← Chapters

အပိုင်း(၄၄၆)

Vol. 30 Ch. 446

အပိုင်း(၄၄၆)

Vol. 30 Ch. 446

ရှစ်ဖုန့်၏လက်တို့က  နီညိုရောင်တံခါးနှစ်ချပ်အားထိတော့

မည့်အချိန်တွင် ရှစ်ဖုန့်၏ နောက်တွင်ရှိနေသော ကောင်မလေးက ရုတ်တရက် အလန့်တကြားအော်လိုက်သည်။

“အား”

နီညိုရောင်တံခါးအားဖိထားသည့် ရှစ်ဖုန့်၏လက်တို့က ရုတ်တရက် သူမ၏ဖခင်ဖြစ်သူတစ်ကိုယ်လုံး၌ ဖုံးအုပ်နေသော  ထူထပ်သော ရှည်လျားသည့် အနက်ရောင်အမွှေးများဖြင့် တစ်ထေရာတည်းတူညီသည့် အမွှေးများ ဖုံးလွှမ်းလာသည်ကို ကောင်မလေးမြင်တွေ့လိုက်ရသည်။

“အင်း”

နတ်ဆိုးအသံ၏ အတင်းအကျပ် နီညိုရောင်တံခါးတိုအားဖွင့်ခိုင်းသည့် အရှိန်အဝါအောက်တွင် ရှစ်ဖုန့်တစ်ယောက် ဖြစ်ဖြစ်ချင်း စိတ်တို့လွတ်လာခဲ့သည်။  ကောင်မလေး၏ အလန့်တကြားအော်သံအားကြားလိုက်ရသောအခါတွင်  ရုတ်ခြည်းရှစ်ဖုန့် အသိပြန်ဝင်လာသည်။ သူ၏အသိတို့ပြန်ရလာပြီးပြီးချင်း  ရှစ်ဖုန့်တစ်ယောက်တုန်လှုပ်သွားသည်။ သူ၏လက်တို့အား နီညိုရောင်တံခါးနှစ်ချပ်ထံမှ အလျှင်အမြန်ရုတ်လိုက်ပြီး  နောက်သို့ အရှိန်အဟုန်ဖြင့် ဆုတ်လိုက်ကာ နီညိုရောင်တံခါးနှစ်ချပ်အဝေးသို့ပျံသန်း

လိုက်သည်။

“ဘန်း” ဟူသောအသံနှင့်အတူ  ရှစ်ဖုန့်၏လက်တို့ မြေပြင်ပေါ်သို့ကျသွားသည်။ ခေါင်းကိုအနည်းငယ်ငုံ့၍  သူ၏လက်တို့အား စိုက်ကြည့်နေမိသည်။

သူ၏လက်တို့အား နီညိုရောင်တံခါးနှစ်ချပ်ထံမှ ဆုတ်ခွာလိုက်သော်လည်း  ထူထပ်သိပ်သည်းသော သူလက်ပေါ်ရှိ အမွှေးနက်များက ပျောက်ကွယ်သွားခြင်းမရှိသည်ကို တွေ့လိုက်ရသည်။ ၎င်းတို့က သူ၏လက်ပေါ်တွင် ဆက်လက်ရှည်ထွက်လာနေဆဲဖြစ်သည်။

“လောင်ကျွမ်းစမ်း”

ရှစ်ဖုန့်က အသံတိုးတိုးဖြင့် အော်ပြောလိုက်သည်။ပြင်းထန်သော သွေးနီရောင်မီးတောက်တစ်ခုက  သူ၏လက်တို့တွင်ဟုန်းခနဲပေါ်လာပြီး  သူ့လက်တို့ပေါ်ရှိ  အမွှေးနက်တို့အား လောင်ကျွမ်းစေလိုက်သည်။ သို့သော် အမွှေးနက်များက သွေးနီရောင်မီးတောက်အောက်တွင် အလွယ်တကူလောင်ကျွမ်းသွားသော်လည်း  လောင်ကျွမ်းပြီးနောက်သူ၏အရေပြားပေါ်၌   လျှင်မြန်စွာပြန်လည်ရှည်ထွက်လာသည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။

