အံ့ဖွယ်နေမင်းကိုယ်ရံတော်
Vol. 12 Ch. 163
ရှေ့တွင် အစိမ်းရောင်ဝတ်လူရှစ်ယောက်ခန့်သည် သူတို့အား တွေ့သွားပြီး ဖြစ်သည်။
တစ်ဘက်လူများကလည်း သူတို့၏အရှိန်အဝါကို ချုပ်တီးကာ ဟန်မူယဲ့တို့အား အကဲခတ်နေကြ၏။
“ကျုပ်တို့က စပါးစိမ်းတောင်ကုန်းက အမဲလိုက်ဖို့ ထွက်လာတဲ့သူတွေပါ။ ခင်ဗျားတို့ ဘယ်ကလဲ”
တစ်ဘက်မှ အသံတစ်သံကို ကြားရသည်။
“ကျုပ်တို့လည်း အတူတူပဲ”
ကျောက်ဖူက လင်းရှန် သယ်လာသော သားရိုင်းလူဝံအား လက်ညိုးထိုးပြကာ အော်ဟစ်လိုက်သည်။
၎င်း၏အသား၊ သွေး၊ အကြော နှင့် အရိုးများအားလုံးမှာ အသုံးဝင်၏။ သားရိုင်းလူဝံ၏ တကိုယ်လုံးသည် ဝိညာဉ်ကျောက်တုံး တစ်ထောင်ခန့် တန်ဖိုးရှိပေသည်။
ကျောက်ဖူ၏စကားကို ကြားလျှင် တစ်ဘက်မှ လူများသည် အချင်းချင်း တီးတိုးစကားပြောဆိုကြသည်။
သူတို့က သတိထားကာ လှမ်းလာနေကြ၏။
ဟန်မူယဲ့က သူတို့အား ကြည့်သည်။
သူတို့ကား တကိုယ်တော်ကျင့်ကြံသူများ ဖြစ်ဟန်ရသည်။
သူသည် လတ်တလောတွင် တကိုယ်တော်ကျင့်ကြံသူများနှင့် ပြောဆိုဆက်ဆံဖူးရာ သူတို့၏သဘောသဘာဝများကို အနည်းနှင့်အများ တီးမိခေါက်မိပြီ ဖြစ်သည်။
ဂိုဏ်းတပည့်များ တခြားလူများကို ကြည့်သောအခါ များသောအားဖြင့် ဝတ်စုံနှင့် ဟန်ပင်ကို သတိထားကြည့်ကြသည်။
သူတို့၏ ကိုယ်နေဟန်ဖြစ်စေ၊ အမူအရာဖြစ်စေ သူတို့တွင် ကိုယ်ပိုင်စည်းမျဉ်းနှင့် သက်တောင့်သက်သာဖြစ်မှုများ ရှိသည်။
တခြားတစ်ဘက်တွင် တကိုယ်တော်ကျင့်ကြံသူများသည် ဂိုဏ်းတပည့်များထက် သတိထားပြောဆိုဆက်ဆံကြသည်။
၎င်းသည် သူတို့ ကျင်လည်ရာ ပတ်ဝန်းကျင်၏ လုံခြုံမှု အငွေ့အသက်အား သဘာဝအားဖြင့် တုန့်ပြန်မှု ဖြစ်သည်။
ထိုအခိုက်တွင် ကျောက်ဖူသည် ရှေ့တွင် ရပ်နေကာ ဟန်မူယဲ့ဘေးနားတွင် လင်းရှန်က သားရိုင်းကြီးကို သယ်လျက် အကာကွယ်ပေးရန် အဆင်သင့်လုပ်ထားသည်။
သူတို့က သေချာပေါက် တကိုယ်တော်ကျင့်ကြံသူများ မဟုတ်ပေ။ ထိုအချက်ကို ဟန်မူယဲ့က နားလည်လျှင် တစ်ဘက်မှ တကိုယ်တော်ကျင့်ကြံသူများက ပို၍ နားလည်၏။
