ဒြပ်စင် ရတနာသိုက် (၂)
Vol. 38 Ch. 526
အဆုံးမဲ့ ရတနာများဖြင့် ပြည့်နှက်နေဟန် ရသည့် ကြီးမားလွန်းလှသော သီးသန့်နယ်မြေကြီးကို လေ့လာရင်း လင်းမင်၏ မျက်လုံးများက တဖိတ်ဖိတ် တောက်ပနေသည်။ ထိုအရာက ရွေးချယ်ခံ အတွက် ချန်ထားခဲ့သည့် နောက်ဆုံး ရတနာသိုက်လော။ အစစ်အမှန် ဒြပ်စင်ဂိုဏ်းက ထိုမျှ ကြောက်မက်ဖွယ်ကောင်းအောင် ချမ်းသာသည်လော။ ထိုအထဲမှ များစွာမှာ သုံးလွှာ ကြယ်တာရာ နယ်မြေတွင်ပင် အလွန်အမင်း ရှာပါးကာ မြင်တွေ့ရန်ပင် ခက်ခဲသည့် ရင်းမြစ်များ ဖြစ်သည်။
“တကယ် မယုံကြည်နိုင်စရာပဲ...”
လင်းမင်မှာ ခြေဦးတည့်ရာကို လျှောက်ရင်း အခန်းအတွင်း လိုက်လံ ကြည့်ရှုနေမိ၏။ ဤရတနာသိုက်ကြီးနှင့် နှိုင်းယှဥ်ပါက အခြား ရတနာသိုက်များမှာ အရေးမပါသလောက် ဖြစ်သည်။ ကျင့်ကြံခြင်း လောကတစ်ခုလုံး၏ အထွတ်အထိပ်သို့ တက်လှမ်းမည့် ခရီးလမ်းကို ထိုရင်းမြစ်များနှင့် အတူ သူ တရားဝင် စတင်နိုင်တော့မည် ဖြစ်သည်။
အခြားတစ်ဖက်၌ ဝေ့ဝူယင်ကတော့ တည်ငြိမ်နေဆဲ ဖြစ်သည်။ တောင်ပုံရာပုံ ရတနာများကြောင့် သူ၏ အမူအရာက ကြီးကြီးမားမား တုန်လှုပ်ခြင်းမျိုး မရှိချေ။ အကယ်၍ တုန်လှုပ်ခဲ့မည် ဆိုလျှင်ပင် ထိုအရာက ထိန်းချုပ်နိုင်သည့် အတိုင်းအတာ ပမာဏ တစ်ခု အတွင်း ရှိပေသည်။ အဆင့်ကိုး သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက် အနေဖြင့် သူ့ သိုလှောင်လက်စွပ် အတွင်း ရှိနေသည့် အဆင့်ကိုး ထုတ်ကုန်များ ပင်လျှင် ထိုရတနာသိုက် တစ်ခုလုံးနှင့် တန်ဖိုးချင်း နှိုင်းယှဥ်နိုင်လုနီးပါး ဖြစ်သည်။
ထို့အပြင် ရတနာသိုက်ထဲရှိ ရင်းမြစ် အများစုက သူ့ ကျင့်ကြံခြင်း အခြေခံဖြင့် မသင့်လျော် လှချေ။ ဥပမာ ဆိုရသော် အလင်းယင် ပုလဲများ ဖြစ်သည်။ ၎င်တို့မှာ သိန်းပေါင်းများစွာသော အပျိုစင် မိန်းကလေးများထံမှ ထုတ်ယူရသည့် မူလယင် အမှောင်ပုလဲများနှင့် အာနိသင်ချင်း ဆင်တူပေသည်။ ၎င်းတို့မှာ သုံးလွှာ ကြယ်တာရာ နယ်မြေတွင် အလွန် ရှားပါးကာ တန်ဖိုးကြီးသည် ဆိုသော်လည်း အထူးသဖြင့် ယင်အခြေခံ ကျင့်စဥ်များကို ကျင့်ကြံထားသည့် မိန်းကလေးများနှင့်သာ သင့်တော်သည်။