သူမည်မျှပင် မီးရှို့လောင်ကျွမ်းစေပါစေ  အမွှေးနက်တို့က အဆုံးရှိပုံမရပေ။ ၎င်းတို့က လောင်ကျွမ်း၍ ကုန်နိုင်ခြင်းမရှိပေ။

“သေစမ်း..ငါလည်းသေခြင်းတားမြစ်နယ်မြေရဲ့ကျိန်စာမိသွားပြီလား”

သူ၏လက်များကိုကြည့်ရင်း  အဆုံးမဲ့လောင်ကျွမ်းနေပြီး ပြန်လည်ရှည်လျားလာနေသော အမွှေးနက်များအားကြည့်ရင်း ရှစ်ဖုန့်တစ်ယောက် စိတ်လိုက်မာန်ပါဖြင့် အမွှေးများအားတစ်ခုချင်း ဆွဲနှုတ်ပစ်လိုစိတ်တို့ပေါက်လာသည်။

ဤအချိန်တွင်   ရှစ်ဖုန့်၏နောက်တွင်ရှိနေသော သားအမိနှစ်ဦးမှာ  ရှေ့သို့ ရောက်လာသည်။ ရှစ်ဖုန့်လက်ပေါ်တွင်ရှိနေသော အမွှေးနက်များအားကြည့်ရင်းကောင်မလေး၏ လှပသောမျက်နှာထက်၌ တုန်လှုပ်မှုတို့ဖြင့်ပြည့်နှက်နေ၏။ သူမကပြောလိုက်သည်။

“အကို ..ဘာဖြစ်တာလဲ.. အမွှေးနက်တွေက ညီမအဖေကိုယ်ပေါ်က ဟာတွေနဲအတူတူပဲ..အကိုဒီလိုဖြစ်လာရတာ နီညိုရောင်တံခါးနှစ်ချပ်ကို ထိလိုက်လို့..  ဆိုလိုတာက.. ညီမအဖေကလည်း ဒီလိုမျိုးဖြစ်သွားရတာ နီညိုရောင်တံခါးတွေကိုသူထိလိုက်တာကြောင့်လား”

“ချီးပဲ.. ဒီသောက်တံခါးနှစ်ချပ်က ဘာလဲဟ..”

ရှစ်ဖုန့်ကသူ့ရှေ့တွင်ရှိနေသည့် တင်းကျပ်စွာပိတ်နေသော နီညိုရောင်တံခါးနှစ်ချပ်အားကြည့်လိုက်သည်။ သူ့အနေဖြင့် ဤနီညိုရောင်တံခါးနှစ်ချပ်အား တကယ်ကို ဖျက်စီးပြီး အပိုင်းပိုင်းလုပ်ပစ်ချင်နေသည်။

“ပြီးတော့ အဲ့အသံ  အဲ့တာက ဘယ်လိုအရာမျိုးလဲ”

သူ၏စိတ်အားလွတ်သွားစေပြီးတံခါးများကိုဖွင့်အောင်ပြုလုပ်ခဲ့သည့် သူ၏စိတ်ထဲ၌ပေါ်လာသော နတ်ဆိုးအသံနှင့်ပက်သက်၍ ပို၍ စိတ်ရှုပ်နေမိသည်။

“ကောင်လေး..အမွှေးနက်တွေက မင်းရဲ့လက်မောင်းတွေကို  ဖြည်းဖြည်းချင်းပျံ့နေတာကို မင်းလည်းသတိပြုမိတယ်မလား.. ..အရမ်းနှေးတယ်ဆိုပေမဲ့  အဲ့တာကတကယ်ပျံ့နေတာ”

ဤအချိန်တွင် ရှစ်ဖုန့်၏ကိုယ်အတွင်းရှိ  ကောင်းကင်မီးတောက်ကပြောလိုက်သည်။

ကောင်းကင်မီးတောက်၏ စကားတို့အားကြားပြီးနောက်  အမွှေးနက်များကတကယ့်ကို အစောက ကောင်းကင်မီးတောက်ပြောသကဲ့သို့ သူ၏လက်မောင်းတို့ထံပျံ့နှံ့လာသည်ကို  ရှစ်ဖုန့်သဘောပေါက်လိုက်သည်။