“ဆိုတော့… တာအိုရောင်းရင်းတွေက အမဲလိုက်ဖို့ လာကြတာကိုး။ ခင်ဗျားတို့ ရခဲ့တဲ့သားကောင်က မဆိုးဘူးပဲ”
အသက်ငါးဆယ်အရွယ် လူကြီးက လင်းရှန် သယ်လာသော သားရိုင်းမိစ္ဆာအား မြင်ကာ မျက်မှောင်ကျုံ့လျက် ပြောသည်။
တစ်ဘက်လူများကလည်း ဟန်မူယဲ့တို့နှင့် ရင်းနှီးခင်မင်လိုသည့် အရိပ်အယောင် မပြကြပါ။ ၎င်းသည် အန္တရာယ်ကို ဖိတ်ခေါ်ခြင်းနှင့် အတူတူဖြစ်သည်။
“မိတ်ဆွေတို့… ဒီသားရိုင်းကို ကျုပ်တို့က သယ်သွားနေရတာ သိပ်အဆင်မပြေဘူး။ ခင်ဗျားတို့ ယူသွားဖို့ စိတ်ဝင်စားကြလား”
ထိုစဉ် ဟန်မူယဲ့က ရုတ်တရက် ပြောသည်။
သူ့စကားက တစ်ဘက်လူများအား အနည်းငယ် အံ့အားသင့်စေသည်။
“တာအိုရောင်းရင်း… ခင်ဗျားက ဒီသားရိုင်းကို ဘယ်လောက်နဲ့ ရောင်းမလို့လဲ”
“ကျုပ်တို့လည်း အမဲလိုက်ဖို့ ထွက်လာကြတာပါပဲ။ ဒါပေမဲ့ ဝိညာဉ်ကျောက်တုံး များများစားစား ပါမလာဘူး”
ကျိုးအဖိုးအိုက လက်နှစ်ဖက်ဆုပ်ကာ ဟန်မူယဲ့အား ပြောသည်။
“ခင်ဗျားတို့ မဂ္ဂနိုလီယာဆေးသုံးပင် နှုတ်လာတယ်မလား”
ဟန်မူယဲ့က လက်သုံးချောင်း ထောင်ပြကာ ပြောသည်။
“ပြီးတော့ ဆယ်နှစ်သက်တမ်းရှိတဲ့ ဆေးပင်တွေ ဖြစ်တယ်”
ကျိုးအဖိုးအိုက ပြုံးလျက် ခေါင်းညိတ်သည်။
“ဆိုတော့ မင်းက အာခီမီပညာရှင်ပေါ့။ ငါတို့ တကယ်ပဲ မဂ္ဂနိုလီယာဆေးပင်တွေ နှုတ်လာခဲ့တယ်”
နောက်ဆုံးတွင် ဟန်မူယဲ့က ဆေးပင်များနှင့် မိစ္ဆာသားရဲအား လဲလှယ်ခဲ့သည်။
ဟန်မူယဲ့တို့ ထွက်သွားသည်ကို ကြည့်ကာ အဖိုးအိုကျိုးက ပြုံးလျက် လက်ဝှေ့ယမ်းသည်။
“ငါတို့ စခန်းကို ပြန်ရအောင်။ ဒီတစ်ခေါက် အကျိုးအမြတ်က မဆိုးဘူးပဲ။ ဒီသားရိုင်းကို ဖျက်ပြီး ပြန်ရောင်းရင်တောင် ဝိညာဉ်ကျောက်တုံး ၅၀၀ ထက် မနည်းရနိုင်တယ်”
တခြားလူများကလည်း ပြုံးလျက် သားရိုင်းအသေကောင်ကို ထမ်းကာ ထွက်သွားကြသည်။
“ဦးလေးကျိုး… သတို့က သိမ်းငှက်ကမ်းပါးဆီကို ဦးတည်နေကြတဲ့ပုံပဲ”
လေးရှည်တစ်လက်ကို လွယ်ပိုးထားသော လူသန်ကြီးက နောက်လှည့်ကာ ပြောသည်။