အကြမ်းဖျဥ်း ခန့်မှန်းချက် အရဆိုလျှင် ရတနာသိုက်ထဲမှ သုံးဆယ် ရာခိုင်နှုန်းခန့်သာ သူ့ ကျင့်ကြံခြင်း အတွက် တိုက်ရိုက် အသုံးပြုရန် သင့်တော်ပေသည်။ သို့တိုင်အောင် ၎င်းမှာ မတူကွဲပြားသည့် ကြယ်တာရာ ဝိညာဥ်လေးခုကြောင့် ဖြစ်ပြီး လင်းမင် အတွက်ဆိုလျှင် ငါးရာခိုင်နှုန်းမျှသာ သင့်တော်ပေလိမ့်မည်။
ဘာပဲဖြစ်ဖြစ် ၎င်းတို့ကို ကုန်သွယ် ရောင်းချ၍ ရသလို အခြား ကုန်ကြမ်းများနှင့် ပေါင်းစပ်၍ ပိုမို အာနိသင် မြင့်မားသည့် ထုတ်ကုန်များ ဖြစ်အောင် ဖန်တီး၍ ရပေသည်။ ထို့အပြင် ရွေးချယ်ခံ အနေဖြင့် ၎င်းတို့ကို သုံး၍ ကိုယ်ပိုင် အဖွဲ့အား ပိုမို အင်အား ကြီးမားလာအောင် ကူညီ၍ ရပေသည်။
“အဲဒါတွေက အံ့အားသင့်စရာ မကောင်းဘူးလား...”
တရှန်းက ရေပြင်အလား ငြိမ်သက်နေသည့် ဝေ့ဝူယင်၏ မျက်လုံးများကို ကြည့်ရင်း နားမလည်နိုင်စွာ မေးလိုက်၏။ ထိုရင်းမြစ်များက ဝေ့ဝူယင် အတွက် စိတ်လှုပ်ရှားမှု မပေးနိုင်သည်လော။ သို့မဟုတ် တစ်ခုခု မှားယွင်းနေသလော။
ဝေ့ဝူယင်က သူမကို ကြည့်ကာ ပြုံးပြလိုက်သည်။
“စိတ်လှုပ်ရှားစရာ ကောင်းတာပေါ့...”
သို့သော်လည်း ခုတင်တစ်ခုထက်တွင် အတူ အိပ်ကာ အလွန်တရာ ရင်းနှီးခဲ့ဖူးသူ တစ်ယောက် အနေဖြင့် ဝေ့ဝူယင်၏ တုန့်ပြန်ပုံကို သူမ သိပေသည်။ သူ့ အတွေးများကို သူမ အတော်အသင့် ရိပ်စားနိုင်ပေသည်။ ၎င်းက သူ့အတွက် စိတ်လှုပ်ရှားမှု သိပ်မပေးနိုင်ပုံ ရသည်။ သူမ ဤနေရာကို ပထမဆုံး ရောက်သည့် နေ့က ဆိုလျှင် တစ်နေ့လုံး နီးပါး စိတ်လွတ်ကိုယ်လွတ် အထိပင် ဖြစ်နေခဲ့ရသည်။
သို့သော်လည်း ဝေ့ဝူယင်မှာ သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက် ဖြစ်ကြောင်း သူမ မည်ကဲ့သို့ သိနိုင်လိမ့်မည်နည်း။ သူသာ ထိုရင်းမြစ်များထဲမှ ရာခိုင်နှုန်း အချို့ကို အသုံးပြုနိုင်သည့် အဂ္ဂိရတ် ထုတ်ကုန်များ အဖြစ် ပြောင်းလဲပစ်ပါက ၎င်းတို့၏ တန်ဖိုးမှာ ရတနာသိုက်ကြီး တစ်ခုလုံးထက်ပင် ကျော်လွန်သွားလိမ့်မည် ဖြစ်သည်။
