ဥရှာခြင်း
Vol. 1 Ch. 19
ပင်မတိုက်တွင် ပေထင်းဟွမ်၏ ပထမဆုံးညမှာ ကောင်းမွန်စွာ အိပ်ပျော် ခဲ့သည်။
မနက်အရောက်တွင် ပေထင်းယောင်သည် သူမတံခါးကိုလာခေါက်သဖြင့် အိပ်ရာမှနိုးသွားသည်။ ပြတင်းပေါက်အပြင်တွင် နေမြင့်နေပြီဖြစ်ကာ နေရောင် သည် ပြတင်းပေါက်ခန်းစီးမှ ဖြတ်ကာ သူမ၏အိပ်ရာရှေ့သို့ရောက်လုနီးပါးပင်။
“ရှောင်ကျို့ ရှောင်ကျို့ထတော့ ထတော့ လော့ပေမြို့မှာ ကိစ္စကြီးဖြစ်နေ ပြီ”
ပေထင်းယောင်သည် လော့ပေမြို့တွင် သူမနှင့်ရင်းနှီးသော လူအနည်း ငယ်ထဲမှ တစ်ယောက်ဖြစ်သည်။ သူမ၏အစ်ကိုကြီး ဤနေရာတွင်မရှိတော့ သည့်နောက် သူသည်သူမကို ကာကွယ်ခဲ့သူဖြစ်သည်။
ပေထင်းဟွမ်သည် အိပ်ရာပေါ်မှထပြီးနောက် ဗီရိုထဲမှ အနက်ရောင် ဝတ်ရုံကိုရှာဝတ်လိုက်သည်။ သူမသည် ပိန်ပါးသောကိုယ်လုံးကိုယ်ထည်ရှိပြီး ခါးမှာသေးသွယ်လှကာ ခေါင်းအထက်တွင် ဆံပင်ကိုစုပြီး ချည်နှောင်ထား သည်။ ပေထင်းဟွမ်သည် တံခါးဆွဲဖွင့်လိုက်ရာ အားပါပါနှင့်ထုရိုက်နေသော ပေထင်းယောင်သည် လဲကျလုမတတ်ဖြစ်သွားသည်။
ပေထင်းဟွမ်သည် သူ၏ကြီးမားသောလက်မောင်းကို ရုတ်တရက်ဆွဲပြီး အရှိန်ထိန်းပေးလိုက်ရသည်။ ပေထင်းယောင်ညည်းတွားပြီး သူ၏လက်မောင်း ကိုကိုင်ကာ ပြောလိမ့်မည်ဟု ထင်မထားပေ “အသာလုပ်လို့မရဘူးလား နာလို့ သေတော့မယ်”
သူသည် တဒင်္ဂမျှ မှင်တက်သွားသည်။ ပေထင်းဟွမ်၏မျက်လုံးများသည် ဆောင်းတွင်းည၏ ကြယ်များကဲ့သို့ တောက်ပနေကာ သူမ၏နှုတ်ခမ်းထောင့် များသည် ပြုံးနေပြီး ထိုအပြုံးသည်ယုံကြည်ချက်ရှိလှသည်။ သူမဆီမှထွက်လာ သော ရောင်ဝါသည် သူမကိုပို၍ မြင့်မြတ်သလို ထောက်ပံ့ပေးနေသည်။
သူမ ပြောင်းလဲသွားပြီ။
ပေထင်းယောင်သည် နောက်သို့ ခြေလှမ်းနှစ်လှမ်းဆုတ်ပြီး တံခါးကို ကြည့်ပြီးသည့်တိုင် ဘယ်ညာကိုကြည့်နေသည်။ ဒီအခန်းမှန်ပါတယ်.. ဒါက လည်း ရှောင်ကျို့ပါ.. ဒါပေမဲ့ တစ်ခုခုတော့ မတူနေဘူး။
“ဘာဖြစ်တာလဲ” ပေထင်းဟွမ်သည် တံခါးဘောင်ကိုမှီကာ လက်ပိုက်ပြီး တည်ငြိမ်သောမျက်နှာထားဖြင့် မေးလေသည် “မိုးပြိုလို့လား”
“အိုး မိုးပြိုတာထက် ကြောက်ဖို့ကောင်းတယ် ပွဲကြီးပွဲကောင်းသွားကြည့် ရအောင်” ပေထင်းယောင်သည် ပေထင်းဟွမ်ကို ဆွဲပြီး သူတို့နှစ်ယောက်သည် အနောက်တံခါးမှထွက်ခဲ့လိုက်သည်။ ပေထင်းဟွမ်သည် တံခါးရှေ့မှမြေပြင်ကို သာမန်ကာလျှံကာကြည့်လိုက်သည်။ မြေကြီးပေါ်တွင် သွေးစွန်းများရှိနေသေး သော်လည်း မည်သူမှ ဂရုမစိုက်ကြပေ။