“မနေ့က ကျုပ်တို့နဲ့ ဆုံခဲ့တဲ့သူတွေလည်း သိမ်းငှက်ကမ်းပါးကို သွားနေကြတာပဲမလား”
သူ့စကားက ကျိုးအဖိုးအိုအား မျက်မှောင်ကြုတ်စေသည်။
“သွားရအောင်… ငါတို့ စပါးစိမ်းတောင်ကုန်းက မြန်မြန်ထွက်သွားရမယ်။ အပြင်လူတွေ အားလုံး ထွက်သွားတော့မှ တစ်ခေါက် ပြန်လာကြတာပေါ့”
ထို့နောက် သူက သူ့လူများအား ခေါ်ကာ အလျင်အမြန် ထွက်ခွာသွားခဲ့သည်။
…
ဟန်မူယဲ့နှင့် တခြားလူများသည် ထိုအမဲလိုက်တကိုယ်တော်ကျင့်ကြံသူများ မည်သို့ တွေးနေသည်ကို မသိပါ။ သူတို့ အလျင်အမြန် ထူထပ်သော တောအုပ်အတိုင်း ပြေးလာကြသည်။
“ဒီမဂ္ဂနိုလီယာဟာ အဌမတန်းစား ဇီဝမျှချေဆေးလုံးရဲ့ အဓိက ဆေးအမယ်ပဲ။ ဒီဆေးလုံးဟာ ဖော်စပ်ပြီးရင် ဝိညာဉ်ကျောက်တုံး ငါးထောင်လောက် တန်ဖိုးရှိတယ်”
အာခီမီပညာရှင်များ ချမ်းသာကြွယ်ဝခြင်းမှာ မထူးဆန်းတော့ပါ။
“ညီလေးဟန်… ငါ မင်းရဲ့ အာခီမီပညာကို ကြားထားပြီးသားပါ”
ကျောက်ဖူက ပြုံးသည်။
“ဂိုဏ်းမှာ မင်း ထောက်ပံ့ပေးထားတဲ့ ပင်မတပည့်တွေ အတော်လေးများတယ်ဆို။ ဂိုဏ်းကို ပြန်ရောက်ရင် ငါ့ဖို့လည်း ဆေးလုံးနည်းနည်း လုပ်ပါဦး”
ဟန်မူယဲ့က ပြုံးလျက် ခေါင်းညိတ်သည်။
ဤကား သာမန်ကိစ္စသာ ဖြစ်သည်။
ထိုပင်မတပည့်များသည် သူ့ထံမှ ချေးငှားထားသော ဆေးလုံးများအား သူတို့ တာဝန်များ ပြီးမြောက်၍ ပြန်ရောက်သောအခါ အတိုးနှင့်အရောင်းပေါင်းကာ ပြန်ဆပ်ကြရသည်။ ဟန်မူယဲ့သည် ထိုစီးပွားရေးဖြင့် အတော်လေး အကျိုးအမြတ်ရ၏။
ဟူး…
ရှေ့တောအုပ်ဆီမှ အသံတစ်သံနှင့်အတူ အားကောင်းသော အရှိန်အဝါတစ်ခု သူတို့ထံ တိုးဝင်လာ၏။
ကျောက်ဖူက တီးတိုးမာန်သွင်းကာ အစိမ်းရောင်အလင်းတန်းအလား ထိုနေရာသို့ ပြေးဝင်သွား၏။
ဘန်း…
ထိပ်တိုက်တွေ့မှုတစ်ခုနှင့်အတူ ဆယ်မီတာခန့် ပုံရိပ်တစ်ခုသည် အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားသည်။
ဟန်မူယဲ့နှင့် လင်းရှန်တို့ လှမ်းသွားလျှင် မြေပြင်၌ ထူထဲသော အမြစ်အကိုင်းများ ပြန့်ကျဲနေသည်ကို တွေ့ရ၏။
“ဒါက သစ်သားမိစ္ဆာပဲ”
ကျောက်ဖူက တီးတိုးပြောသည်။