ထပ်ပေါင်း ပြောရလျှင် သူ့ အဓိက ရည်ရွယ်ချက်က အခြားတစ်ခု ဖြစ်ပေသည်။ ဝေ့ဝူယင်နှင့် တရှန်းတို့မှာ တဖြည်းဖြည်း လျှောက်လှမ်းရင်း ဟင်းလင်းပြင် သင်္ဘောကြီး အနီးသို့ ရောက်ရှိလာခဲ့၏။ အလတ်စား မြို့တစ်မြို့လောက် အထိ အရွယ်အစား ရှိနေသည့် သင်္ဘောကြီးကို မော့ကြည့်ရင်း ဝေ့ဝူယင်မှာ ပထမဆုံး အကြိမ် အဖြစ် စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရ၏။
သူက ဝိညာဥ်အာရုံနှင့် ဆက်သွယ်၍ ဝမ်ယုထျန်းအား မေးခွန်းအချို့ မေးလိုက်၏။ ထို့နောက် တဟားဟား ရယ်မောလိုက်ရင်း တရှန်း၏ သေးကျဥ်သော ခါးကလေးကို ဖက်ကာ သင်္ဘောကြီးထက် ခုန်တက်သွားတော့သည်။ မကြာခင်မှာပင် သူတို့ နှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက် မွတ်သိပ်စွာ နမ်းရှိုက်ရင်း သင်္ဘောထက်ရှိ အခန်းများစွာ အနက်မှ တစ်ခန်း အတွင်း ပျောက်ကွယ်သွားခဲ့လေ၏။
အခြားတစ်ဖက်၌ လင်းမင်မှာ သီးသန့် လောကနယ်မြေ အတွင်း လှည့်ပတ်ကာ ရင်းမြစ်များကို လှည့်ပတ် ကြည့်ရှုနေဆဲ ဖြစ်ပေသည်။ ပြင်းထန်သော စိတ်လှုပ်ရှားနှုနှင့် အတူ သူ့ နှလုံးသားမှာ တဒိတ်ဒိတ် တုန်ရီနေ၏။
“စီနီယာ အမလင်း ပြောတာ တကယ် မှန်နေတာပဲ... ငါ့ရဲ့ ကျင့်ကြံခြင်း ခရီးလမ်းက ရွေးချယ်ခံ ဖြစ်လာမှ စမှာ... သုံးလွှာ ကြယ်တာရာ နယ်မြေလို စွန့်ပစ်ခံ နယ်မြေတစ်ခုက ငါ့ အကန့်အသတ် မဟုတ်ဘူး”
တဖြည်းဖြည်း လျှောက်လှမ်းရင်း ဗလာဖြစ်နေသည့် ကျောက်တိုင် တစ်ခုကို သူ တွေ့လိုက်ရ၏။ ထိုအထဲတွင် မည်ကဲ့သို့သော ရင်းမြစ်ရှိနေခဲ့သည်ကို တွေးတောရင်း သူ့ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ သူ့ အတွေးများကို ရိပ်မိသည့် အလား ဝမ်ယုထျန်း၏ အသံက ပျံ့လွင့်လာခဲ့၏။
“အလင်းအမတေ အရည်... အရည်တစ်စက်ကတင် ခရမ်းရောင် မူလ အလင်းကို ဖွဲ့စည်းနိုင်ဖို့ လုံလောက်တယ်”
“အလင်းအမတေ အရည်...”
လင်းမင်က မျက်မှောင်ကြုတ်လိုက်၏။ တစ်ခဏမျှ ကြာပြီးနောက် သူက မေးလိုက်သည်။
“အဲ့တာဆို ဘာလို့ ဗလာဖြစ်နေတာလဲ... မမြင်ရတဲ့ ပုံစံနဲ့ ရှိနေလို့လား”
ဝမ်ယုထျန်း၏ ရယ်သံက ခပ်လွင်လွင် ပျံ့နှံ့လာ၏။
“ဟိုကောင်မလေးက အကုန် သုံးသွားတယ်လေ...”