“သေစမ်း..ဒီအမွှေးနက်တွေက ဒီသခင်လေးကိုယ်ပေါ်ပျံ့နှံ့သွားတဲ့အခါ ဒီသခင်လည်း လူသားလည်းမဟုတ်  တစ္ဆေလည်းမဟုတ် ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းတွေအားလုံးကိုဆုံးရှုံးပြီး လမ်းလျှောက်နေတဲ့ အသေကောင်ကြီးလိုမျိုး အမွှေးနက်မွန်းစတားတစ်ကောင်ဖြစ်လာမယ်လို့တော့ မပြောစမ်းနဲ့”

“မဟုတ်ဖူး. ဒီသခင်လေး ဒါကို ဘယ်တော့မှလက်သင့်မခံဘူး”

ရှစ်ဖုန့်က ပြောလိုက်သည်။ လပြည့်ဓားက သူ၏လက်ထဲတွင်ထပ်မံပေါ်လာသည်။ သူ၏စွမ်းအင်တို့အား ၎င်းအတွင်းရူးသွပ်စွာ ထည့်သွင်းလိုက်သည်။ ထို့နောက် ရှစ်ဖုန့်က လပြည့်ဓားအားရုတ်ခြည်းရှေ့သို့ပစ်လိုက်ပြီး  ညာဘက်ရှိ နီညိုရောင်တံခါးအားချိန်ရွယ်လိုက်သည်။

လပြည့်ဓားမှာ ရှစ်ဖုန့်၏လက်မှ ထွက်သွားပြီးနောက် ဟင်းလင်းပြင်ထဲတွင် တဝှီဝှီလည်ပတ်ကာ  နောက်တစ်ကြိမ်ထပ်မံ၍ မီးခိုးဖြူရောင်မီးတောက်များ ဟုန်းခဲထွက်ပေါ်လျက်  ပြင်းထန်စွာတောက်လောင်နေသည်။ ရှစ်ဖုန့်က လပြည့်ဓားအား သူ၏ ကြယ်နှစ်ပွင့်သူတော်စင်နယ်ပယ် စွမ်းအားအပြည့်အဝဖြင့်အသက်သွင်းခဲ့သည်။သူ၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်တစ်ဝက်ကျော်အား အသုံးပြုခဲ့ပြီးဖြစ်သည်။ လပြည့်ဓားနှင့် ပေါင်းစည်း၍ ကြယ်ခုနှစ်ပွင့်သူတော်စင်နယ်ပယ် ကျွမ်းကျင်သူ၏တိုက်ခိုက်မှုနှင့်ညီမျှသော  စွမ်းအားဖြင့် ညာဘက်ခြမ်းရှိ နီညိုရောင်တံခါးအား  တိုက်ရိုက်ချိုးဖျက်ပစ်ရန်ရည်ရွယ်ခြင်းဖြစ်သည်။

လပြည့်ဓားပေါ်ရှိ  မီးခိုးဖြူရောင်မီးတောက်များမှာ ပိုပို၍ ပြင်းထန်စွာတောက်လောင်နေသကဲ့သို့  အရှိန်အဟုန်ဖြင့် တဝှီဝှီလည်ပတ်နေသည်။ လပြည့်ဓားအား မီးခိုးဖြူရောင်မီးတောက်တို့က  အပြည့်အဝလွှမ်းခြုံဝါးမျိုထားသည်။ မီးခိုးဖြူရောင်မီးတောက်များမှာ  နီညိုရောင်တံခါးအရွယ်အစားပေါက်ကွဲသွားသည်။ ထို့နောက်တွင်  မီးတောက်များက  နီညိုရောင်တံခါးအား  ရုတ်တရက်ထိမှန်သွားသည်။

“ဝုန်း..ထန်”

နားကွဲလုမတတ်အလွန်ကျယ်လောင်သော မြည်ဟိန်းသံတစ်ခုက  ဂူတစ်ခုလုံးအား ဖြတ်သန်းပဲ့တင်ရိုက်ခတ်သွားသည်။ ၎င်းမှာ အလွန်ကြီးမားသောတူကြီးတစ်လက်က ကြီးမားသောနီညိုရောင်တံခါးကြီးအားပြင်းထန်စွာထုနှက်ရိုက်နှက်လိုက်သကဲ့သို့ဖြစ်သည်။

အသံမှာ အချိန်တစ်ခုကြာညောင်းသည့်တိုင်ရပ်တန့်ခြင်းမရှိဘဲ အချိန်ကြာကြာ မြည်ဟိန်းပဲ့တင်ထပ်နေသည်။