“သစ်သားမိစ္ဆာတွေဟာ ရင်ဆိုင်ဖို့ အခက်ခဲဆုံးအမျိုးအစားတွေပဲ။ ပြီးတော့ သူတို့မှာ ရှုပ်ထွေးတဲ့ အမြစ်စနစ်လည်း ရှိသေးတယ်။ ဒီတောအုပ်ပိုင်နက်တစိတ်တဒေသဟာ သူတို့ နယ်မြေဖြစ်ဖို့ များတယ်”
ကျင့်ကြံခြင်းလောက၌ သားရဲများသည်သာ မိစ္ဆာများအဖြစ်သို့ ကျင့်ကြံနိုင်သည် မဟုတ်ပေ။ သစ်ပင်များသည်လည်း သဘာဝစွမ်းအင်များကို စုပ်ယူကာ မိစ္ဆာများအဖြစ် ကျင့်ကြံပြောင်းလဲနိုင်၏။
“ဒါက မဂ္ဂနိုလီယာသစ်ကိုင်းကနေ ဖြစ်လာတဲ့ မိစ္ဆာပဲ”
ဟန်မူယဲ့က သစ်ကိုင်းကို ကိုင်ကာ ပြောသည်။
“ဒီမဂ္ဂနိုလီယာသစ်ကိုင်းကာ ပင်မအမြစ်ရဲ့ အောက်မှ ပုန်းအောင်းပြီးတော့ အပွင့်ပွင့်တတ်တယ်။ မဂ္ဂနိုလီယာပန်းဟာ ဝိညာဉ်ကျောက်တုံး ၁၀,၀၀၀ တန်ဖိုးရှိတယ်”
ဝိညာဉ်ကျောက်တုံး ၁၀,၀၀၀။
ဓားစံအိမ်မှ လူများအတွက်တော့ သိပ်ကြီးမားသော ပမာဏ မဟုတ်ပါ။
သို့သော်လည်း ကျောက်ဖူအတွက်ကား တန်ဖိုးရှိ၏။
“ဒါက တကယ်ပဲ ဝိညာဉ်ကျောက်တုံး ၁၀,၀၀၀ တန်ဖိုးရှိတာလား”
သူက ဟန်မူယဲ့အား ကြည့်ကာ လက်များအား ပွတ်သပ်သည်။
“သေချာတာပေါ့”
ဟန်မူယဲ့က ခေါင်းညိတ်၏။
“ဟားဟား… ဒါဆိုလည်း အဲဒီပန်းပွင့်ကို ငါ ယူပေးမယ်”
ကျောက်ဖူက ရယ်မောကာ အားကောင်းသော ချီအားများ သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ်လိုက်၏။
သူက ထရပ်ကာ သူ့ရှေ့မှ ကျောက်ဆောင်ထံသို့ ခုန်တက်လိုက်၏။
ဝုန်း…
ဆယ်မိုင်ပတ်လည်အတွင်း၌ ကျောက်ဆောင်များနှင့် သစ်ပင်များ တုန်ခါသွားကြသည်။
အဝေး၌ ရှိနေကြသော ကျိုးအဖိုးအိုနှင့် သူ့လူများသည် နောက်တွန့်ခြင်းမရှိဘဲ ပြေးကြတော့သည်။
စွမ်းအားကား အခြေခံအုတ်မြစ်အဆင့်၌ အနည်းဆုံး ရှိသည်။ သူတို့က ထိုသို့သော ရန်သူအား ရင်မဆိုင်နိုင်ပါ။
ဟူး… ဟူး… ဟူး…
ကျောက်ဖူနှင့် ဆယ်ပေပတ်လည်နေရာ၌ မရေမတွက်နိုင်သော နွယ်ပင်များသည် လှုပ်ယမ်းကာ ကျောက်ဖူအား ရစ်ပတ်ကြ၏။
သူက ရယ်မောကာ နောက်ထပ်လက်သီးတစ်လုံး ပစ်သွင်းလိုက်၏။ ၎င်းသည် သူ့ရှေ့မှ ပင်စည်ကို ထိသည်။
ဘန်း…