“သူ သုံးသွားတာ...”
လင်းမင်၏ မျက်လုံးများက ပိုမို၍ ကျဥ်းမြောင်းသွားသည်။ သူက အံကို ကြိတ်ရင်း ကောင်းကင်ကို မော့ကြည့် လိုက်သည်။
“ဒါက ရွေးချယ်ခံ အတွက် ရည်ရွယ်ထားတဲ့ ရတနာသိုက် မဟုတ်ဘူးလား... ဘာလို့ သူ့ကို သုံးခွင့်ပေးလိုက်တာလဲ... ခင်ဗျားမှာ အဲဒီလို လုပ်ပိုင်ခွင့် ရှိလို့လား...”
ထိုကဲ့သို့ ရင်းမြစ်မျိုးမှာ သူ့အတွက် အရေးတကြီး လိုအပ်နေသည့် အရာ ဖြစ်သည်။ အာကာသ ပဲ့တင်သံ အဆင့် ကျင့်ကြံသူ တစ်ယောက် အနေဖြင့် အခိုင်မာဆုံးသော အခြေခံ အုတ်မြစ်ဖြင့် အလင်းပြနခြင်း အဆင့်ကို တက်လှမ်းလိုသည်က သူ၏ အရိုးသားဆုံးသော ဆန္ဒ ဖြစ်သည်။
"..."
ဝမ်ယုထျန်းမှာ လင်းမင်၏ ဒေါသကို ဘာပြောရမှန်း မသိ ဖြစ်သွားခဲ့၏။ အတန်ကြာပြီးနောက်မှ သူက သက်ပြင်းတစ်ချက် ချလိုက်သည်။
“မင်းက အခြေအနေမှန်ကို သဘောမပေါက်ဘူးလား... ငါ ရှင်းပြဖို့ လိုသေးတာလား”
ဝေ့ဝူယင်နှင့် တရှန်းတို့ နှစ်ယောက် ပြင်းပြသည့် ငြီးငြူသံများနှင့် အမှောင်နွံတော၌ နစ်မွန်းနေစဥ်တွင် လင်းမင်မှာ သူ့ အခွင့်အရေး အတွက် မေးခွန်းထုတ်နေခဲ့သည်။ အခြေအနေချင်း မတူညီသည့်တိုင် ထိုအခိုက်၌ သူ ခံစားနေရသည့် အတွင်း မီးတောက်က ဝေ့ဝူယင်တို့အောက် လျော့နည်းခြင်း မရှိပါချေ။
“ခင်ဗျား ပြောချင်တာက ဘာအဓိပ္ပာယ်လဲ...”
လင်းမင်က မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။ တသ္ဆေဝမ်ယုထျန်းမှာ စိတ်ရှည်ဟန် မရတော့ချေ။
“မင်းက ရွေးချယ်ခံ တစ်ယေက် ဖြစ်ဖို့ ထိုက်တန်ရဲ့လား ဆိုတာ ကိုယ့်ကိုယ်ကို ပြန်ပြီး မေးခွန်းထုတ်ဖူးလား... ဒြပ်စင်တိုကင်တွေကို ကိုယ်ပိုင် ခွန်အားနဲ့ စုစည်းနိုင်ခဲ့လို့လား... စိန်ခေါ်ပွဲမှာ မင်း ဝေ့ဝူယင်ကို အနိုင်တိုက်ခဲ့နိုင်လို့လား... တကယ်လို့ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်သာ ဝင် မနှောက်ယှက်ဘူး ဆိုရင် မင်း ဒီနေရာကိုတောင် ဝင်ခွင့်ရလိမ့်မယ် ထင်လား...”