ထို့အပြင် ဤတိုက်တွင် သန်မာသူများသည် လေးစားခံရပြီး အရည်အချင်းမရှိသည့်လူအနည်းငယ်ကို သတ်လိုက်ခြင်းသည် ပုရွက်ဆိတ် တစ်ကောင်ကိုသတ်သလိုပင်။
ထိုတင်သာမကဘဲ ထိုသေလူများသည် သူမ၏နေရာတွင် ပန်းပင် မြေဩဇာဖြစ်ပေးနေသည်။
သူမသည် ထိုလူများကို လက်ပတ်အတွင်းသို့ ထည့်ရန်အစီအစဉ်မရှိပေ။ သူမသည် ဤပေထင်းမိသားစုခွဲကို လက်ဆောင်ကြီးပေးချင်သည်။
“ပေထင်းမင်က မနေ့ကထွက်သွားပြီးကတည်းက ပြန်မလာဘူးလို့ ကြား တယ်.. ဒီနေ့မနက် မျိုးရိုးခွဲခေါင်းဆောင်က လူလွှတ်ပြီးရှာခိုင်းထားတယ်.. ဒါပေမဲ့ ပိုဆိုးသွားနိုင်တာ သူတို့ မသိဘူး”
တံခါးမှထွက်လာပြီး လော့ပိုင်မြို့၏လမ်းပေါ်သို့ရောက်သောခါ ပေထင်းယောင်သည် ပေထင်းဟွမ်အား နောက်ဆုံးရသတင်းများကို ပြောပြ လေသည် “သတိထားနော် ပေထင်းဟန်က ဒီရက်တွေမှာ မင်းကို ပစ်မှတ်ထား နိုင်တယ်”
ပေထင်းဟွမ်၏ အစ်ကိုကြီးမှာ သူမကိုပြန်လာကြည့်သည်ဟု သတင်းရ ပြိးနောက် ပေထင်းဟန်သည် ထိတ်လန့်ပျာပျာဖြစ်ခဲ့သည်။ ပေထင်းဟွမ်သည် အစ်ကိုဖြစ်သူကို တိုင်လိုက်မည်ကို ကြောက်သဖြင့် ပေထင်းဟွမ်၏အသက်ကို ယူရန် ဆုံးဖြတ်ခဲ့သည်။
“စိတ်မပူပါနဲ့ ဘာမှဖြစ်မှာမဟုတ်ဘူး” ပေထင်းဟွမ်သည် သဲ့သဲ့ပြုံးလိုက် သည်။ သို့သော် ထိုအပြုံးသည် မျက်လုံးများထိမရောက်ပေ။ သူမ၏အသက်ကို မည်သူမှ ယူရန်မဖြစ်နိုင်သလို သူမသည် ကောင်းကောင်းအသက်ရှင်သွားမည်။
အချိန်အကြာကြီး နိုးနိုးကြားကြားရှိဖို့ဆိုတာ ခက်တယ်။ သူမက နေ့တိုင်း ကျီးလန့်စားစားနေနေရမှာလား။
မနက်အစောတွင် လူအများသည် လော့ပေမြို့၏ ပင်မကွင်းပြင်တွင် စုစည်းလိုက်ကြသည်။ ပေထင်းမိသားစုသာ ဤကွင်းပြင်ကို သိမ်းပိုက်ရဲသည်။ ပေထင်းမိသားစုအခွဲသည် လူရွေးနေခြင်းဖြစ်ကာ မျိုးနွယ်ခွဲခေါင်းဆောင် ပေထင်းသယ့်သည် ကွင်းအလယ်တွင်ရပ်နေသည် “ဒါကမျိုးနွယ်ကပေးတဲ့ တာဝန်ပဲ.. ဒီတစ်ခါ ညအရှင် ဥရှာတာကို ငါတို့ကကူညီရမယ်”
အဲဒီဥပဲလာပြန်ပြီ။ ပေထင်းဟွမ်သည် အနည်းငယ် နားမလည်နိုင်ဖြစ် သွားသည် “အဲဒီဥကဘာလဲ”
“ယဲ့ဝမ်အရှင်ကစားနေကျ ဥကို အထွတ်အမြတ်သားရဲက ခိုးသွားတယ် လို့ကြားတယ်.. ယဲ့ဝမ်က အဲဒီဥကို အသည်းအသန်ရှာနေတာ.. အဲဒီဥကို တွေ့ တဲ့သူကို ယဲ့ဝမ်အိမ်တော်က အထွတ်အမြတ်သားရဲ ဆုချမယ့်အပြင် အထွတ်အမြတ်သားရဲကို ထိန်းကျောင်းဖို့အတွက် ယဲ့ဝမ်နန်းတော်က တာဝန် ယူမှာတဲ့” ပေထင်းယောင်သည် အရောင်တောက်သောမျက်လုံးများဖြင့် ပြော လသည်။