ကြီးမားသော နွယ်ပင်နှင့် သစ်ကိုင်းများသည် အဆက်မပြတ် လှုပ်ယမ်းသွားကြ၏။
“သေချာနားထောင်… ကျုပ်က ပန်းပွင့်ကိုပဲ လိုချင်တာ။ ကျုပ်ကို ပေး။ မဟုတ်ရင် ကျုပ်လက်သီးက ညှာနေမှာ မဟုတ်ဘူး”
တောင်ပို့ငယ်အလား ပုံနေသော သစ်မြစ်များအား ကြည့်ကာ ကျောက်ဖူက ကမ္ဘာမြေအဆင့်၊ မူလရင်းမြစ်သွယ်ဆက် ကျင့်ကြံဆင့်အား ထုတ်ပြကာ ရှေ့ကို တစ်လှမ်းချင်း တက်သွားသည်။
အဆက်မပြတ် လှုပ်ယမ်းနေသော သစ်မြစ်များသည် နောက်ကို ကြောက်လန့်တကြား ဆုတ်ခွာကြ၏။ ကျောက်ဖူက ခြေလှမ်း ဆယ်လှမ်းမျှ လှမ်းပြီးသောအချိန်တွင် ပိန်ပါးသော သစ်မြစ်တစ်ခုသည် ပန်းကိုင်းတစ်ခုအား သယ်လာသည်။
ပန်းကိုင်းမှ သဘာဝစွမ်းအင်အလင်းများ တောက်ပနေပြီး သင်းရနံ့တစ်ခုကိုလည်း ရသည်။
ထိုပန်းကိုင်းတွင် ပန်းပွင့်များအစီအရီ ရှိနေ၏။
ကျောက်ဖူက ပြုံးလိုက်ကာ ပန်းကိုင်းအား ယူလျက် ဟန်မူယဲ့ကို ကြည့်သည်။
“မဆိုးဘူး… နှစ်သုံးရာသက်တမ်း မဂ္ဂနိုလီယာပဲ”
ဟန်မူယဲ့က ပြုံးလျက် ပန်းကိုင်းကို သိမ်းဆည်းလိုက်သည်။ ထို့နောက် သူက အရည်အသွေးမြင့် ဝိညာဉ်ကျောက်တုံး ၈ တုံးအား ထုတ်ကာ ကျောက်ဖူအား ပေးလိုက်၏။
“နှစ်သုံးရာ မဂ္ဂနိုလီယာက ဒီလောက်တန်ဖိုးရှိတယ်”
ကျောက်ဖူက ဝမ်းသာအားရ ဝိညာဉ်ကျောက်တုံးများအား သိမ်းဆည်းလိုက်၏။
ထို့နောက် သူက ကျောက်တုံးများထဲ၌ ရှိနေသော သစ်မြစ်များထံသို့ အရည်အသွေးမြင့်ဝိညာဉ်ကျောက်တုံး ၁တုံး ပစ်ပေးလိုက်သည်။
“မင်းဟာကို ငါ အလကား မယူဘူး”
သစ်မြစ်သည် ဝိညာဉ်ကျောက်တုံးကို ယူကာ မြေကြီးထဲ နစ်ဝင်ပျောက်ကွယ်သွား၏။
ဟန်မူယဲ့နှင့် တခြားလူများ ထိုနေရာမှ ထွက်သွားပြီးနောက် တစ်နာရီခန့် ကြာပြီးနောက်တွင် အနက်ရောင်ဝတ်လူတစ်စု ရောက်လာသည်။
သူတို့အားလုံးပေါင်း ကိုးယောက် ဖြစ်သည်။ ခေါင်းဆောင်လုပ်သူကား အနည်းငယ် အိုမင်းနေကာ သူ့ခါးတွင် အနက်ရောင်ဓားတစ်လက်အား ချိတ်ဆွဲထား၏။
တခြားလူများအားလုံးကား လူငယ်များ ဖြစ်ကြသည်။
ခေါင်းဆောင်က လက်ဝှေ့ယမ်းလိုက်လျှင် ချီအလင်းများ ပေါက်ကွဲထွက်လာ၏။
