အဆင့် ၅ လောက်နဲ့
Vol. 1 Ch. 20
ပင်မတိုက်မှ ဝိညာဉ်သခင်များသည် မှော်သားရဲများနှင့် စာချုပ်တည်ထောင်ရန် အနည်းဆုံးအခွင့်အရေးတစ်ခုရှိသည်။ အဆင့် ၁ မှော် သားရဲ၏ တိုက်ပွဲစွမ်းအင်သည် အဆင့်တူသည့် ဝိညာဉ်သခင်ထက်ပင် ၁၀ ဆ ပိုသန်မာသည်။ သို့သော် မှော်သားရဲများသည် လူသားများကို အထင်သေးကာ လူသားများ၏ စာချုပ်သားရဲများဖြစ်ရန် ဆန္ဒမရှိကြပေ။ ထို့ကြောင့် သားရဲထိန်း ဆိုသည့် အလုပ်အကိုင်တစ်ခု ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ယဲ့ဝမ်အိမ်တော်က အထွတ်အမြတ်သားရဲကို ဆုပေးရုံတင်မကဘဲ သားရဲ ထိန်းကျောင်းဖို့ပါ ကူညီမယ်တဲ့လား။
မှော်သားရဲစာချုပ်… ထိုအပေးအယူသည် တော်ဝင်အင်ပါယာ၏ အင်အားစုများနှင့် မျိုးနွယ်များအတွက် မက်လောက်စရာပင်။ အချိန်အတော် ကြာ ငတ်မွတ်နေသည့် ယောက်ျားသားတစ်ယောက်ရှေ့သို့ ကိုယ်လုံးတီးနှင့် မိန်းမလှလေး ထားလိုက်သည်နှင့် မခြားပေ။
ပေထင်းဟွမ်ပင်လျှင် ဖြားယောင်းခံလိုက်ရ၏။ သို့သော် သူမသည် ဝိညာဉ်သခင်မဟုတ်ပေ။ သူမသည် မှော်သားရဲနှင့် စာချုပ်တည်ထောင်ရန် အရည်အချင်းမပြည့်မှီပေ။
“ငါ လုပ်စရာရှိသေးတယ် အရင်သွားရအောင်”
မိသားစုသည် ဥအမဲလိုက်သည့်အရေးတွင် ပါဝင်ရန် လက်ရွေးစင်များကို ရွေးချယ်နေသည်။ ပေထင်းဟွမ်သည် အမှိုက်တစ်စသာဖြစ်ကာ ပေထင်းဟန် အတွက် ဆူးညှောင့်ခလုတ်သာဖြစ်သည်။ သူမကို ရွေးချယ်ရန်မဖြစ်နိုင်ပေ။ သူမရှိနေခြင်းသည် အချိန်ဖြုန်းခြင်းသာဖြစ်သည်။
ပေထင်းယောင်သည် ခေတ္တမျှမှင်တက်ပြီးနောက် ပေထင်းဟွမ်သည် ဝိညာဉ်စွမ်းအင် စုစည်းမရသည်ကို အမှတ်ရသွားသည်။ သူသည် ပွဲကြီးပွဲကောင်းကြည့်ရန် ပေထင်းဟွမ်အား ခေါ်လာမိသည်ကို နောင်တရသွား ကာ ပြောလိုက်သည် “ဘယ်သွားမလို့လဲ ငါမင်းနဲ့လိုက်ခဲ့မယ်”
သူမ ဘယ်သွားမှာလဲ။ သူမသည် အရင်ဘဝက ကြေားစားဖြစ်ခဲ့ကာ ကြေးစားလောကသည် သူမနှင့်အရင်းနှီးဆုံးဖြစ်သည်။ သူမသည် ကြေးစားသာ ထပ်လုပ်သင့်သည်။ သူမ၏ အင်အားသန်မာလာအောင် လုပ်ရင်းနှင့် တစ်ချိန် တည်းမှာပင် ပိုက်ဆံထပ်ရှာနိုင်မည်ဖြစ်သည်။ ထိုမှသာ မြို့တော်ကိုသွားပြီး သူမ၏ အစ်ကိုကြီးကို ရှာနိုင်မည်ဖြစ်သည် “ငါ ကြေးစားအဖွဲ့ကို သွားမလို့…”
“ပေထင်းဟွမ် မင်းက အမှိုက်ပဲ ဘယ်သူလာခိုင်းလို့လဲ”
စင်မြင့်အထက်တွင် ပေထင်းသယ့်၏ဘေးတွင်ရပ်နေသော ပေထင်းဟန် သည် အားလုံး၏ရှေ့တွင် အမှိုက်ဟုခေါ်ကာ ပေထင်းဟွမ်အား အော်ငေါက်လေ သည်။
“သွားရအောင်” အခြေအနေမကောင်းတော့သည်ကို ပေထင်းယောင် မြင်သည်နှင့် ပေထင်းဟွမ်ကို ဆွဲကာ ထွက်သွားရန်ပြင်လေသည်။