သို့သော်   သူ့ရှေ့ရှိနီညိုရောင်တံခါးကြီးအားကြည့်နေသော ရှစ်ဖုန့်၏ ပုံစံက သိပ်မတော့မကောင်းပေ။ လပြည့်ဓားပေါ်ရှိ မီးခိုးဖြူရောင်မီးတောက်များမှာ   နီညိုရောင်တံခါးအား ပစ်ဆောင့်ထိမှန်သွားသည့်အခိုက်အတန့်တွင်  ရုတ်ခြည်းပျောက်ကွယ်သွားပြီး အရှိန်အဟုန်ဖြင့်နောက်သို့ပျံလွင့်လာသော  လပြည့်ဓား၏ပုံသဏ္ဍန်ပေါ်လာသ ည်။နီညိုရောင်တံခါးမှာမူ  ဘာထိခိုက်မှုမှရှိခြင်းမှရှိဘဲ ရပ်တည်နေဆဲဖြစ်သည်။

ကြယ်ခုနှစ်ပွင့်သူတော်စင်နယ်ပယ် စွမ်းအားအောက်တွင် နီညိုရောင်တံခါးမှာ ဘာထိမှန်မှုလက္ခဏာကိုမှ ပြသခြင်းမရှိပေ။

“သေစမ်း..ဒီအစုတ်အပဲ့တံခါးက ဘာသတ္ထုနဲ့ ပြုလုပ်ထားတာလဲ”

ဘာထိခိုက်မှုမှမရှိသော နီညိုရောင်တံခါးအားကြည့်၍  ရှစ်ဖုန့်တစ်ယောက် ရူးသွပ်လုနီးပါးခံစားလိုက်ရသည်။ လပြည့်ဓားဖြင့် သူထုတ်ဖော်လိုက်သော တိုက်ခိုက်မှုက ထိုအချိန်တွင်သူ၏  သူ၏ အားအကောင်းဆုံးသော  တိုက်ခိုက်မှုတစ်ခုဖြစ်သည်ဟု ပြောနိုင်သည်ဖြစ်သည်။ ယခုတော့ ၎င်းက  နီညိုရောင်တံခါးအား   ချိုးဖျက်ပစ်နိုင်ခြင်းမရှိပေ။ ထိုထက်ပိုသည်ကား နီညိုရောင်တံခါးမှာ လှုပ်ရုံဆိုသည်ပင်လှုပ်သည်မရှိချေ။

ထို့နောက် ရှစ်ဖုန့်က သူ၏ အနက်ရောင်အမွှေးများဖြင့်လက်အားဆန့်ထုတ်လိုက်ပြီး နောက်သို့ ပြန်လည်၍ လွင့်ပျံလာသောလပြည့်ဓားအား ဖမ်းလိုက်သည်။

နီညိုရောင်တံခါးကတော့  ဘာထိခိုက်မှုမှမရှိသည့်အပြင်  လှုပ်ရှားခြင်းလည်းမရှိပေ။  ယင်းမှာ ဂူ၏အဆုံးပိုင်းဖြစ်သည်။အကယ်၍သူသာ နီညိုရောင်တံခါးအား မချိုးဖျက်နိုင်ခြင်း သို့မဟုတ်  ၎င်းအားတွန်းဖွင့်ခြင်းမပြုလုပ်နိုင်ခဲ့လျှင် သူ့အနေဖြင့် ရှေ့သို့ ဆက်လက်၍သွားရလိမ့်မည်မဟုတ်ပေ။

“မဟုတ်ဖူး  ဒီတံခါးကဖွင့်လို့ရတယ်”

ရှစ်ဖုန့်တွေးလိုက်သည်။  ယင်းမှာသူတို့အချိန်အကြာကြီးယူကာလာခဲ့ရသည့်တစ်ခုတည်းသောလမ်းဖြစ်ပြီး  သူတို့အနေဖြင့် ဘာအမွှေးနက်မွန်းစတားကိုမှလည်းကြုံကြိုက်ခဲ့ရခြင်းမရှိပေ။ ၎င်းမှာ ဤနီညိုရောင်တံခါး၏အနောက်၌ရှိလိမ့်မည်ဖြစ်သည်။

