောထားပြီးပြီဖြစ် သည်။
ပေထင်းမင်သည် နားမထောင်ပေ။ သူမကို “အမှိုက်” လို့ ဘယ်နခါတောင် ခေါ်ပြီးပြီလဲ။
သူမသည် တုံ့ပြန်ချက်ကိုပင် မစောင့်ဘဲ အားလုံးကို တစ်ချက်တည်းနှင့် သတ်လိုက်၏။ မြေပေါ်တွင် လဲကျနေသောလူသုံးယောက်ကိုမြင်သောအခါ တံခါးဘက်သို့ ကြည့်လိုက်သည်။ သူမသည် ထိုတံခါးကိုဖြတ်ပြီးဝင်ရန် ဘယ် သောအခါကမှ အဆင့်အတန်းမမှီခဲ့ပေ။ ထိုတံခါးကိုဖြတ်ပြီးဝင်ရရန်မှာ ခန္ဓာ ကိုယ်၏ မူလပိုင်ရှင် မျှော်လင့်သောအရာဖြစ်သည်။
ပေထင်းမင်က သူမစိတ်ကိုသိလို့များ ညလယ်ကြီးမှာ တံခါးကို ဖွင့်ထား ပေးပြီး သူမရဲ့ ဆန္ဒကို မသေခင်ဖြည့်ဆည်းပေးချင်လို့များလား။
ပေထင်းဟွမ်သည် မြေပြင်ပေါ်မှလူများကို အေးစက်စွာကြည့်ပြီး သူမ၏ ဝတ်ရုံကိုခါပြီး သူမ၏အခန်းဆီသို့ လျှောက်သွားရန်ပြင်လိုက်သည်။
တဒင်္ဂမျှစဉ်းစားပြီးနောက် သူမ နောက်လှည့်ပြီး လက်ကိုဝေ့ယမ်းလိုက် သည်။ မြေပြင်ပေါ်မှ အလောင်းများသည် သူမ၏လက်ပတ်အတွင်း ရောက် သွားလေသည်။
ထိုနေရာတွင် သူမ တစ်ယောက်သာ ကျန်ခဲ့သည်။ ပေထင်းဟန်နှင့် ပေထင်းမင်တို့သည် ညီအစ်ကိုများဖြစ်ကာ သူတို့၏ဖခင်သည် မျိုးနွယ်ခွဲ ခေါင်းဆောင်ဖြစ်သည်။ သူမသည် မောက်မာသော်လည်း မတုံးအပေ။
သူမသည် ယိုယွင်းနေသည့် ခြံဝင်းတွင် သူမ၏အစ်ကိုကြီးနှင့်အတူ နေခဲ့ ဖူးသည်။ အစ်ကိုဖြစ်သူကို မြို့တော်မှ မိသားစုက ပြန်ခေါ်ပြီးနောက် သူမသည် ဤနေရာတွင် လိုက်ခံခဲ့ရသည်။ ခြံဝင်းတွင် ပေါင်းပင်များဖြင့်ပြည့်နေသော် လည်း သူမ ဂရုမစိုက်ပေ။ ဤနေရာတွင် အမြဲတစေနေရန်မဖြစ်နိုင်ပေ။
အိပ်ရာပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ပေထင်းဟွမ်သည် လည်တိုင်မှ ခရမ်းရောင်ကျောက်စိမ်းလည်ဆွဲလေးကို ထိကိုင်မိသည်။ ဤလည်ဆွဲသည် သူမ မွေးဖွားစဉ်ကတည်းကပင် ပါလာကာ ထိုအချိန်မှစပြီး ဝတ်ဆင်လာ ခြင်းဖြစ်သည်။ ထိုလည်ဆွဲကြောင့်ပင် ဤကမ္ဘာတွင် ပြန်မွေးဖွားလာခြင်း ဖြစ်သည်။
“အချစ်လေး ငါတို့တစ်ယောက်နဲ့တစ်ယောက် မခွဲဘူး နောက်ဆိုရင် လည်း အတူအသက်ရှင်ပြီး အတူသေမယ်”
သူမ ပြောလိုက်ပြီးနောက် သူမ၏ စကားကိုနားလည်သည့်အလား ခရမ်းရောငကျောက်စိမ်းလည်ဆွဲသည် အရောင်လက်သွားလေသည်။