“မင်းက ရွေးချယ်ခံ ဖြစ်ဖို့ ကယ်ပေါက် တစ်ခု ရအောင် မိန်းကလေး တစ်ယောက်ရဲ့ အသက်ကို စတေးခဲ့တယ်... မိန်းကလေး နှစ်ယောက်ရဲ့ ကျင့်ကြံခြင်း အခြေခံတွေကို လုယူခဲ့ရတယ်... တကယ်လို့ သူတို့ရဲ့ အကူအညီကိုသာ မရခဲ့ဘူး ဆိုရင် မင်းက အရှုံးသမား တစ်ယောက် သက်သက်ပဲ”
“နောက်ပြီး ငါ ဘာလို့ အဲဒီ မိန်းကလေးကို ရင်းမြစ်တွေ သုံးဖို့ ခွင့်ပြုခဲ့ရတာလဲ သိလား... အဲဒီ ဝေ့ဝူယင် ဆိုတဲ့ လူငယ်က ရွေးချယ်ခံ ဖြစ်ဖို့ ရာနှုန်းပြည့် အလားအလာ ရှိတယ် ဆိုတာ ကြိုသိနေခဲ့လို့ပဲ... သူနဲ့ ယှဥ်ရင် မင်းက ကံနည်းနည်း ပိုကောင်းခဲ့ရုံတင်”
စကားလုံးတိုင်း၌ ဝမ်ယုထျန်း၏ အသံက ပိုမို၍ အေးစက်လာနေခဲ့၏။ သူ့ အမြင်အရဆိုလျှင် လင်းမင်မှာ အရည်အချင်း ရှိသော်လည်း ဝေ့ဝူယင်သာလျှင် ရွေးချယ်ခံ ရာထူးနှင့် ပိုမို၍ ထိုက်တန်သူ ဖြစ်သည်။ သို့သော်လည်း ဝိညာဥ်ကျိန်စာ ကျိန်ဆိုထားရာ စမ်းသပ်ပွဲ၏ စည်းမျဥ်းများကို သူ ဖောက်ဖျက်၍ မရချေ။
“ ... “
လင်းမင်မှာ လက်သီးများကို တင်းတင်းဆုပ်လိုက်၏။ ထိုလူအိုကြီး၏ စကားလုံး တစ်လုံးချင်းစီက သူ့ မာနများကို လာရောက် ထိပါးနေသည်။ သူ့နှလုံးသားမှာ ပြင်းပြသော ဒေါသမီးတောက်များနှင့် ပြည့်နှက် လာခဲ့၏။
“ခင်ဗျားပြောချင်တာက ကိုယ့်ကိုယ်ကို ထိခိုက်စေတဲ့ နည်းလမ်းကို သုံးပြီး သေမင်း တံခါးဝနား ရောက်တဲ့ အထိ ဖြစ်နေတဲ လူတစ်ယောက်က ကျုပ်ထက် ပိုပြီး ထိုက်တန်တယ်ပေါ့ ဟုတ်လား... သောက်အဓိပ္ပာယ် မရှိလိုက်တာ”
ဝမ်ယုထျန်းမှာ ထိုလူငယ်ကို ဘာမှ ဆက်ရှင်းပြချင်စိတ် မရှိတော့ချေ။ ဝေ့ဝူယင်မှာ အခွင့်အရေး ရခဲ့လျှက် ထိုလူငယ်အား အဘယ်ကြောင့် မသတ်ခဲ့သည်ကို သူ စဥ်းစား၍ မရချေ။ သူတို့ နှစ်ယောက်စလုံးက တူညီသည့် ကြယ်တာရာ နယ်မြေတစ်ခုတည်းမှ လူများ ဖြစ်သောကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
လူအိုကြီးက သက်ပြင်းတစ်ချက် ချလိုက်၏။