ဤနီညိုရောင်တံခါးနှစ်ချပ်အား ဖျက်စီး၍မရခြင်းမှာ တွန်းဖွင့်ခြင်းတစ်ခုကိုသာပြုလုပ်နိုင်ခြင်းကြောင့်လော။သို့သော်  အကယ်၍သူသာ နီညိုရောင်တံခါးတို့အားတွန်းဖွင့်လိုက်လျှင် သူ့အနေဖြင့် ထူးဆန်းသောအသံ၏ ညှို့ ယူဖမ်းစားခြင်းကိုခံရပြီးအသိစိတ်အားဆုံးရှုံးလိုက်ရလိမ့်မည်ဖြစ်သည်။ ယခုသူ၏လက်များက  အမွှေးနက်တို့ဖြင့် ဖုံးလွှမ်းနေ၏။အကယ်၍သူသာ နီညိုရောင်တံခါးတို့အားဆက်လက်ဖိ

တွန်းခဲ့လျှင်  အမွှေးနက်များလျှင်မြန်စွာပျံ့နှံ့လာလိမ့်မည်ဖြစ်သည်။၎င်းတို့ကသူ၏တစ်ကိုယ်လုံးအား ပျံ့နှံ့သွားခဲ့လျှင်   သူ့အနေဖြင့် အသိစိတ်ကိုဆုံးရှုံးလိုက်ရသော  အမွှေးနက်မွန်းစတားတစ်ကောင်ဖြစ်လာလိမ့်မည်ဖြစ်သည်။

ထို့နောက် ရှစ်ဖုန့်တွင် အကြံတစ်ခုရလာသည်။ မြင့်မာသော နီညိိုရောင်တံခါးနှစ်ချပ်အားကြည့်၍   ရှစ်ဖုန့်အသံတိုးဖြင့်ပြောလိုက်သည်။

“ငါတို့က ဒီတံခါးတွေကို ငါတို့ရဲ့လက်တွေနဲ့ဖွင့်ရမှာဆိုတော့   ဒီလိုမျိုးပဲလုပ်ကြတာပေါ့”

“ဟုန်း”

ရှစ်ဖုန့်၏ ကိုယ်ပေါ်၌ ထူးဆန်းပြီး နတ်ဆိုးဆန်သော သွေးနီရောင်မီးတောက်တို့ ဟုန်းခနဲထွက်ပေါ်လာပြီး  သွေးနီရောင်မီးတောက်လူသားအဖြစ်ပြောင်းလဲသွားသည်။ ထို့နောက် မီးလူသားကရှေ့သို့ ရွေ့လျားသွားပြီးမီးတောက်များက ရှစ်ဖုန့်၏ကိုယ်အား ပျံ့နှံ့သွားသကဲ့သို့ ရှစ်ဖုန့်ခန္ဓာကိုယ်ကဲ့သို့ အသွင်သဏ္ဍန်ထွက်ပေါ်လာသည်။

ရှစ်ဖုန့်မှာ က မူလရပ်နေသောနေရာတွင်ရပ်နေဆဲဖြစ်ပြီး မီးတောက်များဖြင့်ဖွဲ့စည်းထားသည့် မီးလူသားကတော့  သူ၏ရှေ့တွင်ရှိနေသော တင်းကျပ်စွာပိတ်ထားသည့်မြင့်မားသော နီညိိုရောင်တံခါးတို့ထံဖြည်းညှင်းစွာ လျှောက်လှမ်းသွားသည်။ ၎င်းက တံခါးနှစ်ချပ်အလည်သို့ ဖြည်းညှင်းစွာလျှောက်သွား၏။

ထို့နောက် ရှစ်ဖုန့်၏ ထိန်းချုပ်မှုအောက်တွင်  မီးလူသားက သွေးနီရောင်မီးတောက်တို့ဖြင့်ပြုလုပ်ထားသော လက်နှစ်ဖက်ကိုဆန့်ထုတ်လိုက်ပြီး  တံခါးနှစ်ချပ်ပေါ်သို့ ဖိချလိုက်သည်။ ထို့နောက် ၎င်းက တံခါးနှစ်ချပ်အား ဖိတွန်းလိုက်သည်။

ဆက်ရန်……..

ဘာသာပြန်သူ-ARISE

All Chapters