“နောက်ကျသွားပြီ” ပေထင်းဟွမ်သည် သူမ၏ လက်ကိုနူးညံ့စွာဖြင့် ပေထင်းယောင်၏ လက်မှ ရုန်းထွက်လိုက်သည်။ သူမ မည်သည့်နည်းလမ်းကို သုံးလိုက်သည်ကိုမသိသော်လည်း သူမ၏လက်ကောက်ဝတ်မှာ ငါးချော်ထွက် သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် လက်မှမမိလိုက်ပေ။
“ရှောင်ကျို့.. သူနဲ့ သွားရန်မဖြစ်နဲ့ သူ့ကိုနိုင်တာလည်းမဟုတ်ဘူး သူက အဆင့် ၅ ဝိညာဉ်…”
“ဝိညာဉ် အဆင့် ၅ လောက်ပဲမလား ငါ အဆင်ပြေတယ်” ပေထင်းဟွမ် သည် မျက်လုံးများကို အနည်းငယ်ကျဉ်းမြောင်းလိုက်သည်။ သူမ၏ရောင်ဝါ သည် ဓားအိမ်မှာ ဓားကိုဆွဲထုတ်လိုက်သကဲ့သို့ ရုတ်တရက်ပြောင်းလဲသွားရာ အနီးတွင်ရပ်နေသော ပေထင်းယောင်ပင်လျှင် နောက်ဆုတ်ပြီး သူမကို ကြောက်လန့်တကြားကြည့်လေသည်။ သူ ဘယ်တုန်းက အားကောင်းသွားတာ လဲ။ ပေထင်းဟွမ်ရောဟုတ်သေးရဲလား။ သူက အမှိုက်ရောဟုတ်သေးရဲ့လား။
သူ မှင်တက်သွားသလို သူ့ရှေ့မှလူသည်လည်း ပေထင်းဟွမ်ဖြစ်နေတုန်း ပင်။ သူမ စင်မြင့်ဆီသို့ တစ်လှမ်းချင်းလျှောက်သွားသည်ကို ပေထင်းယောင် မြင်သောအခါ အရိုက်ခံရတော့မည်အထင်နှင့် ပေထင်းဟွမ်၏ ခါးကို ဖက်လိုက် သည် “သွားရအောင်ပါ ရှောင်ကျို့ သွားကြမယ် ကြေးစားအဖွဲ့ကိုပဲ သွားရ အောင် သူတို့နဲ့ ရန်မပွားနဲ့တော့”
“အဲဒါကိုဘယ်သူပြောတာလဲ” ပေထင်းဟွမ်သည် နှာမှုတ်ကာ ပေထင်းယောင်၏ လက်နှစ်ဖက်ကို ဆိတ်လိုက်ရာ အားထည့်ထားသဖြင့် ပေထင်းဘောင်သည် လက်ကောက်ဝတ်မှ ထုံကျဉ်မှုကို ခံစားလိုက်ရပြီး အလိုလိုလွှတ်ပေးလိုက်၏။
လူအုပ်ကြီးသည် သူမအတွက် လမ်းဖယ်ပေးကြသည်။ အားလုံးသည် စင်မြင့်ထက်မှ ပေထင်းဟန်နှင့် အောက်မှ ပေထင်းဟွမ်တို့ကို ကြည့်နေကြ သည်။ ပေထင်းဟွမ်သည် ကြံ့ခိုင်မှုအပြည့်ပင်။ “အမှိုက်ဟုတ်လား ဘယ်သူ့ကို အမှိုက်လို့ခေါ်လိုက်တာလဲ” ပေထင်းဟန်ကို လက်ညှိုးထိုးသည့် သူမ၏ လက်ချောင်းသွယ်လေးများသည် ဓားသွားတစ်လက်လိုပင် “တကယ့်အမှိုက်က ဘာလဲဆိုတာ မင်းကိုပြောမယ်”
“မင်း” ပေထင်းဟန်သည် မျိုးနွယ်ခွဲ၏ အကြီးဆုံးသားဖြစ်ကာ သူ့ဘေး တွင်ရပ်နေသူမှာ အရည်အချင်းရှိသည့် သူ၏ညီပေထင်းဟောက် ဖြစ်သည် “ပေထင်းဟွမ် မင်းက ငါ့အစ်ကိုကို စိန်ခေါ်ဖို့ ဘာအရည်အချင်းရှိလို့လဲ.. ငါ ပေထင်းဟောက်က မင်းကို စိန်ခေါ်တယ်”
ထိုလူသည် ပေထင်းဟန်ဘေးတွင်ရှိသည့် ပထမမအဆင့်ကျွမ်းကျင်သူဟု မှတ်ယူနိုင်သည်။ သူသည် အဆင့် ၄ ဝိညာဉ်သခင်ဖြစ်သည်။ ပေထင်းဟွမ်သည် နှာမှုတ်လိုက်သည် “နာမည်ကတော့လှတယ် မင်းလို အဆင့် ၄ ဝိညာဉ်သခင် က ငါ့လိုအမှိုက်ကိုစိန်ခေါ်တာလား”