“ထားလိုက်ပါလေ... ဘာပဲဖြစ်ဖြစ် မင်းရဲ့ ကျင့်ကြံခြင်း အခြေခံနဲ့ ကိုက်ညီတဲ့ ရင်းမြစ်တွေကို မင်းရမှာပါ... ထောက်တိုင် တစ်ခုချင်းစီမှာ အတားအဆီးတွေ ရှိတယ်... အဲဒီ အတားအဆီးတွေကို ချိုးဖျက်ဖို့ အတွက် ဆိုရင် သူ သတ်မှတ်ထားတဲ့ ခြွင်းချက်တွေနဲ့ ပြည့်မှီဖို့ လိုတယ်... ဒါမှမဟုတ် လုံလောက်တဲ့ ခွန်အားရှိမယ် ထင်ရင် အတင်းအကြပ် ဖျက်ဆီးလို့ ရသေးတယ်... တကယ်လို့ ဒီနယ်မြေထဲကနေ ထွက်ချင်ရင် မူလ ဒြပ်စင် ရည်ရွယ်ချက်နဲ့ ဒီတိုကင်ကို ဆက်သွယ်လိုက်”
စကား အဆုံး၌ အလင်းတန်း တစ်ခုမှာ အလင်းတန်း တစ်ခုမှာ ကောင်းကင်မှ နေ၍ ပြုတ်ကျလာ၏။ လင်းမင်မှာ ဒေါသထွက်ထွက်ဖြင့်ပင် ထိုအလင်းတန်းကို ဖမ်းယူလိုက်သည်။ ၎င်းမှာ သူ့ကို ရွေးချယ်ခံ တစ်ယောက် ဖြစ်လာစေခဲ့သည့် နဝဂံ ဒြပ်စင်တိုကင်ပင် ဖြစ်လေသည်။ သို့သော်လည်း ၎င်းတွင် မည်သည့် မူလ အမတေ သို့မဟုတ် အထွတ်အထိပ် အဆင့် ဒြပ်စင် အော်ရာမှ မရှိချေ။
လင်းမင်မှာ အလင်းအမတေ အရည်များကို သိမ်းဆည်းထားခဲ့သည် ဆိုသည့် ကျောက်တိုင်ကို နောက်တစ်ကြိမ် ကြည့်လိုက်၏။ ထိုအခါ ကျောက်တိုင်၏ အပေါ်ဘက်နား၌ ရေးထွင်းထားသည့် စာလုံးအချို့ကို သူ တွေ့လိုက်ရလေသည်။
အခြေခံ လိုအပ်ချက်... ဟင်းလင်းပြင် ပဲ့တင်သံ အဆင့်
ပထမ ခြွင်းချက်... နှစ်စင်တီမီတာ အရွယ်အစားရှိ ကြယ်တာရာ အမြုတေ
တစ်ခဏမျှ ဆက်စပ် စဥ်းစားလိုက်ပြီးနောက် လင်းမင်မှာ ဝမ်ယုထျန်း ပြောသည့် အတားအဆီးနှင့် ခြွင်းချက်များ ဆိုသည့် အဓိပ္ပာယ်ကို နားလည်သွား၏။ သူ သိချင်စိတ် ပြင်းပြစွာဖြင့် ဟင်းလင်းပြင် သင်္ဘော ထည့်သွင်းထားသည့် အကြီးမားဆုံး ထောက်တိုင်ကြီးကို လှမ်းကြည့်လိုက်သည်။ ထိုအခါ ထင်ရှား ပေါ်လွင်စွာ ရေးသားထးသည့် စားလုံးကြီးများကို တွေ့လိုက်ရလေ၏။
အခြေခံ လိုအပ်ချက်... လောကီမျက်လုံး အဆင့်
ပထမ ခြွင်းချက်... ဆယ့်ရှစ် စင်တီမီတာ အရွယ်အစားရှိ ကြယ်တာရာ အမြုတေ
ဒုတိယ ခြွင်းချက်... ကွင်းကိုးကွင်း ဝိညာဥ်ဆင်းတု၊ အာကာသ ပဲ့တင်သံလှိုင်း ကိုးခု၊ အဖြူရောင် မူလ အလင်းနှင့် မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် ကျင့်ကြံခြင်း အခြေခံ
***