ထိုအလင်းမျက်နှာပြင်တွင် ကျောက်ဖူနှင့် သစ်မြစ်မိစ္ဆာတို့ တိုက်ခိုက်သည်ကို မြင်တွေ့ရသည်။
ပိန်ပါးသော လူငယ်တစ်ဦးက ပြောသည်။
“သူက နှစ်ရာကျော် ကျင့်ကြံပြီးတဲ့ သစ်မြစ်မိစ္ဆာကို လက်သီးနှစ်ချက်တည်းနဲ့ ဖိနှိပ်နိုင်တယ်။ သူ့စွမ်းရည်က မဆိုးဘူး”
“သာမန်ပါပဲ။ သူက ကမ္ဘာမြေအဆင့်ကို ခုမှ ဝင်သေးတာ”
နောက်လူငယ်တစ်ဦးက ထူးမခြားနားစွာ ပြောသည်။
“ဒီကျင့်ကြံဆင့်မျိုးဟာ အလယ်ပိုင်းကုန်းမြေရဲ့ နေရာတိုင်းမှာ ရှိနေတာပဲ”
အလယ်ပိုင်းကုန်းမြေ။
“သူနဲ့ လိုက်ပါလာတဲ့သူက အာခီမီပညာရှင်ဖြစ်မယ်”
“အရည်အသွေးမြင့်ဝိညာဉ်ကျောက်တုံးကို သုံးတယ်ဆိုမှတော့ သူတို့ဟာ ဂိုဏ်းကြီးတစ်ဂိုဏ်းက ဖြစ်မယ်”
နောက်ထပ် အမျိုးသမီးငယ်တစ်ယောက်ကလည်း ပြောသည်။
“ပြောကြတာတော့ အနောက်ဘက်ကုန်းမြေမှာ ဂိုဏ်းကြီးကိုးဂိုဏ်းရှိတယ်တဲ့။ အလယ်ပိုင်းကုန်းမြေနဲ့ ယှဉ်ရင် သူတို့အင်အားက ဘယ်လောက် ရှိမလဲတော့ မသိဘူး”
တခြားလူများက ပြုံးသည်။
အနောက်ဘက်နယ်စပ်ကုန်းမြေကား ကျင့်ကြံခြင်းဆုတ်ယုတ်နေသော ဒေသတစ်ခုသာ ဖြစ်သည်။ သူတို့က မည်သို့ အလယ်ပိုင်းကုန်းမြေနှင့် ယှဉ်နိုင်မည်နည်း။
သို့သော်လည်း အဖိုးအိုက ခေါင်းယမ်းသည်။
“သူတို့ကို အထင်မသေးနဲ့…”
သူ့စကားက လူငယ်များအားလုံး၏ပါးစပ်ကို ပိတ်သွားစေသည်။ အံ့ဖွယ်နေမင်းကိုယ်ရံတော်သည် သူတို့၏တာဝန် ပြီးမြောက်ခြင်း ကျရှုံးခြင်းကို အဓိက အကဲဖြတ်သူဖြစ်ရာ မည်သူမှ ကလန်ကဆန် မလုပ်ရပေ။
“သွားကြမယ်။ သူပုန်စစ်တပ် ပျောက်သွားတာ ရှေ့နားက ကမ်းပါးပဲ။ သူတို့ရဲ့ အပျက်အစီးနေရာကို ရှာတွေ့တာဟာ သူတို့ရဲ့ မျိုးဆက်အမွေ ပျက်စီးသွားကြောင်း သက်သေပြနိုင်တဲ့ကိစ္စပဲ။ မင်းတို့ တာဝန်အောင်မြင်ဖို့ အဓိကသော့ချက်လည်း ဖြစ်တယ်”
အဖိုးအိုက ရှေ့ကို လှမ်းသွားသည်။
အနက်ရောင်ဝတ်အမျိုးသမီးက အဖိုးအိုနှင့်အတူ ပြေးလိုက်လာကာ တီးတိုးပြောသည်။
“ဆရာ… သူပုန်စစ်တပ်ရဲ့ အမွေအနှစ်တွေ ကျန်နေသေးရင်… ဘယ်လိုလုပ်မလဲ”
အဖိုးအိုက ပြေးနေရာမှ ရပ်လိုက်၏။