ဤတိုက်တွင် ဝိညာဉ်စွမ်းအင်များကို ကျင့်ကြံရာတွင် အာရုံစိုက်ထားကာ အားကောင်းသူသည် လေးစားခံရသည်။ သူတို့ကျင့်ကြံသည့် အတတ်ပညာကို ဝိညာဉ်နည်းစနစ်ဟုခေါ်သည်။ ထိုနည်းစနစ်များကို ကျင့်ကြံခြင်းနည်းစနစ်၊ တိုက်ခိုက်ခြင်းနည်းစနစ်နှင့် ခုခံခြင်းနည်းစနစ်များဟူ၍ သုံးမျိုးသုံးစား ခွဲခြား ထားသည်။ ဝိညာည်နည်းပညာများကို ကောင်းကင်၊ မြေကြီး၊ အဝါရောင်နှင့် အနက်ရောင်ဟူ၍ အဆင့် ၄ ဆင့်ခွဲထားသည်။ ထိုအထဲမှ ကောင်းကင်အဆင့် ဝိညာဉ်နည်းစနစ်များသည် ဒဏ္ဍာရီများတွင်သာရှိသည်။ တိုက်တစ်ခုလုံးတွင် သုန်းဖန်၊ နန်ကုန်း၊ ရှီမန်နှင့် ပေထင်းမိသားစုများသာ မြေကြီးအဆင့်ထိရောက် ကြသည်။
သာမန်လူများအတွက် အနက်ရောင်အဆင့်ရောက်သည်ကပင် အထင်ကြီးစရာဖြစ်ပြီး ၎င်းကြောင့်ပင် သေသည်အထိဖြစ်နိုင်သည်။
အဝါရောင်အဆင့်ကို လေလံပွဲများတွင် မြို့ငယ်တစ်မြို့နှင့်ညီမျှသော ဈေးနှုန်းဖြင့်ဝယ်နိုင်သည်။
ပေထင်းဟွမ်သည် ကောင်းကင်အဆင့်ကျင့်စဉ်နည်းလမ်းနှင့် ဝိညာဉ် နည်းစနစ်များကို စာကြည့်ခန်းမှထုတ်လိုက်သည်။ ပင်မတိုက်တွင် စိတ်ဝိညာဉ်ကောင်းသော ခန္ဓာကိုယ်များသာ ကျင့်ကြံရန်အဆင့်မှီသည်။ အရင်ဆုံး ကောင်းကင်နှင့်မြေကြီးကြားမှ ဝိညာဉ်ချီကို အာရုံခံရမည်ဖြစ်သည်။ ပြီးနောက် ကိုယ့်ဝိညာဉ်ခန္ဓာကိုယ်နှင့် ကိုက်ညီသည့် အရည်အချင်း ဝိညာဉ်ချီ ကို စုပ်ယူရမည်ဖြစ်သည်။ သတ္တု၊ သစ်သား၊ ရေ၊ မီးနှင့် မြေကြီးတို့သည် ကောင်းကင်နှင့်မြေကြီး၏ ဒြပ်ဝတ္ထုငါးမျိုးဖြစ်သည်။
ပေထင်းဟွမ်သည် မှတ်ဉာဏ်အားကောင်းသည်။ ကျင့်ကြံခြင်းနည်းလမ်း နှင့် ဂါထာများကို အလွတ်ကျက်ပြီးနောက် အိပ်ရာပေါ်တွင် တင်ပျဉ်ခွေထိုင်ပြီး ဂါထာနှင့် နည်းလမ်းများအရ ဝိညာဉ်စွမ်းအင်များကို စတင်စုပ်ယူတော့သည်။ ဝိညာဉ်ချီများသည် သူမ၏ အကြောများအလိုက်စီးဆင်းလာကာ နောက်ဆုံး တွင် သူမ၏ သက်စောင့်နေရာဆီသို့ သွားရန်ကြိုးစားလေသည်။
“ဖူး”
သူမသည် စွမ်းအင်များကို အတင်းလည်ပတ်စေပြီး သက်စောင့်နေရာထဲ မှ စူးရှသောနာကျင်မှုကို ခံစားသည်။ သူမသည် သွေးများအန်လာတော့သည်။
ကျရှုံးပီဲ။
ပေထင်းဟွမ်သည် စိတ်ဓာတ်ကျသွား၏။ သို့သော် ထိုခံစားချက်သည် စက္ကန့်ပိုင်းမျှသာ သူမကိုသက်ရောက်သည်။ ပင်မတိုက်တွင် ဝိညာဉ်သခင်သည် အကောင်းဆုံးသော အတတ်ပညာဖြစ်သည်။ သို့သော် ဝိညာဉ်သခင်နှင့် ယှဉ်နိုင် သည့် အတတ်ပညာတစ်ခုရှိသေးသည်။ ထိုအရာမှာ ကိုယ်ခံပညာသခင်ဖြစ် သည်။
သူမသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်မိသည်။ သူမ၊ ပေထင်း ဟွမ်သည် ဤထူးဆန်းသောတိုက်တွင် သူမ၏နာမည်ကို သက်သေပြရန် မဖြစ် နိုင်ဆိုသည်ကို သူမ မယုံပေ။